Part 17 (Unicode)

2.7K 167 13
                                    

နှောင်ကြိုး ၁၇

' နွေပန်းချီ ' ဟုအမည်တပ်ထားသောကော်ဖီဆိုင်ကလေးအတွင်းသို့ အမျိုးသမီးတစ်ဦးဝင်လာလေသည်။ ဖြူဖွေးဖွေးအသားရောင်လေးနှင့်လိုက်ဖက်စွာ အသားရောင်ဖျော့ဖျော့အကျႌလေးနှင့် ဘောင်းဘီအမဲကလေးကိုတွဲလျက်ဝတ်ဆင်ထားပြီး ဆံနွယ်မဲမှောင်မှောင်ကလေးများကိုကျောလည်ထိဖြန့်ချထားသည်။

"မမေ လာပြီလား...''

ထိုမိန်းကလေးဝင်လာတော့ကောင်တာတွင်ထိုင်နေသောကလေးမလေးကထ၍နှုတ်ဆက်လေသည်။

"အွန်း စိုးလဲပင်ပန်းရောပေါ့ ညနေတောင်ရောက်နေပြီပဲ ဆိုင်သိမ်းပြီးအလုပ်ဆင်းရင်ဆင်းတော့လေ...''

"ဟုတ် မမေ စိုးလဲအလုပ်သိမ်းတော့မှာပါ ကျော့်ကိုစောင့်နေတာ... ဒါနဲ့ စိုးတို့အလုပ်ဆင်းရင်မမေတစ်ယောက်ထဲကျန်ခဲ့မှာပေါ့ မမေပြန်မှပဲစိုးတို့ပြန်မယ်လေ....''

"ရပါတယ်စိုးရယ် မေကကားပါတယ် ပြီးတော့ပြန်မှာမဟုတ်ဘူးစိုးရဲ့ ဒီညတော့ဒီမှာပဲအချိန်ကုန်ဖြစ်မယ်ထင်တယ်...''

"သြော် ဟုတ်ကဲ့မမေ....ဟော ဟိုမှာ ကျော်တောင်အကုန်သိမ်းပြီးထွက်လာပြီ...''

"မမေတောင်ရောက်လာပြီကိုး မမေ ခရီးပန်းလာပြီလား ကျွန်တော်အအေးဖျော်ပေးမယ်လေ''

"နေပါစေကွယ် ပြန်ကြတော့လေ အရမ်းမှောင်နေမယ် ''

"ဟုတ် ဒါဖြင့်ကျွန်တော်တို့ပြန်ပြီနော်မမေ တစ်ယောက်ထဲဖြစ်ရဲ့လား...''

"အဆင်ပြေပါတယ်  သြော် ဆိုင်တံခါးကတော့နောက်မှမေပိတ်လိုက်မယ် ဖြေးဖြေးပြန်ကြနော်...''

"ဟုတ်မမေ တာ့တာ...''

ကျော်ဟူသောကောင်လေးနှင့်စိုးဟူသောကလေးမလေးတို့ပြန်သွားတော့ မေလွန်းထိုက်ဟုအမည်တွင်သောအမျိုးသမီးဟာ သူမအပိုင်ကော်ဖီဆိုင်ကလေးအတွင်းမှ သူမအတွက်ထားရှိထားသောသီးသန့်အခန်းကလေးအတွင်းသို့ဝင်လာခဲ့သည်။

အခန်းတွင်း၌မူ ကုတင်တစ်လုံးပေါ်တွင်မွေ့ယာအထူတစ်ခုခင်းထားပြီး ဘေးတွင်စားပွဲတစ်လုံးနှင့်ခုံတစ်လုံးရှိလေသည်။ စားပွဲပေါ်တွင်တင်ထားသောမီးအိမ်နှင့်အထပ်လိုက်ဖြစ်နေသောစာအုပ်များအပြင် laptop တစ်လုံးလဲရှိလို့နေလေသည်။

ေနွာင္ႀကိဳး(နှောင်ကြိုး) |completed|Where stories live. Discover now