Part 11 (Unicode)

3.1K 198 6
                                    

နှောင်ကြိုး ၁၁

စာကြည့်စားပွဲခုံလေးတွင်ထိုင်နေရင်း နှောင်းတစ်ယောက်Bioစာအုပ်ထဲမှပုံများကို ဆွဲကြည့်​နေမိသည်။

ပုံတစ်ပုံဆွဲလိုက် စာများပြန်နွေးလိုက်နှင့် ည၁၀နာရီထိုးနေသည့်တိုင် နွေနှောင်းမိုးတစ်ယောက်အလုပ်ရှုပ်နေဆဲပင်။

စာရွက်တွေတစ်ရွက်ပြီးတစ်ရွက်လှန်လှောရင်းမှ စာအုပ်ကြားထဲမှ စာရွက်ခေါက်ကလေးတစ်ခုပြုတ်ကျလာလေသည်။ နှောင်းသေချာကြည့်လိုက်တော့ညနေကဝဏပေးလိုက်သောစာရွက်ကလေးဖြစ်နေသည်။

ဖတ်ကြည့်မည်လုပ်တော့ နှောင်းမျက်လုံးထဲတွင် ဖြူဖြူဖွေးဖွေးကလေးနှင့် သူ့ကိုယ်သူ ယွန်း ဟုအမည်နာမသုံးပါလေသောကလေးမကလေးကိုမျက်လုံးထဲမြင်လာလေတော့သည်။

"ဒါပဲနော် မဖတ်ထားနဲ့ ခိုးဖတ်ထားရင်ယွန်းနဲ့တွေ့မယ်...''ဟူသော အတန်တန်မှာလိုက်သော ထိုပေါက်စ၏အသံသေးသေးကလေးများဟာ နားထဲသို့အထပ်ထပ်ကြားယောင်နေဆဲပင်၊၊

နှောင်းလဲဘာရယ်မဟုတ် ဘာတွေရေးထားသလဲသိချင်တာကြောင့်စာရွက်ကလေးကိုဖွင့်ဖတ်ရန်ကြံစည်မိလိုက်သည်။ထို့ကြောင့်စာရွက်ကလေးကိုဖွင့်မည်လုပ်စဉ်...

Ring Ring Ring 📲📲📲

Contact name ကိုကြည့်တော့နွေနှောင်းမိုး ပြုံးရပြန်သည်။

"Hey...ဒေါ်မေယွန်းပန်းချီ...''

"Hey...ဒေါ်နွေနှောင်းမိုး ရှင်ဘာလုပ်နေတာလဲ....''

"စာလုပ်နေတာပေါ့ ကိုယ့်မှာဘာများလုပ်စရာရှိလို့လဲ...''

"ခုချိန်အထိ ကြိုးစားလှချည်လား....''

"ကြိုးစားရမယ်လေ ဒီနှစ်ကကို်ယ့်ဘဝအတွက်အဆုံးအဖြတ်ပဲလေ..''

"ထားပါ အဲ့တာမသိချင်ဘူး ဟိုစာ မဖတ်ရသေးဘူးမလား....''

"ဘယ်စာလဲယွန်းရဲ့....''

နှောင်းမသိချင်ယောင်ဆောင်ပြီး ယွန်းကိုမေးလိုက်လေတော့တစ်ဖက်မှခပ်စွာစွာအသံကလေးပေါ်ထွက်လာလေတော့သည်။

"ဒေါ်နွေနှောင်းမိုး မသိချင်ယောင်မဆောင်နဲ့နော် ရှင့်ကိုဟိုလူပေးထားတယ်ဆိုတဲ့စာ ဖတ်မထားနဲ့လို့ပြောထားတာကို...''

ေနွာင္ႀကိဳး(နှောင်ကြိုး) |completed|Where stories live. Discover now