[ Zawgyi ]
တိတ်ဆိတ်နေသော သန်းခေါင်ယံအချိန်တွင် မြင်းလှည်းလေးတစ်စီးသည် Tong'anမြို့တော်မှ ထွက်ခွာလာခဲ့ပြီး တောင်ဘက်ရှိ တောအုပ်ထဲသို့ ခရီးဆက်သွားလေသည်။
မနက်မိုးသောက်အချိန်တွင် နယ်စပ်ရှိပုန်းခိုရာ ချီယမ်း သင်္ချိုင်းတောင်သို့ ရောက်သောအခါ အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားကြသည့် လူသုံးဦးသည် အလျှင်အမြန် လှည်းပေါ်မှဆင်းလာပြီး အိတ်ကြီးတစ်အိတ်အား သယ်လျက်အိမ်ထဲသို့ ဝင်လာကြလေသည်။
"ဒီနေ့တော့ အဲ့ဒီခွေးသူတောင်းစားကို အရေခွံခွာပြီး တစ်စစီခုတ်ဖြတ်ပစ်မယ် "
ထိုသုံးဦးထဲရှိ အငယ်ဆုံးသည် ရင့်သီးလှသော စကားများဖြင့် ကြိမ်းဝါးလေသည်။
ထို့နောက် အိတ်အား ဖွင့်လိုက်သောအခါ အလွန်အမင်း အံ့အားသင့်သွားခဲ့ကြသည်။ ဒေါသများမှတစ်ဆင့် ထိတ်လန့်မှုများဆီသို့ရောက်ရှိသွားပြီး အလွန်အမင်းတုန်လှုပ်သွားကြသည်။
အိတ်ထဲတွင်မိမိတို့ ထင်ထားသည့် သူမဟုတ်ပဲ သစ်လွင်တောက်ပနေသောအနီရောင်ဝတ်ရုံဖြင့် အလွန်အမင်းခန့်ညားလှသည့်သူအားတွေ့လိုက်ရလေသည်။
နွေခေါင်ခေါင်ကြီး မိုးကြိုးပစ်ချခြင်းခံလိုက်ရသကဲ့သို့ အနှီသူခိုးသုံးယောက်သည် ကျောက်ရုပ်ထုများလို ကြောင်အမ်းအမ်းဖြစ်သွားခဲ့သည်။
ထို့နောက် မကြာခင် ထိုအမျိုးသား သည် သတိပြန်ရလာခဲ့သည်။ ခေါင်းအား ရိုက်ခံထားရသောကြောင့် အလွန်အမင်းနာကျင်နေပြီး ညည်းတွားမိသည်။
"ငါ ဘယ်ရောက်နေတာလဲ "
Lu Cangသည် ပတ်ဝန်းကျင်အား ဝေ့ဝိုက်ကြည့်လိုက်ရာ အိမ်တစ်ခုထဲတွင် ရောက်နေကြောင်းတွေ့လိုက်ရပြီး မိမိအားကြောင်အမ်းအမ်းပုံစံဖြင့် ရပ်ကြည့်နေသော လူသုံးယောက်ကြောင့် ထိတ်လန့်သွားခဲ့သည်။
"မင်းတို့ ဘယ်သူတွေလဲ! ဘာလို့ငါ့ကို ဒီကိုခေါ်လာတာလဲ?!"
Lu Cangသည် ဒေါသတကြီးဖြင့် ထိုသူများအား အော်ဟစ်လိုက်လေသည်။ သားရဲတစ်ကောင်လို ဟိန်းဟောက်လိုက်သည့် Lu Cang ကြောင့် အနှီသူခိုးသုံးယောက်သည် လန့်ဖျန့်သွားကြသည်။
KAMU SEDANG MEMBACA
Hua Hua You Long [Fanfic- MM]
Fiksi Penggemar💛 花花遊龍 Fanfic - One shot 💛 Not Translation Novel!!! #Just my own crazy imagine! #Burmese [ Z + U ] I don't own any main characters from the original novel and manhua by Xing Bao Er.