FINAL (Unicode)

6.2K 222 6
                                    

နှောင်ကြိုး (ဇာတ်သိမ်း)

ယွန်းအတွက်အလွန်ပင်ပန်းသောနေ့တစ်နေ့ပင်။ သင်တန်းသစ်ကတစ်မျိုး၊ ပြခန်းကတစ်မျိုး။ သို့ပေမယ့် ကိုယ်ကိုယ်တိုင်ကြိုးကြိုးစားစားဆွဲထားသည့်ပန်းချီကားလေးများကို ပြခန်းနံရံထက်တွင်လှလှပပမြင်ရပြန်တော့ ပင်ပန်းသမျှသည် ယူပစ်သလိုပင်ပျောက်ကွယ်ကုန်သည်။ ဒီအချိန်ယွန်းအနားတွင် နှောင်းကိုရှိနေစေချင်သည်။ ပထမဆုံးပွဲမို့ နှောင်းသာရှိလျှင် ယွန်းပျော်နေမိမည်မှာဧကန်။ ခုတော့ဖြင့်...

📩📩

ရုတ်တရက် Messenger မှစာတိုဝင်လာသည်။

"နှောင်းဆီကထင်တယ်။ ဒီမှာသူ့အကြောင်းတွေးနေတုန်းရှိနေသေးတာ။ အတော်ပဲ။"

ယွန်းဝမ်းသာအားရနှင့် Messenger ထဲဝင်လိုက်သော်လည်း တကယ်တမ်းကျနှောင်းထံမှမဟုတ်ခဲ့။ ommလေ၊ သူငယ်ချင်းမွေးနေ့လို့ပြောခဲ့တာပဲဟုသာ ကိုယ့်ကိုကိုယ်ဖြေသိမ့်ရင်း မရင်းနှီးသေးသော conversation ထဲဝင်လာခဲ့သည်။

"မင်းကိုယ်မင်းသိပ်ချစ်တတ်နေတယ်လို့အကြွင်းမဲ့ယုံကြည်ထားတယ်ပေါ့ သိပ်ရွံဖို့ကောင်းတယ်။"

ဓာတ်ပုံတွေတစ်ထပ်ကြီးနဲ့အတူ စာကြောင်းကိုမြင်တော့ ယွန်းဒေါသထွက်လာသည်။ ဓာတ်ပုံတွေထဲဝင်ကြည့်မိသည်။ ထို့နောက်တော့... ထို့နောက်မှာတော့ ယွန်းမျက်လုံးတို့ဝေဝါးလာသည်။ တုန်ယင်လာသောလက်အစုံကိုယွန်းထိန်းချုပ်နိုင်စွမ်းမဲ့နေခဲ့သည်။ မယုံနိုင်။ ဓာတ်ပုံထဲကနှောင်း၊ ပြီးတော့ ဒေါ်မေလွန်းထိုက်၊ နောက်က (****)hotelဟူသောဆိုင်းဘုတ်၊ တယုတယချိတ်တွယ်ပြီး နူးနူးညံ့ညံ့ပြုံးနေတဲ့ သူတို့နှစ်ယောက်..

*မဟုတ်ဘူး နှောင်းကယွန်းကိုဒီလိုမလုပ်ဘူး ဒီလိုကိစ္စကိုနှောင်းလုပ်မှာမဟုတ်ဘူး...*

စိတ်ကအကြိမ်ကြိမ်ရေရွတ်ရင်းအားတင်းနေပါသော်လဲ ပါးပြင်ထက်မှာတော့ရွှဲရွှဲစိုလာသည်။ တုန်တုန်ယင်ယင်ဖြစ်နေသောလက်တစ်စုံနှင့်အတူ တစ်ချက်တစ်ချက် ခန္ဓာကိုယ်သေးသေးလေးကပါ တုန်ယင်သွားသည်။ ဘယ်သူလဲ။ ဘာကိစ္စနဲ့ဒီပုံတွေပို့နေတာလဲ။

ေနွာင္ႀကိဳး(နှောင်ကြိုး) |completed|Where stories live. Discover now