(Unicode)
ငါးလကြာပြီးနောက်~~~~~~~~
ဆိုင်ထဲတွင်လူပြတ်နေတုန်း ခနနားကာ အတွေးတို့စတင်မိသည်။
ထို့နေ့ကဆေးရုံတွင် သတိရလျှင်ရချင်း သူ့ကိုသာလိုက်ရှာမိသည်။ သို့သော်ကျွန်တော့်နားမှာသူမရှိနေ။ သူ့အစား သူ့သူငယ်ချင်း Hoseokကိုသာတွေ့ရသည်။
မရှိမယ့်ရှိမယ့်အားနှင့် HoesoekကိုYoongiနာမည်အားမနားတမ်းပြောရင်းမေးနေမိသည်။
အချိန်အတော်ကြာသည်အထိ Hoseokဆီမှ ဘာသံမှပြန်မလာ။ မထိန်းနိုင်စွာနှင့် မျက်ရည်တို့မှာလည်း မတားအဆီးမရှိကျဆင်းလာကုန်၏။
အငိုရပ်သွားမှ Hoseokက ကျွန်တော့်အားစိုက်ကြည့်ကာ ဖြစ်စဥ်အစအဆုံးပြောပြလေသည်။
Hoseokစကားဆုံးတာနှင့် ကျွန်တော်ထပ်၍ပင်မငိုနိုင်တော့ပေ။အရာရာအားလုံးဟာ ရင်ထဲတွင်သာဆို့နင့်နေလေသည်။
အကုန်လုံးအဆင်ပြေနေကာမှ သူနဲ့ကျွန်တော်ထပ်ဝေးရလေပြန်ပြီး။ဆေးရုံကဆင်းတာနဲ့ သူ့ကိုသွားတွေ့တော့ ကျွန်တော့်ကိုလုံးဝအတွေ့မခံ
ဘာလို့လည်းYoongiရယ် ကျွန်တော်သိချင်မိတယ်ကျွန်တော်ဘယ်လောက်လွမ်းနေလည်းဆိုတာတကယ်ဘဲမသိတာလား?
ငါးခါလုံးလုံးသွားတွေ့ပေမယ့် သူကျွန်တော့်ကို လုံးဝအတွေ့မခံခဲ့ဘူး
ကျွန်တော်စောက်ရမ်းလွမ်းနေတာ ခင်များသိရဲ့လား Min Yoongi ရဲ့?!!
"ဒီမှာခင်မျ ဒီမှာ"
"Arr ဟုတ်ကဲ့"
"Espressoတစ်ခွက်ပေးပါ"
"Nae"
Customerလာတော့မှ စိတ်နဲ့ကိုယ်နဲ့ပြန်ကပ်မိတော့သည်။ကျွန်တော်လက်မလျှော့နိုင်သေးဘူးYoongiခင်များဆီကျွန်တော်ထပ်လာနေအုံးမှာဘဲ
...............................................................
လုံးဝလက်မလျှော့နိုင်တာကြောင့် သူ့ကိုနောက်တစ်ခေါက်သွားတွေ့မိပြန်သည်။ဒါနဲ့ဆို ခြောက်ကြိမ်မြောက်ပေါ့