How many time do we have to fight

10.6K 874 25
                                    

[Zawgyi Ver]

ပူပြင်းလှသော နွေရာသီအချိန်အခါတွင် Datongအင်ပါယာ၏ ပြဿနာစုံတွဲသည် အမြဲတမ်းတစ်နေ့တစ်မျိုးမရိုးအောင် ပြဿနာပေါင်းစုံရှာကာ ရန်ဖြစ်တတ်သော အကျင့်တစ်မျိုးရှိလာခဲ့ပြန်သည်။

အကြောင်းအရင်းသည် ထုံးစံအတိုင်း Jing၏ ကျီစယ်မှုကြောင့်ပဲဖြစ်သည်။ တစ်ခါတစ်လေ Lu Cang၏မိုက်မဲလှသော ကလဲ့စားချေခြင်းကြောင့်လည်း ရန်ဖြစ်ကြသည်။

Lu Cangစိတ်ဆိုးတိုင်း အမြဲပြန်ချော့လေ့ရှိသော Jingသည် ထူးဆန်းလှစွာ စိတ်ဆိုးစိတ်ကောက်တတ်လာသည်။ ထို့အပြင် စကားနာထိုးပြီး Lu Cangအား ရစ်တတ်သေးသည်။

တစ်နေ့ Lu Cangတွင် ငယ်စဉ်က တိတ်တခိုးနှစ်သက်ရသောသူရှိခဲ့ကြောင်း Lu Cangရဲ့မိုက်မဲလှသောညီအစ်ကိုများထံမှ မမျှော်လင့်ပဲ ကြားခဲ့ရသည်။

ထိုမိန်းမက ဘယ်သူလဲဟု မေးသောအခါ Lu Cangညီအစ်ကိုများသည် ထိုမိန်းကလေးနာမည်မှာ Xiao Yuဖြစ်ကြောင်းသာသိသည်။
သို့သော် သူတို့လည်းအပြင်မှာ တစ်ခါမှမမြင်ဖူးကြောင်းပြောလေသည်။

ငယ်စဉ်အခါက ကစားကြရင်းသူတို့အားပြောပြခဲ့သော အကြောင်းအရာဖြစ်ကြောင်းဖြေကြားလေသည်။

အသုံးမကျလိုက်တာ!!

Jingသည် သစ္စာဖောက်ခံလိုက်ရသလိုခံစားရကာ ဒေါသအလွန်ထွက်သွားခဲ့သည်။
ထိုနောက် Lu Cangဆီသွားပြီး ထိုမိန်းမသည်မည်သူဖြစ်ကြောင်း မေးမြန်းရမည်ဖြစ်သည်။ ထိုနှိမ့်ကျလှသောမိန်းမအား လောကကြီးမှ ပျောက်ကွယ်သွားအောင် လုပ်ပစ်ဖို့ Jingဆုံးဖြတ်ထားသည်။

"Lu Cang!!"

အဆောင်တံခါးအား ဝုန်းခနဲ ဖွင့်ပစ်လိုက်သည်။ Jingသည် Lu Cangအားအမြဲ Xiao Cangဟုခေါ်လေ့ရှိသည်။ ယခုလို Lu Cangဟုခေါ်ပုံထောက်လျှင် Jingသည် ဒေါသထွက်စရာတစ်ခုခု ပါလာမှန်း အလိုအလျောက်ခံစားမိလေသည်။

"ဘာလဲ?"

Lu Cangသည်လည်း Jingအားစိတ်ဆိုးနေသည့်အချိန်ဖြစ်သည်။

အနောက်ဘက်အရပ်မှဆက်သလာသော မိန်းကလေးLuoသည် Lu Cangနှင့် အမှတ်တမဲ့ဆုံတွေ့ခဲ့ဖူးသော မိတ်ဆွေဖြစ်သည်။ ထိုမိန်းမပျိုအား Lu Cangသွားနှုတ်ဆက်မိ၍ Jingနှင့် ရုတ်တရက် အငြင်းပွားရင်းရန်ဖြစ်ခဲ့ရသေးသည်။
ထို့နေ့ညက Lu Cangသည် အပြစ်ပေးခံခဲ့ရသည့်အပြင် မခေါ်နိုင်မပြောနိုင် စိတ်ဆိုးနေသောJingအား ချော့မော့ခဲ့ရသေးသည်။

Hua Hua You Long [Fanfic- MM]Où les histoires vivent. Découvrez maintenant