Part 15 (Unicode)

3K 196 12
                                    

နှောင်ကြိုး၁၅

မနက်ပိုင်းမတို့မင်္ဂလာဧည့်ခံပွဲသည် မ၏မိတ်ဆွေအသို်င်းအဝိုင်း ကိုဝသန်၏မိတ်ဆွေအသိုင်းအဝို်င်းတို့ဖြင့် စည်စည်ကားကားပြီးသွားသည်။

ညပိုင်းရောက်တော့ ကိုဝသန့်အိမ်၌ပင် မနှင့်ကိုဝသန်တို့၏အရင်းနှီးဆုံးသူငယ်ချင်းအနည်းစုနှင့် ပါတီသေးသေးကလေးကျင်းပကြသည်။

နှောင်းလဲမာမားထံမှခွင့်တောင်းကာမနှင့်လိုက်ခဲ့ရန်အကြောင်းဖန်လာခဲ့သည်။

*နွေနှောင်းမိုးတို့ဒါမျိုးအခွင့်အရေးလက်လွှတ်ခံရရိုးလား..🧐🧐*

ယွန်းတစ်ယောက်ကတော့သူ့ကိုကိုနားကမခွာ။ ရက်စက်လိုက်တာ ရည်းစားလေးတစ်ယောက်လုံးကိုပစ်ထားတယ်။ အနားတောင်မကပ်ဘူး....။

စိတ်ပေါက်ပေါက်နှင့်နှောင်း သူ့ရှေ့တည့်တည့်မှခွက်ကိုယူပြီးအကုန်မော့လိုက်လေသည်။ ရင်ထဲတွင်ပူဆင်းဆင်းဖြစ်သွားတော့မှခွက်ကိုသေချာကြည့်မိတော့...
အွန်း ထူးတော့မထူးဆန်းတော့ပါဘူးလေ ပထမဆုံးအကြိမ်မှမဟုတ်တာ....

Black label လေးတစ်ပတ်လောက်နဲ့တော့နွေနှောင်းမိုးတို့ဖြုံတောင်မဖြုံတော့...။ နောက်တစ်ပတ်လောက်ထပ်ထည့်ပြီး ကိုလာလေးနှင့်ရောလိုက်လေသည်။(ကိုလာရောရင်ကိုကလေးပဲရှိသေးတယ်😐)

လေးငါးခွက်မျှဝင်လာတော့လူကထွေလာလေတော့သည်။ တစ်ယောက်ထဲထိုင်ပြီးသောက်နေရသည်ကား မည်မျှပင်ပျင်းဖို့ကောင်းလိုက်သနည်း။

နှောင်းလဲခွက်ထဲမှလက်တစ်ဆစ်သာသာကျန်နေသေးသည်လေးများကိုအကုန်မော့ချလိုက်ပြီးနောက်တစ်ခွက်ထည့်လိုက်သည်။ ထို့နောက် ပန်းကန်ထဲမှပန်းသီးစိတ်ကလေးကိုလှမ်းယူလိုက်လေသည်။ သိူ့သော်ပါမလာ....

"ကလေး အဆင်ပြေရဲ့လား...''

နှောင်းတစ်ယောက် ပန်းကန်ထဲမှပန်းသီးစိတ်ကိုလိုက်ဖမ်းနေတုန်း မနှင့်ယွန်းတို့ နှောင်းအနီးသို့ရောက်လာကြသည်။

"မ... ယွန်းလေးကောပါလား လာကြလေ ထိုင်ကြပါဦး နှောင်းပျင်းလို့သေတော့မယ်😢''

ေနွာင္ႀကိဳး(နှောင်ကြိုး) |completed|Where stories live. Discover now