[ Zawgyi ]
မိုးသည်းထန်စွာရွာနေသောကောင်းကင်ကြီးအားကြည့်ရင်း Lu Cang သက်ပြင်းချမိသည်။ ထို့နောက် ဝုန်းခနဲ တံခါးအားဆောင့်ဖွင့်လိုက်သည့်အသံကြောင့် Lu Cangအနည်းငယ်လန့်သွားခဲ့သည်။
ထို့နောက် အနောက်အားလှည့်ကြည့်လိုက်ရာ ထုံးစံအတိုင်း ကောင်းကင်ဘုံ၏သားတော်ဖြစ်သည့် ဧကရာဇ် Jing Zongအားတွေ့လိုက်ရလေသည်။
တစ်ကိုယ်လုံး မိုးရေများစိုရွှဲလျက် နက်မှောင်လှသည့်ဆံနွယ်ရှည်များတွင် ရေစက်လေးများ တွဲလဲခိုနေလေသည်။မျက်နှာထက်တွင် အလွန်အမင်းတည်ငြိမ်နေပေမယ့် မျက်ဝန်းများသည် ရာဂမီးများဖြင့်တောက်လောင်နေလေသည်။ ဟုတ်တာပေါ့။ Jingအနေဖြင့် Lu Cangအား မထွေးပွေ့ရတာ ယခုဆိုလျှင် ၁၃ရက်ကြီးများတောင်ရှိနေပြီဖြစ်သည်။ ၁၃ရက်ကြီးများတောင်!
စိတ်ရှုပ်ဖွယ်ကောင်းလှသည့် တိုင်းပြည်အရှုပ်အထွေးကိစ္စများကြောင့် Jing အလုပ်များနေခဲ့သည်။
Datong လက်အောက်ခံဖြစ်သော Xian Wuတိုင်းပြည်သည် တစ်ခြားအနောက်နိုင်ငံများအားကိုးဖြင့် ပုန်ကန်ကာ အရှေ့ဘက်တွင် အင်ပါယာချဲ့ထွင်နေသော Datongစစ်တပ်အား ရိက္ခာများမပို့ဆောင်ခဲ့ပေ။ ထို့ကြောင့် အရှေ့ဘက်တိုင်းပြည်များအား တိုက်ခိုက်ရာတွင်အရေးနိမ့်သွားခဲ့သည်။ထိုအကြောင်းအား စစ်သူကြီး Mu Yueသိသောအခါ အလွန်အမင်း ဒေါသထွက်လျက် ဧကရာဇ်ထံလျှောက်တင်လေသည်။ ထိုဘုရင်အား အစိစိအညက်ညက်ချေပစ်ချင်သော်လည်း ဧကရာဇ်ခွင့်ပြုချက်မရှိပဲ Mu Yueမလုပ်နိုင်ခဲ့ပေ။ Mu Yueသမိုင်းတစ်လျှောက်တွင် ရှုံးနိမ့်ခဲ့သည်ဟူသော အရာမျိုးမရှိခဲ့ပေ။ စစ်ပွဲအတွင်း ရန်သူအားလုံးကို ခေါင်းဖြတ်သတ်ကာ မည်သူကိုမျှ အရှင်ထားလေ့မရှိသော သားရဲတစ်ကောင်လို ရက်စက်ကြမ်းကြုတ်လှသည့် စစ်သူကြီး Mu Yueသည် တိုက်ပွဲပေါင်းများစွာကို အောင်နိုင်လာခဲ့သူဖြစ်သည်။ ဘာမှမဟုတ်သည့်စစ်ပွဲလေးတွင် အရေးနိမ့်သွားသောကြောင့် Mu Yueရင်ထဲ ဗလောင်ဆူကာ အလွန်ခံပြင်းမိသည်။
ကံကောင်းလှစွာဖြင့် ဧကရာဇ်သည် ထိုကိစ္စအားဖြေရှင်းရန် Mu Yueထံလွှဲပေးခဲ့သည်။ Mu Yueသည် မုန်းတီးဖွယ်ကောင်းလှသည့် Xian Wuတိုင်းပြည်အား ၃ရက်အတွင်း အပြတ်ချေမှုန်းနိုင်ခဲ့သည်။
၅ရက်မြောက်နေ့တွင် Jingသည် ထိုတိုင်းပြည်အားရောက်လာခဲ့ပြီး ပုလ္လင်ပေါ်တွင် ခန့်ညားတည်ကြည်လှစွာဖြင့်ထိုင်နေလေသည်။
YOU ARE READING
Hua Hua You Long [Fanfic- MM]
Fanfiction💛 花花遊龍 Fanfic - One shot 💛 Not Translation Novel!!! #Just my own crazy imagine! #Burmese [ Z + U ] I don't own any main characters from the original novel and manhua by Xing Bao Er.