You're the best gif of my life

12.3K 902 15
                                    

[Zawgyi]

အချိန်များတရွေ့ရွေ့ကုန်လွန်လာသလို ဧကရာဇ်၏မွေးနေ့သည်လည်းတဖြည်းဖြည်းနီးကပ်လာခဲ့ပြီဖြစ်သည်။

ဘုရင့်ကိုယ်လုပ်တော်မောင်းမများသည် မိမိတို့၏အရှင်အတွက် ဝတ်ရုံချုပ်သူကချုပ် ခါးစည်းချုပ်သူနှင့် အလုပ်များနေကြသည်။ ထို့အပြင် ဝန်ကြီးမှူးမတ်များသည်လည်း ဧကရာဇ်ထံမှ မျက်နှာကောင်းရလိုသောကြောင့် လက်ဆောင်များကို ကြီးကျယ်ခမ်းနားစွာပြင်ဆင်ကြသည်။

Mu Yueနှင့် Ding Pengသည်လည်း ဘုရင့်မွေးနေ့တော်တွင် လုပ်ကြံသူများ တိုက်ခိုက်မည်ကိုစိုးရိမ်ကြသဖြင့် လုံခြုံရေးအားတင်းကြပ်စွာဆောင်ရွက်နေကြသည်။

နန်းတော်ထဲတွင် အစေခံများကအစ အသီးသီးအလုပ်များနေချိန်ဖြစ်သည်။

ဧကရာဇ်၏တစ်ဦးတည်းသော ချစ်သည်းညှာလေးသည် ပြတင်းပေါက်အားမှီလျက် တည်ငြိမ်စွာ ရပ်နေသည်။ နေရောင်ခြည်နွေးနွေးလေးသည် အရှက်ကြီးစွာဖြင့် ထိုခန့်ညားလှသော ထိုလူသားပေါ်သို့ ဖြာကျနေကာ ကိုယ်ရောင်ကိုယ်ဝါများသည်တောက်ပနေဟန်ရှိသည်။

အပြင်ပန်းတွင်ကန်ရေပြင်လို တည်ငြိမ်သော်လည်း အတွင်းစိတ်ထဲတွင် လှိုင်းဂယက်များ ရိုက်ခတ်နေသကဲ့သို့ စိတ်ရှုပ်ထွေးနေသည်။

မိမိသည်လည်း ချစ်ရပါသောနှလုံးသားပိုင်ရှင် ဧကရာဇ်အရှင်အား မွေးနေ့လက်ဆောင်ပေးချင်မိသည်။

သို့သော်ပြန်စဉ်းစားကြည့်လျှင် Jingသည် ကောင်းကင်ဘုံ၏ကောင်းချီးခြင်းမင်္ဂလာများကိုရရှိထားသူဖြစ်သည်။ ကောင်းကင်ဘုံ၏သားတော် Jingသည် အရာအားလုံးပြည့်စုံနေသူဖြစ်သည်။

ကျောက်မျက်ရတနာ အဆင်တန်ဆာများသည် Jingအတွက်တော့ ကစားစရာသက်သက်သာဖြစ်သည်။
ကိုယ်ပိုင်လက်ဖြင့် ပြုလုပ်ထားသောအရာအားပေးချင်သော်လည်း Lu Cangသည် မည်သည့် လက်မှုပညာကိုမျှတတ်မြောက်ထားခြင်းမရှိပေ။

ငယ်စဉ်ကတည်းက ဓါးပြဘဝဖြင့်သာ ကျင်လည်ခဲ့သောကြောင့် နူးညံ့သောကဗျာများ ပန်းချီများ ဖန်တီးပြီးလက်ဆောင်ပေးခြင်းသည် Lu Cangအတွက် မိုးကောင်းကင်ပေါ်ရှိ လမင်းအားဖမ်းယူတာထက်ပင် ပိုခက်ခဲလှသည်။

Hua Hua You Long [Fanfic- MM]Tempat cerita menjadi hidup. Temukan sekarang