Part 16 (Unicode)

2.9K 176 10
                                    

နှောင်ကြိုး ၁၆

အနောက်အရပ်ဆီကနေမင်းကြီးက နီတာရဲပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို အနီရောင်သန်းသန်းလေးများခြယ်သနေလေတော့သည်။

ဘုရားရင်ပြင်ပေါ်မှနေ၍ အဝေးတစ်နေရာတွင်ပျံသန်းသွားသောငှက်အုပ်လေးတစ်အုပ်ကိုနွေနှောင်းမိုးတစ်ယောက်ငေးကြည့်နေလျှက်ပင်။

"ကလေး....''

နောက်မှမခေါ်သံကြားတော့နှောင်းလှည့်ကြည့်လိုက်သည်။

"ကလေးကအမြဲဘုရားကိုခနလေးပဲရှိခိုးတယ်နော် တစ်ခါတစ်လေလေးလဲ ဘုရားတရားလေးကောင်းကောင်းလုပ်ပါဦး။''

မသည် အပြစ်တင်သည်မဟုတ်သောလေသံချိုချိုကလေးဖြင့်နှောင်းရဲ့ခေါင်းလေးကိုဖွရင်းဆိုလိုက်ပြီး နှောင်းရဲ့အနီးတွင်ဝင်ထိုင်လေသည်။

"ယွန်းနဲ့ကိုဝသန်ကောမ...''

"ဘုရားရှိခိုးနေကြတုန်း မကကလေးထသွားတာတွေ့လိုက်လို့လိုက်လာတာ...''

"ဟီး မရယ် ဘုရားကနှောင်းနေ့တိုင်းရှိခိုးနေကျပဲဟာ..''

"ဟုတ်ပါပြီ နှောင်းလေး မင်းကိုမမမေးစရာရှိတယ် ဘုရားပေါ်မှာဆိုတော့ကလေး,မကိုမလိမ်ဘဲအမှန်အတိုင်းဖြေရမယ်နော်...''

"မရယ် နှောင်းကမကိုမပြောတဲ့ကိစ္စသာရှိမယ် ဘယ်တော့မှမလိမ်ပါဘူး....''

"မရဲ့ကလေးကရိုးသားတာမသိတာပေါ့... ''

"ကျွန်တော့ကိုမေးစရာရှိတယ်ဆို...''

"Omm ကလေးမှာကောင်လေးရှိလား....''

မရဲ့မေးခွန်းကြားတော့နှောင်းပြုံးလိုက်မိသည်။

"မရယ် နှောင်းကကောင်လေးမထားပါဘူးမရဲ့...''

"ဘာလို့လဲကလေး....''

"ဘာလို့ဆို ဟို...''

"ကောင်မလေးရှိနေလို့လား...''

ပိတ်ပြီးမေးလိုက်သောမစကားကြောင့်နှောင်းအနည်းငယ်အံ့သြမိသွားသည်။ မရဲ့မျက်နှာကိုကြည့်လိုက်တော့အေးအေးဆေးဆေးပင်။ နှုတ်ခမ်းကလေးကိုတွန့်ချိုးပြီး အလှဆုံးပြုံးနေသယောင်ယောင်ရှိလှသည်။ နှောင်းသည်မနှင့်အနီးကပ်ကြီးပြင်းလာသူဖြစ်တာကြောင့် မရဲ့စကားနှင့်အမူအယာကိုအကဲခတ်ပြီးမဘာကိုဆိုလိုသည်ဆိုတာကိုချက်ချင်းပင်သဘောပေါက်သွားသည်။

ေနွာင္ႀကိဳး(နှောင်ကြိုး) |completed|Where stories live. Discover now