[ Zawgyi ]
လေပြေလေညင်းများတိုးဝှေ့တိုက်ခတ်နေသော ပန်းပဒုမ္မာဥယျာဉ်တွင် ကျေးငှက်များမှ သာယာသောတေးသွားအား သီဆိုလျက် ဆိတ်ငြိမ်ခြင်းသုခဘုံအတိဖြစ်နေလေသည်။
စိမ်းစိုနေသောမြက်ခင်းပြင်ထက်တွင်တော့ လုံးချေခြင်းခံထားရသည့် စာရွက်များဖြင့် ရှုပ်ပွနေလေ၏။ စုတ်တံကိုင်ဆောင်ထားသည့် ခန့်ညားလှသောအမျိုးသားမှာ မျက်မှောင်ကြုပ်ရင်း အရေးကြီးကိစ္စတစ်စုံတစ်ခုအား အာရုံတစိုက်ဖြင့်အလေးအနက်စဉ်းစားနေလေသည်။
"မြစ်သံလွင်တွေစီးဆင်းနေသလို......
ငါရဲ့အချစ်ကလည်း......ငါရဲ့အချစ်ကလည်း??...ပြီးရင် ဘာဆက်ရေးရမှာလဲ......?
ချီးပဲ!!! ခုနလေးတင် ဟုတ်နေတဲ့စာသားကို!"နေ့မွန်းတည့်သည့်အချိန်ထိ နေ့လည်စာမသုံးဆောင်သေးသော Lu Cangအား ကြည့်ရင်း Xiao Sangစိတ်မသက်သာလှပေ။ အကူအညီပေးချင်ပေမယ့် Lu Cangသည် သူ့အနားသို့ ယခုချိန်လာတာကြိုက်လိမ့်မည်မဟုတ်ကြောင်း Xiao Sang နားလည်သည်။
အဘယ်ကြောင့်ဆိုသော် အစ်ကိုကြီးသည် ဧကရာဇ်မင်းမြတ်ထံဆက်သံရန် အချစ်သဝဏ်လွှာအား ရေးသားနေသောကြောင့်ပင်။
နေဝင်ချိန်အထိ အပြီးမသတ်နိုင်ပါက ရောက်ရှိလာမည့်အပြစ်ဒဏ်သည် Lu Cangအား မကောင်းဆိုးဝါးတစ်ကောင်လိုပြုံးဖြီးလျက် လက်လှမ်းကြိုဆိုနေပြီဖြစ်သည်။ ထို့ကြောင့် Lu Cangခမျာ ဥာဏ်စွမ်းရှိသမျှအကုန်ထုတ်သုံးကာ ကြိုးစားပမ်းစားရေးနေရရှာသည်။
ကြမ်းတမ်းခက်ခဲလှသောဓားပြဘဝဖြင့်ကျင်လည်လာခဲ့သည့် Lu Cang အတွက် စာနုပေနုများရေးသားရခြင်းသည် အင်မတန်ခက်ခဲလှသည်။
အတွေ့အကြုံအရပြောရသည်ရှိသော် Lu Cangသည် ဘယ်မိန်းကလေးကိုမှ ချစ်ကြောင်းကြိုက်ကြောင်းမပြောဖူးသလို တစ်ခါမှ ချစ်ကြည်နူးဖွယ်ကောင်းလှသည့်စာများလည်း မရေးခဲ့ဖူးပေ။
ယခုလို ယောက်ျားတစ်ယောက်အား နူးညံ့လှသည့် အချစ်သဝဏ်လွှာရေးပေးရမည်ဆိုတော့ကား အရှက်တရားကြီးမားလှသည့် Lu Cangအတွက်တော့ ကြီးမားသောအခက်အခဲကြီးတစ်ခုဖြစ်သည်။ ထို့အပြင် အနှီအမျိုးသားသည် မိမိအား အမြဲတမ်းနောက်ပြောင်ကျီစားလေ့ရှိသည့် Jingဖြစ်သည်။ ထို့ကြောင့် Lu Cang ခုံနှင့်ခေါင်းဆောင့်ကာ သတ်သေပစ်လိုက်ချင်တော့သည်။
YOU ARE READING
Hua Hua You Long [Fanfic- MM]
Fanfiction💛 花花遊龍 Fanfic - One shot 💛 Not Translation Novel!!! #Just my own crazy imagine! #Burmese [ Z + U ] I don't own any main characters from the original novel and manhua by Xing Bao Er.