🔥1🔥

13.5K 956 141
                                    

🔥Season 2 of JUST 🔥

Studio ထဲမှာ အားလုံးရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။ Baekhyun သည်လည်း နာရီတကြည့်ကြည့်နဲ့ မျက်နှာထားက တင်းမာနေ၏ ။

"ဘယ်လိုဖြစ်တာလဲ အခုထိ မလာသေးဘူးလား "

နာရီကို တစ်ချက်ကြည့်ရင်း အသံအရ စိတ်တိုနေတဲ့ သူဌေးဆီက စကားကြောင့် လက်ထောက်ကင် အကျပ်ရိုက်ကုန်ပြီ..။

Perfum ကြော်ငြာအတွက် ခေါ်ထားတဲ့ မော်ဒယ်မင်းသမီးက ချိန်းထားတဲ့အချိန်ထက် တော်တော်ကို နောက်ကျနေပြီကို အခုထိ ပေါ်မလာသေးဘူး။ သူမ မလာသေးလို့ ရိုက်ကွင်းက မစရသေးဘဲ ဆိုင်းငံ့နေတာ ရ်ိုက်ကွင်းကလူ အကုန်လုံးအတွက် အဆင်မပြေဘူး..။
အထူးသဖြင့် စောင့်ဆိုင်းရတာ မကြိုက်တဲ့ သူဌေးက ဒေါသထွက်စ ပြုနေပြီ မလို့ လက်ထောက်ကင် ခေါင်းခဲရပြီ...။ဒါပေမဲ့ ဒီနေ့မှ သူဌေးက ပိုစိတ်ဆတ်နေတယ် လို့ ထင်တယ်။

"ဖုန်းဆက်ကြည့်စမ်း အဲ့တစ်​ယောက်ကို ဒါမှမဟုတ် သူ့မန်နေဂျာဖြစ်ဖြစ် "

နဖူးကို လက်နဲ့ဖိပွတ်ရင်း စိတ်ထိန်းနေတဲ့ သူဌေးကြောင့် ခပ်သွက်သွက်ပဲ အမိန့်အရ ဖုန်းဆက်ဖို့
အင်္ကျီအတွင်းက ဖုန်းကို ထုတ်နေချိန် မျက်စိထောင့်က​​နေ တစ်စုံတစ်ယောက်ကို တွေ့လိုက်ရသည်။

အသားရောင်မှာ အမဲအကွက်စင်း longcoat ကို အပေါ်ကနေ ထပ် ခြုံထားရင်း makeup room ကနေ ရိုက်ကူးမဲ့ အခန်းထဲ ရောက်လာတဲ့ လူတစ်ယောက် ကို မြင်လိုက်ရင်ပဲ လက်ထောက်ကင် သူဌေးဖြစ်သူကို ကြောက်နေရတဲ့ စိတ်တွေ ပျောက်သွားရတော့သည်။
သူဌေးရဲ့ ဒေါသမီးကို ငြိမ်းနိုင်မဲ့ တစ်ဦးတည်းသောသူ ရောက်လာပြီပဲမလို့ ဖုန်းဆက်ရန် ထိုနေရာက ထွက်လာခဲ့တော့သည်။

%&%&*%&%&

နောက်ကနေ လူကို လာသိုင်းဖက်တဲ့ လက်တစ်ဖက် ၊ ဘယ်သူလဲ သိနေတာမလို့ မရုန်းမိပေ။
အဲ့ဒါအပြင် တောက်လောင်နေတဲ့ ဒေါသမီးလည်း တစ်ဝက်လောက် ငြိမ်းကျသွားသည်။

"Channie "

"အခုထိ မစသေးဘူးလား
ဘာက နှောင့်နှေးနေလို့လဲ Byun "

TOGETHER FOREVER (S2of JUST) {Completed}Where stories live. Discover now