The Cruel Palace : Trust Me

6.5K 649 17
                                    

[ Zawgyi ]

"အရှင်မင်းကြီး ကြွချီလာပါပြီ "

ဆူညံနေသော ရာဇဝတ်ရုံးသည် ချက်ခြင်းဆိုသလိုတိတ်ဆိတ်သွားခဲ့ပြီး လူအများသည် ဒူးထောက်လျက် ဧကရာဇ်အား ဂါရဝပြုလေသည်။

ဧကရာဇ်သည် ရွှေရောင်နဂါးချည်ထိုးဝတ်ရုံဖြင့် ခန့်ညားထည်ဝါနေပြီး ခေါင်းဆောင်းရှိ ပုလဲပုတီးစေ့များသည် မျက်နှာအားကွယ်နေသောကြောင့် မည်သူမျှ ဧကရာဇ်၏ မျက်နှာအမူအယာအားမမြင်တွေ့နိုင်ပေ။ သေချာတာတစ်ခုကတော့ ဧကရာဇ်ရောက်ရှိလာပြီးသကာလ ရုံးတော်တစ်ခုလုံးသည် ရေခဲပြင်တစ်မျှ အလွန်အေးစက်သွားခဲ့သည်။

အဓိကမျက်မြင်သက်သေဖြစ်သော အိမ်ရှေ့စံသည်လည်း ဧကရာဇ်အားကြောက်ရွံ့သောကြောင့် မည်သည့်စကားတစ်ခွန်းမျှမဆိုရဲပဲ အနောက်မှလိုက်ပါလာခဲ့ပြီး တိတ်ဆိတ်စွာ နေရာယူလိုက်သည်။

ထို့နောက် အမှုစစ်ဆေးခြင်းအားစတင်လေသည်။

ဟုတ်တာပေါ့။ ထိုအချိန်သည် အမတ်များဝန်မင်းများအနေဖြင့် Lu Cangအား ပျောက်ကွယ်သွားအောင်ပြုလုပ်နိုင်သည့် အကောင်းဆုံးအချိန်ဖြစ်သည်။

ထို့ကြောင့် ပြစ်မှုအားချဲ့ကားပြောဆိုနေကြပြီး Lu Cangသည် မြို့စား Zi Qingအား ကြိုတင်ကြံစည်ပြီး သတ်သည့်ပုံစံဖြင့်ပြောနေကြလေသည်။ သူတို့စွဲဆိုချက်များသည် တစ်ခုမှမမှန်သော်လည်း Lu Cangသည် အပြစ်လုပ်ထားသူဖြစ်သောကြောင့် အမတ်များ၏ စွဲဆိုချက်များအား ပြန်လည်မချေပနိုင်ခဲ့ပေ။

ထိုစွဲဆိုချက်များသည် အပြစ်မကြီးကြီးအောင် ပြုလုပ်နေသောအရာများဖြစ်သောကြောင့် Xingသည် Lu Cang ဘက်မှမခံနိုင်ပဲ ခံပြင်းမိသည်။

ပြန်လည်ချေပချင်သောကြောင့် မတ်တပ်ရပ်လိုက်သောအခါ ဧကရာဇ်သည် ချောင်းတစ်ချက်ဟန့်လိုက်ပြီး အေးစက်သည့်အကြည့်ဖြင့်ကြည့်လိုက်သောကြောင့် Xingသည် ကြောက်ရွံ့ကာ နှုတ်ဆိတ်နေလိုက်ပြီး နေရာတွင် ပြန်ထိုင်လိုက်သည်။

"Luလူကြီးမင်းရဲ့ ပြစ်မှုကထင်ရှားတဲ့အတွက် အရှင်မင်းကြီးအနေနဲ့ တရားမျှတစွာ စီရင်ပေးပါရန် လျှောက်တင်အပ်ပါတယ်
Datong ဥပဒေအရ မင်းမျိုးမင်းနွယ်တစ်ဦးကိုသတ်တဲ့အမှုက အပြစ်ဒဏ်အကြီးမားဆုံးပါပဲ သေမိန့်ပေးရင်တောင် အပြစ်ဒဏ်ကပေါ့လျော့နေပါသေးတယ် "

Hua Hua You Long [Fanfic- MM]Where stories live. Discover now