စွဲနေပြီ
အပိုင်း (၃)
#စွဲနေပြီ“တီ....တီ...”
“ဟဲ့...အိမ်ရှေ့မှာ ဘယ်သူ့ကားတုန်း...”
ခြံမရှိ ၀န်း မရှိ မြေကုန်ဆောက်ထားတဲ့ အိမ်မို့ လမ်းမ ဖြင့် ကပ်လျက်သား ရှိနေသည်...။
လတ် ကြက်သွန်ဖြူ ခွါလက်စ ကို ဓားချခါ အိမ်ရှေ့တံခါး၀ ဆီ ထွက်လာတော့ ကားအကောင်းစား တစ်စီး ရပ်ထားသည်..။
အိမ်မှားလာပြန်ပြီ ထင်ပါရဲ့....အိမ်ထဲ ပြန်၀င်ဖို့ မကောင်းတာနဲ့ တံခါး ကို ဂျက်ဖွင့်ခါ လှေကားထိပ်မှာ ထွက်ရပ်လိုက်သည်..။
လတ်ကို တွေ့တော့မှ ကားမှန် လျောခနဲ့ ကျသွားသည်..။
အမလေး...လူဆိုးဂုဏ်းများလား...။
“ဒါ နိုင်ထူး တို့ အိမ်များလား..”
“အဲ...ဟုတ်...ဟုတ်ပါတယ်...”
လတ် မျက်လုံးပြူးဖြင့် ခေါင်းကို သွက်သွက် ညိတ်ပြလိုက်တော့ ကားတံခါး ဖွင့်၍ဆင်းလာသည်..။
ဘယ်တိုင်းပြည်ကပါလိမ့်....
ဆံပင်ကျောလယ်လောက်ကို ကျစ်ဆံမြီးလေးတွေ ကျစ်သိပ်ထားတာ လူဆိုးခေါင်းဆောင် ပုံစံမျိုး...။
လက်ထဲက အငွေ့တထောင်းထောင်း ဆေးလိပ်ကို အသက်မရှုပဲ ရှိုက်သောက်ပြီး ပစ်ချခါ ဖိနပ်ထိပ်ဖြင့် ဖိချေလိုက်သည်..။
နိုင်ထူး ဘာတွေများ ပြသာနာ ရှာခဲ့ပြန်ပြီလည်း...။
မျက်မှန်ကို လက်နှစ်ဖက် နဲ့ ချွတ်လိုက်တော့ မျက်နှာက လူဆိုး ရုပ်လည်း မဟုတ်ပါဘူး..။
၀တ်ထားတာကလည်း ရှပ် အနက်နဲ့ ဂျာကင် အနက်…ဂျင်းဘောင်းဘီ အနက် ..ဖိနပ်က အစ အနက်မှ အနက်...။
အိုး လက်သည်းကလည်း အနက်...။
“နိုင်ထူးရှိလား ခင်ဗျ..”
“ဟင်...အဲ...ဟုတ်ကဲ့...တက်ပါဦး..”
အိမ်ပေါ်သာ ခေါ်လိုက်ရတယ် စိတ်ထဲမှာတော့ ဘာတွေများ ဖြစ်လို့ပါလိမ့်လို့တွေးရင်း ကြောက်နေသည်..။
“နိုင်ထူးရေ...”
“ဗျာ..”
“ဒီမှာ ဧည့်သည်..”
နိုင်ထူး အင်္ဂလိပ်စာ ကျက်နေတုန်း ဧည့်သည် ဆိုလို့ မျက်မှောင်ကြုတ်ရင်း ထွက်လာခဲ့ရသည်..။
အိမ်ရှေ့မှာ ထိုင်နေသူကို ကြည့်ပြီး မျက်လုံး အပြူးကြီး ပြူးသွားတော့သည်..။
မင်းနောင်ကို ကျောင်းလိုက်ပို့နေကျ သူ့အစ်ကို မင်းခေါင်….
“ကိုမင်းခေါင်..”
“ဟ...အေး...နိုင်ထူး...”
“ဘယ်လိုဖြစ်ပြီး..ဒီကို...”
“ဟာကွာ...အိမ်မှာ ငနောင် ပြသာနာ အကြီးအကျယ်ရှာနေတယ်ကွာ...”
အမလေး အိမ်က ကိုယ်တော်လေးက သူ့ သူငယ်ချင်း ကျနေရောပဲ ဘေးခုံမှာ ၀င်ထိုင်ပြီး ခေါင်းညိတ်နားထောင်နေလေရဲ့..။
ဒေါ်လေး နဲ့ လတ်မှာသာ တံတောင်တွက်လိုက် မျက်ခုံးပင့်လိုက်ဖြင့် စူးစိုက်နားထောင်မိသည်..။
“ဘာဖြစ်လို့လည်း အကို..”
“ကျူရှင် ဝိုင်းနေရာ ပြောင်းချင်တ်ာတဲ့ကွ...”
“ဟမ်...”
“ကျူရှင်ဆရာတွေလာရင်လည်း ထွက်မလာဘူး..ဂိမ်းချည်းဆော့နေတယ်ကွာ...စာမေးပွဲ တအားကပ်နေပြီ...ဒီကောင် ငါတို့ လက်ပါလည်း ရတဲ့ကောင် မဟုတ်ဘူး..”
“သူက ဘယ်ကို ပြောင်းချင်တာလည်း အကို..”
“မင်းတို့ အိမ်..”
“ဗျာ..”
“ဟင်..”
ဒီတစ်ခါတော့ လတ် နဲ့ ဒေါ်လေး ရော နိုင်ထူး အပါအ၀င် မျက်လုံး ပြူးကုန်ကြသည်..။
“အဲဒါ အစ်မတို့ကို လာတောင်းဆိုတာပါ..”
မျက်လုံး စူးရှရှ နဲ့ တောင်းဆိုနေတော့ လတ် မှာ ခွင့်သာ မပြုရင် တစ်ခုခု လုပ်သွားမှာတောင် စိုးရိမ်နေရသည်..။
“ရှင်..အဲဒါက အိမ်က ကျဉ်းကျဉ်း ဝိုင်း နဲ့ဆိုတော့...”
“မဟုတ်ပါဘူး...ကျွန်တော့် ညီရယ်...ဒီက နိုင်ထူး နှစ်ယောက်တည်းပါ ကျူရှင် ဆရာ နဲ့ ဆိုရင် သုံးယောက်တည်းပါ...”
“ဟို...ကျူရှင်ဆရာဆိုတော့..”
“ရပါတယ်..တူလေးရယ်..ရပါတယ်...အဒေါ်တို့ ဘက်က ဘာတွေ စီစဉ်ပေးရမလည်းဟင်….နိုင်ထူးကိုလည်း စာပြပေးမယ်မလား…အဒေါ်တို့လခ ဘယ်လောက်ပေးရမလည်း…”
“ဟာ..ရပါတယ်ခင်ဗျ...ကျေးဇူးလည်း တင်ပါတယ်...”
“ဘယ်တော့သင်မှာလည်း ဟင်..”
ဒေါ်လေးက ဇွတ် ခေါင်းညိတ်နေပေမဲ့ လတ်ကတော့ စူးစူးရှရှ မျက်လုံးတွေ ကို အကြည့်လွဲပြီး မေးသင့်တာ မေးလိုက်ရသည်..။
“အခုပါ..”
“ရှင်..”
“သြော်..နိုင်ထူးကိုလည်း ခဏခေါ်သွားရမယ်...မင်း မပါရင် ဟိုကောင်ယုံမှာ မဟုတ်ဘူး..”
“ဟုတ်....မလတ် ကျွန်တော်လိုက်သွားမယ်..”
ဒီကောင်စုတ်လေး ဘာမသိ ညာမသိနဲ့ ကားပေါ် ပြေးတက်သွားလိုက်တာ...။
လူဆိုး ဂိုဏ်းတွေ ဘာတွေ ဖြစ်နေပြီး ရောင်းစားခံရတော့ ဘယ်နဲ့ လုပ်မလည်း...။
“ဒေါ်လေးက လည်း မသိပဲ ဘာလို့ လက်ခံလိုက်တာလည်း..”
“အိုး..မိလတ်ရယ်..တုံးလိုက်တာ...နိုင်ထူး စာမေးပွဲ နီးနေပြီ ...အနီးကပ် ဝိုင်း ခေါ်မှ မပေးနိုင်တာ...အခုလို အိမ်မှာ လာသင်မှာ နင့်အတွက်လည်း အဖော်ရတာပေါ့…ဘယ်လောက်ကောင်းလိုက်လည်းလို့...”
ဒေါ်လေး ပြောခါမှ လတ် သတိရပြီး စိတ်ထဲက လူဆိုးပုံစံ နဲ့ ထိုလူကို ကြိတ်ကျေးဇူးတင်နေရသည်..။
.
“လာ..ဆင်း..”
တံခါး အနက်ရောင်ကြီးက အော်တို ပုံစံ ခေါက်သိမ်းသွားတော့ ကားက ဖြည်းဖြည်းချင်း ခြံထဲ လိမ့်၀င်လာတာ အံသြလို့တောင် မဆုံးသေး...။
ကားပေါ်က ဆင်းလိုက်တော့ ချောကလက်ရောင် ၊ အနက်ရောင် နဲ့ အဖြူရောင် တို့ အချိုးကျအောင်
သုတ်ထားတဲ့ တိုက် အမြင့် ကို မော့ကြည့်မိသည်..။
ဟူး...ဟိုကောင် ကလည်း မွှေ ပြန်ပြီ...စိတ်တွေ ရှုပ်လိုက်တာ...။
မြတ်ရတနာလင်း များ ရှိနေရင်တော့ အိမ်နေရင်း အ၀တ်အစားနဲ့ လိုက်လာမိတာ ကိုယ်ကျိုးတော့ မွဲပြီပေါ့လေ...။
“လာလေ...”
“သြော်..ဟုတ်..”
ကိုမင်းခေါင် က ဖိနပ် မချွတ်ပေမဲ့ နိုင်ထူးကတော့ ကိုယ့် ဖိနပ်အကြောင်း ကိုယ်သိခါ ချွတ်ပြီးမှ အိမ်ထဲ ၀င်လာခဲ့လိုက်ရသည်..။
ဆိုဖာ အနက်ရောင်တွေ ဘေးမှာ ချိတ်ထားတဲ့ ဖုန်းအဖြူလေးကို ခလုတ်နှိပ်ပြီး နိုင်ထူး ဘက်ကို လှည့်ခါ ပြုံးပြသည်..။
“တီ...နောင်...အောက်ဆင်းခဲ့ဦး..”
“အကြံအဖန်များနဲ့ ယုတ်လွန်းသူ နှစ်ခါ ပြန် ကျွန်တော်မကြည့်ချင်..”
အရေးထဲမှ ဒိုးလုံးသီချင်းကို ဖျက်လို့ဖျက်စီး လုပ်ပြီး ဆိုပြနေတော့ နိုင်ထူး နှာခေါင်းရှုံ့မိသည်..။
“ဟေ့ကောင်...ခွေးညီ....ဘာအကြံအဖန်မှ မဟုတ်ဘူးကွ....အောက်ဆင်းခဲ့...”
“ဟ...ဟေ့ကောင်....ကြည့်စမ်း..တောက်…ခွေးသားလို့ ဆဲရင်လည်း ငါ့ထိခိုက်ဦးမယ်…”
ဖုန်းချရင်း ကြိမ်းမောင်းနေတဲ့ ကိုမင်းခေါင်ကို ကြည့်ခါ နိုင်ထူး ပြုံးမိသွားသည်..။
“နိုင်ထူးရေ...မင်းပဲ တက်သွားလိုက်တော့ အကို အလုပ်ရှိလို့..”
“ခင်ဗျာ..”
နိုင်ထူး ကြောင်တောင်တောင် ဖြစ်နေစဉ် ကိုမင်းခေါင် က လက်ပြခေါ်လိုက်တော့ လူ တစ်ယောက် အနားကို ရောက်လာသည်..။
“ငနောင် ဆီ ခေါ်သွားပေးလိုက်..”
“ဟုတ်ကဲ့..ဒီဘက်ပါ..”
အမယ် ဒီလို ကျတော့ ဘယ်ဆိုးလို့လည်း ...အ၀တ်အစား အစုတ်အပြတ်ပေမဲ့ လူ ရိုသေသား..
“ညီလေး...ဒီမှာ လှေကား..”
‘ဟုတ်..”
ဓာတ်လှေကား အခန်းထဲ ၀င်လိုက်တော့ ရေမွှေးနံ့ တစ်မျိုး ရနေသည်..။
ချမ်းသာလိုက်တာ မြတ်ရယ်...အင်း ကိုယ် ကျောင်းပြီးလို့ သဘောင်္လိုက်ပြီးရင်တော့ ဒီလို တိုက်မျိုး နဲ့ ထားနိုင်မှာပါကွာ...။
“ညီလေး...”
“ညီလေး....”
“ဟမ်..”
ဘေးက တစ်ယောက်က လက်လှုပ်ခေါ်တော့မှ သတိ၀င်လာပြီး ရှက်ကိုး ရှက်ကန်းဖြင့် အမြန်ထွက်ခဲ့ရသည်..။
“တံခါး အနက်ရောင် နဲ့ အခန်းပါ...”
“တံခါးတွေ အကုန် အနက်ရောင်ချည်းပဲလေ...”
“သြော်...ဟုတ်သား...N လို့ရေး..”
ထိုလူ စကားမဆုံး ခင် နိုင်ထူး က တံခါး အနားရောက်နေပြီး တံခါး ခေါက်နေပြီ...။
နံရံမှာ အဖြူရောင် ဆေးသုတ်ထားပေမဲ့ အခန်းတံခါးတွေက အနက်တွေချည်းသာ….အမှတ်အသားဆိုလို့ တံခါးရှေ့မှာ ချိတ်ထားတဲ့ ရွှေရောင် N တံဆိပ်ပြားလေးသာရှိသည်။
“ဒေါက်…ဒေါက်..ဒေါက်…”
“ကိုရှည်ကြီး...ခင်ဗျားကို ကျွန်တော် ဘာပြောထားလည်း...”
“ဗျာ..”
နိုင်ထူး ခပ်ကြိတ်ကြိတ် ရယ်ပြီး တံခါး ကို ဆက်တိုက် ထပ်ခေါက်နေလိုက်သည်..။
“ဒေါက်…ဒေါက်…”
“ဟာ..ပြောနေတာကို တောက်...”
“ဟင်..”
“ဟဲ..ဟဲ...ယောက်ဖ...”
“လာစမ်းကွာ...”
နိုင်ထူး ပခုံး အကျီ င်္စကို ဆွဲပြီး အခန်းထဲ ခေါ်သွင်းတော့ ယက်ကန်ပြီး ပါသွားရသည်..။
ကိုယ်က လူကောင်ကြီးပေမဲ့ သူက အားကြီးသူကိုး...။
“ဟာ..မင်း အခန်းကျတော့ ဖွေးသန့်နေပါလား..”
“အနက်က မှောင်လို့...ငါ့ အကို မင်းမောင် အခန်းဆိုရင် မင်း၀င် သွားလိုက် အမှောင် ကမ္ဘာ ရောက်သွားသလိုပဲ အားလုံး အနက်ချည်းပဲ..”
“မင်းတို့ အိမ်ကလည်း အထူးအဆန်းကြီး...”
“ထားဦး...ငါ့ဝိုင်းလာသင်ဖို့ အိမ်ကို ပြောပြီးပြီလား..မင်းအဒေါ်တို့ လက်ခံလား..”
“လက်ခံရတာပေါ့..မင်း အကို လာပြောတာလေ..”
“ဟ..ဟ...ဟုတ်ပြီ...”
လက်သီး လက်မောင်းတန်းပြီး ရယ်နေတဲ့ ပုံ က သောက်မြင်ကပ်စရာရုပ်...။
တစ်အိမ်လုံးကို ဒုက္ခပတ်ပေးထားတဲ့ရုပ်..။
“ဟို ဘဲကြီး ဘယ်လိုလည်း”
“ဟမ် ဘယ်သူလည်း”
“ဟာကွာ...မင်း အဒေါ်နောက် ယောင်္ကျားလေ....”
“ဟ...အေး..ဟုတ်သား...အခုတလော အိမ်မှာတောင် သိပ်မတွေ့ဘူး.. ညဆိုလည်း ညနက်မှ ပြန်လာတာ မနက်ကျတော့လည် စောကြီးထွက်သွားတယ်...ဘာဇယားလည်း မသိပါဘူး...ဘာပဲ ဖြစ်ဖြစ် ကောင်းတယ်”
“အဟား...ကောင်းတာပေါ့”
“မြတ် ကော..”
“ဟမ်...သူတို့က ငါတို့ ကျောင်း တစ်လမ်းကျော် က အိမ်မှာ..”
“ဟာ တူတူ မနေဘူးလား..”
“မနေဘူးလေ...ဒါ ငါတို့ အိမ်...”
“သြော်..၀မ်းကွဲတွေလား..”
“အရင်းတွေပါ..”
“ဟာကွာ ရှုပ်နေတာပဲ..”
နိုင်ထူး ခေါင်းကုတ်ရင်း မျက် နှာကို ရှုံ့မဲ့ခါ ပြောလိုက်တော့ မင်းနောင်က အော်ရယ်ပြန်ပြီ..။
ဒီကောင် ကိုယ်ချင်းမစာတက်တဲ့ကောင်ပဲ...။
“မြတ်ရတနာလင်းက သုံးယောက်မြောက် အမေရဲ့ သမီး အကြီး..”
“ဒါဆို..”
“ငါက ပထမဆုံး အမေရဲ့ သားအငယ်ဆုံး...ဒီအိမ်က ငါတို့ အမေ နဲ့ သူ့ သား ငါးယောက် သမီးတစ်ယောက် နေတဲ့ အိမ်...ငါ့အဖေကတော့ ပြန်ချင်ရင် ပြန်လာတယ်...”
“သြော်...”
အိမ်တွင်းရေး ကိစ္စ မို့လို့ နိုင်ထူး ဆက်မမေးတော့ပဲ ချိတ်ထားတဲ့ ဂစ်တာ အဖြူရောင်လေးကို ဖြုတ်ခါ စမ်းခတ်ကြည့်လိုက်သည်..။
ကုတင်အဖြူပေါ်မှာ မွေ့ယာ အဖြူ ထပ်တင်ထားပြီး စောင် ခေါင်းအုံး အကုန် ဖြူစွပ်စွပ်တွေ...။
ဒီကောင် ဒီလို အဖြူပတ်လည်ထဲမှာ ၀င်နေလို့ ဖြူစုပ်စုပ်မျက်ခွက်ဖြစ်နေတာနေမှာပေါ့…။
စာရေးစားပွဲပေါ်မှာ ဆေးလိပ်ဘူး တင်ထားတာကို တွေ့တော့ သုတ်ခနဲ့ ထသွားလိုက်မိသည်..။
“အမယ်...ဘူးလိုက်ပါလားကွ.....မင်းကို မဆူဘူးလား..”
“မဆူပါဘူး...ငါတို့အိမ်မှာ လုပ်ချင်တာ လုပ်ခွင့်ရှိတယ်...”
“နောင်ရေ....ကျူရှင် ဆရာရောက်နေပြီ...”
နိုင်ထူး အားကျစိတ်ဖြစ်နေတုန်း ဖုန်းအဖြူလေးက အသံထွက်လာပြန်တော့ မျက်လုံးပြူးသွားသည်…။
“အဲ...”
မင်းနောင်က ကုတင်ပေါ်ကနေ ဆင်းပြီး ဖုန်းဘေးက ခလုတ်လေးကို နှိပ်လိုက်သည်..။
“ စာအုပ်ထည့်နေတယ်...ခဏလေးစောင့်...”
“မြန်မြန်လုပ်နော်...ဒီနေ့ စာသင်မှာကော သေချာရဲ့လား...”
“မာမီ ကလည်း နောင့် ဆို အထင်စမောလွန်းတယ်..”
“...မြန်မြန်ဆင်းခဲ့...”
နိုင်ထူး ပါးစပ်ကို လက်အုပ်ကွယ်ပြီး ရယ်နေတော့ မင်းနောင်က လှည့်ကြည့်ခ့ါ မျက်မှောင်ကြုတ်တော့သည်..။
မတက်နိုင်ဘူး....လူကြည့်တော့ ဖိုက်တာ လိုလို ဘာလိုလို...။
မင်းနောင် နဲ့သာ တကယ့် သူငယ်ချင်းမဟုတ်ရင် ဒီကိစ္စ ကို တစ်ကျောင်းလုံးသိအောင် ဖွပစ်မိမှာ အမှန်ပင်..။
“ဘာရယ်နေတာလည်းကွ...”
“နောင် မသိဘူး..”
“ဟာ...ကျစ်...”
မျက်နှာက ပြုံးစေ့စေ့ မှ ရှုံ့မဲ့ ထွက်သွားတော့ နိုင်ထူး လက်ခုပ်တီးခါ အော်ရယ်လိုက်တော့သည်..။
“ငါ မနည်း ဖျောက်ပြောနေရတာ အိမ်မှာဆို အကျင့်က ပါနေပြီ...ငါ ရင်းနှီးတဲ့သူတွေဆိုလည်း အဲလိုပဲ ပြောဖြစ်တယ်...ငယ်ငယ်ကတော့ အားလုံးက သဘောကျတာပေါ့ကွာ..အခုတော့...ကိုယ့်ကိုယ်ကို ေ×ာက်မြင်ကပ်လာပြီ...”
“ဟား...ဟား...”
“လာကွာ ဒိုးမယ်...”
စာအုပ်သုံးလေးအုပ်ကို လွယ်အိတ်ထဲ ပစ်ထည့်ပြီး ဘေးစောင်းလွယ်ခါ အခန်းထဲက ထွက်လာကြသည်..။
လှေကားတွေဆီ ရောက်ပြီးတော့မှ သူက ပြန်ထွက်တော့ နိုင်ထူးလည်း ပြန်ထွက်ရပြန်ပြီ..။
“ဒီကကြည့်လိုက် အပြင်မှာ ရေကူးကန်တွေ့့လား...ကျောင်းပိတ်ရင် လာခဲ့...ကူးမယ်ကွာ...”
“ငါ ရေမကူးတက်ဘူး..”
“ဘယ်သူက မွေးကတည်းက တက်လို့လည်း ဒီလိုပဲ ကန်ချပေးမှာပေါ့ကွာ..”
“သတောင်းစား...”
နိုင်ထူး ပျစ်ပျစ်နှစ်နှစ် ဆဲပြီးခါမှ သူ့ အိမ်ရောက်နေတာ သတိရတော့ နောက်ကျောမလုံ ဖြစ်ရသည်..။
“ဟိုဘက်မှာ ရေတံခွန် တွေ့တယ်”
“အေး..အလှလုပ်ထားတာ...ငါကြောင့် ကိုရှည်ကြီးတို့ ဒုက္ခရောက်သွားသေးတယ်...ငါ့ အခန်းထဲက လေသေနတ်နဲ့ ပစ်လိုက်တာကို အော်ပြေးကြတာ ဟား..ဟား...အဲကန်ထဲ သွားကြည့် ငါးတွေမွေးထားတယ်...လာ ..ငါလိုက်ပြမယ်..”
“နေပါကွာ..နောက်မှ ကြည့်မယ်..”
ကျူရှင် မတက်ချင်လို့ အမျိုးမ်ျိုး အချိန်ဆွဲနေတဲ့ သူ့အကျင့်ကို သိလို့ နိုင်ထူး လက်ဆွဲ ခေါ်ထုတ်လာခဲ့ရသည်.။
“ဟာ...ကိုကြီးဆောင်..”
“အေး..”
ဆိုဖာပေါ်မှာ ဖုန်းထိုင်ပြောနေတဲ့ လူက တီရှပ် မီးခိုးရောင် ပုဆိုး ကွက်စိပ် ၀တ်ထားသည်..။
အကြည့်စူးစူး နဲ့ မျက်မှောင်ကြုတ်ကြည့်လိုက်တော့ နိုင်ထူးတောင် ခြေလှမ်းတန့်သွားရသည်..။
“မင်း ရစ်လှချည်လား ငနောင်..”
“ဟင်း...”
မင်းနောင်က သက်ပြင်းချပြီး ဆိုဖာမှာ ပစ်ချထိုင်လိုက်ပေမဲ့ နိုင်ထူးကတော့ ထောင့်ကပ် မတ်တက်ရပ်နေရသည်..။
ဒီလူကြီးက ၀လည်း၀ တည်လည်း တည်တော့ ဂျပန် ဆူမိုတွေကို သွားမြင်ယောင်မိသည်..။
“အခုသွားမယ်မလား..”
“ဟုတ်..”
“လုပ်မြန်မြန်....ဘယ်မှာလည်း..ဆရာ..”
ငင့် ဆရာလို့သာပြောတယ် သူ ခေါ်တဲ့ အသံက လိပ်ပြာတောင် လွင့်လောက်ပါရဲ့...ဟူး....
မင်းနောင်တို့ ညီအစ်ကိုအကုန်လုံး သူထက်ငါ လူစွမ်းကောင်းချည်းပါပဲလား..။
“မင်းနောင်..”
နိုင်ထူး စပ်စုချင်စိတ် က မနေနိုင်လို့ ကားနောက်ခန်းမှာ နေပြီး နားအနားကပ်ခါ ခေါ်လိုက်ရသည်.။
“ပြော..”
“ရှေ့က မင်းနဲ့ ဘာတော်လည်း..”
“ငါ့ အကို အကြီးဆုံး..”
“ဟမ်...အဲလောက် ကြီးတယ်..”
“ဘာလည်းကွ...”
“အသက်လေ...”
“လေးဆယ်ကျော်ပဲ ရှိပါသေးတယ်ကွာ..”
“ဟမ်..မင်း အကိုအရင်းကော ဟုတ်ရဲ့လား..”
“ဟား..ဟား..ဟုတ်ပါတယ်ကွာ..ငါ့အဖေ က ဆယ့်ငါးနှစ်နဲ့ အိမ်ထောင်ကျတာ ..ငါ့အမေက ဆယ်ရှစ်နှစ်...အိမ်ထောင်ကျပြီး တစ်နှစ်ကြာတော့ ငါ့ အကိုက ငါ့အမေ ဗိုက်ထဲရောက်လာတာပဲ..”
“ဟာ....ဟုတ်ပါ့မလားကွာ..ဆယ့်ခြောက်နှစ်ဆိုတော့...”
“မယုံရင် မင်း မိန်းမယူကြည့်လေ..”
“မသာ...”
“ဟား..ဟား...ငါ့မာမီက ဒယ်ဒီ အလုပ်လုပ်တဲ့ အိမ်ရှေ့မှာနေတာကွ...ငြိပြီး ခိုးရာလိုက်ပြေးတော့ ငါတို့ အဘွားက ဒယ်ဒီ အောင်သွယ်ပြီး ခေါ်သွားပေးတယ်ထင်နေတာတဲ့...ဟား..ဟား...သူ့သမက်လောင်းလေးကိုကြည့်ပြီးရယ်ရခက် ငိုရခက်ကို ဖြစ်နေတာပဲ...ငါ့အဖေ က မိန်းမတွေသာများတာ အိမ်မှာ စကားတစ်လုံးနဲ့ အပြီးချုပ်ထားတယ်...”
“ဘာလည်း..”
“အမေ့ကိုက ချစ်တာ ကျန်တဲ့ မိန်းမတွေကို က ကြိုက်တာတဲ့လေ...”
“ဟား..ဟား...အကုန်လုံးကို အဲလို ပတ်ပြောနေတာလား..”
“အဲဒါတော့ မသိဘူး..အမေ့ကို ချစ်တာတော့ လက်တွေ့ပဲ...”
“ငယ်က ချစ် နှစ်တစ်ရာပေါ့...”
“ခြီး...”
နှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီး တခွီးခွီး ဖြစ်နေတာ ရှေ့က အကိုကြီး နောက်လှည့်ကြည့်တော့မှ ပိတ်သွားကြရသည်..။
“တီ..တီ...”
“ဟော..လာပြီ ထင်တယ်..”
ဒေါ်လေးက လည်ပင်းရှည်ပြီး မျှော်ကြည့်နေတော့ လတ် ပဲ ထပြီး အိမ်တံခါး ဖွင့်ပေးလိုက်ရသည်..။
“ဖုန်းဆက်လိုက်..”
“ဟုတ်..”
သူ့ အကိုအကြီးဆုံး တစ်ယောက်ကိုပဲ လူလို့ထင်နေတဲ့ ခပ်ကုတ်ကုတ်ဖြစ်နေသူ မင်းနောင်ကို ကြည့်ခါ နိုင်ထူး ရယ်ချင်စိတ်ကို မြိုသိပ်ထားရသည်..။
အခုတော့ မခုပ်တက်တဲ့ ကြောင်ကလေး ပေါ့လေ...။
“လာ.. တက်ပါရှင်...အယ်..”
မျက်လုံးနက်နက် စူးစူး နဲ့ ကောင်လေး ကိုတွေ့တော့ လတ်ရင်တွေ တဒိတ်ဒိတ် ခုန်လာရသည်..။
အတိတ်ဆိုးမှာ သူလည်း ပါ၀င်ခဲ့ဖူးတာပါ..။
တစ်ပတ်ကျော်ကြာပြီး မေ့ပျောက်လု ဖြစ်နေတဲ့ ဝေဒနာတွေက အသိစိတ်ကို ကိုင်လှုပ်လာသည်..။
“လာလေ တက် ..”
နိုင်ထူးက အိမ်ပေါ်ခေါ်သွားပေမဲ့ လတ်ကတော့ တံခါး၀မှာ ငိုင်ခါ ရပ်နေမိသည်..။
ဒီကောင်လေး မေ့သွားတာလား...
မဟုတ်မှ ကလေးမို့လို့ အခြေအနေ ကို မရိပ်မိတာလား...။
မဖြစ်နိုင်ပါဘူး...သူ ပြန်ဖို့ လုပ်တော့ မျက်လုံးချင်းဆုံပြီးမှ ပြန်ထိုင်နေခဲ့တာလေ...။
အဲဒီ့နေ့ က လတ် အပြင်းအထန် ငိုရင်း ဒီကောင်လေး ဘယ် အချိန်ပြန်သွားမှန်းတောင် မသိလိုက်ပါ..။
ညစာမစားပဲ ၀င်အိပ်နေခဲ့တာ..မနက် နိုင်ထူးကို မေးတော့ ခုနှစ်နာရီလောက် သူကျူရှင်ဆင်းမှ ပြန်သွားသည်တဲ့....ဒါဆို....။
“မလတ်..”
‘ဟမ်...”
“စားပွဲခုံ၀ိုင်း ဘယ်မှာလည်းလို့..”
“သြော်...မီးဖိုချောင်မှာ..နေနေ....ငါသွားယူပေးမယ်..”
လတ် သတိ၀င်ပြီး မီးဖိုချောင်ကို ခပ်သွက်သွက်သွားခါ စားပွဲခုံပုလေးကို သယ် လာခဲ့လိုက်သည်..။
ကျူရှင်ဆရာကတော့ အသက်သုံးဆယ်ကျော် ၀န်းကျင်လောက် ရှိပါမည်..။
မျက်မှန်ကို ပင့်ပြီး လတ်ကို တစ်ချက်ပြုံးပြ နှုတ်ဆက်သည်..။
“Math အရင်လုပ်မယ်နော်..”
“ဟုတ်..”
နိုင်ထူး အခန်းထဲက စာအုပ်တွေ သွားယူပြီး စားပွဲပေါ်ချလိုက်တော့ မလတ်နဲ့ ဒေါ်လေးက မီးဖိုချောင်ဘက်ကို ထွက်သွားပေးသည်..။
ဒါလည်း တစ်မျိုးကောင်းတာပဲ..ဝိုင်းမှာ စာကျက်နေရင် ကျူရှင် သွားစရာမလိုတော့ဘူးလေ...။
“နောင် ..စာမေးပွဲ နီးနေပြီနော်...ရန်ဖြစ်ဖို့ လုံး၀ မစဉ်းစားနဲ့ ကြားလား..”
“မစဉ်းစားပါဘူး.ရန်လာစရင်တော့ တွယ်မှာပဲ...”
လတ်မှာ ရေဘူး နဲ့ ရေခွက်တွေကိုင်လျက်သား ဖြင့် မျက်လုံး ပြူးနေရသည်..။
ဘယ်လို လူဆိုးကောင်လေးလည်း...သူ့ အစ်ကို ဆိုတဲ့ သူကလည်း ရုပ်ကြည့်တာနဲ့ လူဆိုး ပုံစံ ...။
ညီဖြစ်သူ ပြောနေတဲ့ စကားတွေကလည်း လူမိုက်ဆန်ဆန်....
နိုင်ထူးတော့ အပေါင်းအသင်း မှားပြီး ပျက်စီးရင် ဒုက္ခပါပဲ....။
“ဒီမှာ ရေချခဲ့မယ်နော်..”
“ဟုတ်ကဲ့ ညီမ...”
“ညီမ က ကျောင်းတက်သေးလား..”
“ဟို..မတက်တော့ပါဘူး အကို..”
“အဟမ်း...အဟမ်း....ဆရာ...စကားပြေ က စာအုပ်ထဲက အတိုင်း မရေးလို့ မရဘူးလား..”
“ဆိုလိုရင်း အဓိပ္ပာယ်တွေ မှန်နေရင်တော့ ရတယ်...သင်ရိုးညွန်းထဲက အတိုင်း ဖြေရင်တော့ ပိုသေချာ တာပေါ့...”
“အမ်း..”
“အိမ်မှာပဲ နေတယ်ပေါ့..”
“ဟုတ်..အလုပ်က..”
“ဆရာ...Physics က SECTION (A) မှာကလေ...”
ဒီကောင်လေး လုပ်ပြန်ပြီ တစ်မျိုး...လတ် ထ မသွားမချင်း တစ်ခု ချင်းစီ မေးနေတော့မှာ သိလို့ ခပ်မြန်မြန် ထွက်လာခဲ့ရသည်..။
“ဆရာကလည်း...နိုင်ထူး အစ်မ နဲ့ စကားမပြောပါနဲ့ “
“ဘာဖြစ်လို့လည်း ကွ..”
“ဟာ...ကျွန်တော်တို့ လုံခြုံရေး တာ၀န်အရ လာစောင့်ပြီး စာကျက်ပေးနေတာ ဆရာ က ထပ်ကြောင် ဖို့ မကြိုးစားပါနဲ့ ဗျာ...”
“ဟား..ဟား...မကြောင်ပါဘူး..ငါ့ကောင်ရာ...လုပ်...တွက်စရာ မြန်မြန်တွက်...”
စောင့်ပြီး စာကျက်ပေးနေတာ ဆိုတော့ ....သူ ဟို တစ်ခါ ကိစ္စကို သိနေတာပေါ့...
ရှက်ဖို့ကောင်းလိုက်တဲ့ဘ၀ပါလားနော်...။
ကိုယ့် မောင်အရွယ်လေးတွေက ကာကွယ် စောင့်ရှောက်နေရလောက်အောင် လတ်ဘ၀က အခြေပျက်နေပြီလား...။
“မိလတ် ..”
“ရှင်..”
“ဆီသွားသပ်ပေးပါလားကွယ်...ဒေါ်လေး သွားကိုက်နေလို့...”
“ဟုတ်ကဲ့ ဒေါ်လေး...”
မုန့်ဟင်းရည် အိုးကို ဆီသပ်နေရင်း အခိုးမွှန်ခါ ကျတဲ့ မျက်ရည်က ရင်ထဲက နာကျင်မှုပါ ကပ်ညှိပါနေတယ်ဆိုတာ ကိုယ်တိုင်တောင် သတိမထားမိခဲ့ပါဘူးလေ...။
ဒေါ်လေး ညနေ စျေးထွက်ဖို့ ပြင်ဆင်နေချိန် လတ်လည်း လိုအပ်တာတွေ လုပ်ပေးရသည်..။
အလုပ်လုပ်တဲ့ဆိုင်က မျက်နှာစာ ပြန်ပြင်တာ တစ်ပတ်လောက်ကြာမှာ ဆိုတော့ မနက်ဖြန်မှ အလုပ်ပြန်၀င်ရမည်..။
ဒီ တစ်ပတ်လုံး ဒေါ်လေးလည်း လတ် ဖြစ်ခဲရတဲ့ အကြောင်းတွေ သိပြီး စိတ်မချလို့ စျေးမထွက်ပဲ ထိုင်စားနေတာ အရင်းတောင် တိုက်နေပြီ...။
ဒေါ်လေး အိမ်မှာ အချိန်တိုင်း ရှိနေတော့ ဟိုသတ္တဝါကြီးလည်း အိမ်ပြန်မကပ်တော့ဘူး...။
ဘ၀ပျက်ဖို့ ဖြစ်ခဲ့တဲ့ အိမ်မက်ဆိုး တစ်ခုက လတ် အတွက် ခြောက်လန့်နေဆဲပါပဲ...။
နံနံပင်တွေ အမြစ်ဖယ်ရင်းကနေ လက်တွေပါ တုန်ယင်လာတော့သည်..။
ညဆို ခြင်ထောင် သပ်သပ်တောင် မအိပ်ရဲလို့ အခန်းထဲ ၀င် ဂျက်ထိုးပြီး နိုင်ထူး ခြင်ထောင်ထဲ တိုးအိပ်ရသည်..။
မနက်ပိုင်း ဒီလူကြီး နဲ့ မျက်နှာချင်း ဆိုင်ရမှာ ဆိုးလို့ စောစော နိုးပေမဲ့ အခန်းထဲက မထွက်ခဲ့...။
ညဆို ဒေါ်လေး ရှိလည်း အခန်းထဲက မထွက်ရဲလို့ မထွက်ခဲ့ပါ...။
အခုတလော ဒီလူကြီးလည်း အိမ် သိပ်မကပ်တော့လို့ အနေအစားတော့ ချောင်ပါသည်။
ကိုယ်ကြောက်စိတ်ကြောင့်
အိမ်မှာနေပေမဲ့ အခန်းထဲ လှောင်ပိတ်နေရတာ ဘယ်သူ သိမလည်း..။
“မလတ်..”
“ဟင်..”
“မုန့်ဟင်းရည်ရပြီလား..ဒေါ်လေးက ဧည့်သည်တွေ ထည့်ကျွေးလိုက်တဲ့...”
“သြော်..အေး..ရပြီ...”
ခြင်းတောင်း ထဲမှာ ထည့်ထားတဲ့ မုန့်ဟင်းခါး အထုတ်ကို ဖြည်ပြီး ပန်းကန် နှစ်ခု ပြင်လိုက်ရသည်..။
အကြော်နဲ့ နံနံပင် အချိုမှုန့် ငံပြာရည် အစုံ အလင်ထည့်ပြီး အငွေ့ထ နေတဲ့ ဟင်းရည် တစ်ဇွန်းဆီ ခပ်ထည့်ပေးလိုက်သည်..။
“နင်ကော..”
“ဟာ..မစားပါဘူး..”
“လိုတာရှိရင် လာယူ..”
“အေး..”
မုန့် နှစ်ပွဲကိုင်ပြီး ထွက်သွားတော့ လတ် လုပ်စရာတွေ ဆက်လုပ်နေလိုက်သည်..။
တောင်းထဲကို ပန်းကန်တွေ ဇွန်းတွေလည်း စီထည့်ပြီး အကြော်မကြေ အောင် အပေါ်ဆုံးမှာ တင်ရင်း အလုပ်တွေ လက်စသတ်လိုက်သည်..။
အိုး..ဧည့်သည်တွေ စားတာ အဆင်ပြေရဲ့လား... ဟိုကောင်နိုင်ထူး က ပြန်ကို ၀င်မလာတော့ဘူး...။
လတ် အိမ်ပေါ်တက်သွားပြီး အိမ်ရှေ့ခန်းကို မထွက်သေးပဲ ခန်းဆီး လိုက်ကာ ဘေးမှာ ကပ်ရပ်နေလိုက်သည်..။
“စပ်လို့လား သား..”
“ဟုတ်..”
ငရုတ်သီး ထည့်မပေးပါဘူး ဘာကို စပ်တာလည်း..ကလိမ်ကကျစ်လေး...။
ကျေးဇူးရှင်ကို စိတ်နဲ့စော်ကားမိလို့ လတ် ရဲ့ လက်ခုံကို ပုရွတ်ဆိတ်က စူးခနဲ့ နေအောင်ကိုက်တော့သည်..။
“ရေ..ဒီမှာ..”
မကောင်းတက်တာနဲ့ ရေခွက်ယူပြီး လှမ်းပေးလိုက်တော့ မျက်လုံး နက်နက် တွေမှာ မျက်ရည်တွေ ပြည့်နေတာ လျှံကျတော့မတက်ပင်...။
အိုး...ဒီလောက်စပ်တာလား..ငရုတ်ကောင်းကြောင့်များလား...။
မဟုတ်မှ...
“နံနံပင် မစားဘူးလား..”
“အမ်း...”
“အိုး...”
“မင်းကလည်း နည်းနည်းပါးပါး မပြောဘူးကွာ....ဇွတ်စားနေတယ်...ပေးပေး...ပြန်လဲပေးမယ်..”
“ရပါတယ်..ကုန်တော့မယ်..”
“အန်ထွက်လာတော့မယ် မလား..”
“ဟဲ့...”
လည်ဂုတ်ကို ဖိပြီး အနိုင်ကျင့်ခါ ပြောတော့ လတ် အော်လိုက်မိသည်..။
အဲဒီ့ နိုင်ထူးဟာလေ..ဗလ အားကိုး နဲ့ အနိုင်ကျင့်တာ လွန်ပါရော...
မုန့်ပွဲ အသစ် ပြန်ပြင်ပေးလိုက်တော့မှ မျက်ရည်မကျပဲ စားတော့သည်..။
ကြားဖူးပေါင်...
နံနံပင် စားရလို့ ငိုသတဲ့...မျက်လုံးတွေကြည့်တော့ လူမိုက်လိုလို ဘာလိုလို နဲ့ နံနံပင်ကျတော့ ကြောက်တက်လိုက်တာ...။
မုန့်ငုံ့စားနေတဲ့ ကယ်တင်ရှင် ကောင်လေးကို ကြည့်ရင်း ကိုယ့် အတွေးနဲ့ ကိုယ် ပြုံးမိသည်..။
သူ မျက်လုံး လှန်ကြည့်လိုက်တော့ စိတ်ထဲ ထိတ်ခနဲ့ ဖြစ်သွားရသည်..။
တော်တော် တောက်ပတဲ့ မျက်လုံးလေးတွေပဲ...ကြီးလာရင် ပိုတောင် လှဦးမယ် ထင်ပါရဲ့...။
“ပြန်တော့မယ်နော် ညီမ...”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ..”
အိမ်တံခါး၀ အထိ ထွက်ပို့ပေးလိုက်တော့ ရှေ့ အဆောင်က လူတွေ စပ်စုသလို လှမ်းကြည့်နေကြသည်..။
ဟုတ်တာပေါ့...ဒီလို ကားအကောင်းစားကြီး အိမ်ရှေ့လာရပ်ကတည်းက လွဲနေပြီ မဟုတ်လား..။
“နိုင်ထူး..”
“ဟမ်..”
“လာဦး..”
အခန်းထဲကို ကြို၀င်ပြီး စောင့်နေလိုက်တော့ ဆရာ က စားပွဲတွေသိမ်း တံမြတ်စည်းလှဲပြီးမှ လွယ်အိတ်ဆွဲ၍ ၀င်လာသည်..။
“နင် ဟိုကောင်လေးကို ပြောထားတာလား..”
“ဘာကိုလည်း..”
“ဦး၀င်းနိုင် အကြောင်း..”
“မပြောပါဘူး..”
လိမ်ပြန်ပြီ....မောင်နှမ နှစ်ယောက်တည်း ၇ှိတာ ဒင်းက အခုလို ကလိမ်ကကျစ်လုပ်နေတော့ ဒေါသခံပြင်းရင်း စိတ်မကောင်းလည်း ဖြစ်ရသည်..။
“နင်မပြောပဲ သူက လာစောင့်ပေးတာပါလို့ ဘာဖြစ်လို့ပြောလည်း..”
“ဟမ်..လာစောင့်တာ...”
လတ် ခါးထောက်ပြီး သေချာ စောင့်ကြည့်နေတော့ စဉ်းစားသလို ခေါင်းတစ်ချက် ကုတ်ပြီး..
“သြော်...အဲဒါ သူ့ဟာသူ့ သိတာလေ...”
“ဘာ..”
“ဟုတ်တယ်လေ...ငါက အိမ်က မကောင်းသတင်းတွေ သွားပြောစရာလား..”
“ဘယ်နည်းနဲ့မှ သူ့ဟာသူ သိတာ မဖြစ်နိုင်ဘူး..”
“နင်တို့ ရုန်းရင်းဆန်ခတ် ဖြစ်တာ သူတွေ့တယ်တဲ့...”
“ဟယ်..”
လတ် မျက်နှာ တစ်ခုလုံး ထူပူသွားပြီး မောင်ရှေ့မှာ ရှက်လွန်းလို့ ခေါင်းငုံ့လိုက်မိသည်..။
နိုင်ထူးလည်း သိနေတာပဲ...အိုး..ဘယ်လိုတွေ ထင်ကုန်မလည်း..။
“မင်းနောင် နေရာမှာ ငါသာဆို လူသတ်ပြီးပြီ....သူကလည်း မရှင်းမလင်း ဖြစ်နေလို့...မဟုတ်ရင် ပွဲတော့လှပြီ..ဒီကောင်က လက်ဝှေ့ လေ့ကျင့်ထားတဲ့ကောင်...ထိုးရဲ သတ်ရဲတယ်..”
“ဘာ..ဘာ...မရှင်း..မရှင်းဆိုတာ..”
“သြော်...လင်မယားလား..သားအဖလား...ဒီလို..”
“အိုး..”
လတ် တစ်ကိုယ်လုံးက သွေးတွေ ပူလောင်ပြင်းရှစွာ စီးဆင်းကုန်သည်..။
နောက်ရက်တွေ ဒီကောင်လေးကို ဘယ်လို ရင်ဆိုင်ရပါ့မလည်း..။
လင်မယားတဲ့....လူတကာရဲ့ အမြင်မှာ လတ်က..
“သူက မသင်္ကာလို့ တစ်ခေါက်ပြန်လာတော့ နင့် မျက်လုံးကို တွေ့ပြီး မသေမချာနဲ့ အိမ်ပေါ်တက်ထိုင်နေရတာတဲ့...နောက်တော့ ငိုသံ ကြားတော့မှ သဘောပေါက်တော့တယ်...ဒီကောင်ကလည်း ချက်ချင်း မပြောဘူး..လေးရက်လောက်ကြာတော့မှ ပြောတယ်...ခုနောက်ပိုင်း ဦးဝင်းနိုင်လည်း အပိုးကျိုးနေလို့ ငါ စိတ်သိပ်မတိုတော့တာ မဟုတ်လို့ကတော့...”
“ဒီကောင်လေး လည်း ငါ့ကို အထင်သေးသွားမှာပဲ..”
လတ် စားပွဲခုံမှာ မှီရပ်ပြီး ခေါင်းမော့လို့ မျက်တောင် ပုတ်ခတ်ခါ ခပ်ညီးညီးလေး ပြောလိုက်မ်ိသည်..။
“အထင်မသေးလို့ အိမ်မှာ စာလာသင်တာပေါ့ဟ..”
“ ငါ့ကြောင့် ကျူရှင် ဒီမှာ လုပ်ဖို့ ပြောတာလား..”
“မသေချာဘူးလေ...အဲဒါကြောင့်လည်း ပါမှာပေါ့..ငါအိမ်စောင့်ပြီး စာကျက်နေရတာ သူသိတယ်.....စာမေးပွဲနီးရင် ငါ့ကို သူ့ အိမ်မှာ စာလာကျက်ဖို့တော့ ခေါ်ဖူးတယ်..”
“ငါ စိတ်ဆင်းရဲလိုက်တာ...ဘယ်လို မျက်နှာမျိုးနဲ့ ထွက်တွေ့ရတော့မှာလည်း..”
“မသိသလို နေပေါ့..သူတောင် အတိတ်မေ့သလို လုပ်နေတာမလား..”
“ငါ့ဘ၀ကို သူကယ်တင်ပေးတာပါ...”
“ဟဲဟဲ...ယောက်ဖက ကျေးဇူးရှင်ကြီးပေါ့..ဟိ..”
“ဘာ..”
ပြောပုံ က ကြည့်စမ်း အမြင်ကပ်ဖို့ ကောင်းလိုက်တာ ကားကို မြင်တာနဲ့ အစ်မကို ထိုးပေးချင်နေတဲ့ ခွေးစုတ်လေး..။
“အဲ..သူ့ ညီမကို ငါ ကြိုက်လို့...”
“လုပ်ပြန်ပြီ တစ်မျိုး..ဆယ်တန်းပဲ အောင်ဖို့ ကြိုးစားပါဦး..”
“အောင်ရင် မိန်းမ လိုက်တောင်းပေးနော်...”
“ဘာ...နင်က ဆယ်တန်းအောင်ရင် မိန်းမယူမယ်ဆိုတော့ ဘယ်အချိန် ဘွဲ့ရအောင် လုပ်မှာလည်း ဘယ်အချိန် အလုပ်လုပ်မှာလည်း...မိန်းမကို ဘာနဲ့ ရှာကျွေးမလည်း..”
“ဟာ...မင်းနောင် အဖေဆိုရင် ဆယ့်ငါးနှစ်နဲ့ မိန်းမယူတာ အခုတော့ သားမယား အများကြီးနဲ့ ချမ်းသာနေပြီ...”
“ဟမ်..”
လတ်က အံသြလွန်းလို့ နှုတ်ခမ်းလေးပွင့်ဟပြီး ဟမ်လိုက်တော့ နိုင်ထူး က ရယ်ပြန်သည်..။
“ဟုတ်တယ်...သူ့ကို ကားနဲ့ လာပို့တဲ့ လူကို တွေ့လား..”
“အင်း..”
“အဲဒါ မင်းနောင် အကိုအကြီးဆုံး..”
“ဟေ..ဒေါ်လေးထက်တောင် အသက်ကြီးမလား..”
“အဲဒါပြောတာပေါ့..သူ့အဖေရဲ့ အခု သားမယား မြေးမြစ်တွေက မြို့တည်လို့ရတယ်..”
“အတုယူစရာရှားလို့...”
“ဟဲဟဲ..”
လတ် မျက်စောင်းပိတ်ထိုးလိုက်ပြီး လျှော်ဖို့ ကျောင်းစိမ်းတွေ ယူခါ အခန်းထဲက ထွက်လာခဲ့ရသည်..။
အ၀တ်တွေ လျှော်နေချိန် အိမ်ရှေ့တံခါး ဂျက်ဖွင့်သံကြားတော့ ရင်ထဲ ထိတ်သွားမိသည်..။
ခေါင်းစောင်း ကြည့်လိုက်တော့မှ နိုင်ထူး ဖြစ်နေတာ တော်ပါသေးရဲ့...။*✭˚・゚✧*・゚*✭˚・゚✧*
စပိုက်ကာတို့ စာရေးရင် ဘာလို့ ဒီလောက်ရှည်လျားထွေပြားနေတာလည်း မသိပါဘူး..။
တခြားစာရေးဆရာ၊ဆရာမတွေ ရေးတဲ့ စာထက် တော်တော်ကြီးကိုများနေတာ..
အစအဆုံးပြန်ဖတ်တဲ့ အခါဆို ပိုသိသာတယ် ဟူး...😅
စာရှည်နေရင် အပိုင်းခွဲလိုက်ရ ကောင်းမလား အကြံပေးကြပါဦး စာဖတ်သူ အပေါင်း သူတော်ကောင်းလေးတို့ရေ....📒
.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖Love u all ❤
࿇Sקicค࿇
#စပိုက်ကာGroup မှာ
share ပေးလို့
အသည်းလေးတွေ အားလုံး
ကျေးဇူးအထူးထူးပါနော် ❤
YOU ARE READING
စွဲနေပြီ
Romance"နင် အဆင်ပြေတယ်မလား ဟား..ဟား..ပြေမှာပါ ငါသိတယ်..ကိုယ်ရံတော် ခပ်မိုက်မိုက် နဲ့ တူတူ နေတော့ လုံခြုံတာပေါ့.." "တွေးတက်လိုက်တာ...တူတူနေတဲ့သူက ဘယ်လောက် တော်တော်... ကိုယ် မနှစ်မြို့တဲ့ ဗီဇ အကျင့်တွေ သူ့မှာ ရှိနေရင် မိန်းကလေး ဖြစ်တဲ့ ငါ ဘယ်လောက် အနေရခက်မလ...