နှောင်ကြိုး ၁၀
နှောင်းနှင့်ယွန်းတို့နှစ်ယောက် ဘုရားရင်ပြင်မှ ခုံတန်းကလေးပေါ်တွင်ထိုင်ရင်း ပတ်ဝန်းကျင်ရဲ့အလှကို ခံစားနေမိကြသည်။
တိတ်ဆိတ်လွန်းသောပတ်ဝန်းကျင်တွင် ဆည်းလည်းသံကလေးများနှင့် ကျေးငှက်ကလေးများ၏အသံများကသာ ဖုံးလွှမ်းနေလေသည်။ တစ်ခါတစ်ရံတွင်တော့ ခေါင်းလောင်းသံကလေးများကို ကြားမိတတ်ပါသေးသည်။
မနှင့်ကိုဝသန်တို့နှစ်ယောက်ကတော့ဘာတွေရှိခိုးနေကြသည်မသိ။ စိတ်မရှည်ချင်သောနှောင်းကတော့ ဝင်မရှုပ်တော့ပဲ ယွန်းလက်ကိုဆွဲပီးသာ ယခုထိုင်နေသောနေရာကလေးသို့ ခေါ်လာခြင်းဖြစ်သည်။
"ပတ်ဝန်းကျင်က လှသားပဲ ဒီမှာဒီလိုနေရာမျိုးရှိမယ်မှန်း ယွန်းမသိခဲ့ဘူး.....''
"ရှိတာပေါ့ယွန်းရဲ့ သြော်.... ခနလေးနော်....''
နှောင်းလဲပြောလက်စစကားကို ခေတ္တရပ်လိုက်ကာလည်ပင်းမှမိမိဆွဲထားသောလည်ဆွဲကလေးကိုချွတ်လိုက်သည်။ထို့နောက်ထိုလည်ဆွဲကလေးကိုယွန်းရဲ့လည်တိုင်ကလေးတွင်ဆွဲပေးလိုက်လေသည်။
"ဒါက ယွန်းအတွက် ကိုယ့်ရဲ့ birthday present...''
"လှလိုက်တာ ဆွဲသီးအစားလက်စွပ်ကလေးနဲ့နော်...''
လည်တိုင်ဖွေးဖွေးလေးထက်တွင် လှလှပပနေရာယူနေသောလည်ဆွဲကလေးကိုကြည့်ပြီးနှောင်းသဘောကျနေမိသည်။
"လည်ဆွဲကယွန်းနဲ့လိုက်တာပဲ
အဲ့လက်စွပ်ကလေးက ကိုယ့်ဖေဖေကိုယ့်ကိုလက်ဆောင်ပေးခဲ့တဲ့လက်စွပ်ကလေး... နှောင်းတန်ဖိုးထားသလို ယွန်းလဲတန်ဖိုးထားပြီးဆွဲထားနော်...''"နှောင်းကလဲ ဒီလိုပစ္စည်းကို ယွန်းကိုပေးရလား...''
"ဟိတ် ချွတ်မယ်မကြံနဲ့နော် နှောင်းကဒီလက်စွပ်ကိုမကိုတောင်အထိခံတာမဟုတ်ဘူးရယ် ယွန်းအတွက်နှောင်းလက်ဆောင်ပေးတာ....''
"မဆိုမှ မမစန္ဒီနဲ့နှောင်းကတော်တော်ရင်းနှီးကြတယ်နော် နှောင်းကလဲ တစ်ခုခုဆိုမမစန္ဒီပါမှ မမစန္ဒီကလဲ နှောင်းမပါရင်မပြီးဘူး..''
YOU ARE READING
နှောင်ကြိုး(နှောင်ကြိုး) |completed|
RomanceThis is my third creation😁😁 နွေနှောင်းမိုး x မေယွန်းပန်းချီ အနော်ရေးတာဆိုတော့နည်းနည်းဂေါက်ကြောင်ကြောင်ပေါ့ This is my third creation😁😁 နွေနှောင်းမိုး x မေယွန်းပန်းချီ အနော်ရေးတာဆိုတော့နည်းနည်းဂေါက်ကြောင်ကြောင်ပေါ့