အတိတ်ကိုပြန်သွားမယ်

6K 394 16
                                    

9¾ ရထားဘူတာတွင်ဖြစ်သည်။
ဟောဝပ်ကျောင်းသို့ သွားရောက်ပညာသင်ယူ
ရန် သွားလာနေကြသော...အသက်ကြီးငယ်...
လူရွယ်တစ်ချို့....ကျောင်းသားမိဘများလည်း
နှုတ်ဆက်...မှာကြားရင်း သြဝါဒခြွေ
နေသံများ...ပစ္စည်းတွန်းလှည်းပေါ်မှ တိရိစၦာန်
တွေအော်ညဉ်းသံတွေက ဆူညံပွတ်လောရိုက်
နေတာ။

ဒရေကို...ကိုယ့်လိုပဲ ရွှေဝါရောင်ဆံပင်ကိုပိုင်ဆိုင်
ထားသော ကိုယ်သားလေးကို...ဇနီးသည်က
မှာစရာရှိတာမှာကြားနေသည်ကို...ဒရေကို
ပီတိဖြာသောအပြုံးတစ်ခုနှင့်...ခေါင်းမော့ကာ
ပတ်ဝန်းကျင်ကြည့်မိသည်။

မြင်လိုက်ရသော...မိသားစု နှစ်စု
ရွန်း နှင့် ဟာမွန်နီ တို့မိသားစုရယ်...အနောက်မှာ
တော့...မှော်ဝင်သမိုင်းမှာ တွင်ကျယ်စေခဲ့သော
ဟယ်ရီပေါ်တာ နဲ့သူရဲ့ဇနီး ဂျင်းနီ ရယ်သူတို့
ကအရင်တိုင်းပါပဲ စည်းစည်းလုံးလုံး။

ဒရေကို ထိုမြင်ကွင်းလေးကိုကြည်နူးသည်
တစ်ချိန်က ကိုယ်အားကျခဲ့ရတာ ထိုမြင်ကွင်း
မဟုတ်ပါလော။

ဒါမဲ့...အခုဆို ပြီးပြည့်စုံသော မိသားစုလေး
ရခဲ့ပြီလေ။သို့သော် ဟယ်ရီ နဲ့ ဂျင်းနီ တို့
ဇနီးမောင်နှံ အားကြည့်ရင်း ဒရာကို စိတ်ထဲ
မတင်မကျ ဖြစ်နေမိတာအမှန်...

"မက်ဖွိုင်း ...ရှင် သားကိုဘာမှာဦးမလဲ"

ဇနီး ရဲ့စကားနဲ့ ဒရာကို အသိဝင်လာရင်း...
ဟယ်ရီတို့ဆီမှအကြည့်များဖယ်ရှားပြီး...

ကိုယ့်ကလေးလေးနဲ့...မျက်နှာချင်းဆိုင်
ဖြစ်စေရန် ဆောင့်ကြောင့်ထိုင်ချပြီး...

"ငါ့သားလေး..."

"ဖေဖေ... သားစိုးရိမ်နေမိတယ်။"

"ဘာကို စိုးရိမ်နေတာလဲ သားရဲ့"

မှန်သည်...သားလေးရဲ့မျက်နှာမှာ စိုးရိမ်စိတ်တွေ
ပြည့်နှက်နေတာ...တစ်ချိန်တုန်းက ကိုယ့်လိုပဲ
ဟောဝပ်တ် ကျောင်းကြီးမှာတက်ရမယ်။ ဆိုသော
မတင်မကျစိတ်သေးသေးလေးနဲ့လေ။

"ငါ့သားက ဘာတွေစိုးရိမ်နေတာတုန်း"

"အဆောင်ခွဲဦးထုပ်နဲ့...သား စလေသရင်း
မကျရင်ရော...နောက်ပြီး သားလည်းစလေသရင်း
အဆောင်မှာမနေချင်ဘူး"

Another Series I {Uni Code }Tempat cerita menjadi hidup. Temukan sekarang