ဒရေကို မနက်အာရုဏ်တက်လောက်မှဘဲ ၊
အဆောင်ပြန်ဖြစ်သည် ။ ဟယ်ရီ လည်းမနက်
ဆိုရင်ပဲဆေးရုံကဆင်းသည် ။ဒရေကို တစ်ခုမတင်းမတကျဖြစ်နေရသည် ။
ဟယ်ရီ သူကိုတစ်ခုခုဖုံးကွယ်ထားသလိုလိုပဲ...
အခုတလောလည်း တွေ့ရင်ရှောင်သွားတတ်သည် ။
ဘေးက အမျိုးမစစ်နှစ်ယောက်ကြောင့်များ
လားလေ ။သည်ကနေ့ဆို....တတ်ယောင်ကား
မစ္စတာ တော့ဟတ် ကြောင့် Duelခန်းမထဲ
လာကြရတယ် ။ ဘာများလဲလို့...သူတို့
ဂရင်ဖင်ဒေါလ် အသင်းသားတွေကို ၊ ကိုယ်တွေ
စလေသရင်းအားစိန်ခေါ်လိုက်တာဘဲ ။Duel ခန်းမဟာကြီးဖြစ်သည် ။ မှော်စမ်းသပ်
ခံပစ္စည်းမျိုးစုံ လည်းတည်ရှိလေသလို ၊
Duel ခုံရှည်ရှည်အများအပြားထားရှိသည် ။မစ္စတာ တော့ဟတ် အမာလိုလိုနဲ့ duel
ခုံပေါ်တက်တယ် ။ ဟိုဒီလျှောက်ကာ....
စကားပြောတယ် ။ ဘာတွေပြောနေမှန်း
ဒရေကိုမသိပါ ။ မျက်နှာချင်းဆိုင် ဖက်မှ...
မျက်မှန်ဝိုင်းဝိုင်းဖြင့် အတော်တက်ကြွနေသည့်
ဟယ်ရီ ကိုငမ်းလို့မဝပါ ။ အင်း သူလေးက
ရယ်လိုက်ရင်ယုန်ပေါက်လေးကျနေတာဘဲ ။နောက်မှ duelစင်ရှည်ပေါ် ပရောဖက်ဆာ စနပ်ဖ်
တက်ရောက်လာတော့ ၊ ဆရာနှစ်ယောက်ရဲ့
တိုက်ခိုက်ပုံကိုကြည့်တယ် ။ မှော်ကျိန်လုံး ကိုယ်စီ
ကိုမျက်နှာရှေ့တည့်တည့်ထားရှိပြီး....တစ်ဖက်ချက်
ဆီမျက်နှာမူကျောပေးကာ ၊ သုံးလှမ်းသောခြေလှမ်း
မှာမျက်နှာချင်းဆိုင်ရပ်ကြပြီး... မှော်ကျိန်လုံး
အားချိန်ရွယ်၍ ၁မှ၃အထိရေတွက်မှုအဆုံးမှာ
နှုတ်ရွင်စွာဂါထာ ရွတ်နိုင်လိုက်သူဟာ
ပရောဖက်ဆာ စနပ်ဖ် ဘဲဖြစ်သည် ။ စနပ်ဖ်
ရဲ့ဂါထာကြောင့်လွင့်ထွက်သွားရသည့်...
မစ္စတာ တော့ဟတ် ဟာတော်တော်ရှက်
သွားပုံရတယ် ။ မျက်နှာကြီးပူထူကာ...
စနပ်ဖ် ကိုစကားတိုးနဲ့သွားမဲသေးသည် ။
အင်း .စနပ်ဖ်ရဲ့ပြောင်မြောက်တဲ့ ချေပ
စကားနောက်မှာ မစ္စတာ တော့ဟတ်
ဘာပြောနိုင်မှာတဲ့လဲနော် ။အခုတော့ စတင်စမ်းသပ်ရန်စပါလေ
တော့သည် ။ ဟာမွန်နီ နဲ့စလေသရင်းဖက်က
ဝဝတုတ်တုတ် မက်လီစန့်ဆိုတဲ့ မိန်းကလေး
တစ်ယောက်နဲ့အတူတိုက်ခိုက်ကြရသည် ။
VOCÊ ESTÁ LENDO
Another Series I {Uni Code }
Fantasiaဟုတ်...ဟယ်ရီficလေးရေးချင်တာနဲ့ ဒရာကို နဲ့ ဟယ်ရီ bl fanfic လေးတစ်ပုဒ်ထရေးလိုက်ပြီ။ "ဟယ်ရီ...နင်ငါ့ကို မမေးချင်ဘူးလား... ဘာလို့ ငါ့ကိုပြိုက်ဖက်လို ရန်ချည်းစနေရသလဲ ဆိုပြီး မေးခွန်းမျိုး...နင် တစ်ကြိမ်တစ်ခါလောက် တော့ မေးခဲ့သင့်တာ။" ဒရက်ကိုဟာ...အတိတ်ကိုပ...