Part 12 (Unicode)

3.2K 211 12
                                    

နှောင်ကြိုး ၁၂

"သို့...
            မိုး....

မိုးနဲ့ကျွန်တော်နှစ်တွေအများကြီးခင်လာခဲ့တဲ့အတောအတွင်း
မိုးဘက်ကကျွန်တော့အပေါ်အရမ်းအရောမဝင်ခဲ့ဘူးနော်။

ကျွန်တော့်တစ်သက်နဲ့တစ်ကိုယ်မှာ မိန်းကလေးတော်တော်များများကိုတွေ့ခဲ့ဖူးပါတယ်။

တွေ့ဖူးသမျှအားလုံးထဲမှာ ကျွန်တော့အပေါ် မိုးလောက်လွှမ်းမိုးနိုင်ခဲ့တဲ့မိန်းကလေး တစ်ယောက်မှမတွေ့ခဲ့ဖူးပါဘူး။

ပထမဆုံးအကြိမ်အဖြစ်ကျွန်တော်ဒီစာကိုရေးပါတယ်။ ဒီစာထဲမှာ မိုးအကြိမ်ကြိမ်ကြားဖူးပြီးသားဖြစ်တဲ့စကားလုံးတွေပဲကျွန်တော်သုံးပါတယ်။

ဘယ်မိန်းကလေးကိုမှကျွန်တော်မပြောဖူးသေးတဲ့စကားကိုကျွန်တော်မိုးကိုပြောခဲ့တယ်။ အခုလဲဆက်ပြောပါရစေ။

မိုးကိုကျွန်တော်မေတ္တာရှိပါတယ်။ ချစ်တယ်။
ဒါကလဲကျွန်တော့်ရင်ထဲကလာတဲ့အရိုးသားဆုံးဖွင့်ဟဝန်ခံချက်ပါ။

အကြိမ်ကြိမ်ပြောခဲ့ဖူးတဲ့စကားကို ကျွန်တော်အကြိမ်ကြိမ်ထပ်ပြောပါ့မယ်။ မိုးစိတ်မဆိုးဘူးလို့လဲ ကျွန်တော်မျှော်လင့်ပါတယ်။ ဒါကျွန်တော့ရဲ့နောက်ဆုံးကြိုးစားခြင်းပါ။

မေတ္တာစစ်ရင်အရောင်ပြန်တယ်လို့ကြားဖူးတယ်။ အရာရာမှာလဲအသွားအပြန်ဆိုတာရှိတယ်တဲ့။ တကယ်လို့ဒီစကားသာမှန်ခဲ့ရင် ကျွန်တော့်အတွက်အဖြေတစ်ခုကိုတော့ရှိမယ်မဟုတ်လား။

ချစ်၏၊မုန်း၏ကို မိုးသာဆုံးဖြတ်ပေးပါ။
မိုးရဲ့အချစ်များကိုမျှော်လင့်ရင်း....

ဝဏ....''

စာရွက်ခေါက်ကလေးအတွင်းမှတွဲရက်ပါလာသောနှောင်းရဲ့ဓာတ်ပုံကလေးကိုကိုင်ရင်းစာရွက်အတွင်းပါစာများကို မေယွန်းပန်းချီတစ်ယောက်အသံထွက်၍ဖတ်ပြလေသည်။

"နှောင်း နှောင်းလူကြီးကလဲ ရည်းစားစာရေးတာ ကြောင်တောင်တောင်နဲ့.... ဝတၳုများ​ရေးစားဦးမလားပဲ...''

"ဘာနှောင်းလူကြီးလဲ နှောင်းကသူ့အပေါ်မှာဘာစိတ်မှမရှိဘူး ဒီအတိုင်းနားပူလွန်းလို့ယူလာတာ....''

ေနွာင္ႀကိဳး(နှောင်ကြိုး) |completed|Where stories live. Discover now