.....
[ Zawgyi ]
ကောင်းကင်တစ်ခွင်လုံး မိုးခြိမ်းသံများဖြင့် ဆူညံလျက် တိမ်စိုင်တိမ်လိပ်များသည် ငိုကြွေးနေသလို မိုးများသည်းထန်စွာရွာသွန်းနေသည့် ညအချိန်အခါဖြစ်သည်။
မီးရောင်ဖျော့ဖျော့လေးထွန်းညှိထားသည့် အဆောင်ထဲတွင် လူတစ်ဦးသည် မကောင်းဆိုးဝါးအပြုံးတစ်ခုအားဆင်မြန်းထားကာ လက်ထဲတွင် စိန်ဖန်ချွန်သဏ္ဍာန် ဖန်ပုလင်းသေးသေးလေးအား ကိုင်ထားလေသည်။
"အနောက်တိုင်းကလာတဲ့ ဘိန်းတစ်မျိုးနဲ့ ဖော်စပ်ထားတာပါ
တစ်နည်းအားဖြင့် စိတ်ကြွဆေးတစ်မျိုးလို့လည်းပြောလို့ရပါတယ် ဒါပေမယ့် တစ်ခြား စိတ်ကြွဆေးတွေထက် ဆေးအာနိသင်ပိုပြင်းပြီး ဘေးဥပါဒ်လည်းသိပ်မရှိပါဘူး...... "ဆေးဆရာတစ်ဦးသည် ဒူးထောက်လျက် အကြောင်းစုံရှင်းပြနေလေသည်။ ထို့နောက် နတ်ဆိုးတစ်ကောင်လိုရယ်မောလိုက်သည့် အမျိုးသားကြောင့် အလွန်အမင်းထိတ်လန့်လျက် ခေါင်းပင်မဖော်ရဲလှပေ။
"သိပ်ကောင်းတယ်...ရွှေတုံး၁၀၀ဆုချစေ"
သမားတော်၏မျက်နှာသည် ချက်ခြင်းဆိုသလို ဝင်းပသွားလေသည်။
"ကျေးဇူးကြီးမြတ်လှပါတယ် "
ထိုအမျိုးသားသည် မိုးရေများဖြင့်စိုရွှဲနေသည့် ပြတင်းပေါက်အား ကြည့်လိုက်ရင်း
" မင်းဘယ်လောက်တောင့်ခံနိုင်လဲဆိုတာ ကြည့်ကြသေးတာပေါ့..."
.
.
.
မနက်မိုးလင်းသောအခါ တံစက်မြတ်၌ ရေစက်လေးများတွဲခိုလျက် ရာသီဥတုသည်လည်း အေးစိမ့်နေကာ နေလို့ထိုင်လို့အလွန်ကောင်းသည့်အချိန်လည်းဖြစ်သည်။
KAMU SEDANG MEMBACA
Hua Hua You Long [Fanfic- MM]
Fiksi Penggemar💛 花花遊龍 Fanfic - One shot 💛 Not Translation Novel!!! #Just my own crazy imagine! #Burmese [ Z + U ] I don't own any main characters from the original novel and manhua by Xing Bao Er.