ကင်းခရော့ ရထားဘူတာဟာ ဆူညံမြဲဆူညံ
လျှက်လူစည်မြဲစည်ကားကာ ရှုပ်ထွေလို့
နေတယ်။ဒါပေမဲ့ ဟော့ဝပ်သို့သွားရန်...
9¾ ရထါးဘူတာတွင် လူစုဝေသလောက်
မများပေ။ဒရေကို ဟော့ဝပ်သို့သွားရန် ရထားထဲ
ရောက်ရှိနေပေပြီ ခရက် နဲ့ ဂိုစီဟာလည်း
ကိုယ်ဘေးရောက်ရှိလို့လာတယ်။
ပင်စီ ကအရွယ်ရောက်လာတော့ ပုကျစ်ကျစ်
ချစ်စရာကောင်းပေမဲ့။ရွန်တောင်အရပ်ရှည်
သွားပြီ...ပုကျန်ခဲ့ကာ ဟာမွန်နီနဲ့ ရှိရှိ
သွားဖြစ်နေတဲ့ အကောင်သေးသေး ဟယ်ရီ
ရဲ့ ပါးဖောင်းဖောင်းကိုရှေ့တစ်နှစ်ကလို
ဖျစ်ညှစ်ချင်မိသေးရဲ့။ဒရေကို ဖင်မငြိမ်တော့...ဟယ်ရီ တို့အခုထိဘူတာ
ကိုရောက်ရှိမလာသေးဘဲကိုး။
ကိုယ် ထထွက်လာလိုက်တယ်။ခရက် နဲ့ ဂိုစီ
ကိုလည်းမလိုက်ပါစေဘဲ တစ်ယောက်တည်း
ထွက်လာတာ။တွေ့ပါပြီ ဂရင်းဂျာမ...
သူဆီ မအီမသာလျှောက်လှမ်းသွားတယ်။"ဟိတ် ဂရင်းဂျာ"
ဂရင်းဂျာ ကိုယ့်ကို စူးစူးရဲရကြည့်လာတယ်။
မနေ့က စာအုပ်ဆိုင်မှကိစ္စကို သူအခဲမကြေသေး။
ဒါပေမဲ့ ဒရေကို ဒါကိုဂရုမစိုက် ဟယ်ရီ ဘယ်မှာ
လည်းဘဲသိချင်တာလေ။"ဟယ်ရီ ဘယ်မှာလဲ မင့်သိတယ်မလား။"
"ဟယ်ရီ..." ဂရင်းဂျာပြောတယ်။
"သူတို့မရောက်သေးဘူးနေမှာပေါ့။""ဟိုမှာ..." ဒရေကို ဝေစလေမိသားစုကို
လက်ညွန်ပြတယ်။မစ္စတာ ဝေစလေ နဲ့
မစ္စ ဝေစလေ ဇနီးအောင်နှံဟာ...ပထမနှစ်
တက်မဲ့ ဂျင်းနီ ဝေစလေ အတွက်ဘဲ
စိတ်ပူနေတာ။ရွန်း နဲ့ ဟယ်ရီမရှိတာတောင်မသိ။"အိုး.....မဖြစ်ဘူး
နဗီး ငါ့ရဲ့အထုပ်တွေကို ရထားပေါ်တင်ပေးထား
ဟာငါပြန်လာခဲ့မယ်။"ဂရင်းဂျာ...အထုပ်တွေကို လောင်ဘွန်တော်
အားအပ်ပြီး...ကိုယ်နဲ့အတူ ဝင်ရောက်နံရံပြင်
ဆီသွားရောက်သွားတယ်။"ကျောင်းသား/သူအပေါင်းတို့ ရထားဟာ
ဟော့ဝပ်တ်သို့ထွက်မှာဖြစ်တာကြောင့်...
ရထားပေါ်နေရာသေချာယူပေးကြပါခင်ဗျား။"ရထားထဲမှ ဆော်ဩသံကို ကိုယ်ဂရုမစိုက်နိုင်ပါ။
နံရံအပြင်ဘက်...ဆီထိုးထွက်လာလိုက်တယ်။
ရောက်ရှိလာတဲ့ ကင်းခရော့ ဘူတာ...
ဟယ်ရီ ရှိနေတယ်လေ။ကြမ်းပေါ်ပွထနေတဲ့
ပစ္စည်း ပစ္စယတွေကောက်သိမ်းနေတာ။
ဂရင်းဂျာ လည်းအပြင်ရောက်လာခဲ့ပြီး...
ပစ္စယတွေကူကောက်ပေးတယ်။

ВЫ ЧИТАЕТЕ
Another Series I {Uni Code }
Фэнтезиဟုတ်...ဟယ်ရီficလေးရေးချင်တာနဲ့ ဒရာကို နဲ့ ဟယ်ရီ bl fanfic လေးတစ်ပုဒ်ထရေးလိုက်ပြီ။ "ဟယ်ရီ...နင်ငါ့ကို မမေးချင်ဘူးလား... ဘာလို့ ငါ့ကိုပြိုက်ဖက်လို ရန်ချည်းစနေရသလဲ ဆိုပြီး မေးခွန်းမျိုး...နင် တစ်ကြိမ်တစ်ခါလောက် တော့ မေးခဲ့သင့်တာ။" ဒရက်ကိုဟာ...အတိတ်ကိုပ...