Love on Voyage

7.1K 665 27
                                    


[ Zawgyi ]

နေသာသည့်နေ့တစ်နေ့၌ ခမ်းနားကြီးမားလှသောလှေတစ်စီးသည် အပြာရောင်သမုဒ္ဒရာထဲတွင် ရွက်လွှင့်နေခဲ့သည်။ ရွှေလျားနေသည့်လှိုင်းလုံးများ လတ်ဆတ်လှသည့်လေညင်းများမှာ ဘောင်တွင်ရပ်နေသည့်အမျိုးသားတစ်ယောက်ရဲ့စိတ်ကို အေးမြစေခဲ့သည်။ လှိုင်းပုတ်သံများမှလွဲ၍ တိတ်ဆိတ်ငြိမ်သက်နေသည့်ပတ်ဝန်းကျင်အား Lu Cang သဘောကျမိသည်။

ထိုစဉ် ချောင်းဟန့်ရင်း အပြင်သို့ထွက်လာသည့်လူတစ်ယောက်သည် သူထွက်လာပြီဖြစ်ကြောင်း Lu Cangအား အသိပေးနေသလိုဖြင့် အခြားတစ်နေရာတွင်ရပ်လိုက်လေသည်။ ယင်းမှာ အခြားမဟုတ် သူ့ရဲ့နူးညံ့ကြမ်းတမ်းလှသည့် အကြင်သူဧကရာဇ်ပင်။

တစ်ယောက်ကိုတစ်ယောက် မသိချင်ယောင်ဆောင်ရင်း မခေါ်မပြောဖြစ်နေသည့်သူတို့နှစ်ယောက်မှာ ထုံးစံအတိုင်း ရန်ဖြစ်ထားကြလို့ပင်။

လွန်ခဲ့သည့် ၅ရက်ခန့်က……

"Xiao Cang နန်းတော်အပြင်ထွက်ပြီး လျှောက်လည်ကြမလား "

"အလုပ်ကိုသာ ပြီးအောင်လုပ်စမ်းပါ "

လက်ရှိအခြေအနေမှာ Jingသည် လျှောက်တင်လာသမျှသဝဏ်လွှာများအား ဖတ်ရင်း တံဆိပ်နှိပ်နေရသည့်အချိန်ဖြစ်သည်။ ဖြစ်နိုင်လျှင် ထိုအလုပ်များကိုသူမလုပ်ချင်တော့ပေ။

"ဒါဆိုလည်း မြန်မြန်ပြီးအောင်ငါ့ကို ကူညီ"

နှုတ်ခမ်းစူရင်း သူ့အားမျက်စောင်းထိုးနေသည့် ဧကရာဇ်ကြောင့် Lu Cang ခေါင်းယမ်းရင်း ဝိုင်းကူပေးလေသည်။

"စာပေနဲ့ယဉ်ကျေးမှုဌာနကပို့လာတဲ့သဝဏ်လွှာအရ လာမယ့်အမှုထမ်းစစ်စာမေးပွဲမှာ အရှင်မင်းကြီးကို တက်ရောက်စေလိုကြောင်း လျှောက်တင်အပ်ပါတယ်တဲ့ "

"တက်မယ်လို့ရေးလိုက်
အဲ့နေ့ကျရင် မုန်တိုင်းဝင်တိုက်လိုက်စမ်း
မြန်မြန်ပြီးလေ ကောင်းလေပဲ "

Jing သည် နှုတ်က တတွတ်တွတ်ဖြင့်ရေရွှတ်ရင်း တံဆိပ်တော်ထုနှိပ်နေရလေသည်။

"ခံတပ်တွေက ပို့လာတဲ့သဝဏ်လွှာအရ နယ်စပ်ဒေသတွေမှာ ပုန်ကန်မှုတွေမရှိပဲ တည်ငြိမ်စွာလည်ပတ်နေပါကြောင်း လျှောက်တင်အပ်ပါတယ်တဲ့ "

Hua Hua You Long [Fanfic- MM]Hikayelerin yaşadığı yer. Şimdi keşfedin