Part 9 (Unicode)

3.2K 210 1
                                    

နှောင်ကြိုး ၉

4:00 PM

အတန်းဆင်းတော့နှောင်းတစ်ယောက်စာအုပ်ကလေးများသိမ်းပြီးအခန်းထဲကထွက်ရန်ပြင်လိုက်လေသည်။

အခန်းထဲတွင်တော့လူမရှိကြတော့။သို့ပေမယ့် ဝဏတစ်ယောက်တော့ကျန်နေခဲ့သေးသည်။နှောင်းလဲဝဏကိုတစ်ချက်ကြည့်ပြီး အခန်းထဲမှထွက်ရန်ပြင်လေတော့သည်။

"မိုး....''

အပေါက်ဝနားရောက်မှနှောင်းကိုလှမ်းခေါ်လိုက်ပြီးနှောင်းအနားသို့ခပ်သွက်သွက်ကလေးရောက်လာသောဝဏကိုနှောင်းဒုတိယအကြိမ်မြောက်လှည့်ကြည့်လိုက်လေသည်။

"ရော့....''

ဝဏတစ်ယောက်နှောင်းလက်ကလေးထဲသို့စာရွက်ကလေးတစ်ရွက်နှင့် ချောကလက်ဘူးလေးတစ်ခုကိုလှမ်းပေးလေသည်။

"ဒါကဘာလဲ...''

"နင့်အတွက်...''

"Sorry ငါသွားစရာရှိတယ် နင်ပဲပြန်ယူထားလိုက်တော့...''

"နင်ကလဲ ဒါလေးယူလိုက်လို့ဘာမှအပန်းမကြီးတာကို...ယူလိုက်ပါ သဘောမကျတောင်ငါကြိုးစားထားတာကိုအသိအမှတ်ပြုပေးတဲ့သဘောနဲ့....''

နှောင်းအနည်းငယ်တော့စိတ်ရှုပ်စပြုလာသည်။ငြင်းနေရင်လဲဘယ်အချိန်အထိရစ်နေမည်ကိုမသိတာကြောင့်နှောင်းလဲနားအေးပီးရောသဘောနှင့်ဝဏပေးသော ချောကလက်ဘူးလေးနှင့်စာရွက်ကလေးကိုဆွဲယူလိုက်ရငး်...

"ဒါပဲမလား....''

............

လှည့်ထွက်သွားသောနှောင်းကတော့သိလိုက်မည်မထင်ပါ။ကျန်ရစ်ခဲ့သောဝဏကတော့ ပြုံးပြုံး ပြုံးပြုံးဖြင့်ကျန်ခဲ့လေရဲ့။

#######

"မကလဲ ကျောင်းက ​လေးနာရီဆင်းတာကိုသိရက်နဲ့နောက်ကျလိုက်တာ....''

4နာရီ မိနစ်20လောက်အထိမရဲ့အရိပ်အယောင်ပင်မမြင်ရသေးတာကြောင့်နှောင်းတစ်ယောက်မကိုကျိတ်ပီးမေတ္တာတွေပို့နေလေတော့သည်။ကျောင်းရှေ့တွင်လဲနှောင်းတစ်ယောက်သာကျန်တော့သည်။ထိုချိန်နှောင်းဘေးသို့ ကလေးလေးနှစ်ယောက်ရောက်လာလေသည်။

ေနွာင္ႀကိဳး(နှောင်ကြိုး) |completed|Where stories live. Discover now