စွဲနေပြီ
အပိုင်း (၁၉)
#စွဲနေပြီ“မလတ်..ထမင်းဘူးထည့်ပေး..”
“ဟမ်..”
မနက်စျေးက ပြန်လာပြီး ချက်ပြုတ်နေချိန် အနားကို လာပြောတဲ့ စကားကြောင့် အံသြရင်း မော့ကြည့်မိသည်..။
သွားတိုက်တံ ပါးစပ်မှာတပ်ပြီး ပလုံးပထွေးပြောခါ ရေတွင်းဆီကို ဆက်သွားတော့ လတ် သက်ပြင်းချရ၏..။
ဘယ်လိုကောင်စုတ်လေးလည်း…ညက ကြောက်ဖို့ကောင်းသလောက် အခုကျတော့ လည်း သူ မဟုတ်သလိုပဲ ရေခပ်ပြီး အိုးတွေထဲ လိုက်ဖြည့်ပေးနေပြန်သည်..။
ထမင်းဘူး ထည့်ရမယ် ဆိုတော့ ကြက်ဥချဉ်ဟင်းအိုး ကို ရေထည့်ခဲ့ပြီး ဇာဇာ တို့ ဆိုင်ကို ထွက်လာခဲ့လိုက်သည်..။
သူတို့ စတိုးဆိုင်မှာ ထမင်းဘူးလေးတွေ တစ်ခါတုန်းက တွေ့ခဲ့တာ ကျန်ပါ့ဦးမလား မသိ..။
“ဟော…အစ်မလတ် စောကြီးပါလား.”
“အေး..ဇာဇာကော..”
“စျေးသွားတယ်…ဘာယူမလို့လည်း အစ်မ..”
“ထမင်းဘူးလေးတွေလေ..ဟိုတစ်ခါတွေ့လိုက်လို့..”
“သြော်…ကော်ဖီ ကုမ္ပဏီက ထုတ်တာလေ..တစ်ခု တစ်ထောင် ပဲရှိတယ် အစ်မရဲ့…ကျန်သေးတယ်..”
“တော်သေးတာပေါ့…တစ်ဘူးလောက်ပေးနော်..”
ထမင်းဘူး ခပ်ပြားပြားလေး သုံးလေးခုထဲက ကြံဖန်ပြီး အရောင်ရွေးနေရသည်..။
ပန်းရောင်ဆိုရင် သူရဲကောင်းက ကိုင်မှာမဟုတ်ဘူး…။
အနီရောင်ကျတော့လည်း အဆင်မပြေပြန်…။
အဖြူရောင်လေးကိုပဲ ရွေးစရာ မကျန်တဲ့ အဆုံးယူလိုက်ရသည်..။
“ဘဲဥကြော်နော်…နိုင်ထူးကို ကြော်ထည့်ပေးတဲ့ ဘဲဥကြော်မျိုး...”
ရေချိုးပြီး အခန်းထဲ ၀င်ရင်း သတိပေးသွားတော့ လက်ကျန် ကြက်ဥတစ်လုံးကို ကြက်သွန်နီဖြင့် ခေါက်ကြော်ပေးလိုက်ရသည်..။
ကြက်ဥ ချဉ်ဟင်းနဲ့ ကြက်ဥကြော်..ဘာများကွာလို့လည်း မသိဘူး..။
ညတုန်းကတော့ မစားမသောက် ကောက်တော်မူပြီး ၀င်အိပ်နေတာလေ…
တစ်ခါတလေ ဘာ အရူးထမှန်းကို မသိဘူး…ဒီလို အပြန်နောက်ကျမယ်မှန်း ကြိုသိရင် သူ့ကို စောင့်ခိုိင်းခဲ့ပါ့မလား..။
ညတုန်းက သူ့ မျက်နှာ တည်တည် တင်းတင်း ကိုလည်း မကြည့်ရဲသလို ရန်ဖြစ်ထိုးသတ်တာတွေ မြင်ယောင်ရင်း ကိုကျော် ပြောတာတွေသာ သူသိရင် ဆိုတဲ့ အတွေးဖြင့် အိပ်လို့ တောင် မပျော်ပါဘူး…။
ည တစ်နာရီကျော်တော့မှ အိပ်မရတဲ့ အဆုံး အိပ်ဆေး ထသောက်ပြီး အိပ်ရာ၀င်ခဲ့ရသည်လေ..။
မိုးလင်းတော့လည်း သူမဟုတ်တဲ့ အတိုင်း လိုက်ပြီး စကားပြောပြန်သည်..။
“ဟာ…ထမင်းဘူးက ကော်ဘူးကြီး..”
ဘေးမှာ ချထားတဲ့ ထမင်းဘူးကို ကောက်ကိုင်ကြည့်ပြီး မျက်နှာ ရှုံ့မဲ့ ၍ ပြောတော့ လတ် ညတုန်းက ကိစ္စတွေ မေ့ပြီး စိတ်တိုတို ဖြင့် မျက်စောင်းဝဲရင်း
“အဲဒါပဲ ၀ယ်ပေးနိုင်တယ်..မယူချင်ရင် ထားခဲ့…မနေ့ကတော့ ထမင်းချိုင့်မယူဘူး..မကောင်းတာ မစားဘူးလေး ဘာလေး.နဲ့..”
“စားချင်လို့ မဟုတ်ဘူး..လကုန်မှ လစာရမယ်ဆိုလို့..လကုန်တဲ့ အထိ သည်းခံစားပေးရမယ်..”
“..ကျေးဇူးကြီးမားလှပါတယ်လေ…ရော့…ထမင်းကြော် တစ်ခါတည်းစားပြီး ပန်းကန်ဆေးခဲ့ဦး..”
နောင် လက်လှမ်းယူလိုက်ချိန် လက်ဆစ်တွေ ကွေးလိုက်တော့ မျက်နှာ တစ်ခုလုံး ရှုံ့မဲ့တက်သွားအောင် နာကျင်ရသည်..။
“ဟူး..”
“သူများ မျက်နှာ ဘယ်လိုနေမလည်း စဉ်းစားကြည့်စမ်း…ဘာ အရူးထမှန်းမသိဘူး.”
နောင့် မျက်နှာကို စောင့် ကြည့် အကဲခတ် နေတဲ့ မလတ် က ပြောစရာ တစ်ခုရသွားသလို ညက ကိစ္စ ကို နားဒုက္ခပေးဖို့ အပြစ်တင်ပြီး ဆွဲထုတ်ပြောတော့သည်..။
“အရူးထတာ မဟုတ်ဘူး..မလတ်ကို စောင့်ရှောက်ဖို့ က နောင့် တာ၀န်လေ..”
“…အပိုတွေပါနော်…ဟိုတစ်ခါက လက်လိုက်ဆွဲတဲ့ကောင်တွေကျတော့ အုပ်စုများလို့ သူငယ်ချင်းလုပ်လိုက်တယ်မလား..အလကား ငကြောက်..”
“ဘာကို ကြောက်ရမှာလည်း…ကိုယ့်အတွက် လိုအပ်တဲ့ အချက်အလက်တွေ ရလို့ ရှော်ပေးလိုက်တာ…ကြောက်လို့ မဟုတ်ဘူး..ခြင်္သေ့ဗျ…ခြင်္သေ့…သေခါနီး အချိန်တောင် တစ်ချက်ဟိန်းသွားတာ နာကျင်လို့ မဟုတ်ဘူး…ငါဘာကောင်လည်း ဆိုတာ တစ်လောကလုံး သိရအောင် တာ၀န်အရ ဟိန်းပြသွားတာ…”
“အမလေး…ဘာကောင်ကြီးကနေ….အခုတော့ တဖြည်းဖြည်း ပုံပေါ်လာပြီပေါ့ ကိုခြင်္သေ့ကြီးရဲ့…”
“ကျစ်…”
“ဖြန်း…ဖက်..”
“ဟဲ့…ဟဲ့..ဘာလုပ်တာလည်း..”
အနားက ယပ်တောင်ကောက်ပြီး လတ် ရဲ့ လက်မောင်းကို တဖျတ်ဖျတ် ရိုက်တော့ အလန့်တကြားရှောင်နေရသည်..။
“နောင့် တာ၀န်က မလတ်ကို ယင်ဖိုမသမ်းရအောင် စောင့်ရှောက်ဖို့ပဲ…ပြောရင်း ဆိုရင်း ခြင်မတစ်ကောင် ပါးကို လာနမ်းနေပြီ…လာထား..”
“ဟဲ့..”
ရှေ့က သတ္တဝါက အကျီ င်္လက်မတင်ပြီး ရှေ့တိုးလာတော့ လတ် ပါးကို ကပျာကယာ အုပ်ရင်း မျက်လုံး စုံမှိတ် အော်မိတော့သည်..။
လူစိတ် သိပ်မမှန်တဲ့ ကိုခြင်္သေ့က တကယ်ရိုက်မှာလေ…။
.
“အမယ်….ထမင်းထုတ်တွေ ဘာတွေ နဲ့ပါလား..”
‘အမ်း မနေ့က ဗိုက်ဆာလို့..”
နောင် အခန်းထဲရောက်တာနဲ့ ကိုပြည့်စုံက စုံစမ်းရေးစတော့ အမှန်အတိုင့်းပဲ၀န်ခံလိုက်သည်…။
“ဟာ..မင်းနောင်ရာ..မင်း ငါ့ဆီကို ပြောလိုက်ပြီးတာပဲကွာ..”
“ရပါတယ်…သူများ တန်းတူပေါ့..”
‘ကဲ..ဒီလောက်တောင် တန်းတူနေရင် ပရောဂျက် ဘာထူးလည်း.”
“ပုံကြမ်းတော့ ရပြီး ကျွန်တော် 3D ပြန်ဆွဲပေးမယ်လေ…နေ့ခင်းလောက်ဆို ရပါပြီ..”
“ကျေးဇူးပဲ..”
“ဟမ်..”
နောင် မျက်ခုံးတွန့်ရင်း နောက်ကို ခပ်ယိုင်ယိုင် ဆုတ်ခါ ကြည့်ပြီး မေးလိုက်တော့ ကိုပြည့်စုံက အော်ရယ်သည်..။
“ဟား..ဟား…မင်း လိမ်မာနေလို့ပါကွာ…အေးပေါ့…မလိမ်မာလို့လည်း မရဘူး..မယား နဲ့ သားနဲ့ ဖြစ်နေပြီမလား..”
“မယားနဲ့ သားနဲ့ မဟုတ်ဘူး..မယားနဲ့ ယောက်ဖ နဲ့ ဖြစ်နေတာ..”
“ဟား..ဟား…”
နောင်လည်း လိုက်ရယ်ပြီး စားပွဲမှာ ထိုင်ခါ ပုံကြမ်းဆွဲလာသည့် အကျီ င်္အိတ်ကို ပြန်ကြည့်လိုက်သည်..။
လာပြန်ပြီ…ဒီအောင်ရဲလင်း..မင်း နေရာမှာ ဟိုသူဌေးသာ ဆိုရင်တော့ကွာ…ကတောက်စ်…
မနက်ကတည်းက သူ့အိတ်ပျောက်လို့ ရှာနေတာ သိသားပဲ ညတုန်းက အိတ်ကိုဖြဲပြီး ပုံထိုင်ဆွဲခါ ခေါင်းအုံး အောက် ဖွက်ထားလိုက်တာလေ…။
ဒီလောက် အနားမှာ မင်းသား အရှုံးပေးရတဲ့ ခပ်ချောချော ကောင်လေး ရှိနေတာတောင် မလတ်တို့ မျက်လုံးမှုန်ချက်…။
လက်ဆစ်ကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်ရင်း ဒေါသက ပြန်ထွက်လာပြန်သည်..။
အလုပ်ချိန်မို့ ခေါင်းထဲက ထုတ်ပြီး လပ်တော့ပ်ဆီ ကို အာရုံတွေ စုစည်းပစ်ရသည်…။
နေ့လည် ထမင်းစားချိန်ရောက်တော့ ငယ်ငယ်က စားခဲ့ဖူးသည့် ကြက်ဥကြော် အရသာကို ပြန်စားရချိန် ပြုံးမိသည်..။
မလတ် အသက်ကြီးသွားပေမဲ့…လက်ရာကတော့ ငယ်ငယ်က အတိုင်း ဆားပေါ့တုန်းပါပဲလား..။
ဒီစကားသာ ကြားရင် ပခုံးပေါ် လက်သံ ပြင်းပြင်းကျလာမှာ မြင်ယောင်ခါ ရယ်မိသည်..။
ဖုန်းထုတ်ပြီး နံပါတ်ကို နှိပ်ရင်း ပေါ်လာတဲ့ နာမည်ကြောင့် ပြုံးမိပြန်သည်..။
သူဌေးက နံပါတ်တစ်ဆိုတော့ နောင်ကလည်း ကျွန်တော့်မယား (fat star) ဖြင့် ကမ္ဗည်းထိုးထားလိုက်သည်..။
.
“မလတ်လတ်ရေ…ဖုန်းသံမြည်နေတယ်..”
နေ့လည် ထမင်းစားနေချိန် ဖုန်းမြည်လာတော့ နိုင်ထူးများလားလို့ အပြေးအလွှားကိုင်ရသည်..။
လုပ်ပြန်ပြီ…ဒီ ကျွန်မလင် ဆိုသူ….ကျစ်…ဘယ်လိုနာမည်ကြီး ထည့်ထားတာလည်း…။
“ဟလို…”
“ကျွန်တော့်မယား ဖက်တ်စတား လား ခင်ဗျာ..”
“ဘာ…”
“ဖုန်းမှာပေါ်တာပြောပြတာ..မလတ် ဆီမှာ ဘယ်လိုပေါ်လည်း..”
လတ် ဖုန်းကို ခွါကြည့်ပြီး ပေါ်နေတဲ့ နာမည်ကို စိတ်ထဲက ဖတ်ခါ နှုတ်ခမ်းမဲ့ မိသည်..။
“ကျွန်မလင် မောင်ဘုရင်…”
“အဟား..မမှားဘူးပဲ…”
“ဘာလည်း…ဘာဖြစ်လို့ ဖုန်းဆက်တာလည်း..”
“မလတ်…ကြက်ဥကြော်က ဆားမပါဘူး…”
“ဆားမပါရင် တံတွေးစွပ်စား..”
“ဟာ..ညစ်ပတ်တာ…”
လတ် ရွဲ့ပြောပြီးခါမှ စားမကောင်းလို့ ထမင်းမစားပဲ နေမှာ စိတ်ပူရပြန်သည်..။
“အပေါ်က အံခွက်ကလေးထဲမှာ ကြက်ဥဟင်းပါတယ်နော်..”
“ဟုတ်လား..”
နောင် အဖုံးပိတ်ပြီး ဘေးကိုချထားတဲ့ အံခွက်ကလေးကို ဖွင့်ကြည့်လိုက်တော့ ကြက်ဥ နှစ်ခြမ်းထည့်ပေးထားသည်…။
မလတ်ကတော့ အမြဲတမ်း ကြက်ဥတစ်ခြမ်းပဲ စားပေမဲ့ နိုင်ထူးကို ချိုင့်ထည့်ပေးရင်လည်း နှစ်ခြမ်းထည့်ပေးတက်သည်..။
“တွေ့လား..”
“အင်း….”
“တော်ပြီ…ငါ ထမင်းစားနေတာ..”
“ဘာနဲ့ စားတာလည်း…”
“ကြက်သားဆီပြန်..နဲ့ ပုဇွန်ထုတ်..”
“ဟ…”
လတ် မခံချင်အောင် ပြောပြီး ဖုန်းချလိုက်ခါ စားလက်စ ထမင်းဝုိင်းဆီ ပြန်၀င်ခဲ့ရသည်..။
တကယ်စားနေတာက တို့စရာနဲ့ ငါးခေါင်း ချဉ်ဟင်း…။
“အစ်မလတ်ရေ…ညနေ..ပစ္စည်းပို့ရင် အစ်မ လိုက်သွားမှာလား..”
“အေးပေါ့…နွယ်လည်း လိုက်လေ..”
“မလိုက်တော့ပါဘူး..အစ်မလတ်လည်း လုပ်နေကျပဲမလား..”
“ဟယ်..ငါ တစ်ယောက်တည်း..”
“ဖိုးအောင်လည်း ပါတာပဲ အစ်မရယ်..”
“အေးပါလေ…ဒီမှာ ညနေ စောင့်ရောင်းလို့ ရတာပဲ…”
“ညနေ ကိစ္စ ထားပါဦး…အစ်မကို ဖုန်းဆက်တဲ့ ကျွန်မလင် မောင်ဘုရင် ဆိုတာ ဘယ်သူလည်းဟင်..”
နွယ်က စတင်စပ်စုလိုက်တော့ ရင်ရင် နဲ့ နောမု့အပါအ၀င် ဒေါ်လှ တို့ကပါ အစစ်ပါပြီး အနားကို ရောက်လာသည်..။
ဟူး..ဘယ်လိုပြောရပါ့မလည်း…ဒင်းလေး မွှေလို့ အခုတော့ အခက်တွေ့နေပြီလေ…။
“ဟို…လတ် မောင်လေး စထားတာပါ…”
“ဟင်..အစ်မမှာ မောင်လေး ရှိတယ်လား..”
“ချောလားဟင်..”
“အသက် ဘယ်လောက်လည်း..”
“ခေါ်လာပါလား..”
တစ်ယောက် တစ်ပေါက် ဝိုင်းပြောကြတော့ လတ် ထမင်းကို ခပ်သွက်သွက် စားရင်း ခေါင်းသာ ညိတ်ပြလိုက်သည်..။
မီးဖိုဆောင်မှာ ညနေ ယူသွားမဲ့ ထမင်း ဟင်းတွေ စီစဉ်နေတာ အကြောင်းပြပြီး မေးခွန်းတွေကို ကွေ့ရှောင်ခဲ့နိုင်တာ…မဟုတ်လို့ကတော့…။
လတ် သက်ပြင်းချရင်း လုပ်လက်စတွေ ပြန်စတင်လိုက်သည်..။
နောင်ဆိုတဲ့ ကောင်စုတ်လေး အနားမှာသာ ရှိလို့ကတော့လား..။
.
“အစ်မလတ်ရေ…ဖုန်းလာပြန်ပြီ..”
“ကျစ်…”
“ပြော…ကျွန်မလင် မောင်ဘုရင်..”
“အဟား..ဘယ်သူတုန်းဟ…”
“ဟင်…နိုင်ထူး…အမလေး…အသက်ရှိသေးတယ်နော်..နင် တစ်ပတ်လုံး ဖုန်းဘာလို့ မဆက်တာလည်း…ငါ့မှာ ဖုန်းလည်း မဆက်ရလို့ ဒီတိုင်း စိတ်တွေပူနေရတာဟဲ့..”
“စိတ်ပူတဲ့ သူကလည်း..သူဌေးက အိမ်လိုက်လာ…ပိုးကြေးပေးတယ်ဆို…မနေ့ကလည်း သူဌေးဆိုတဲ့ကောင်နဲ့ ဘယ်သွားကြတာလည်း….မလတ်..နင်..မိန်းကလေးနော်…ဟိုကောင် နောင်သာ အနားမှာ မရှိရင် ငါလည်း အခုလို စိတ်ချနိုင်မှာ မဟုတ်ဘူး…နောင့်ကို မောင်လေးပါလို့ ပြောထားတယ်ဆို ဘယ်လောက်အန္တရယ် များလည်း နင်သိလား…ယောင်္ကျား ရှိတယ် လို့ ပြောထားတာတောင် ခုခေတ် ကောင်တွေ ရဲတင်းနေတာ…ဟဲ့..မလတ်...နင့်သူဌေးက မုန့်လေး ဘာလေး ၀ယ်ကျွေးတာကို သဘောတွေ့မနေနဲ့နော်….နောင့်ကို လည်း တအား မနှိပ်စက်ပါနဲ့ဟာ..သူ့ အခြေအနေက သူဌေးသားဆိုတာလည်း..မမေ့နဲ့ဦး..”
လတ် ဖြစ်သမျှကို နိုင်ထူးက သိနေရင်းတစ်လုံး မကျန် မနားတမ်း ပြန်စစ်ဆေး ရေးလုပ်နေတော့ မျက်နှာထဲ ပေါ်လာတာ ဟို သတ္တဝါ ကိုခြင်္သေကြီးလေ…။
တော်တော် လေး ပါးစပ်ဖွာနေတာ…မိန်းမကျနေတာပဲ…။
“မေးနေတာကို..”
“ဟ…ငါ့ အလုပ်ကြောင့် ကျောင်းတစ်ကျောင်းကို သွားတာလေ..”
“ဟုတ်လို့လား..”
“အမလေး…ငါ့ကို ပြန်စစ်ဆေးရေးလုပ်နေတယ်..”
“ငါက စိတ်ပူလို့ပါ မလတ်ရာ…”
“စိတ်မပူနဲ့..နင့်သူငယ်ချင်း မောင်ဘုရင် က ယင်ဖိုတောင် အသမ်းမခံဘူး..”
“ဟား..ဟား…ဟုတ်တယ်…ဒီကောင် ရှိနေလို့ တော်သေးတာ….မလတ် လင် မောင်ဘုရင်…ရှိနေပေလို့….နင် အဆင်ပြေတယ်မလား ..ဟား..ဟား ပြေမှာပါ…ငါသိတယ်…ကိုယ်ရံတော် ခပ်မိုက်မိုက် နဲ့ တူတူ နေတော့ လုံခြုံတာပေါ့”
‘နိုင်ထူး..”
လတ်အသံမြှင့် အော်လိုက်တာတောင် ရယ်သံက တိတ်ကျမသွားပဲ ပိုဆိုးလို့လာသည်..။
“တွေးတက်လိုက်တာ ..တူတူနေတဲ့ သူက ဘယ်လောက်တော်တော် ကောင်းကောင်း..ကိုယ် မနှစ်မြို့တဲ့ ဗီဇ အကျင့်တွေ သူ့မှာ ရှိနေရင် မိန်းကလေး ဖြစ်တဲ့ ငါ ဘယ်လောက် အနေရခက်မလည်း စဉ်းစားကြည့်ပါဦး ..သူက မောင် အရင်းထက် ပို ဂရုစိုက်တာ မှန်ပေမဲ့ သူစိမ်း တစ်ယောက်ဆိုတာလည်း ထည့်ပြောလေ…မနေ့ညကတောင် ရန်ဖြစ်သေးတယ်..နင့်ကို မပြောဘူးမလား…သူ့ အဲလို ဖြစ်နေချိန် ဆို ငါကြောက်တယ်…နိုင်ထူးရယ်..နင့်ကို ဖုန်းခေါ်တာလည်း မရဘူး…တော်သေးတာပေါ့…ငါ့ကို ဘာမှ ရန်မရှာလို့..ရှာလည်း ငါက အသေ ပြန်လုပ်မှာပဲ…လုံး၀ မညှာဘူး..”
“ဟား..ဟား…ငါ တစ်ပတ်လုံး မန္တလေး ရောက်နေလို့ပါဟာ..ဖုန်းက ရန်ကုန်မှာ ကျန်ခဲ့လို့…နောင့်ဖုန်းနံပါတ်ပဲ သိပြီး မလတ် ဖုန်းနံပါတ် အလွတ်မရဘူးလေ…အဲဒါကြောင့် ဟို့ကောင်ဆီပဲ ဖုန်းပြောဖြစ်တာပါ…”
“ဟွန့်..အဲ့ဒါကျ…ငါကို မပြောဘူး..”
“မလတ်က အလုပ်သွားနေတယ် ဆိုလို့ပါ…ပင်ပန်းနေပြီမလား..ခဏပဲ သည်းခံနော်..”
ဘယ်အချိန်အထိလည်းတော့မသိ..အပြောကတော့ ချောလို့….လတ် နှုတ်ခမ်း မဲ့ရင်း…
“အေးပါ..သည်းခံနော်…ကျွန်တော် မိန်းမယူလိုက်ဦးမယ်..သည်းခံနော်…ကျွန်တော် ကလေး မွေးလို့…သည်းခံနော် ကျွန်တော် မြေးရြ့ပီ..”
“ဟား…ဟား..အဲလိုမဟုတ်ပါဘူး…”
“အေး..အေး..နေကောင်းတယ်မလား…”
“ကောင်းတာပေါ့…နင့် နီးပါးဝနေပြီ…”
“အရမ်းမဝစေနဲ့ဦး…ငါတောင် စိတ်ညစ်နေတယ်..”
“ငါ့သူငယ်ချင်းက ညီးရမှာပါဟာ..သူ့မှာ နင့်ကိုယ်ကြီးကို သယ်ပေးရတာ..ခါးတောင်နာနေပြီတဲ့..”
“ဟမ်….အဲကောင်စုတ်ကလေးက အကုန်ပြန်ပြောနေတာပဲလား..”
“ပြောတာပေါ့…သူက ငါ့သူငယ်ချင်းလေ…”
“အေးပါ..နင့်သူငယ်ချင်းကို ချစ်လွန်းလို့ အစ်မပေးထားတယ်မလား..မြန်မြန် ပြန်လာခေါ်ဦး..”
“အေး…အေး..မြေးရရင် လာခေါ်မယ်လေ…ဒါပဲနော်…ကျွန်မလင် မောင်ဘုရင် ကိုလည်း ဂရုစိုက်လိုက်ပါဦး..”
“ဟဲ့..”
ဖုန်းချသွားတော့လည်း ဒင်းပယောကကြောင့် စိတ်တိုရပြန်သည်..။
နိုင်ထူးကို အကုန်ပြန်ပြောထားတာ ကိုယ့်တောင် သတိမထားမိတဲ့ အကြောင်းတွေ တသီတစ်တန်းကြီး..။
တော်သေးတာပေါ့…နိုင်ထူးသာ အကိုကြီးဆိုရင် လတ်တို့တော့ ဒုက္ခပဲ…။
သူ မကောင်းတာကျတော့ မပြောဘူး..ညတုန်းက ရန်ဖြစ်ထားတာ လက်တွေတော့ ကျိုးကုန်ပြီလား မသိ…။
မနက်ကတောင် တော်တော်လေး ရောင်နေတာ သတိထားမိတော့ စိတ်ပူရပြန်သည်..။
မလွယ်ပါလားနော်…ဒီသံယောဇဉ်က စောစော ဖြတ်ထားတာ ကောင်းပါတယ်လေ…။
လတ် သက်ပြင်းချရင်း ကြက်သွန်ဆီကြော် အိုးကို ပြန်တင်လိုက်သည်..။
.
“လတ်..”
“ရှင်..”
“တိတ်လှချည်လား..”
ထမင်းအော်ဒါပို့ပြီး ပြန်လာတော့ ကားပေါ်မှာ ဖိုးအောင်လည်း ပါမလာတော့ပါ…။
ဘယ်အချိန်..ဘာနဲ့ ပြန်သွားလည်းတောင် မသိလိုက်…။
ညခုနှစ်နာရီကျော်မှာ ပြန်လာတော့ ရှေ့ခန်းမှာ ထိုင်စီးရသည်..။
ကားရှေ့ခန်းထဲ တစ်ခါမှမထိုင်ဖူးလို့ လူက ကတုန်ကယင် မူးချင်ချင် ဖြစ်လာသည်…။
ဒါကို စကားမပြောလို့ အပြစ်တင်နေတဲ့ သူဌေးက တစ်မျိုး..။
“ကိုယ့်ကို စိတ်ဆိုးနေတာလား..”
“မဟုတ်..မဟုတ်ပါဘူး…”
“ဒါဆို…ဘာဖြစ်လို့လည်း..”
“ဟို…ခေါင်းနည်းနည်း မူးလို့ပါ…”
လတ် စကား ဆုံးတာနဲ့ အပင်အောက်မှာ ကားထိုးရပ်သွားတော့ မျက်လုံးပြူးသွားရသည်..။
“နေကောင်းရဲ့လား.”
“ကောင်းပါတယ်..ကိုကျော်ရဲ့..”
“လတ်…ဟိုတစ်ခါလည်း သွေးပေါင်ကျပြီး မူးလဲသေးတယ်လေ..”
“ဟုတ်ပါတယ်..အခုက ကားမူးတာမျိုးပါ…”
“ကိုယ် စိတ်ပူလိုက်တာကွာ…နေပါဦး..”
ကားစက်နှိုးပြီး ပြန်ကွေ့ခါ ပုဂ္ဂလိက ဆေးရုံကြီး တစ်ခုရှေ့ကို မောင်း၀င်သွားတော့ မျက်လုံးပြူးမိသည်..။
ဘာတွေ လုပ်ဦးမလို့ပါလိမ့်….။
“ဆင်းလေ..”
“ရှင်..”
“လာပါကြာ..”
လတ် ရဲ့ လက်ကို အတင်းဆွဲခေါ်လို့ ရင်တထိတ်ထိတ် ဖြင့် သူ့နောက်ကို လိုက်သွားရသည်..။
ဆေးရုံရဲ့ အပြင်အဆင်တွေ အားလုံး သပ်ရပ် သန့်ရှင်းလွန်းနေတော့ လတ် လိုက်ငေးနေမိသည်..။
ဟိုတယ် တစ်လုံး နဲ့ တူတဲ့ အပြင်အဆင် နဲ့ လေအေးပေးစက်ကလည်း အေးလိုက်တာ…။
“ဆရာမ…သူ့ကို တစ်ချက်ကြည့် ပေးပါ..ခဏခဏ မူးလို့..”
“သြော်..ကိုကျော်..လာလေ…ညီမ…”
“ဟုတ်..”
“အဟွင်း…ကိုကျော်တို့ နဖူးချွေးပြန်ပြီထင်တယ်..”
“အဟား…မဟုတ်ပါဘူး..ဆရာမရယ်..”
လတ် ကုတင်ပေါ် အ်ိပ်လိုက်တော့ ဆရာ၀န် တစ်ယောက်က သွေးပေါင်ချိန်ခါ နားကြပ်နဲ့လည်း စမ်းသပ်သည်..။
“ပရက်ရှာကတော့ ပုံမှန်ပါပဲ… ….အိပ်ရေးပျက်ခံလား..”
“ဟုတ်ကဲ့..အခုတလော ညပိုင်း အိပ်ရာ၀င် နောက်ကျပြီး မနက်စောစော ပြန်ထရလို့ပါ…”
“ အားဆေး ထိုးပေးလိုက်မယ်နော်”
လတ် အဖြေကို မစောင့်ပဲ သူ့ သဘောနဲ့ သူ ခေါင်းညိတ်လိုက်တော့ ဆေး တစ်လုံးအထိုးခံလိုက်ရသည်..။
“ရရဲ့လား “
“ဟုတ်..ကျေးဇူးတင်ပါတယ်…”
ဆေးရုံထဲက ထွက်လာတော့ လတ်ရဲ့ လက်မောင်းကို ဖေးကူတွဲရင်း အကြင်နာ မျက်၀န်းတွေနဲ့ ဆိုက်ကြည့်ခါ
“ကိုယ်တို့ ကြားမှာ ကျေးဇူးမလိုဘူးလေကွာ..”
“ဟို..ကိုကျော့်ကို အဖြေပေးဖို့က…”
“ဘယ်လို ဖြစ်တာလည်း ပြန်မမူးစေနဲ့နော်…ကိုယ် ဒီနေ့ အဖြေအတင်းမတောင်းပါဘူး..”
ခပ်လှောင်လှောင်လေး ပြောပြီး လက်ဖျားထိပ်ချောင်းလေးတွေကို ဖွဖွလေးကိုင်ခါ ကားတံခါးလည်း ဖွင့်ပေးသည်..။
ဟင်း..ကြင်နာတက်လိုက်တာ…ကိုယ့်ဘ၀မှာ ယောင်္ကျား တစ်ယောက်က ဒီလို ကြင်ကြင်နာနာ ဆက်ဆံပေးတာ ပထမဆုံးမို့ ကြည်နူးစွာဖြင့် ရင်တွေလည်း ခုန်ရပါသည်..။
“လတ်..”
“ဟင်..”
“ဆေးထုတ်လေ..”
“အဲ..ဟုတ်..”
ဆိုင်ရှေ့ကို ကားရောက်တာနဲ့ ဆင်းပြေးတာ ဆေးထုတ် မေ့ခဲ့တော့ တစ်ခေါက်ပြန်ယူရသည်.။
ဆေးထုတ်ကို လှမ်းယူချိန် အကြည့်ချင်းဆုံသွားတော့ ချစ်တယ်လို့ တိုးတိုးလေးပြောပြီး ပြုံးနေသည်..။
ဘယ်လိုကြီးမှန်းမသိပါဘူး…သူများတွေ သိသွားရင်တော့ ခက်နေပါပြီ..။
လတ် ခေါင်းငုံ့ပြီး ဆေးအိတ်ကို ဆွဲယူချိန် သူ့လက်နဲ့ တို့ထိသွားလို့ ရင်ထဲ သိမ့်ခနဲ့ ဖြစ်သွားရသည်..။
ရင်ခုန်တယ်ဆိုတာ ဒီလိုဖြစ်တာကို ပြောတာများလား..။
ဆေးအိတ်ယူပြီး မီးဖိုဆောင် ၀င်ခဲ့ပေမဲ့သူ့ အကြည့်နဲ့ စိုးရိမ် ဂရုစိုက်မှုတွေကို ပြန်မြင်ယောင်ခံစားရင်း ပျော်သလို ကြည်နူးသလို ဖြစ်နေရသည့် အခိုက်အတန့်လေး ပျောက်ကွယ်သွားမှာတောင် စိုးရပြန်သည်..။
“အစ်မ မောင်လေးလာတယ်..”
“ဟင်..”
“ဆံပင်ရှည်ပေမဲ့ ခပ်မိုက်မိုက်နဲ့ အရမ်းချောတာပဲနော်…”
“ဟုတ်ပ သူ့မောင်ကို ဖွက်ထားတယ်နော်…”
“မဟုတ်ပါဘူး..”
“မျက်လုံးတွေကလည်း လိုင်နာဆွဲထားသလိုပဲ လှလိုက်တာ…မျက်တောင်ရှည်တယ်နော်…မိန်းမချောဆိုတာ သူ့လိုလူကို ပြောတာဖြစ်မယ်…”
“အမလေး..မိန်းမချောတဲ့ လက်က အကြောစိမ်းနဲ့ ရင်အုပ်ကိုပဲ ကြည့်ပါဦး..”
“ကြက်သီးထစရာကြီး..ဟီ…”
“နေပါဦး..ဘာပြောသွားလည်း..သူ ဘယ်မှာလည်း..”
“သြော်..အစ်မလတ်လတ်ကို လာမေးလို့…သူဌေးနဲ့ အော်ဒါသွားပို့တယ်လို့ ပြောလိုက်တယ်…”
“ဘယ်အချိန် ပြန်ရောက်မလည်း မေးသေးတယ်..”
“ဆိုင်ကကားကရောက်ပြီး သူဌေးကားတော့ မရောက်သေးဘူးဆိုတော့ ပြန်သွားတယ်…”
“အင်း..ကျေးဇူးပဲ…လတ် ပြန်လို့ရမလားဟင်..”
“ရတာပေါ့...နွယ်တို့ ဆိုင်သိမ်းလိုက်မယ်…”
“ကျေးဇူးတင်ပါတယ်..”
လတ် ဆိုင်ထဲက ထွက်လာပြီး အပင်အောက်ကို ကြည့်လိုက်တော့ မှောင်နေလို့ လူမတွေ့ပေမဲ့ ဆေးလိပ် မီးရောင် ရဲရဲ တွေ့ရသည်..။
ဒုက္ခပါပဲ…ဘာတွေ စစ်ဆေးမေးမြန်းပြီး..ဘယ်လိုတွေ ပြသာနာရှာမလည်း မသိဘူး..။
တာ၀န်..တာ၀န် ခေါင်းစဉ်တပ်ပြီး သူက နိုင်ထူးထက်ကို သဝန်တို တက်သေးတယ်…။
“နောင်..”
အနားကို သွားရပ်လိုက်တော့ မော့ကြည့်လာတဲ့ မျက်လုံးတွေက ရဲလို့…။
နေများမကောင်းလို့လား…။
လတ် စိတ်ထဲက အလိုအတိုင်း လက်က နဖူးကို ရောက်သွားတော့ လက်ကို ပုတ်ချပစ်သည်..။
“ပြန်မယ်..”
“နေကောင်းရဲ့လား..”
“ကောင်းတယ်..”
“မျက်လုံးတွေရဲနေတယ်…”
“အဟွင်း…ဟိုက်နေတာလေ..”
“ဘာလည်း..”
“မပြောတက်ဘူး…အဟား..မလတ် သောက်ကြည့်လေ…နတ်ပြည်ရောက်သွားလိမ့်မယ်..”
လတ် လက်ထဲကို အတင်းထိုးထည့်ပေးနေတဲ့ ဆေးပေါ့လိတ်ကို မျက်လုံးပြူးကြည့်နေမိသည်..။
အရက်သောက်ထားတာများလား..။
အရက်နံ့လည်း မရပါဘူး…။
“ဟား..ဟား..တစ်ကိုယ်တော် သူရဲကောင်းကြီး..”
“..ငါလား..”
သူ့ကိုယ်သူ လက်ညိုးထိုးပြပြီး ရူးနမ်းနမ်းလုပ်နေတော့ လတ် ကြောက်လွန်းလို့ နောက်ကို ခြေလှမ်းဆုတ်မိသည်..။
လမ်းထဲမှာ ရောက်နေတာ
မနေ့က သူနဲ့ ရန်ဖြစ်တဲ့ လူ နှစ်ယောက် အပြင် လူခြောက်ယောက်လောက်ရှိသည်..။
“နောင်…”
“မဆိုင်ရင် ဘေးဖယ်နေနော်..အစ်မကြီး..”
“မင်း..”
“အဟမ်း…ဒုက္ခပဲ…အတော်ပဲ…ငါတော့ လစ်ချင်နေပြီ…မသုံးတာကြာလို့ဖြစ်မယ်…အဟက်..ကြာဆို ရှားတာကိုးကွ…..”
“မူးနေတာလား မသိဘူး..”
“ချကွာ..”
“ဟေ့..နေဦး….ငါ့မှာ တစ်တိုင်ပဲ ရှိတာ…နောက်နေ့မှ ကွာ….…”
“ဟေ့ရောင်…ေ×ာက်ရူးကွက်တွေ လုပ်မနေနဲ့…”
“အား…လာကြပါဦး…ကျွန်တော့်အစ်မ ကို ရိုက်နေလို့….အား…ကယ်ကြပါဦး…”
“ဟာ…ဟေ့ကောင်…”
လူတွေ အကုန် ထွက်ပြေးတော့ အသံဗြဲဖြင့် အော်နေတဲ့ သူ့အနားကို ပြေးသွားရသည်။
“နောင်…နောင်..နင် ဘာဖြစ်နေတာလည်း..”
“အဟက်..ပြေးအောင်လုပ်တာလေ…လာမလတ် ပြန်ကြမယ်..”
လတ် ပခုံးပေါ် လက်တင်ပြီး ရယ်ရင်း ခြေလှမ်းကို လွဲလျှောက် နေတဲ့ သူ့ကို ကြည့်၍ အမြင်တွေ ေ၀၀ါးလာသည်..။
မုန်းဖို့ကောင်းလိုက်တာ…။
“မလတ်..ထမင်းကော…”
“ဟင်..နင်..စောစောကပဲ စားလိုက်တယ်လေ…”
“ကျန်သေးလား..”
လတ် မျက်လုံးပြူးရင်း ဖုတ်များ၀င်နေသလား ဆိုတဲ့ အတွေးမျိုး ဖြစ်လာရသည်..။
မနက်က ကျန်တဲ့ ထမင်းအိုးထဲက အကုန်စားလိုက်တဲ့ အပြင် ဆိုင်က ဆွဲလာတဲ့ ထမင်းထုတ်ကလည်း လတ် မစားရပဲ သူ အကုန်စားလိုက်သည်..။
အခုလည်း ထမင်းတဲ့လေ…။
“နေတော့..ဒေါ်လေးပု ဆီက သွားတောင်းမယ်..”
“ဟဲ့…”
လတ် တားလို့မှ မဆုံးခင် အခန်းထဲက ထွက်ပြီး ဟိုဘက် အခန်းကို ရောက်သွားပြီ..။
တစ်ဆောင်လုံးရဲ့ အချစ်တော်မို့ ထမင်းရခဲ့မှာ သိပေမဲ့ သူ့ကိုကြည့်ရင်း ငုတ်တုတ်ထိုင်ကြောက်နေရသူ က လတ် တစ်ယောက်တည်း..။
“အဟား..ဟား…ပြီးတော့ကော..”
“ငါလည်း ပြန်ပြေးတာပေါ့ကွာ..”
တစ်ဖက် အခန်းက သူ့ရဲ့ ရယ်သံ ဝါးလုံးကွဲအောင်ဖြစ်နေတော့ ဒေါ်လေးပုကိုလည်း အားနာမိသည်..။
ကိုယ်ကြောက်တာနောက်မှ….သူ့ကို အရင်သွားခေါ်ဖို့ ဆုံးဖြတ်ပြီး အခန်းထဲက ထွက်လာခဲ့ရသည်..။
“ဟာ..မလတ်..ဘာလာလုပ်တာလည်း..”
“နင့်ကို လာခေါ်တာ…ဒေါ်လေးပုကို အားနာဖို့ကောင်းတယ်.”
“အမေ မရှိဘူး..လတ်လတ်ရဲ့..ဒေါ်ထွေး တစ်ယောက်တည်းမို့ အဖော်သွား အိပ်တယ်”
“ဟုတ်တယ်…အေးဆေးပျော်ချင်လို့ပါ..မလတ် သွားစမ်းပါ…”
“နင်တို့ ဘာလုပ်နေကြတာလည်း..”
“နောင် က ဆေးခြောက်ရှုမလို့…ကိုကြီးက အရက်သောက်ခိုင်းတာနဲ့..”
“ဘာ..နင်လာစမ်း…”
ကိုအောင်ဦး တောင် သူ့လောက် အခြေအနေ မဆိုးဘူး ဖြစ်ပျက်နေလိုက်တာ မြင်မကောင်းအောင် ဒူးကျဘောင်းဘီပွဖြင့် ခါးက ပုဆိုးကို ပခုံးမှာကွင်းသိုင်းခါ ခေါင်းကလည်း ဆုတ်ဖွား...
သူ့လက်ကို ဆွဲခေါ်နေတဲ့ လတ်ရဲ့ လက်ကို ဆွဲချ တွန်းရင်း
“အား..မလာဘူး..မလတ်သွားနော်…မသွားလို့ လူစိတ်ပျောက်ပြီး လုပ်ချင်တာလုပ်မိတော့မှ ကြောက်ပါပြီ မအော်နဲ့ သလား..ခွီး…ကိုယ့်ကိုယ်ကို အာမ မခံနိုင်ဘူး”
“နင် ပြောတဲ့ ငါ့ကို စောင့်ရှောက်မယ်ဆိုတာ ဒါမျိုးတွေသုံးပြီး..တစ်နေ့ တစ်မျိုး…စိတ်ဆင်းရဲအောင် လုပ်ဖို့လား…ဟမ်…သတိုးမင်းနောင် …”
“တစ်ခါတလေ ပျော်ချင်လို့ပါ မလတ်ရယ်…မလတ် ကို စောင့်ရှောက်ပေးနေတာပဲ.. ဟိုဘက်အခန်းမှာ တိတ်တိတ်ကလေး သွားအိပ်နေနော်…လိမ်မာပါတယ်… မလတ်ရဲ့..”
“ဆေးသမား…မသာ…ဘိန်းစား…”
လတ် ဒေါသဖြင့် ပြောဆိုရင်း ခြေဆောင့် ခါ အခန်းထဲကို ပြန်ရောက်လာခဲ့ရသည်..။
တစ်ညလုံး ဘယ်လိုနေရမလည်း…ဖြစ်နေတဲ့ ပုံစံက လူစိတ်တောင် ပျောက်နေပြီ…။
“မလတ်ရေ….မလတ်…”
“တံခါးဖွင့်ပါ ကျွန်တော့်မယား ဖက်စတားလေးရဲ့…”
“အေး…သူ့မယား ကြယ်ဝတုတ်ဆိုလား့..တံခါးဖွင့်ပါဟ…”
“ဟော..ဒီနေ့ နောင်လေး လည်းပါတာကိုး..အောင်ဦး နင် ကလေး ကို ဘာတွေ သင်ပေးနေတာလည်း..”
အပေါ်ထပ်က မမိုး အော်တဲ့ အသံကြားရတော့ လတ် ထိုင်နေရာက မတ်တက်ရပ်မိသည်..။
ရှက်ဖို့ကောင်းလိုက်တာ လူတွေ တစ်ယောက်မှ အကောင်းမနေနိုင်အောင် ဒင်း သောင်းကျန်းနေတာ…။
လူပုံကို ကြည့်လိုက်ရင် လူရိုးလိုလို လူအေးလိုလို နဲ့ အခုကျတော့ နေ့တိုင်း သောက်နေကျ အရက်သမားထက်ကို ပိုဆိုးနေတာလေ…။
“မလတ်ရဲ့….နောင် မသောက်ရရင် သေလိမ့်မယ်…သလား…မလတ်ကြောင့် သောက်ရတာ သိလား…မလတ်သိရဲ့လား..မလတ် တစ်ယောက်တည်း ဖြစ်နေမှာစိုးလို့ တာ၀န်အရ ပြန်လာရတာ..ဒီမှာ သောက်တော့လည်း မလတ်က စိတ်ဆိုးတာလား…မှားတာပဲ….So Sad…”
ဒီလိုမျိုး အကြောင်းရှာပြီးကို သောက်ချင်တဲ့သူက သောက်နေတာပဲလေ…။
လတ်ကြောင့်ပဲ သူက သောက်ရတယ်တဲ့ တော်တော် ခိုင်လုံတဲ့ အကြောင်းပြချက်ကြီး..။
လတ် ခြေဆောင့်ရင်း တံခါးကို ဆွဲဖွင့်လိုက်တော့ နှစ်ယောက်သား ပြိုကျလာသည်..။
ထွက်သွားတုန်းကတောင် အရက်နံ့ မထွက်သေး..အခုတော့ အနံ့ တထောင်းထောင်းထနေပြီ..။
“ရောက်ပြီ …မင်းနန်းတော်ရောက်ပြီ… ငါပြန်ပြီ…”
“အေ့..လတ်လတ်ရေ…ပြန်ပြီနော်..”
ကိုအောင်ဦး ထွက်သွားတော့မှာ လတ် တံခါးကို တစ်ခါတည်း ဂျက်ထိုးလိုက်ပြီး သူ့ကိုယ်ကြီးကို အိပ်ယာအနားထိ ရောက်အောင် ပခုံးက တရွတ်ဆွဲခါ ခေါ်ခဲ့ရသည်..။
“ငါလေ..တံခါးပိတ်ထားရမှာသလား.. အပြင်မှာ အိပ်ခိုင်းရမှာ သလား…ကောင်စုတ်လေး …”
“ဟုတ်တယ်…အဲလို အိပ်သင့်တာ….သွားမယ်…”
“ဟဲ့…ဒီမှာ အိပ်…”
ကျောခိုင်းပြီး ထရပ်ဖို့ ကြိုးစားနေတော့ သူ့ပခုံးကို ဆွဲချထားရသည်..။
ဒါတောင်မှ လက်ပြန်ရုန်းပြီး အတင်းကိုထနေတော့ အားဖြင့် ဆောင့်ဆွဲလိုက်ချိန် လူက လဲကျလာတာ လတ်ရင်ဘတ်ပေါ် ခေါင်းဆိုက်နေပြီ.။
“အင့်…”
“ကျွတ်..ကျွတ်…သေပါပြီ…”
“ငါက ပြောရမှာလေ…ဖယ်…”
“မလတ်…”
“ဘာလည်း..”
“မိန်းမတစ်ယောက်က ယောင်္ကျား တစ်ယောက်ကို အရမ်း လိုအပ်တောင်းတနေရတဲ့ အခါမျိုးရှိလား..”
“မသာလေး..”
“ဘာလည်း..မသိလို့မေးနေတာလေ..”
“နင့်မယားရမှမေးကြည့်…”
“အဲဒါကြောင့် အခုမေးနေပြီလေ…ဖြေစမ်းပါ သိချင်လို့ပါ..”
မျက်လုံး မပွင့် နိုင်တော့တာတောင် ရစ်နိုင်သေးတာ အံသြစရာ…။
လတ် ရင်ဘတ်ပေါ် ခေါင်းစိုက်ရင်း မေးနေတော့ တဖြည်းဖြည်း တွေးကြောက်လာခါ သူ့ကိုယ်ကြီးကို အားဖြင့် ဆောင့်တွန်းထုတ်လိုက်သည်..။
“နင်နော်…ယုတ်မာဖို့ မစဉ်းစားနဲ့…”
“မဟုတ်တာ…ယောင်္ကျားလေးဘ၀ မူးနေရင် မလုံခြုံဘူး.. ကိုယ့်ကိုယ်ကို ကာကွယ်ရမယ်လေဗျ…”
“အား…”
လတ် စိတ်တိုတို ဖြင့် နားကို လိမ်ပစ်လိုက်တော့ မျက်လုံးပြူးရင်း အသံကုန် တအားအားအော်တော့သည်..။
“နင် အိပ်တော့လို့ပြောနေတယ်နော်…”
“အမ်း..အိပ်မယ်…မူးနေတာနော်…သူများ တာ၀န် ယူခိုင်းဖို့ လာမပြောနဲ့…ကိုယ့်ပုဆိုးတောင် ကိုယ်နိုင်တာ မဟုတ်ဘူး…ကြည့်သာ ရှောင်ရှားနေ…ဒါပဲ ပြောမယ်…အဟား..”
“အေး…ငါကလည်း…ဒီမှာ ချိတ်တို့ ဓားတို့ တွေ့တယ်နော်..”
‘ဟား..ဟား..ကောင်းတယ်..ကောင်းတယ်….အိပ်ပြီ..”
ခြင်ထောင်ထဲ မရောက်ခင် လဲအိပ်ချပြီး ရယ်နေတော့ လတ် မျက်စောင်းထိုးရင်း ကိုယ့်ခြင်ထောင်ဘက်အခန်းထဲ ၀င်လိုက်သည်..။
ဒီလို ပုံစံနဲ့ တစ်ညလုံး သတိနဲ့ အိပ်ရမှာပါလေ…။
“မလတ်..”
လုပ်ပြန်ပြီ…တစ်မျိုး..လတ် ပြန်မထူးပဲ ကျောပေးခါ စောင်ခြုံပြီး အိပ်နေလိုက်သည်..။
“မလတ်ဆို…”
“….”
“မလတ်….ဟေ့…မလတ်…”
“ဘာဖြစ်လို့ အော်နေတာလည်း..”
“ခေါ်နေတယ်လေဗျာ….မလတ် က ဘာလို့ မကြားတာလည်း…နားဖာချေး ပိတ်နေလို့လား..”
“ဟင်း…ငါ စိတ်တိုနေပြီနော်…သတိုးမင်းနောင်..သူများတွေ အားနာဖို့ကောင်းတယ် နင် ပါးစပ်ပိတ်ပြီး အိပ်တော့…”
“သတိုးမင်းနောင်…..မဟုတ်ဘူးလေ….ကျွန်မလင် မောင်ဘုရင်လို့ခေါ်ပါ…မလတ်ရဲ့…ဟင်း…အိပ်လို့မှ မရတာ..တစ်ခုလိုနေတယ်…မလတ် ရက်စက်တယ်…မလတ် ရက်စက်ပေမဲ့…မုတ် က ကောင်းတယ်…မလတ်ကြောင့် ငိုရသမျှ ဒီနတ်ဆေး ကြောင့် ပြန်ပျော်ရတယ်..”
“အေး…နင်ပြောတဲ့ ဟာကိုသာ ဖက်အိပ်လေ..”
“ဟာ..အဲဒါ ဆေးခြောက်လေ….အခုတော့ မအိပ်ခင် တစ်ခုလိုနေပြီ ထင်တယ်…ပေးမလားဟင်..”
“….”
“မလတ်ပေးဆို…”
“ကျစ်…မအော်နဲ့ဆို… ပြော…ဘာလည်း…”
“ဂွဒ်နိုက် အနမ်းလေး..”
“ဟင်..”
လတ် အိပ်နေရင်းက ယောင်ယမ်းထထိုင်မိပြီး မျက်လုံးပြူးနေမိသည်..။
ဘာတွေပြောနေတာလည်း…သူမူးပြီး ပြောနေတာလား..တကယ်တောင်းဆိုနေတာလား..။
“မလတ်….ဟင်….ရမလား…တကယ့် …လုံး၀ အဆင့်မတက်ဘူး..”
“နင့်မျက်လုံးမှာ ငါ့ကို မိန်းကလေးတစ်ယောက်လို့ မြင်သေးရဲ့လား ဟင်..နင် မပြောရဲတဲ့ စကားလုံးရှိသေးလား သတိုးမင်းနောင်…နင်တော်တော် ရဲတင်းနေတာပဲ ….နင့်ပါးကို ငါရိုက်ရင် အဆိုးမဆိုနဲ့နော်…”
“အဟား..ဟား…မကြီးကျယ်စမ်းပါနဲ့… ဒေါ်မြူနှင်းလတ်ရဲ့…ခင်ဗျားလို အဘွားအို ဖက်စကားကြီး မဟုတ်ဘူး..နောင်ဆိုတဲ့ကောင်ကလေ….လှလှပပ စော်လန်းလန်းလေးတွေလေ… ဘယ်..ညာ..ဘယ်…ညာ…. နှုတ်ခမ်းလှလှလေးတွေကို ချိုချိုမြိန်မြိန် လား…ကြမ်းကြမ်းရမ်းရမ်းလား… သတိုးမင်းနောင်ဆိုရင် ဒစ်စကောင့်ပါ ချပေးတယ်..သိရဲ့လား..အဟား…”
လူကိုများ အဘွားအို ဖက်စတားကြီးတဲ့လေ…သူလုပ်ထားသမျှ မကောင်းတာတွေ လာဖွင့်ချနေတာ ပိုသိတော့ ပိုအမြင်ကပ်ရတာပေါ့.. မင်းနောင်ရယ်..မနက်ကျရင်တော့ နင် ကောင်းကောင်း နောင်တ ရစေရမယ်…သိလား..။
လတ် စိတ်ထဲ က တွေးပြီး မှတ်ထားလိုက်ရင်း နှုတ်ခမ်းကိုက်ထားမိသည်။
ပတ်ဝန်းကျင် ဆိုတာ ခြံကျော် တိုက်ပေါ် မဟုတ် ဝါးထရံလေး တစ်ချပ်သာ ခြားသည့် တန်းလျားမှာ သူ သောင်းကျန်းချင်တိုင်း သောင်းကျန်း နေတာလေ…။
“လာမချုပ် နဲ့…ဟာ…ဟ…ရူးတောင်သွားဦးမယ်…..လူကို ကြိုက်တယ်ဆို..မူးနေတုန်း…အပိုင်သိမ်းမယ် မကြံနဲ့….လိုချင်ရင် မာမီ့ဆီမှာ မိသားဖသားပီပီ လိုက်တောင်း…ကျောရရုံ ကြံပြီး အသားကို လာထိလို့ကတော့ ပါးမှာ အနမ်းရာတွေ ပြန်တံဆိပ်ကပ်ပေးဖို့ ဒီကောင့်တာ၀န်ပဲ…”
“နောင်..မောင်လေး…”
“အပြောချိုချိုတွေနဲ့ တံပိုးတင်ဖို့ မကြိုးစားစမ်းပါနဲ့…ဒီကောင်က နွားမဟုတ်ဘူး…ဒေါ်ဖက်စတားရဲ့…”
လတ် နှုတ်ခမ်းကိုက်ပြီး ထထိုက်လိုက်ခါ ခြင်ထောင် အလယ်က အကာကို ဖယ်ကြည့်လိုက်တော့ ကိုယ်အပေါ်ပိုင်းက ခြင်ထောင်အပြင်ရောက်နေပြီး..အော်ချင်ရာ အော်နေသည်..။
“အေး..ဟုတ်ပြီ…အိပ်တော့…”
“လူကို ကြည့်ထား ဂျိုမပါဘူး…နော်..ပါလား…မပါဘူး…”
သူ့ခေါင်းကို သူပြန်စမ်းကြည့်ပြီး ခပ်လေးလေး ခပ်တွေးတွေး ပြောတော့ လတ် စိတ်ဆိုးနေသည့် ကြားထဲက နှုတ်ခမ်းဖိ ရယ်မိပြန်သည်…။
လတ် တကယ် စိတ်ဆိုးလို့ မရအောင်ကို ဒင်းက တစ်မျိုး ဆိုးနေတာပါပဲလားနော်…။
“အိပ်တော့နော်…ညနက်နေပြီ…”
“မလတ်…အိပ်ပါ…နောင့်တာ၀န် အရစောင့်ပေးမယ်..”
“မစောင့်ပါနဲ့ ညနက်နေပြီ အိပ်တော့နော်..မနက်ကျရင် ခေါင်းတွေကိုက်လိမ့်မယ်..”
“အမ်း….တစ်ချို့က အဝေးချစ်သူလေးတွေ ပြန်လည်ကာလေ ပူဆွေးနေ…ဒီလိုပါပဲ🎼 အချစ်နဲ့ မကင်းချေ…ငယ်ကျွမ်းဆွေ လွမ်းနေ.🎼….ဒါပေမဲ့ သားတစ်ယောက်ပါ အဖေ…အဖေ တစ်ယောက် သားနှစ်ယောက် ယူဖို့လေ….မှန်းဆလို့ တွက်ချက် ခါ ပျော်ရတဲ့ အဖြစ်ကလေးတွေ…ဒက်ဒီရေ မပူနဲ့တော့လေ..ရှိခိုးဦးချ ဂုဏ်ပြုလျက် ပါလေ…”
အမလေး…အဖေ တစ်ယောက်ဆို သားက နှစ်ယောက်.ယူမယ်တဲ့…သူ့နဲ့ကျ မှ နာမည်ကျော် အမေတစ်ခု သားတစ်ခု ဆိုတဲ့ သီချင်းလေး ပျက်စီးပါပြီ…သူ့အဖေက ဆယ်ယောက်လောက်ယူထားတော့…အင်း… ဒီလောက်ရှုပ်တဲ့ ကောင်စုတ်လေး တကယ် ကို ပွေမဲ့ ရုပ်…။
“နောင်ရေ…”
“ဒက်ဒီ တစ်ယောက် သားနှစ်ယောက် ယူမယ်လေ…”
“ဟဲ့..အိပ်တော့ဟယ်…ငါရှက်လိုက်တာ…”
“မလတ်…ဗိုက်ဆာတယ်…မုတ်သောက်ပြီးရင် ဒီလိုပဲ အဲဒါကြောင့် ပိုက်ဆံမရှိရင် မသောက်ရဘူး ပြောတာ..ဟိုကောင်တွေက အတင်း…အဟား..မလတ် သောက်ကြည့်လိုက် ေ×ာက်ရမ်းလန်းတာ..”
“နောင်…ခွေးတွေ အူနေတာနော်…မဖဲဝါ ခေါင်းထမ်းလာတာ ဖတ်ဖူးတယ်မလား…ဒီမှာက အရင်တုန်းက သင်္ချိုင်းဆိုတော့…”
“ဟင်…”
“အူနေပြီ ကြားလား..”
“အမ်း..”
ငုတ်တုတ်ထထိုင်ပြီး မျက်လုံးပြူးရင်း ခြင်ထောင်ထဲ ဘယ်လို ရောက်လာမှန်းတောင် မသိလိုက်…။
ဒီလိုမှန်းသိရင် စောစောကတည်းက ခြောက်လိုက်တာပေါ့..
ခွေးအူသံ ကြောက်တဲ့သူက လတ် အလုပ်သွားနေချိန် ဒေါ်လေးပုတို့ ပြောပြတဲ့ သင်္ချိုင်းဟောင်းကြောင့် ညပိုင်းဆို ဘယ်လို အရေးကိစ္စ နဲ့မှ အပြင်မထွက်တော့ပါ…။
ဟူး… အခုတော့ ဒင်း ဆူညံနေတာ ရှက်ဖို့ ကောင်းလိုက်တာ …
မနက်ကျရင် ဒေါ်လေးပုတို့ကို ဘယ်လို တောင်းပန်ရမှန်းတောင် မတွေးတက်တော့ပါဘူး..။
ဒါတောင် အလယ်မှာ အကာခြားနေတဲ့ ကြားကနေ မလတ် ရက်စက်တယ်လို့ ခပ်တိုးတိုးရေရွတ် နေသေးသည်..။
ဘာများရက်စက်မိလို့လည်း တွေးရင်း သက်ပြင်းမောသာ အဖြေရခဲ့သည်။ နောက်မကျခင် အိပ်ပျော်ဖို့ ကြိုးစားရတော့မည် ..။1.1.2019 (7:35 AM)
*✭˚・゚✧*・゚*✭˚・゚✧*
စာဖတ်ပြီး စိတ်ရှုပ်သွားရင် ဆောရီးပါ 🙏
အားလုံး
နှစ်သစ်မှာ ကိ်ုယ်ရောစိတ်ပါ ပျော်ရွှင် ကျန်းမာ ချမ်းသာ ပါစေ။
.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖Love u all ❤
࿇Sקicค࿇
#စပိုက်ကာGroup မှာ
share ပေးတဲ့
ကိုယ့်အသည်း တွေ
ကျေးဇူးအထူးထူးပါနော် ❤
YOU ARE READING
စွဲနေပြီ
Romance"နင် အဆင်ပြေတယ်မလား ဟား..ဟား..ပြေမှာပါ ငါသိတယ်..ကိုယ်ရံတော် ခပ်မိုက်မိုက် နဲ့ တူတူ နေတော့ လုံခြုံတာပေါ့.." "တွေးတက်လိုက်တာ...တူတူနေတဲ့သူက ဘယ်လောက် တော်တော်... ကိုယ် မနှစ်မြို့တဲ့ ဗီဇ အကျင့်တွေ သူ့မှာ ရှိနေရင် မိန်းကလေး ဖြစ်တဲ့ ငါ ဘယ်လောက် အနေရခက်မလ...