(Zawgyi)
ရိုးရှင်းတဲ့နံနက်ခင်းလေးတစ်ခု~~အမဲရောင် back packလေးကို အသာလွယ်
မိုးရာသီမို့ အပြာရောင်ထီးလေးကို ယူကာ သုံးလွှာရှိသော အဆောင်မှ Seoul တက္ကသိုလ်ဆီသို့ ဦးတည်ထွက်လာခဲ့သည်....။အပေါင်းအသင်းလည်း နည်းသူမို့ ကျောင်းခန်းထဲဝင်တာနဲ့ မည်သူတစ်ဦးတစ်ယောက်ကိုမျှ နှုတ်ဆက်စကားပြောခြင်းမရှိ...။
ထောင့်နားက နောက်ဆုံးခုံလေးတွင်အသာဝင်ထိုင်ကာ မေးလေးကို ထောက်ပြီး လွတ်နေသော ခုံနေရာလေးတစ်ခုကို အရင်လိုဘဲ ငေးကြည့်မိပြန်သည်....။
" ဒီနေ့လည်း မပေါ်လာပြန်ဘူး.."
တစ်စုံတစ်ယောက်သောသူမရှိလို့လားမသိ ကျောင်းချိန်ဟာ အဓိပ္ပါယ်မရှိလှ
စာသင်ချိန်တိုင်း ငေးငေးကြည့်မိသော ကျောပြင်လေးဟာ လွမ်းဆွတ်ဖွယ်
ဆရာ၏ စကားသံများကို အာရုံပင်မရပါဘဲ နာရီသွားလာလှုပ်ရှားနေမှုကိုသာ တစ်စိမ့်စိမ့်ကြည့်နေရသည်မှာလည်း အလုပ်တစ်ခု
ဘာကြောင့်မှန်းမသိ ယနေ့တွင် ကျောင်းချိန်ကား ခါတိုင်းနေ့တွေထက် ကြာညောင်းလှသည်ဟု စိတ်ထဲရေရွတ်မိ၏....။
အပြန်လမ်းမှာတော့ ခပ်သွက်သွက်ခြေလမ်းတွေနဲ့ အဆောင်ရှိရာသို့ ပြန်လာခဲ့သည်
အဆောင့်ရှေ့အရောက် သက်ပြင်းတစ်ချက် ချလိုက်မိသည်
ပင်ပန်းနေလို့ထင်
သုံးလွှာတွင်ရှိသော မိမိအခန်းအား ထပ်သွားရမည်ဟူသော အတွေးတို့က လေးလံစွာလှေကားထစ်များကို တစ်ဆင့်ချင်း ရေတွက်ပြီး တစ်ကိုယ်တည်းကြားရုံလေးမျှသာ ရေရွတ်မိသည်
"Yoongi ခင်များကို ချစ်တဲ့ပမာဏကို ဒီလိုလှေကားထစ်တွေလို တစ်ဆင့်ချင်းရေတွက်နေစရာလိုမယ်မထင်ဘူး..
ဘယ်တော့မှ ကုန်နိုင်မှာမဟုတ်လို့လေ"ဖြေးဖြေးချင်းလျှောက်လာတော့ နောက်ဆုံး အဆောင်အခန်းလေးဖြစ်တဲ့ Room No(96)ကိုရောက်လာခဲ့သည်
တံခါးlockကိုချက်ချင်းဖွင့်ကာ back packကိုစားပွဲပေါ်ချ.
ကိုယ်လေးကို ချက်ချင်း အိပ်ရာပေါ်သို့ပစ်လှဲလိုက်သည်
![](https://img.wattpad.com/cover/194876453-288-k647683.jpg)