Part 8

91 9 2
                                    

Part 8

ကျွန်​​တော့်​အိမ်​မက်​ကရှည်​လျားလိုက်​တာ။ကျွန်​​တော်​​ကောင်​မ​လေးတစ်​​ယောက်​လက်​ကိုတွဲထားပြီး​မေဘယ်​ရွက်​​တွေ​ကြွေကျ​နေတဲ့​တောလမ်း​လေးကိုဖြတ်​​လျှောက်​​နေကြတာ။သူက​တော့မသိဘူး။ကျွန်​​တော့ရင်​​တွေက​တော့တလှပ်​လှပ်​ကိုခုန်​​နေရ​တော့တာပဲ။သူကကျွန်​​တော့်​လက်​ကိုဆုပ်​ကိုင်​ထားရာက​နေရုတ်​တရက်​လွှတ်​ချလိုက်​တယ်​။ကျွန်​​တော်​လည်းမသိပါဘူးပြုံးပြလိုက်​​တော့သူကအ​ငွေ့အဖြစ်​​ပြောင်းပြီး​ပျောက်​ကွယ်​သွားတယ်​။သူ​နောက်​ဆုံး​ပြောခဲ့တဲ့စကားကိုကျွန်​​တော်​မ​မေ့နိုင်​ပါဘူး။သူ့ကိုရှာပါတဲ့။ကျွန်​​တော်​ဒီအိမ်​မက်​ကိုမမက်​တာကြာ​နေပါပြီ။အခု​တော့မှဘာလို့ပြန်​မက်​​နေရတာလဲ။သူမရဲ့အပြုံး​တွေကိုကျွန်​​တော်​မ​မေ့နိုင်​​သေးတာ​တော့အမှန်​ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"အိုလီ။....​နေသာရဲ့လား။"

"ဘာမဆင်​မ​ပြေစရာရှိလို့လဲ။ဒီ​နေ့စည်းကမ်းတစ်​ချက်​ထပ်​ထုတ်​မယ်​။"

"ဘာ.....မင်း......။တော်​ပါပြီ။အရင်​လိုပြန်​ဖြစ်​သွားပြီ။တိုင်းပြည်​​ရေး​တွေငါ့လာမ​ပြောနဲ့သွားပြီ။"

ကျွန်​​တော်​နားမလည်​နိုင်​တာကကျွန်​​တော်​ဘာ​ပြောင်းလဲသွားခဲ့လို့လဲ။ဘာလို့ဂျက်​ဆန်​ကကျွန်​​တော်​နဲ့အရင်​ကတည်းကတိုင်းပြည်​​ရေး​ဆွေး​နွေး​နေကြ​လေ။ဒီ​နေ့မှဘာဖြစ်​တာလဲ။ကျွန်​​တော်​ပဲထူးဆန်း​နေသလိုလို။

မြို့စားမင်းအိုလီဗာ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီ​နေ့​တော့ရဲတိုက်​ကိုပတ်​ကြည့်​မယ်​ဆိုပြီး​နေရာတကာကို​လျှောက်​သွား​နေ​တော့တာပဲ။နေရာတစ်​ခု​ရောက်​​တော့​ဝေ​ဝေဝါးဝါးပုံရိပ်​​လေး​ပေါ်လာတယ်​။ဒါက​တော့လူတစ်​​ယောက်​လက်​ကိုဆွဲပြီးတစ်​​နေရာရာကိုဦးတည်​သွား​နေတဲ့က​လေး​လေးတစ်​​ယောက်​။ကျွန်​​တော်​လည်းပုံရိပ်​ကအတိုင်​လိုက်​သွားလိုက်​တာဥယျာဉ်​ကြီးတစ်​ခုကို​ရောက်​သွားတယ်​။ဥယျာဉ်​ဆိုတာထက်​​တောအုပ်​​လေးတစ်​ခုဆိုပိုမှန်​လိမ့်​မယ်​။စိမ်းလန်းမှုမရှိ​တော့တဲ့အုပ်​မှိုင်းမှိုင်း​တောအုပ်​​လေး​ပေါ့။ပန်းပင်​​တွေအစားချုံ​တွေပဲ​ပေါက်​​နေတယ်​။သစ်​ပင်​ကြီး​တွေကလည်းစိမ်းလန်းမှုမရှိသစ်​ရွက်​​ခြောက်​​တွေကလည်းလူသွားလမ်းတစ်​​လျှောက်​​ပေပွ​နေတာပဲ။ကျွန်​​တော်​လည်းလုပ်​စရာမရှိတာနဲ့​လျှောက်​ပတ်​ကြည့်​​နေလိုက်​တယ်​။လူသွားလမ်း​လေးက​နေ​လျှောက်​လာတာလည်းကြာပါပြီ။ခဏ​လေးဆက်​​လျှောက်​လိုက်​​တော့စမ်း​ချောင်း​လေးတစ်​ခုကိုဖြတ်​​ဆောက်​ထားတဲ့​တံတား​လေးတစ်​ခုကို​တွေ့တယ်​။တံတားက​နေငါးမိနစ်​​လောက်​ထပ်​​လျှောက်​လိုက်​​တော့အိမ်​အို​လေးတစ်​လုံးဆီကို​ရောက်​သွားတယ်​။ကျွန်​​တော်​ကြည့်​ဖူးတဲ့ရုပ်​ရှင်​​တွေထဲကလိုသရဲပဲထွက်​လာမလား။စုန်းမပဲထွက်​လာမလား​ကြောက်​​နေမိတယ်​။အ​ကြောက်​တရားကစိတ်​ကိုလွှမ်းမိုး​နေတယ်​ထင်​ပါရဲ့။ပြန်​​ပြေးလာလိုက်​တာ​ရှေ့မှာရပ်​​နေတဲ့သူကိုမမြင်​ဘဲဝင်​​ဆောင့်​မိပါ​လေ​ရော။ခေါင်းကအုံခဲသွားတာပဲ။မာလိုက်​တဲ့ရင်​အုံဆိုတာ။မသိရင်​သံမဏိပြားကိုဝင်​​ဆောင့်​မိသလိုပါပဲ။

Fujosh WadyMay & Duke Oliver Where stories live. Discover now