[ Zawgyi ]
ဆိတ်ငြိမ်နေသည့် ဧကရာဇ်ခန်းမဆောင်တွင်တော့ Jingသည် အိပ်ရာထဲလဲနေသည့် ချစ်ရသူအားအဖော်ပြုပေးရင်း ရှုပ်ပွနေသောနက်မှောင်လှသည့်ဆံနွယ်လေးများအား ယုယစွာဖြီးပေးနေခဲ့သည်။
ခဏကြာသောအခါ အထိန်းတော်များသည် အားဆေးပန်းကန်အား ယူဆောင်လာပြီး အရှင်မင်းမြတ်၏အမိန့်ကြောင့် ဆေးပန်းကန်အား စားပွဲပေါ်တင်ပြီးနောက် ပြန်ထွက်သွားကြလေသည်။
"Xiao Cang…ဆေးသောက်ဖို့အချိန်ကျပြီ"
အိပ်ရာထက်တွင် အသက်မရှိတော့သည့် လူတစ်ယောက်လို ငေးမှိုင်နေသော Lu Cangအားကြည့်ရင်း Jing ရင်ထဲ ဓားများဖြင့်အမွှန်းခံနေရသလိုနာကျင်နေခဲ့သည်။
Lu Cangသည် ထိုဆေးရည်ပန်းကန်အားမြင်သောအခါ အလွန်အမင်းထိတ်လန့်သွားပြီး ပန်းကန်အားလွှတ်ပစ်လိုက်လေသည်။
"သွေး…သွေးတွေ!!!"
"ဘာသွေးမှမရှိပါဘူး… သေချာကြည့်ပါဦး "
Lu Cangမျက်လုံးထဲတွင် သွေးများထည့်ထားသည့် ပန်းကန်လုံးအားတွေ့လိုက်ရပြီး လွှင့်ပစ်လိုက်ခြင်းဖြစ်သည်။
သတိပြန်ဝင်လာပြီး ကြည့်လိုက်သောအခါ ဆေးရည်များဖြစ်နေကြောင်းတွေ့လေသည်။
Lu Cangသည် Jingအားတင်းကြပ်စွာပွေ့ဖက်ထားမိသည်။မျက်စိဖွင့်လိုက်တိုင်း ဝိဥာဉ်များကိုမြင်တွေ့နေရပြီး နားထဲတွင်လည်း တစ်ချိန်လုံး အော်ဟစ်သံများကို ကြားနေခဲ့ရသည်။
Lu Cangအနေဖြင့် အလွန်အမင်းကြောက်ရွံ့နေပြီဖြစ်သည်။ ဒီအတိုင်းသာ ဆက်ဖြစ်နေပါက Lu Cang သေသွားနိုင်သည်။
ထို့အပြင် စိတ်များသည်လည်း ဂယောင်ခြောက်ခြားဖြစ်နေခဲ့သည်။Jingနှလုံးသားထဲတွင်လည်း သေမတတ်အလွန်နာကျင်နေမိသည်။ Lu Cangအနေဖြင့် ယခုလိုအခြေအနေမျိုးအထိ ဖြစ်သွားလိမ့်မည်ဟု Jingမထင်ခဲ့ပေ။
"Xiao Cang ခဏလောက်ပဲ သည်းခံပေးပါ ငါမင်းကိုကတိပေးတယ် မင်းဘာမှမဖြစ်စေရဘူး "
Lu Cang နဖူးလေးအားကြင်နာလှစွာ နမ်းရှိုက်လိုက်သည်။ အထိန်းတော်များမှ ဟင်းလျာများယူဆောင်လာသောအခါ နေ့လည်စာသုံးဆောင်ရန်ပြင်လေသည်။
YOU ARE READING
Hua Hua You Long [Fanfic- MM]
Fanfiction💛 花花遊龍 Fanfic - One shot 💛 Not Translation Novel!!! #Just my own crazy imagine! #Burmese [ Z + U ] I don't own any main characters from the original novel and manhua by Xing Bao Er.