စွဲနေပြီ
အပိုင်း (၂၅)
#စွဲနေပြီ“လာ ပီဇာ..”
“အိမ်ထဲတော့ မခေါ်ပါနဲ့…ငါ သေလိမ့်မယ်..”
လတ် တောင်းပန်လိုက်တော့မှ ခေါင်းညိတ်ပြီး အိမ်ရှေ့က ပန်းပင်တွေ အနားမှာ ရှိတဲ့ ခွေးအိမ် အဖြူရောင်လေး ဆီ ဆွဲခေါ်သွားသည်..။
တော်ပါသေးရဲ့…ဒီစကားတစ်ခုကို လွယ်လွယ်နားထောင်ပေးလို့လေ…။
ပထမအခေါက်လာနေတုန်းက သူများ မျက်နှာရိပ်ကြည့်ပြီး နေစားရတာမို့ ပတ်၀န်းကျင်နဲ့ အိမ်အပြင်အဆင်ကို စိတ်မ၀င်စားခဲ့ပါ..။
သူကလည်း ကိုယ့်အိမ်ပေါ်တက်ပြီး သူငယ်ချင်းမိန်းမက အော်ငေါက်တာကို သည်းခံနိုင်တာ အံသြစရာ…။
သူငယ်ချင်း အတွက် အနစ်နာခံ ချင်တဲ့ စိတ်ကလည်း ပြင်းထန်လွန်းပါသည်။
လတ်မှာတော့ သူများအိမ်ကပ်နေရတဲ့ ဘဝတူ အဖြစ်မို့ သူ့ဘက်ကတောင် မခံနိုင်ဖြစ်ခဲ့ရသည်။
တစ်လကျော် နှစ်လနီးပါး နေသွားပေမဲ့ နိုင်ထူး အတွက် ပူရတာ တစ်မျိုး အိမ်ရှင် က မကြည်ဖြူတာကြောင့် အနေကုပ်ကုပ် နဲ့ အခန်းထဲမှာ ချည်း နေခဲ့ရသည်..။
ခြံထဲမှာ ပန်းပင်တွေ ရှိတာနဲ့ ခွေးအိမ်လေး ရှိတာ သတိတောင် မထားမိခဲ့ပါဘူး..။
ပန်းခြံလေး တစ်ဖက်မှာ ရပ်ထားတဲ့ ကား အဖြူကတော့ လတ် ကို ဆွဲထည့်ခဲ့တဲ့ ကား မှန်း ကြည့်တာနဲ့ တန်းသိသည်..။
“ပေး..လေးနေပြီလား..”
“အခုမှ..”
“ဟာ…နောင်လည်း သယ်ပေးတယ်လေ…ဒီမှာ..”
လက်ထဲက ခြင်ထောင်နဲ့ အိုးကို မြှောက်ပြတော့ လတ် မျက်စောင်းဝဲလိုက်ပြီး ဆိုဖာတွေ အနားမှာ အိတ်ကို ပစ်ချလိုက်ရသည်..။
“ဟို…ငါ မီးဖိုခန်းမှာပဲ…နေလိုက်မယ်…”
“မလတ်…”
အနားလေးမှာ ရှိရဲ့နဲ့ ခပ်စပ်စပ် အော်လိုက်တော့ လတ် မျက်လုံးပြူးသွားရသည်။
“မကြည့်နဲ့…မှားနေတာ ဘယ်သူလည်း …မလတ်က နောင့်မိန်းမ လို့ ဘယ်နှစ်ခါ ပြောရမလည်း…ကိုယ့်ဟာကိုယ် သဘောမပေါက်ရင် နောက်တစ်ခါ ဆို လက်တွေ့ ပုံဖော်ပြမယ်”
“ဟင်…”
“နောင့်အိမ်က မလတ်အိမ်ပဲ…ဘာဖြစ်လို့ တွန့်ဆုတ်နေတာလည်း…လင်မယားတွေပါဗျာ”
“ဟို…အိမ်သစ်ဆိုတော့… တစ်မျိုးဖြစ်နေသေးလို့ပါ ဟယ်…”
လတ်မှာ သူ့စကားကြောင့် အလန့်တကြားဖြစ်ပြီး ဘာမှ မထူးဆန်းသလို ဟန်ဆောင်လိုက်ရသည်။
အခုတော့ အိမ်ကြီး တစ်ခုလုံးမှာ သူရယ် လတ်ရယ် နှစ်ယောက်တည်းမို့ အရင်လို ရင်ခုန်ရတိုင်း အခန်းပြင် ထွက်ရုံနဲ့ ပြီးဆုံးပါ့မလား။
“မလတ် နားလေ…ထမင်းစားတော့မလား..”
“နေပါဦး…ပူအိုက်စပ်နေတာပဲ…ခဏနေ ရေချိုးလိုက်မှ ကောင်းမယ်..”
“အိုကေ…ပြီးရင် စားတာပေါ့..”
ထမင်းထုပ်တွေ ယူပြီး မီးဖိုခန်း ထဲ ၀င်သွားတော့ လတ် ဆိုဖာခုံအဖျားလေး မှာ ချိတ်ထိုင်လိုက်ပြီး အိမ်ကို ရောက်ခါစတုန်းက အတိုင်း တစ်ပတ်လည် ကြည့်မိသည်..။
ဟူး…ပူလိုက်တာ..
ဘေးပတ်လည်မှာ ပြတင်းပေါက် အသေးလေးတွေ ရှိပေမဲ့ ပိတ်ထားလို့ အိုက်စပ်စပ်ကြီး ဖြစ်နေသည်..။
ပြတင်းပေါက်နဲ့ လိုက်ကာ အားလုံး အဖြူရောင် တွေမို့လို့ နိုင်ထူး ပြောတဲ့ အဖြူမင်းသားဆိုတာ ကို သတိရမိသည်..။
ပြတင်းပေါက်တံခါးတွေ ဖွင့်ပြီး လိုက်ကာတွေ ချိတ်လိုက်တော့ ရှေ့မျက်နှာစာ မြင်ကွင်းမှာ ပန်းရောင်စုံဖြင့် လှပနေသည်..။
“မလတ် ရေချိုးဖို့လေ..”
“ဟင်..အင်း…”
“အပေါ်မှာပဲ ချိုးလိုက်…”
“အမ်း…”
လတ် ခေါင်းညိတ်ပြီး အ၀တ်အိတ် ယူဖို့ လုပ်တော့ သူက ယူပြီး လှေကားတွေကို ပြေးတက်သွားပြီ..။
အခုမှ …သူရဲကောင်း လုပ်နေတာ…လတ်မှာ တစ်လမ်းလုံးဆွဲလာရတာ လက်တွေတောင် ထုံကျဉ်နေပြီ…။
အရင်နေခဲ့ဖူးတဲ့ အခန်းထဲရောက်တော့မှ သက်ပြင်းချရင်း ရေချိုးပြီး ၀တ်ဖို့ အ၀တ်အစားတွေ ထုတ်လိုက်သည်..။
အိတ်ချပြီး ဘယ်ပြန်ရောက်သွားပါလိမ့်…။
အပေါ်မှာ အခန်းနှစ်ခု ရှိတော့ သူ ဟိုဘက် အခန်းမှာ နေမယ် ထင်တယ်…ကောင်းတာပေါ့…မိလတ်တို့ ခုမှ လွတ်လွတ်လပ်လပ်နေရတော့မည်…။
ရေချိုးခန်းမှာ အ၀တ်စင်လေး ရှိတော့ ထဘီ အကျီ င်္တွေ တင်လိုက်ရင်း ခေါင်းလျှော်ရည် ထုတ်လေး တွေ့တော့ ခေါင်းလျှော်ဖို့ပါ စဉ်းစားမိသည်..။
အဆင့်သင် ရှိနေတဲ့ ဘီးနဲ့ ဆံပင်ဖြီးနေရင်း ရေချိုးဖို့ ရေအမြဲခပ်ပေးတက်တဲ့ သူ့ အကျင့်လေးကို သတိရမိပြန်ပြီ..။
“အိုး..”
လတ် ရေချိုးခန်း တံခါးဖွင့်ပြီး ၀င်လာတဲ့ သူ့ကြောင့် မျက်လုံးပြူးရင်း ဘီးကိုင်ထားတဲ့ လက်ဖြင့် ရင်ဘတ်ကို ကွယ်လိုက်ရသည်..။
“ဘယ်လိုဖြစ်တာလည်း…”
သူကပဲ မျက်မှောင်ကြုတ် မေးပြီး ရေချိုးခန်း တစ်ဖက်က ရေပန်းအောက်မှာ သွားရပ်နေသည်..။
“နောင်…နင်…ဒါဘာလုပ်တာလည်း..”
“ရေချိုးမလို့လေ…”
“ဟင်…ဒီမှာ ငါချိုးနေတယ်လေ…နင် တစ်ခြား အခန်းသွား..”
“သော့ပျောက်နေလို့…ဘယ်မှာမှ ရှာတာ မတွေ့ဘူး..လူကို မူးနှောက်နေပြီ…”
မျက်ခုံးကို လက်ညိုးနဲ့ ထောက်ပြီး အဲဒီလို ဟန်ပါပါ ပြောနေကတည်းက ကလိမ်ကကျစ်မှန်း သိသာသည်..။
လတ် လက်ထဲက ဘီးကို ချပြီး အ၀တ်တွေကို ပြန်ပိုက်ခါ
“နင် ချိုးပြီးမှ ချိုးမယ်..”
“အမယ်….အထူးအဆန်းလုပ်လို့….ရေတွင်းမှာကျတော့ တူတူ ချိုးနေတာပဲ..”
“မတူဘူးလေ….အဲဒါက လူတကာ ရှေ့မှာ မလွဲသာလို့ ချိုးရတာလေ…”
“လူတကာကို ပြပြီး…. အခုမှ ဟိုကွယ်ဒီကွယ် ဘာထူးလာမှာလည်း..”
“အိုး…နောင်..ကျစ်..တော်ပြီ…”
“သွားပေါ့…မရိုးသားတဲ့ သူက ပြေးရမှာပဲ…စိတ်ထဲဘာတွေနေလည်း ကိုယ်ပဲ သိမှာပေါ့…သတိုးမင်းနောင်တို့က ရေလာချိုးတာ…ပြီးရင် အ၀တ်အစားလဲမယ် ထမင်းစားမယ်…ဒါပဲ တွေးထားတယ်…တစ်ချို့ကတော့……”
“နင့်လို မဟုတ်ဘူးသိလား..”
“မသိဘူးလေ…မလတ် စိတ်ကို မမြင်ရဘူး..”
လတ် အနားတိုးလာပြီး ဘေးက မှန်ထဲမှာ သူ့မျက်နှာကို သူကြည့်နေရင်း နှုတ်ခမ်းမဲ့သည်..။
ဟူး..နေရခက်တဲ့ အတူတူ ပြောချင်တာတွေ ပြောပါစေတော့…။
လတ် အပြင်ပြန်ထွက်ဖို့ ပြင်နေချိန်
“ရေမဖွင့်တက်လို့လား…လာ…”
“အို…”
ရေပန်းအောက် အထိ ဆွဲခေါ် သွားပြီး ရေဖွင့်ချလိ်ုက်တော့ လတ် လန့်ဖြတ် သွားရသည်..။
ရေအားနဲ့ ဖြိုဆင်းလာတဲ့ ဆံပင်တွေက မျက်နှာ ကို အုပ်ကွယ်သွားတော့ အသက်ရှုဖို့နဲ့ ဆံပင်ဖယ် ဖို့ အရေး ဗျာများနေချိန်…
“မလတ်…”
“ချစ်တယ်…”
အို….နှုတ်ခမ်းက ရေစက်တွေရဲ့ အေးစက်မှုနဲ့ ဆန့်ကျင်ဘက်အဖြစ် ပူနွေးသွားပြီး ရင်တွေလည်း အတိုင်းအဆ မဲ့ လှုပ်ခုန်နေပြီ..။
ခေါင်းပေါ်အဆက်မပြတ် ကျနေတဲ့ ရေစက်တွေ အောက်မှာနေရင်း တစ်ကိုယ်လုံး ပူနွေးလာသလိုလို…..။
အဖြစ်အပျက်တွေကို မယုံကြည်နိုင်သေးခင် သူ့ နှုတ်ခမ်းက ဘာလို့များ ဒီလောက် နူးညံ့နေတာလည်း တွေးမိသေးသည်..။
နှုတ်ခမ်းအထိအတွေ့ကို ပြန်သတိရတော့မှ လတ် ရုတ်တရက် သတိ၀င်ခါ ဆတ်ခနဲ့ ဖြစ်ပြီး အုပ်မိုးနေတဲ့ သူ့ရင်ဘတ်ကို တွန်းမိသည်..။
“ဟ..နမ်းမိသွားတာလား…ဆောရီး.. မသိလိုက်ဘူး…”
လူကို အတင်းနမ်းပြီး မသိသလို ဟန်ဆောင်နေတာ တကယ့်ကလိမ်ကကျစ်…။
လတ် ခပ်စူးစူး မော့ကြည့်လိုက်တော့ သူ့မျက်၀န်းတွေက ပြုံးရိပ်သမ်းနေပြီး နှုတ်ခမ်း တစ်စုံကလည်း တွန့်ကွေးခါ ပြုံးတော့မလိုလို…။
အို….။
ရှေ့မှာ ကာဆီးနေသည့် သူ့ကိုယ်ကြီးကို တွန်းပစ်ခါ တံခါး ဖွင့်ပြီး ရေစက်စက်ဖြင့် ပြေးထွက်လာမိသည်..။
ပြန်တွေးရင် ရင်ခုန်သလို မတွေးပဲ နေဖို့ကျတော့လည်း အာရုံ ထဲ စွဲထင်နေတာ ဘယ်လို ခံစားမှုပါလိမ့်..။
လတ် အ၀တ်အသစ်တွေ ထုတ်ပြီး အောက်ထပ် မီးဖိုခန်းက ရေချိုးခန်းထဲ ၀င်ခါ ရေဆက်ချိုးရသည်..။
ရေစက်တွေနဲ့ နှုတ်ခမ်း လာရိုက်ခတ် ချိန် ရေမှုံရေမွှားလေးတွေက သူ့နှုတ်ခမ်းလောက်တောင် နူးညံ့မှု မရှိပါလားလို့ ရှက်ရှက်ဖြင့်ပင် တွေးမိသေးသည်..။
လတ် အ၀တ်အစားလဲ ပြီး ခေါင်းကို ရေသုတ်၀တ် ဖြင့် ပတ်ရင်း ထွက်လာတော့ သူက ရှေ့မှာ အခန့်သား..။
အပေါ်ပိုင်း ဗလာကျင်းပြီး အရင်လို ပုဆိုးကြမ်း တိုတိုနဲ့ မဟုတ်တော့ပဲ…ဂျင်းအပွ ဒူးကျဘောင်းဘီ ဖြင့် ထမင်း နဲ့ ဟင်းတွေကို ပန်းကန်ထဲ ထည့်နေသည်..။
ဟင်း..အနေအထိုင်ကလည်း ပြောစရာ..။
အတူတူ နေတဲ့ တစ်လျှောက် ရေခပ်ရတိုင်း အကျီ င်္ ကိုယ်မှာ မကပ်နိုင်တဲ့ သူ့ကို ဘယ်လို မှ စိတ်ထဲ မထားပေမဲ့ အခုတော့နေရခက်နေပြီ…။
“မလတ်…ပြီးပြီလား..”
“ဟင်..”
သူက ပုံမှန်အတိုင်း စကားလှမ်းပြောပေမဲ့ လတ်မှာ မျက်လုံးပြူး ၍ ရင်ခုန်နှုန်းတွေ မြန်ကုန်သည်။
“ထမင်းစားမယ်လေ…”
“နင်…နင်….အဟမ်း…နင်စားလိုက်…ငါ…ခေါင်းရေသုတ်ရဦးမယ်…”
“ဒါများ..လာ…”
လက်ဆွဲပြီး ထမင်းစားပွဲက ထိုင်ခုံ မှာ ထိုင်ခိုင်းတော့ လတ် ပေရပ်နေတာကို ပခုံးဖိချလို့ ထိုင်လိုက်ရသည်..။
လတ် နောက်ကျောဘက်ကို ရောက်သွားပြီး ခေါင်းမှာ ပတ်ထားတဲ့ တာဝါ ကို ဖြုတ်ခါ ဆံပင်တွေကို ဖြည်းဖြည်းချင်း သုတ်ပေးနေသည်..။
ဒါက ဘာဖြစ်ပြန်တာလည်း မသိဘူး… ဒီလောက် နီးကပ်နေတာ ဘာတွေ လုပ်ဦးမလို့ပါလိမ့်…
“မလတ်…ဆံပင်ညှပ်သေးလား..”
“ဟမ်..”
“ဆံပင်ညှပ်သေးလားလို့..”
“အား…”
ကိုယ့်အတွေးကို မလုံမလဲဖြင့် လန့်ပြီး ဟမ် လို့ ယောင်ထူးလိုက်တာကို နောက်တစ်ကြိမ် နား အနားမှာ ကပ်ပြီး အော်ပြောတော့ နားအူသွားသည်..။
“မကြားဘူး မှတ်လ်ို့ပါ..”
“ကြားတယ်..မဖြေချင်လို့..”
“ဟောဗျာ…ဒါက ဘာဖြစ်ရပြန်တာလည်း..”
“တော်ပြီ…ငါ့ဟာ့ငါပဲ သုတ်တော့မယ်..”
လတ် ခေါင်းပေါ်က တာဝါကို ဆွဲယူပြီး ပြောလိုက်တော့ သူက ပြန်ဆွဲထားရင်း လက်ကိုလည်း ပုတ်ချသည်..။
“အင်…အင်…”
အားသုံးပြီး တအားဆွဲတော့ လက်ခုံပေါ်ကို တဖျတ်ဖျတ်ဖြင့် ရိုက်ချက်တွေပါရောက်လာချိန် လတ် မျက်လုံးပြူးဖြင့် မော့ကြည့်ရ၏..။
“ဆောရီး…ဥုံဖွ…ဥုံဖွ…စကားနားမထောင်ပဲ တအားလုနေလို့ ရိုက်မိတာပါ…”
“ငါ က နင့်ထက် ကြီးတဲ့သူနော်…ငရဲကြီးလိမ့်မယ်သိလား..”
“ငရဲကို မကြောက်ပါဘူး…မလတ် စိတ်ဆိုးမှာကိုပဲ ကြောက်တာ..”
“ပေးတော့..”
“နေပါဦး…နည်းနည်း စိုနေသေးတယ်…”
မျက်စောင်းထိုးပြီး အရှေ့ပြန်လှည့်သွားတဲ့ မလတ် ကြောင့် နောင့် နှုတ်ခမ်းတစ်စုံမှာ သွားတွေ ပေါ်သည် အထိ ပြုံးလိုက်သည်..။
နှုတ်ခမ်းသားတွေ ခြောက်သွေ့နေတဲ့ မလတ်ရဲ့ နှုတ်ခမ်းက နောင့်ကို ရင်ခုန်နှုန်းတွေ မြန်စေပြီး စွဲလမ်းတပ်မက် စေသည်..။
မလတ် ကို ချစ်တာ မုတ်ကို ချစ်တာထက် ပိုပါသည်..။
မလတ် ကို စွဲလမ်းတာ ဘီအိုဘီ ထက် ပိုနေပြီ..။
လူရိုးလေး ရဲ့ မှန်သော စကားကြောင့် မလတ် ဆိုသည့် အပျိုကြီး မကြာမှီ နောင့်ရင်ခွင်သို့ သက်ဆင်းပါစေသား…။
“ဟတ်ချုး..”
“အု..”
မလတ် က ခေါင်းစောင်း ၍ နှာချေလိုက်ချိန် ခေါင်းက နောင့် ရင်ဘတ်ကို ဆောင့်ပြီး အောင့်တက်သွားရသည်..။
ဟူး..တော်တော် အကျိုးပေးတဲ့ သစ္စာစကား…။
ဒီလို ပုံစံ ရင်ခွင်ကို တိုးတာတော့ မလိုချင်တော့ဘူး…ကျစ်…။
“ရပြီ…အင့်..”
“ဟဲ့..”
ခေါင်းက ဆံပင်တွေကို ဖိသုတ်ပြီး တာဝါ နဲ့ မျက်နှာ ကို ပတ်ခါ မီးဖိုခန်းထဲက ထွက်သွားတော့ လတ် အော်ရင်း ကျန်ခဲ့ရသည်..။
“မိန်းမရေ…ထမင်းစားမယ်..”
နောင် အကျီ င်္ကပျာကယာ ၀တ် ပြီး ပြန်ဆင်းလာတော့ မလတ်က စူပုတ်ပုတ်ဖြင့် ထိုင်နေရင်း ခေါင်းက ဆံပင်တွေ ဖွာနေတာကလည်း ရယ်ချင်စရာ…။
“ချစ်လို့စတာကို စိတ်ဆိုးစရာလား..”
မလတ် ထိုင်နေတဲ့ ခုံ အနားရောက်တော့ ခေါင်းက ဆံပင်ကို ထပ်ဖွပစ်ခဲ့ပြီး မျက်နှာချင်းဆိုင် ခုံမှာ ၀င်ထိုင်လိုက်သည်..။
“ကဲ…စားမယ်…ကိုအောင်ဦးကို လွမ်းလိုက်တာ…ကျန်းမာပါစေ…ချမ်းသာပါစေဗျာ…”
ဇွန်း ခရင်း ကောက်ကိုင်ပြီး ထမင်း ပန်းကန်ကို ရှေ့ဆွဲယူလိုက်တဲ့ သူ့ကို အကြောင်သား ငေးကြည့်နေမိသည်..။
စပို့ရှပ် အဖြူသန့်သန့် ပေါ်မှာ နက်ပြာရင့် အစင်းလေးတွေ ပါတဲ့ အကျီ င်္က သူနဲ့ လိုက်ဖက်လွန်းပြီး
ဆံပင်ရေစိုစို ကို နောက်လှန်ဖြီးထားတော့ တစ်မျိုး ဖြစ်နေသည်..။
လက်မှာလည်း နာရီတွေ လက်စွပ်တွေ နဲ့ မို့ လတ် သိတဲ့ နောင် ဆိုတဲ့ အပေအတေလေး ရုတ်တရက် ပျောက်သွားသလိုပင်…။
“ကြည့်ပါ…ကြည့်ပါ…ကြည့်ပြီးရင်တော့ ကြွေတယ်လို့ ၀န်ခံပါ…”
သူ့ စကားကြောင့် လတ် မလုံမလဲဖြင့် ခေါင်းငုံ့ခါ ထမင်းပန်းကန် ကို ဆွဲယူလိုက်မိသည်..။
လက်ညိုးမှာ ၀တ် ထားတဲ့ လက်စွပ်ကတော့ သေချာ မကြည့်လည်း မြင်နေရသည်..။
ငွေရောင် အောက်ခံကွင်း အပြားပေါ်မှာ ကျောက်အနက်တင်ထားပြီး ကျောက်အနက် ပေါ်မှာ N စာလုံးကို ကျောက် အဖြူဖြင့် ထိုးထားသည်..။
ဒီ လက်စွပ်ကို သေချာ မြင်ဖူးတာပါ….အရွယ် အစား ပုံစံ မတူပေမဲ့ တစ်နေရာမှာ တရင်း တနှီး တွေ့ဖူးသည်..။
ရွှေရောင် လက်စွပ်လေး ပေါ်မှာ N စာလုံး ပုံစံကလည်း ဒီအတိုင်းပါပဲ…။
ဦး၀င်းနိုင် ရန်ဖြစ်ပြီး ပြန်လာတဲ့ ညက တံခါးချိုးဖွင့်ခဲ့တဲ့ နေရာမှာ တွေ့တာလေ…။
အ၀တ်တန်း အောက်မှာတွေ့လို့ လတ် ကောက်ပြီး အချိန်တော်တော်ကြာတဲ့ အထိသိမ်းထားပေမဲ့ နိုင်ထူး ဆေးငတ်ပြီး ရောင်းလိုက်ပြီ….။
“ဟွင့်..”
နောင့်ပန်းကန်ကို အကြောင်သား ငေးကြည့်နေတဲ့ မလတ်ရဲ့ ပါးကို ပုတ်လိုက်တော့ မှ အကြည့်လွဲပြီး ထမင်းပန်းကန်ကို ပြန်ကြည့်သည်..။
ဘာတွေ တွေးပြီး ကြံနေပြန်ပြီလည်း…။
ထမင်းကို စိတ်မပါသလို ဇွန်းဖြင့် ခပ်စားရင်း ထမင်းဝါးတာကလည်း အေးတိအေးစက်မို့ နောင် စိတ်ပူမိသည်..။
နှုတ်ခမ်းတွေကို ကျူးလွန်မိလို့ စိတ်များ ဆိုးသွားတာလား…။
“မလတ်.”
“ဟင်..”
“နေကောင်းရဲ့လား.. စားမကောင်းလို့လား…”
“ကောင်းပါတယ်…”
“ကောင်းရင် စားလေ..မလတ်ကြည့်ရတာလည်း ထမင်းစားရင်း ငိုက်နေသလိုပဲ..”
“နင့်မှာ အဲလို လက်စွပ် ဘယ်နှစ်ခု ရှိလည်း..”
“တစ်ခုပါပဲ..မာမီ က သူ့သားတွေကို နာမည်ထွင်းပြီး တစ်ကွင်းစီလုပ်ပေးထားတာလေ…ဘာဖြစ်လို့လည်း..”
လတ် ခေါင်းရမ်းလိုက်ပြီး မြင်ယောင်နေတဲ့ ရွှေလက်စွပ်လေးကို အတွေးထဲက ကြိုးစားထုတ်ရသည်..။
ဒီအချိန်မှာ ငါ လက်စွပ် တစ်ကွင်းကောက်ရဖူးတယ်…နင့်ဟာလား မသိဘူးလို့ပြောလိုက်ရင်…။
ဟုတ်မယ်ထင်တယ်…ဘယ်မှာလည်းလို့ မေးလာရင်ကော…။
ကိုယ့်ဆီမှာ မရှိတဲ့ လက်စွပ်ကို ဘယ်နေရာက ပြန်ရှာပြီး ပိုင်ရှင်ဆီ ပြန်ပေးရမလည်း..။
“သြော်…တစ်ကွင်း ရှိသေးတယ်..ရွှေရောင်လေး..”
“ဟင်..”
“စူပါမန်း ဖြစ်ခဲ့တဲ့ ညတုန်းက ပျောက်သွားတာ…ဒါက အသစ်…”
သူရဲ့ စကားကို နားမလည်ပေမဲ့ ကောက်ရခဲ့တဲ့ လက်စွပ်ကလေး ကို မြင်ယောင်ရင်း လတ် မှာ ရင်တွေခုန်လာရသည်..။
ဘာဖြစ်လို့ မေးတာလည်း..တွေ့ထားလားဆိုရင် ဘယ်လို ဖြေရမလည်း..။
“မလတ်…”
“ဟင်..”
“ထမင်းစားပြီးရင် အပြင်ဒိုးမယ်..မြန်မြန်စား…”
“အမ်း…”
လတ် ခေါင်းညိတ်လိုက်ပြီး ထမင်းကိုပဲ ဂရုစိုက်စားပြနေရပေမဲ့ မြင်ယောင်နေတာ ရွှေလက်စွပ်ကလေး တစ်ကွင်း..။
ထမင်းစားပြီးတော့ လတ်ကို ကားပေါ်တင်ပြီး ဦးတည်ချက်မဲ့စွာ လျှောက်မောင်းပြန်သည်..။
ကားပေါ်မှာလည်း တစ်ချိန်လုံးလက်ကို ကိုင်ထားပေမဲ့ မနေတက်ဘူးလည်း ပြန်မပြောရဲပါဘူး..။
နောက်မှာ သူ့ဘက်တော်သား ပီဇ ဆိုတဲ့ ကောင်က ပါးစပ်ဟပြီးကို ပါလာတာလေ…။
“နောင်..လက်လွှတ်ဦး..”
“ဘာဖြစ်…”
“ပူလို့..”
“ဒီလောက် အဲကွန်း ဖွင့်ထားတာကိုများ.”
“သြော်..လက်ချင်း ထပ်ထားတာ ပူတာပေါ့…”
“ဆောရီး..ဟိ…ချစ်ဖို့ကောင်းတယ်..”
လတ်ရဲ့ ပါးကို လက်ညိုးထိုးပြီး ရယ်ရင်း ပြောတော့ မျက်စောင်းလေး မသိမသာဝဲပေမဲ့ စိတ်ထဲ ကြည်နူးရသည်….။
ဟုတ်တယ်လေ…ချစ်သူ က ကိုယ့်ကို သည်းသည်းလှုပ်ချစ်နေစေချင်တာ မိန်းကလေး တစ်ယောက်ရဲ့ ဆန္ဒပဲလေ…။
ဘ၀ တစ်လျှောက်လုံး အချစ်မခံရသလို အပြုစုအယုယ အကြင်နာ ဆိုတာ ဘာမှန်းတောင် မသိခဲ့တဲ့ လတ် အဖို့တော့ သူ့ အပြောလေး တစ်ခွန်းတိုင်းက ရင်ခုန် ကြည်နူး စွဲလမ်း စေပါသည်..။
“အတော်ပဲ…ဂျန်းရှင်းမှာ နောင့် သူငယ်ချင်းရှိတယ်…ခဏ၀င်လိုက်မယ်…”
“အင်း ၀င်လေ…”
နောင် ကားပေါ်ကဆင်းလိုက်ချိန် မလတ် က ဆင်းမလာလို့ ကားထဲ ပြန်၀င်ရသည်..။
“မလတ်…လာလေ..”
“မလိုက်တော့ဘူး..ဒီကပဲ စောင့်မယ်…”
“ဘာဖြစ်လို့လည်း..”
“မကောင်းပါဘူး…ငါ က စုတ်တိစုတ်ပဲ့…နင်နဲ့ တွဲသွားရင်…”
“ကျစ်…လာစမ်းပါ..”
လက်ကို ဆွဲပြီး အတင်းခေါ်လို့ လိုက်ရပေမဲ့ လတ် မှာ ရှက်လွန်းလို့ ခေါင်းသာ ငုံ့နေရသည်..
သူ့လို လူမျိုးကို မိန်းကလေး ရွယ်တူ တော်တော် များများက လှမ်းကြည့်ပေမဲ့ လက်ချင်း ဆုပ်ကိုင်ပြီး တွဲလျှောက်နေလို့ အကြည့်တွေ ပြန်လွဲသွားသည်..။
“ဟာ…ဒက္ဒီ..”
“နောင်..”
“ဟိုင်း..ဘေဘီ မာမီ…”
သူ့အဖေဆိုသူ ဘေးမှာ လက်ချိတ်ထားတဲ့ ကောင်မလေးကို သူ့ညီမမှတ်လို့ လတ် ငေးနေရင်း သူ့နှုတ်ဆက်စကားကြောင့် ကြောင်သွားရသည်..။
ဘေဘီ မာမီ ဆိုတာ ဘာပါလိမ့်…။
“သူက..”
“နောင့် မိန်းမ…”
“အိုး..မင်းကို ယူမဲ့ မိန်းမ ရှိတာ တော်သေးတာပေါ့…”
သူ့သားက ဘယ်လောက်တောင် ဆိုးသွမ်းနေလို့ သူမိသားစု ၀င်တိုင်း ဒီလို ပြောနေကြတာလည်း မသိဘူး..။
ဟင်း…လူဆိုး လူပေ လေး ကိုများ ချစ်မိသွားတာလား..။
“မင်း ဘယ်မှာ လုပ်နေလည်း..”
“ကိုပြည့်စုံ ဆီမှာလေ..”
“ကောင်းတယ်…လကုန်ရင် ..မင်းအလုပ်ပြန်၀င်တော့….ဟေ့ ကောင်မလေး..”
“ရှင်..”
“သူက နည်းနည်းဆိုးလို့ များများဆုံးမပေး..…”
“ဟုတ်…ဟုတ်ကဲ့..”
လတ် ကို ကောင်မလေးလို့ ခေါ်ပြီး ပြောခါ ဘေးက လတ် ထက် ငယ်တဲ့ ကောင်မလေးကို ပခုံးဖက်ပြီး ထွက်သွားတဲ့ ခပ်ချောချော သူ့အဖေကို လိုက်ကြည့်ရင်း ပါးစပ် အဟောင်းသား ဖြစ်ကျန်ခဲ့ရသည်..။
စိတ်ထဲက ထင်နေတဲ့ အတွေးကြောင့် ငရဲကြီးမှာ စိုးလို့..
“နောင်…ဘေးက ကောင်မလေး က ချောလိုက်တာ..”
“ဒယ်ဒီရဲ့…ကိုးယောက်မြောက် စမောလေး…လန်းတယ်မလား..လန်းမှာပေါ့…မော်ဒယ် မင်းသမီးပဲလေ…ဒက်ဒီ ခွင့်မပြုလို့ မလုပ်ရတော့တာ…နောင့်ထက် တောင် ငယ်တယ်..”
“ဟင်..”
လတ် မျက်လုံးပြူးနေပေမဲ့ သူက ဟက်ခနဲ့ ရယ်ပြီး လက်ကို ပြန်ကိုင်ခါ လှေကားထဲကို ၀င်သည်..။
“ဘေဘီ မာမီက သဘောကောင်းပါတယ်…ရွယ်တူလို ဖြစ်နေတော့ ရှိန်စရာ မလိုဘူး..”
“နင့် အဖေက မိန်းမတွေ များကြီးယူတော့ နင်တို့ အိမ်ကို ပြန်လာရဲ့လား…ကွဲသွားပြီလား ဟင်..”
“မကွဲပါဘူး…မာမီ က ဒက်ဒီ့ရဲ့ အချစ်ဆုံးပဲ ကွဲသာ သွားရင် ဒက်ဒီ ရူးလိမ့်မယ်..”
“ဒါပေမဲ့….အခုကျတော့…”
“ယောင်္ကျားတွေရဲ့ စိတ်ကို မလတ် နားမလည်ပါဘူး…”
စကားစ ဖြတ်ပြီး လက်တွဲခါ လျှောက်နေတော့ လတ် သက်ပြင်းခိုးလေး ချမိသည်..။
နင်ကော ဒီလို ပဲလား နောင်ရယ်…နင် သာ ဒီလို လုပ်ရင် ငါတော့ တကယ်ရူးလိမ့်မလား မသိဘူး…။
“ဟော…နောင်ကြီး..”
“အေး….”
“ဘယ်သူတုန်း..”
သူ့သူငယ်ချင်း ဖြစ်သူလို့ ထင်ရတဲ့ ကောင်လေး က ကောင်တာကနေ မေးငေါ့မေးတော့ သူက လက်ကို အရင်မြှောက်ပြသည်..။
“ငါ့ မိန်းမ..”
“အိုမိုင်ဂေါ့….မင်းကို ယူမဲ့ မိန်းမ ရှိတယ် ဟုတ်လား…”
ထပ်ပြောပြန်ပြီ ဒီစကားပါပဲလား…
လတ် လို ပေစုပ်စုပ် အသက်ကြီးကြီး ခပ်၀၀ မိန်းမ တစ်ယောက် နဲ့ တွဲလျှောက်လာတဲ့ သူ့သူငယ်ချင်း ဖြူဖြူနုနုလေးကို မနှမျောတဲ့ အပြင်ကို ပြောရက်လိုက်တာ…
ဘယ်လို မိသားစု နဲ့ သူငယ်ချင်းတွေပါလိမ့်…
တဖြည်းဖြည်း သူ့ဘက်ကတောင် နာချင်လာပြီ…။
“ဒီက အစ်မတော့ ဒီကောင့် အကြောင်း မသိပဲ ယူမိပြီ ထင်တယ်…”
‘ဟင်..”
“ငါ က ဘာဖြစ်နေလို့လည်း..”
“ပလေးဘွိုင်းလေ…”
“မသာ…မညှောင့် နဲ့နော်…”
‘ဟား..ဟား..”
“ငါလာတာ ..Yamaha နဲ့ Ducati အသစ်ရတုန်းလေး လိမ့်မလားလို့ အဖော်လာညှိတာ…”
“မသာရေ….မင်း မှာ မယား နဲ့ သား နဲ့ ဖြစ်နေပြီ…အရင်လို မကမြင်းနဲ့တော့လေ…အသက် အပိုပါလား..”
“ဟာကွာ…အသက်နဲ့ အဝေးကြီး…သားလည်း မရသေးပါဘူး…”
“မရရင် ရအောင် ကြိုးစားပေါ့ကွ…မေ့လိုက်တော့…မင်းက ငါတို့ အဖွဲ့၀င်မဟုတ်တော့ဘူး..”
“ဘာဆိုင်လည်း..”
“တို့ အဖွဲ့နာမည်က လူပျိုချောလေး များ အဖွဲ့လေ…လူပြိုကြီး တွေ မု…”
“မင်း မှတ်ထား..…ငကျော် နဲ့ ငါ သွားရင် မင်း လိုက်ကြည့်လိုက်…မသေမချင်း ဒေါက်နဲ့ပဲ ဖိသတ်ပြမယ်…”
“ကြောက်လပ်တာ အယ်ကိုရယ်..”
နောင် လက်ညိုးထိုး ကျိန်းပြီး မလတ်ရဲ့ လက်ကို ဆွဲခါ ထွက်လာရပေမဲ့ စိတ်ထဲမှာ အခဲမကြေချင်…။
ဘီး အသစ်ရတိုင်း ငှားလိုက် လဲလိုက် တူတူ မောင်းနေကျကို အခုမှ အချိုးမပြေဘူး တစ်ကောင်မှ ကို မပြေတာ…။
ဟင်း …မလတ် သာ မပါလို့ကတော့ ပွဲတွေ ဆက်ကုန်မှာ သေချာတယ်…။
ဘော်ဒါတွေ စုပြီး ကလပ်ကလည်း သွားချင်သေးတယ်….ဟူး..မိန်းမတစ်ယောက်ကို ချစ်မိတာ အခုလို ကျတော့လည်း ဆုံရှုံးရတာတွေ များနေသလိုလို…။
မလတ်ရေ….ချစ်နေတုန်း မြန်မြန် ပြန်ချစ်နော်…နစ်နာထားတာတွေ တွေးမိရင် အချစ်တွေ လျော့စျေးရောက်ကုန်လိမ့်သိရဲ့လား..။
နောင် ဘေးက ချစ်မဟေသီ ဖက်စတားလေး မှာတော့ ဘာ မှမသိရှာပဲ လက်ဆွဲရာနောက်ကိုသာ ကြောင်စီစီလေး လိုက်ခဲ့သည်..။
တစ်ခါတလေ ဒီလို အူတူတူ အတတလေးတွေက ပိုချစ်ဖို့ကောင်းတာ ငကျော်တို့နဲ့ တွေ့ရင် ဖောက်သည် ချရပါဦးမည်…။
“မိုးချုပ်နေပြီ..ညစာ အပြင်မှာပဲ စားကြမယ် မလတ်…”
“ငါ့မှာ ပိုက်ဆံမပါဘူး..”
“ဟာ..အဲ့ဒါမှ ရှော့ ပဲ…မလတ်ကလည်း အပြင်ထွက်တာ ပိုက်ဆံလေး ဘာလေးတော့ ထည့်မလာဘူး..”
“မသိဘူးလေဟယ်…နင်ပဲ အတင်းဆွဲခေါ်လာတာလေ..”
နောင် နှုတ်ခမ်းကို ဖိကိုက်ရင်း ရယ်ချင်တာတွေ ကို မြိုသိပ်ခါ ကိုကြီးဆောင် ဆိုင်ကို ၀င်လိုက်သည်..။
“ဟာ..ကိုနောင်..”
“အေး…”
နောင် စားပွဲတစ်ခု မှာ ၀င်ထိုင်လိုက်တော့ မလတ် က မျက်လုံးပြူး လေးဖြင့် ပတ်၀န်းကျင်ကို လိုက်စပ်စုနေသည်..။
“မလတ် ဘာစားမလည်း.”
“မသိဘူးလေ…”
“ထမင်းပဲစား…တော်ကြာနေ တရေးနိုး ဗိုက်ဆာနေမှ ဒုက္ခ.”
“ဟဲ့..”
“ရိုးရိုး ထမင်း တစ်ပွဲ နဲ့ ထမင်းပေါင်း တစ်ပွဲ…ဟင်းကတော့ ထုံးစံ အတိုင်းပဲ..”
“ဟုတ်ကဲ့…”
“ဟင်..”
ရှေ့ကို အကြည့်ရောက်သွားတော့ မလတ် က နောင့်ကို ငေးကြည့်နေတာ နဲ့ ဆုံပြီး မျက်မှောင်ကြုတ်လိုက်မိသည်..။
“ဘာဖြစ်လို့လည်း..”
“ပိုက်ဆံ..”
“ရတယ်..ဒီဆိုင်က အကြွေးစားလို့ရတယ်..”
“အိုး…ရှက်ဖို့ကောင်းလိုက်တာ နောင်ရယ်…”
မျက်နှာလေး တစ်ခုလုံး အလို မကျစွာ ရှုံ့မဲ့သွားတော့ နောင် ဟက်ခနဲ့ ရယ်မိရင်း အသည်းယားလို့ ပါးဖောင်းဖောင်းလေးကို လှမ်းဆွဲမိသည်..။
မလတ် ရဲ့ စူပုတ်ပုတ် မျက်နှာလေး ကို မသိချင်ယောင်ဆောင်ခါ ရေခွက်ထဲ ရေဖြည့်ပေးလိုက်သည်..။
ပါးလေး ကိုင်တာ ကို ဘာဖြစ်မှန်း မသိဘူး…။
“ဟင် ကြက်သားလား..”
“ဟုတ်ကဲ့..အစ်မ…အစ်ကို က ငါးမစားလို့ပါ…”
၀န်ထမ်းကောင်လေး က တရိုတသေ ပြောပေမဲ့ လတ် သူ့ကို မော့ကြည့်တော့ အဝါရောင် ထမင်းပန်းကန်ကို ဆွဲယူခါ ဇွန်းနဲ့ ခပ်စားနေပြီ..။
ငါးမစားဘူးတဲ့လား…အိုး..စားတာပေါ့…. စားလို့ပဲ လတ် နေ့တိုင်း ချက်ကျွေးနေတာလေ…။
၀န်ထမ်းကောင်လေး က လူမှားပြီး ပြောနေတယ် ထင်ပါရဲ့…။
“ဟယ်….နောင်…ဟိုကောင်မလေး က နင့်ဆီလာတဲ့ တစ်ယောက်မလား..”
မလတ် စကားကြောင့် နောင် ကြက်သားနွှင်နေရင်းကနေ လှည့်ကြည့်လိုက်တာ ဇွန်နဲ့ ခပ်မိုက်မိုက် ဘဲ တစ်ကောင် ဖြစ်နေသည်..။
နောင် လက်ထောင်ပြပြီး နှုတ်ဆက်လိုက်တော့ ဇွန်က နှုတ်ခမ်းတွန့်ရုံ ပြုံးပြ၍ သူ့ဘဲကို လက်မောင်းချိတ်လိုက်သည်..။
နောင့်ကို မေ့သွားပြီ ဆိုတဲ့ သဘောမို့ စိတ်ချမ်းသာပါသည်..။
“အင့်..ဒါစား မလတ်…နောင် နွှင်ပြီးသား..”
ဟင်းပန်းကန်တွေ ပြောင်းပေးပေမဲ့ မလတ် ကတော့ အရွက်အသုပ်ဖြင့် စားနေတာ တစ်၀က်ကျိုးနေပြီ..
“ရတယ်..”
“မရပါဘူး…ခွံမှာနော်..”
လူတွေက သူ့လို လူချောကို မသိမသာ ကြည့်နေကြပြီး လတ် ကို ဂရုတစိုက်လုပ်နေတော့ နှုတ်ခမ်းမဲ့ကြသည်..။
ဒါကိုလည်း သူက ဂရုမစိုက်စွာဖြင့် အခန်းကျဉ်းလေးထဲမှာ တူတူ စားတဲ့ အတိုင်း ရေထည့်ပေးလိုက် ပန်းကန်ရွေ့ပေးလိုက်ဖြင့် အလုပ်များ နေတာ လတ်မှာတော့ နေရခက်၏..။
ကိုယ့်ကို လူရှေ့မှာလည်း ဂရုစိုက်ပေးတက်တဲ့ သူ့ကို ငေးကြည့်ရင်း ကြည်နူးရပြန်သည်..။
နားလည်ရ ခက်လိုက်တာ နောင်ရယ်… သူ့ကောင်မလေးကို အားနာလို့ တစ်ချက်ကြည့်မိတော့ ဟိုကလည်း သူ့လူနဲ့ စကားတွေပြောနေတာ လှည့်တောင်မကြည့်...။
ဟင်း...ပြတ်သားလိုက်ကြတာ...။
ထမင်းစားသောက်ပြီး ပိုက်ဆံ မရှင်းပဲ တကယ် ပြန်ထွက်လာတော့ ရှက်လိုက်တာ မျက်နှာကြီး ဘယ်နား ဖွက်ထားရမှန်းကို မသိတော့ပါ…။
သူကတော့ မျက်နှာပြောင်တိုက်ပြီး ခွေး အတွက်ပါ ပါဆယ် သယ်လာခဲ့သေးသည်..။
“လာ…ပီဇာ..”
“အိုး…”
လတ် အနားကိုရောက်လာတော့ သူ့ကိုယ်နဲ့ ကွယ်ပြီး အိမ်တံခါးမ ဆီကို ပြေးတက်လိုက်ရသည်..။
ကြောက်ပါတယ် ဆိုကာမှ ဒုက္ခပါပဲ…။
လတ် လည်း ချစ်တက်ပါတယ်…ခွေးအမွှေးပွဖြူဖြူလေး တွေဆို အိမ်ထဲတောင် ခေါ်ထားမိမှာပါ..။
အခုတော့ ခါးလောက် အရပ်ရှိတဲ့ ခွေးမည်းမည်း ရှည်ရှည်က အမြဲမာန်ဖီနေတော့ ကြောက်သည်..။
“ဟူး..ဗိုက်ကလည်း အင့်နေပြီ…တီဗွီကြည့်ပြီး အိပ်တော့မယ်လေ…”
“နင်ကြည့်လေ…ငါ အိပ်တော့မယ်..”
“နေပါဦး..မလတ်ရဲ့..ခုပဲ စားပြီး သောက်ပြီးတာ…”
“ထမင်း တစ်ပန်းကန်က ဘယ်မှ မရောက်ဘူး..”
“ဟား..ဟား…”
လတ် မျက်စောင်းထိုးပြီး လှေကားတွေကိုတက်ခါ အခန်းထဲရောက်တော့မှ ထိုင်နေမိသည်…။
သူနဲ့ နီးနီးကပ်ကပ် မနေရဲလို့ အပေါ်တက်ပြီး ရှောင်နေတာလေ…
အနားမှာနေမိရင် ဒီလောက်ရဲတင်းနေတဲ့ ဒင်း ဘယ်လိုတွေ အဆင့်ကျော်လာဦးမလည်းမှ မသိတာ…။
“ဟ…တကယ် အိပ်နေပြီ…”
နောင် တံခါးကို သေချာ ပြန်ပိတ်လိုက်ပြီး ကုတင်ပေါ် ဖြည်းဖြည်းလေး တက်ခါ ကျောပေးထားတဲ့ မလတ် ကို ငေးကြည့်မိသည်..။
အချစ်စိတ်သာ မပါရင် မလတ်က တကယ့်ကို အဆီတုံး တစ်တုံးပါပဲလား..။
ထူးခြားဆန်းကျယ်တဲ့ အချစ်ကြောင့်သာ မလတ် က နောင့် အတွက် ချစ်စရာ ကောင်းနေတာပါ..။
အချစ်သာ မရှိရင် မလတ် လို ဆွဲဆောင်မှု မရှိတဲ့ ခပ်၀၀ မိန်းမ တစ်ယောက်ကို အပေါင်းအသင်းတောင် ဖွဲ့မိမှာ မဟုတ်ဘူး..။
နောင် ပြုံးရင်း ရှေ့ကို နည်းနည်းတိုးခါ လက်မောင်းကို ကိုင်ဖို့ရွယ်လိုက်တော့ မလတ် က လှုပ်သွားသည်..။
ကျစ်…နိုးရင်တော့ သေဦးမယ်…။
နောင် လက်ကို ပြန်ရုတ်လိုက်ပြီး ခေါင်းအုံးဆွဲခါ လှဲအိပ်ရင်း စိတ်တွေက ကနာမငြိမ်ပြန်ဘူး..။
မလတ်ရဲ့ ကြမ်းရှ ခြောက်သွေ့တဲ့ နှုတ်ခမ်းကို ပဲ စွဲလမ်းနေပြီ..။
အနမ်း တစ်ချက် မရှိုက်ရပဲ အိပ်ပျော်မှာ မဟုတ်ဘူး..။
“အိုး..”
“ဆောရီး…ဆောရီး….ဥုံဖွ…နာသွားလား..”
တကယ့်လိုရင်းကိုပဲ တွေးရင်း ရှေ့တိုးလာတာ မလတ်ရဲ့ လက်ကို ဒူးနဲ့ ကြိတ်မိမှ အားလုံး ပျက်သုန်းကုန်သည်..။
မလတ်က လက်ကို ကိုင်ရင်း ထိုင်လိုက်တော့ နောင် ပျာပျာသလဲ တောင်းပန်ရသည်..။
“နင်..ဘာလုပ်တာလည်း…အောက်မှာ အိပ်လေ…”
“ဟို..ဒီမှာ အိပ်ချင်လို့.”
“အိုး..ပြီးရော…ငါရွေ့မယ်…”
စူအောင့်အောင့် ပြောပြီး ခေါင်းအုံးပိုက်ခါ ကုတင်ပေါ်က ဆင်းဖို့ လုပ်တော့ နောင် လက်ကို ဆွဲထားလိုက်ရသည်..။
မလတ် က ဆောင့်ရုန်းတော့ နောင် စိတ်တိုလို့ ဆွဲချလိုက်တာ မွေ့ယာ ခုန်သွားတဲ့ အထိ ဘောလုံး တစ်လုံးလို ပစ်ကျလာသည်..။
“မလတ်…”
“နင်..နင်…ထပ် မလုပ်နဲ့..”
“ဘာလုပ်လို့လည်း မလတ်ရယ်…နောင် မလတ် ကို ချစ်လို့ နမ်းတာပါ…”
“ငါ…ငါ မကြိုက်ဘူး..”
“နောက်တော့ ကြိုက်သွားမှာပေါ့..အခုက အစမို့ ရင်ခုန်နေတာလေ…ခံစားတက်သွားရင် မနေနိုင်အောင် ကြိုက်သွားလိမ့်မယ်…”
“နောင်…”
“သဘောပေါက်အောင် ရှင်းပြတာပါ မလတ်ရယ်…ချစ်တယ်…”
မလတ် ကိုယ်လုံး ကို ဆွဲဖက်ပြီး ညာဘက်ပါးလေးကို နှာဖျားဖြင့် တို့ထိရုံသာ မဝံ့မရဲ ရှိက်နမ်းမိသည်..။
“နောင်…နောင်…နေပါဦး..”
“ဟင်…”
“နောင်…မလတ်ကို တကယ်ချစ်တာလားဟင်..”
နောင် ခံစားချက်တွေ ရပ်တန့်ပြီး မျက်လုံးပြူးလေး ကြည့်နေတဲ့ မလတ် ကြောင့် မျက်မှောင်ကြုတ်မိခါ…
“စလာပြီ…မိန်းကလေးတွေ မေးတဲ့ မေးခွန်း မှန်သမျှ က ဘာတွေမှန်းကို မသိတာ…ချစ်ပါတယ်ဆိုကာမှ တကယ်ချစ်တာလား ထပ်မေးတယ်…ကဲ ဘယ်လို ဖြေစေချင်လည်း..”
“အမှန်အတိုင်းဖြေပေါ့နောင်ရယ်…”
“ချစ်တယ်….သီချင်းထဲက အတိုင်း အသွေးအသား ရိုးတွင်းချဉ်ဆီ အထိ စွဲနေအောင် ကို ချစ်တယ်…ဟုတ်ပြီလား…”
“နောင် သူငယ်ချင်း တွေက နောင့် အကြောင်းမသိပဲနဲ့ ယူတယ်လို့ ပြောတာ…ဘာဖြစ်လို့လည်းဟင်..သူတို့ပြောနေတဲ့ နောင့် အကြောင်းတွေ ဘာတွေလည်းဟင်…”
နောင် စိတ်ထဲကနေ ငမျိုးကို ကျိန်ဆဲလိုက်ခါ ဖြေရှင်းဖို့ အတွက် စကားလုံးတန်ဆာတွေ ရှာရဖွေရတော့သည်.။
“ဟို နောင်က အရင်က နည်းနည်းဆိုးလို့ပါ..”
“နည်းနည်း ဟုတ်ပါ့မလား..”
“ကဲ သူတို့သတ်မှတ်သလို များများဆိုးတယ်ပဲ ထားပါတော့လေ…”
“ဘာတွေ လုပ်တာလည်း ဟင်..”
“ကလပ်တက်တယ် …ရန်ဖြစ်တယ်…မိန်းမရှုပ်တယ်…အသက်ကို စိန်ခေါ်တဲ့ စတန့်တွေ ကြိုက်တယ်…မုတ်ရိုက်တယ်…အရက်သောက်တယ်..လောင်းကစားလည်း ဆရာတစ်ဆူပဲ …..နေဦး ကျန်သေးလား…ကုန်ပြီထင်တာပဲ…”
“မကောင်းတာ အကုန်လုပ်တယ် ဆိုပါတော့လေ…”
မလတ် ရဲ့ ထိထိမိမိ ဝေဖန်လိုက်တဲ့ စကားကြောင့် မျက်ခုံးတွန့်သွားရပြီး ပြန်ပြင်ပြောဖို့ စကားရှာရပြန်သည်..။
“အင်း…ဒါပေမဲ့ အရင်တုန်းကလုပ်တာပါ…”
“တကယ်ချစ်တယ် ဆိုရင် နောက်မလုပ်တော့ဘူးလို့ ကတိပေးမလားဟင်…”
“ဟာ..မလတ်ကလည်း…ဘာဆိုင်လို့လည်း..”
“ဒါဆို မချစ်လို့ပေါ့…”
“ကျစ်…အဲလိုကြီးတော့ မချုပ်နဲ့လေ…နောင် ကတိမပေးချင်ဘူး..ကတိမတည်ရင် ကိုယ့်အသားကိုယ် ဓားနဲ့ မွန်းချင်လောက်အောင်ကို ရွံတယ်…အဲဒါကြောင့်…တခြားဟာပြောလေ…”
“ကတိမပေးချင်လည်းနေပါ တကယ်ရှောင်ပါနော်…”
“အဟွင်း..အပိုင် ချုပ်နေရအောင် မလတ် က နောင့်ကို ချစ်လို့လား….တော်ပြီ…ထပ်တောင်းဆိုလာဦးမယ်…ဒီလောက် နောင့်အတွက် အချစ်တွေ ရှားပါးနေလည်း မချစ်နဲ့တော့….နောင်ကပဲ နှစ်ယောက်စာ ပိုတိုးချစ်ပေးမယ် သိလား…”
နောင် စိတ်ပျက်စွာ ခေါင်းအုံးပေါ် ပစ်ချအိပ်လိုက်ပြီး မျက်နှာကျက်က မီးရောင်ကို ကြည့်ရင်း အမြင်ကပ်လာသည်..။
စိတ်ကူးထားသမျှ အကုန်လွဲတာပါပဲလားနော်…။
ကိုအောင်ဦး မရှိတော့လည်း မလတ် နဲ့ နောင့်ကြားမှာ ဘယ်လို အနှောင့်အယှက်တွေ ၀င်နေမှန်းကို မသိဘူး..။
“ဟ..”
နောင့်ပါးအနားကို ကပ်ပြီး နမ်းလိုက်တော့ မျက်လုံး အစုံ ပြူးကျယ်သွားရင်း နှုတ်ခမ်း တစ်စုံ ပြုံးလိုက်မိသည်..။
“အိုး…”
“ချစ်တယ်လို့ ပြော…”
“အိုး…ဘာဖြစ်တာလည်း…နောင်နော်…ဒီလို ဆိုးရင်တော့ မုန်းမှာပဲ..”
လတ် လက်မောင်း နှစ်ဖက်ကို ဆုပ်ကိုင်ရင်း အပေါ်စီးကနေ အတင်းတောင်းဆိုနေတော့ လတ် နမ်းမိတာ မှားပြီလို့တွေးမိသည်..။
“ပြောလေ…”
“ချစ်လို့ နမ်းတာပေါ့ နောင်ရယ်…”
သူ့မျက်နှာလေး ကြည်လင် သွားခါ သွားဖြူလေးတွေပေါ်အောင် ပြုံးနေတော့ လတ် လည်း ရှက်လွန်းလို့ နှုတ်ခမ်းကိုက်ခါ အကြည့်လွဲထားမိသည်..။
“ချစ်တယ်…မလတ်ရယ်….နောင့် ပထမဆုံး အနမ်းကို မလတ် မရပေမဲ့…မလတ်ရဲ့ ပထမဆုံးသော အနမ်းကို နောင်ရတာကို ဂုဏ်ယူနေတာ…အမြဲတမ်း ပိုင်ဆိုင်ချင်ခဲ့တာပါ…”
“ဟင်..အနမ်းဆိုတာ….ဟို…လူ…”
“ကျစ်…နားစမ်းပါ…နောင် မလတ် ကို နမ်းခဲ့တာ လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကလေ….”
“ဟမ်…”
လတ် ကို သူ့ရင်ခွင်ထဲ ဆွဲထည့်ပြီး တင်းကြပ်နေအောင် ဖက်ထားတော့ အသက်ရှု မ၀သလိုလို..ဖြစ်လာသည်..။
“ဘယ်တုန်းကလည်း..နောင်ရယ်.. နည်းနည်းလျော့ဦး..”
“ဆောရီး ချစ်လွန်းလို့ပါ…နောင်လေ….မလတ်တို့ အိမ်ကို ပထမဆုံးလာတော့လေ….မလတ်ကို ဦး၀င်းနိုင်…”
နောင့် စကားကြောင့် လတ် မျက်လုံး ပြူးကျယ်သွားခါ ကြောက်စိတ်ကြောင့် ရင်တွေ တဒိတ်ဒိတ် ခုန်လာပြီး ချွေးစေးပြန်ချင်လာသည်..။
လတ် ရဲ့ ဘ၀ကို သူလည်း ကောင်းကောင်းသိထားတာပဲ…လတ် မေ့နေပေမဲ့ သူမမေ့ဘူးဆိုတော့…လတ်ကို တန်ဖိုးထားပါ့မလား…။
“အဲနေ့က နမ်းလိုက်တာ..”
“ဟမ်….”
မလတ် ရဲ့ အံသြနေတဲ့ မျက်၀န်းလေးတွေကို ကြည့်ရင်း အတိတ်တွေဆီ ပျံသန်းမိသည်..။
“ဟိုကောင် နိုင်ထူး ကလည်း ပြန်မလာသေးဘူး..”
“ရပါတယ်..”
“မင်းရလည်း စောင့်…ငါသွားစရာ ရှိတယ်..”
“ဟုတ်ကဲ့..”
နောင် ခုံမှာ ထိုင်နေတာ ကြာလာတော့ ရေသောက်ချင်လို့ အိမ်ထဲကို လှမ်းကြည့်မိသည်..။
ဘယ်သူမှ မတွေ့လို့ ပြန်ထွက်လာချိန် အခန်းထဲက ရှိုက်သံသဲ့သဲ့ ကြားနေရသည်..။
ဘာတွေဖြစ်တာမှန်း ဘယ်လို ပတ်သက်တာမှန်း မသိပေမဲ့ ဒီမိန်းမက မလိုလားတာတော့ သိနေသည်..။
တံခါးကို အသာတွန်းဖွင့်ပြီး ကြည့်လိုက်တော့ စားပွဲပေါ် ခေါင်းစောင်းရင်း ရှိုက်နေတဲ့ သူမ…။
ပြန်တော့မယ်လို့ ပြော ဖို့ စီစဉ်လိုက်ပေမဲ့ အိပ်ပျော်နေတာ သိတော့ အခန်းထဲ ဝင်ပြီး သေချာ ဆိုက်ကြည့်မိသည်..။
နားထင်မှာ မှဲ့လေး တစ်ခုထင်းပြီး ပါးပေါ်မှာ မခြောက်သေးတဲ့ မျက်ရည်စတွေကြောင့် နောင့်စိတ်ထဲ ထူးထူးခြားခြား ဒေါသ တစ်ခုကို ခံစားရသည်..။
ဒီမိန်းမက ဘယ်သူလည်း…အခုမှ တွေ့ဖူးတဲ့ မိန်းမ တစ်ယောက် ရဲ့ မျက်ရည်ကို ကြည့်ရင်း သူ့ကို မျက်ရည်ကျအောင် လုပ်တဲ့ သူကို ဒေါသထွက်သည်..။
ဘယ်လို န်ှ်စ်သိမ့်ရမှန်း မသိပေမဲ့ စိတ်ခံစားမှု အတိုင်း ခြောက်သွေ့နေတဲ့ နှုတ်ခမ်း တစ်စုံရဲ့ အနမ်းကို ခိုးယူခဲ့သည်..။
မလတ်ကို ပြန်တွေ့ချိန် မှာ လူတွေ ဘယ်လိုပဲ ပြောပါစေ…မလတ် သမိုင်း ဘယ်လိုပဲ ရိုင်းပါစေ လက်ခံဖို့ ဆုံးဖြတ်ပြီးသားပါ…။
မိန်းကလေး တစ်ယောက်ကို ချစ်မိရင် သူ့သမိုင်းကိုလည်း လက်ခံနိုင်အောင် စိတ်ကို ပြင်ဆင်ထားသင့်တယ်..။
အခွင့်အရေး ရှိရင် သူ့သမိုင်းကို ပြင်ပေးချင်တယ်…
ချစ်ခြင်းမေတ္တာမှာ အသွားအလာ အတုန့်အပြန် မလိုဘူး…ချစ်နေဖို့ပဲ လိုတာပါ….မလတ်ရယ်…။
“နောင်..”
“ဟင်..”
“မေးနေတယ်လေ…”
“အဲနေ့တုန်းက မလတ် အခန်းထဲမှာ အိပ်ပျော်နေတာကို နောင် ခိုးနမ်းခဲ့တယ်လေ…”
“ဟမ်…”
“ဘယ်လိုလည်း ပထမဆုံး အနမ်းကို ခိုးသွားတာ မသိလိုက်ဘူးမလား..”
“ဟင့်အင်း…အိပ်မက်လိုလိုတော့ သိလိုက်တယ်…”
“အခုကတော့ အိပ်မက်မဟုတ်တာ သေချာအောင် ရှေ့တိုး..”
“အိုး..”
မလတ် မေးဖျားကို ဆွဲမော့ပြီး ပါးဖောင်ဖောင်းလေးကို နှာဖျားနစ်နေအောင် ထိုးကပ် နမ်းပစ်လိုက်သည်..။
ကြောင်တောင်တောင် နိုင်တဲ့ အကြည့်တွေ ရပ်တန့်သွားအောင် မျက်လုံးကို အနမ်းဖြင့် ချော့ပိတ်လိုက်သည်..။
“နောင်..”
“…ချစ်တယ်…မလတ်ရယ်…”
“….”
ခပ်တိုးတိုးလေး ပြောရင်း အနမ်းတို့ ဆက်တိုက် ကျလာတော့ လတ် မျက်လုံးလည်း မဖွင့်ရဲတော့သလို သူ့လည်တိုင်လေးကို မဝံ့မရဲ ပြန်ပွေ့ဖက်မိသည်..။
“တီ..”
လှုပ်ရှားမှု တစ်ခုနဲ့ အတူ မီး အလင်းရောင်တွေ ပျောက်သွားချိန် နူးညံ့တဲ့ သူ့ နှုတ်ခမ်းတစ်စုံအောက်တွင် လတ်ရဲ့ အချစ်တွေ ကျဆုံး ပျော်၀င်သွားတော့သည်..။(မသိမ်းသေးဘူးနော် ဟိဟိ 😁)
125*✭˚・゚✧*・゚*✭˚・゚✧*
သိတယ် သိတယ်
နောက်ကျလို့ နှုတ်ခမ်းစူချင်နေကြတာလည်း
သိတယ်😁သိတယ် သိတယ်
စာရှည်ကြီးရေးထားလို့ နှုတ်ခမ်းမစူတော့မှာလည်း သိတယ် 😁သိတယ် သိတယ်
FA မို့ မRoတက်ပဲ Ro ထားရလို့
တလွဲတွေ ဖြစ်တော့မှာ သိတယ် 😁.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖Love u all ❤
࿇Sקicค࿇
#စပိုက်ကာGroup မှာ
share ပေးတဲ့
ကိုယ့်အသည်း တွေ
ကျေးဇူးအထူးထူးပါနော် ❤
YOU ARE READING
စွဲနေပြီ
Romance"နင် အဆင်ပြေတယ်မလား ဟား..ဟား..ပြေမှာပါ ငါသိတယ်..ကိုယ်ရံတော် ခပ်မိုက်မိုက် နဲ့ တူတူ နေတော့ လုံခြုံတာပေါ့.." "တွေးတက်လိုက်တာ...တူတူနေတဲ့သူက ဘယ်လောက် တော်တော်... ကိုယ် မနှစ်မြို့တဲ့ ဗီဇ အကျင့်တွေ သူ့မှာ ရှိနေရင် မိန်းကလေး ဖြစ်တဲ့ ငါ ဘယ်လောက် အနေရခက်မလ...