Part 2(Unicode)

4.7K 240 5
                                    

ညစာစားပြီးသွားတဲ့အခါမှာတော့နွေနှောင်းမိုးတစ်ယောက်ကျောင်းမှအိမ်စာများကိုလုပ်နေရချေပြီ။
ဒါကလဲမကြောင့်...စာနှင့်ပတ်သတ်လာလျှင်ပေါ့ဆခြင်းဟူသည်ကိုသေးသေးလေးမျှပင်မကြိုက်သောမကြောင့်...

ကိုးနာရီခွဲခန့်မျှရောက်လာတော့နွေနှောင်းမျက်ခွံတွေဟာလေးလံနေချေပြီ။ငိုက်လဲငိုက်နေပေပြီ။အိမ်စာနောက်ဆုံးပုဒ်ကိုမြန်မြန်လက်စသတ်ပြီးဘေးမှကုတင်ကိုကြည့်လိုက်တော့ကုတင်ပေါ်တွင်အိပ်မောကျနေသောမ...

နွေနှောင်းကုတင်ပေါ်သို့ မ,မသိအောင်အသာလေးတက်လိုက်ပြီးမမျက်နှာကလေးကိုငေးကြည့်နေမိသည်။ဖြူဖွေးဖွေးအသားရည်ကလေးနှင့်လိုက်ဖက်လွန်းသည့်နီဆွေးဆွေးနှုတ်ခမ်းဖူးလေး၊ ပြုံးလိုက်ရီလိုက်သည့်အခါမျိုးတွင်ပျောက်ကွယ်သွားတတ်သောမျက်ဝန်းညိုညိုလေး၊ ဘယ်ဘက်တစ်ဖက်ထဲလေးမှာသာပါသောပါးချိုင့်ချိုချိုကလေး။

မရဲ့ရုပ်ရည်၊ မရဲ့အနေအထိုင်၊ မရဲ့အပြုအမူအားလုံးကနွေနှောင်းအပေါ်တွင်သက်ရောက်မှုအကြီးကြီးရှိပေသည်။

သက်ရောက်မှုတိုင်းအတွက်တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့ Newtonရဲ့နိယာမအတိုင်းသာဆို မရဲ့သက်ရောက်မှုတွေအတွက် နွေနှောင်းဆီမှာတန်ပြန်သက်ရောက်မှုတွေရှိနေပြီထင်ပါရဲ့။နှောင်းရဲ့ရင်ခုန်သံအချို့ပေါ့၊ အသွေးအသားအချို့ပေါ့......။

မရဲ့နဖူးကျယ်ကျယ်လေးအပေါ်မှာဝဲကျနေတဲ့ဆံမြိတ်ကလေးများကိုဘေးသို့သပ်တင်ပေးလိုက်သည်။
ထို့နောက်တွင်တော့မ,မသိအောင်နဖူးကလေးကိုအနမ်းလေးတစ်ပွင့်ကိုခပ်ဖွဖွကလေးခြွေလိုက်သည်။

နဖူးကလေးကိုအနမ်းပွင့်ကလေးခြွေပြီးနောက်နွေနှောင်းရဲ့မျက်လုံးများဟာနီဆွေးဆွေးနှုတ်ခမ်းဖူးလေးများအပေါ်သို့ရောက်လာသည်။

မကိုမြင်တိုင်း ကျွန်တော့်ရင်တွေခုန်ရပါတယ်။ ခုန်လွန်းအားကြီးလို့တစ်ခါတစ်ရံများဆို မ,မသိအောင်ခိုးခိုးနမ်းနေမိတယ်။အခုလိုမျိုးပေါ့။

နှုတ်ခမ်းရဲရဲလေးကိုမြင်တိုင်း ကျွန်တော့်စိတ်တွေအရမ်းထိန်းရပါတယ်။ ယဥ်ယဥ်လေးနဲ့လှတဲ့မရဲ့အလှမှာကျွန်တော်အကြိမ်ကြိမ်ကျရှုံးရပါတယ်မရယ်...

ေနွာင္ႀကိဳး(နှောင်ကြိုး) |completed|Where stories live. Discover now