Part 3 (Unicode)

3.7K 242 3
                                    

နှောင်ကြိုး. ၃

တစ်နေကုန်သင်သမျှသောစာများတွင်နွေနှောင်းအာရုံမရောက်...

စိတ်တွေကမ,ဆီသာရောက်နေပြီး မျက်လုံးကတော့နာရီထံသို့ခနခနပင်...
တစ်မနက်လုံးမှုန်ကုပ်ကုပ်ဖြစ်နေသောမျက်နှာဟာထမင်းစားကျောင်းဆင်းပြီးထဲကဖင်တစ်ကြွကြွဖြစ်လာသည်။လေးနာရီထိုးရန်တစ်နာရီနီးလာတိုင်း ပြန်ချင်စိတ်တွေကလဲတရိပ်ရိပ်တိုးလာဆဲ။

ကျန်တဲ့သူများတော့မသိ၊နွေနှောင်းတစ်ယောက်ကျောင်းဆင်းဖို့ငါးမိနစ်အလိုထဲကပင်ပစ္စည်းများအကုန်သိမ်းဆည်းပြီးနေပေပြီ။ခြေလှမ်းများကလဲတပြင်ပြင်နှင့်။ခက်သည်ကကာယချိန်ဖြစ်တာကြောင့်ဆရာ မရှိတော့သော်လဲခေါင်းလောင်းမခေါက်မချင်းအပြင်မထွက်ရဲ.....

ကျောင်းဆင်းခေါင်းလောင်းခေါက်တော့လဲနွေနှောင်းမိုးရှေ့ဆုံးကပင်ပြေးလေတော့သည်။မကိုတွေ့ချင်သည်။

ကျောင်းပေါက်ရောက်လျှက်ရောက်ချင်းပဲ မကိုလှမ်းတွေ့လိုက်ရသည်။လမ်းဘေးတွင်ကားလေးရပ်ထားပြီး ထိုကားလေးဘေးမှမတ်တပ်ရပ်နေသောမဟာ နှောင်းတစ်နေကုန်တမ်းတနေရပါသောမ

မြန်မာအင်္ကျီဝမ်းဆက်ကလေးနှင့်၊ဆံပင်ရှည်ကလေးနှင့် ကျက်သရေရှိသောမပါပင်။

"မ ရောက်နေတာကြာပြီလား...''

"မကြာသေးပါဘူးကွယ် ဒါနဲ့ကလေးကျူရှင်တွေဘာတွေမရှိဘူးမလား...''

"ဟွန့်အွန်း ဒီနေ့ကျွန်တော့ကျူရှင်တွေအကုန်ပိတ် ဘာလဲ မုန့်လိုက်ကျွေးမလို့လား....''

နှောင်းစကားသံလေးကြားတော့ပြုံးရယ်သွားသည်ကိုသတိထားမိလိုက်သည်။ထုံးစံတိုင်းမျက်လုံးလေးများဟာမှေးစင်းသွားလျှက် ဖြူလွလွသွားတန်းကလေးကိုပေါ်အောင်ပြုံးလိုက်ပြီး

"အစားပုပ်လေး မကကလေးကိုမိတ်ဆက်ပေးမယ့်လူရှိလို့ မုန့်လည်းကျွေးမယ် ဟုတ်ပြီလား...''

"ဘယ်သူလဲ...ဘယ်ကလဲ....''

"ကဲ ရှင်လေးကလေကြောရှည်ပါသော်ကောလား
ကားပေါ်တက်.... ဟိုကျရင်ကလေးနဲ့မိတ်ဆက်ပေးမယ်......''

ေနွာင္ႀကိဳး(နှောင်ကြိုး) |completed|Where stories live. Discover now