(Unicode)အဆောင်ကိုပြန်ရောက်ကတည်းက ငိုချမိနေသည်။ဒီအခြေအနေမျိုးကို လုံးဝမမျှော်မှန်းမိခဲ့။နှစ်ယောက်သား ရှေ့ဆက်ဖို့မဖြစ်နိုင်တော့ဟု တွေးမိသော်ငြား သူ့ဘက်က အရာရာကိုမျက်လုံးစုံမှိတ်ကာ နားလည်ပေးခဲ့သည်။ ကိုယ့်အပေါ်ထားသောသံယောဇဥ်ကား ထိုမျှလောက်နက်ရှိုင်းလိမ့်မည်ဟု အိမ်မက်တောင်မမက်ဖူးတာတော့ အမှန်ပင်။
ခင်များက ကျွန်တော့်အတွက်ဘာနဲ့မှမလဲနိုင်တဲ့တစ်ဦးတည်းသောသူဘဲ Yoongi
အတိတ်က အရာအားလုံးကို မေ့ဖျောက်ကာ မျက်လုံးများမှေးရင်း အိပ်စက်ဖို့သာ တာဆူလိုက်တော့သည်။
______________________The One_______
ကျောင်းသွားရန် မနက်7နာရီလောက်ထကာ ပြင်ဆင်နေချိန် ဖုန်းမှMessage Notiကြောင့် စားကျက်စားပွဲပေါ်မှဖုန်းကိုလှမ်းယူပြီးMessageအားဖွင့်ကြည့်တော့
Unknown Ph နံပါတ်တစ်ခု
"နင့်ကိုနင် သိပ်ဟုတ်လှပြီးမထင်နဲ့ မကြာခင်နင့်ဘဝငါဖျက်ဆီးမှာမို့လို့စောင့်ကြည့်နေလိုက်"
ဒါသေချာပါတယ် Soungဘဲနေမှာ ဒီတစ်ခါတော့ကျွန်တော်သူ့ကိုအရှုံးမပေးချင်တော့။
သူ့ဆီအေးအေးဆေးဆေးနှင့်သာMessageပြန်ပို့လိုက်မိသည်။
"ဒါမယ့်ဘယ်လိုလုပ်မလည်း နင်ဘယ်လောက်လုပ်လုပ်Yoongiကငါ့ကိုဘဲရွေးချယ်မှာ"
ဖုန်းအားoffပြန်လုပ်လိုက်ပြီး အဆောင်အောက်ဆင်းကာ Yoongiအလာကိုစောင့်နေမိသည်။
ရပ်စောင့်နေရင်း ဟွန်းတီးသံကြောင့် လန့်ကာ အနောက်ကိုလှည့်ကြည့်လိုက်တော့ အနက်ရောင်ကားတစ်စီး
ထို့နောက်ကားပေါ်မှဆင်းလာတဲ့သူ
ဘယ်သူများလည်းဆိုပြီးကြည့်နေရင်းကဟောကျွန်တော့်ရဲ့Yoogiပါလား
သူကအနားကိုလျှောက်လာကာ"ငယ်သွားရအောင်လေ"
"Yoongiဘာလို့ကားနဲ့?"
"ရာသီဥတုကလည်းအေးတယ်လေ ငယ့်ကိုလည်းအပင်ပန်းမခံစေချင်လို့ လာပါ သွားရအောင် "
သူ့ဘေးနားကခုံမှာထိုင်တော့ သူကကားကိုမမောင်းသေးဘဲ ကျွန်တော့်နားတိုးလာကာ
![](https://img.wattpad.com/cover/194876453-288-k647683.jpg)