ဒေါဘီသတိပေးစကား

875 151 8
                                    

မနက်စောစော ပရောဖက်ဆာ မက်ဂေါ်နဂယ်
အချိန်ဘဲဖြစ်တယ် ။ ပရောဖက်ဆာ ရဲ့
ရှင်းပြချက်တွေက နားထောင်သူတွေကို...
စိတ်ဝင်တစားဖြစ်အောင် စွဲဆောင်စေတဲ့
အသံပိုင်ရှင်ဘဲဖြစ်တယ် ။ ဒါပေမဲ့ ဒရေကို
တို့အတွက် သားချော့တေးသလိုပါဘဲ ။ ဘေး
ကလူကောင်ကြီး ဂိုစီ တောင်ငိုက်မျဉ်းတာ
အကြိမ်ကြိမ်...

"အခု... သင်ခန်းစာက " ပရောဖက်ဆာ မက်ဂေါ်နဂယ် ၊ ပြောတယ်..
"...မင့်တို့ တိစၦာန်ကို ၊ သောက်စရာဖန်ခွက်
တစ်ခွက်အဖြစ်ပြောင်းလဲဖို့ပဲ ။ ဒါက
အခြေခံမှော်ဂါထာအဆင့်ထဲကတစ်ခုပေါ့ ။"

ပရောဖက်ဆာ မက်ဂေါ်နဂယ် ရှင်းလင်းချက်နဲ့
လက်တွေ့ပြတယ် ။ သူမရဲ့ မှော်ကျိန်လုံးအား
ထုတ်ကာ ၊ သူမရဲ့ ငှက်အား...ချိန်ရွယ်ရင်း

"ဗာရာ ဗာတို"

ရွတ်ဆိုထွက်ပေါ်လာတဲ့ အသံရဲ့အဆုံးမှာ
တော့...ငှက်ဟာ ကြင်ပြောင်တဲ့ဖန်ခွက်တစ်
လုံးပြောင်းလဲလို့သွားသည် ။

"ကဲ အခုမင်းတို့ လက်တွေ့စမ်းသပ်ရမဲ့
အကြိမ်ဘဲ ။ ဘယ်သူအရင်လုပ်မလဲ "
ပရောဖက်ဆာ မက်ဂေါ်နဂယ် ဟာစားပွဲ
ထက်စာအုပ်ပေါ် တင်ထားတဲ့ရွန်ရဲ့ကြွက်
ကိုမြင်တော့...
"မစ္စတာ ဝေစလေ ။ လုပ်စမ်းကြည့်ပါလား...
ဗရာ ဗာတို။"

ဝေစလေ ဟာသူရဲ့ကြိုးပဲ့မှုကို စတိတ်ဖြင့်
စေးတဲ့သော မှော်ကျိန်လုံးအားထုတ်ကာ...
သူရဲ့ကြွက်မည်းကောင်အား...ဂါထာရွတ်
ပြောင်းလဲတယ် ။ ပြောင်းလဲသွားပါတယ် ၊
ဖန်ခွက်အကြင်မဟုတ်ပဲ ၊ အညိုရောင်အမွေး
တွေအပြင် ကြွက်ဖင်မြွီးပါ လှုပ်ခါကျန်နေခဲ့
တာ ။ စလေသရင်းအဖွဲ့အတွက် ပြောင်မြောက်
လှတဲ့ပြက်လုံးတစ်ခုအဖြစ် ဟားပွဲကျကြတယ် ။
ဒရေကို တို့ဟာရယ်စရာတွေဆို အဲ့လိုအလစ်
ချောင်းပြီး လှောင်ရယ်ပြုတတ်တာမျိုး ။

ပရောဖက်ဆာ မက်ဂေါ်နဂယ် ဟာ ဝေစလေ
အား ၊ မှော်ကျိန်လုံး ပြောင်းကိုင်ရန်မှာကြားတယ် ။
နောက် သင်ခန်းဆက်ဖို့လုပ်ချိန်... ဂရင်းဂျာ
ဆိုတဲ့ စာတတ်ပေတတ်အစ်မက ၊ လျှို့ဝှက်
ခန်းမအကြောင်း ထမေးတယ် ။ အင်း...
ဂရင်းဂျာ မေးမှ ညကသွေးဖြင့်ရေးတဲ့ ၊
စာအကြောင်းကို ပြန်တွေးတောကာ
လျှို့ဝှက် ခန်းမအကြောင်းသိခြင်လာရတယ် ။
ပရောဖက်ဆာ မက်ဂေါ်နဂယ် ဟာ
အသက်ပြင်းတစ်ချက်ကို ရှည်လျားစွာငင်
ဆွဲပြီး။

Another Series I {Uni Code }Donde viven las historias. Descúbrelo ahora