Part 8

8K 354 3
                                    

စွဲနေပြီ
အပိုင်း (၈)
#စွဲနေပြီ

“ဂျောက်..”
“ဟင်..”
သူပိတ္ခဲ့တဲ့
တံခါး ပြန်ပွင့်သွားတော့ လတ် မျက်လုံးပြူးဖြင့် ကြည့်နေချိန် မိန်းမတစ်ယောက် ပိုက်ဆံအိတ်ကိုင်ပြီး ၀င်လာသည်..။
ထိုင်ရမလို ထရမလို နေရခက်နေချိန် ထို မိန်းမကပဲ ပြုံးပြခါ နှုတ်ဆက်သည်..။
“နောင့် မိန်းမဆိုတာ...”
“အဲ..ဟုတ်..”
သူစိမ်း အိမ်က ဆိုဖာပေါ်ရောက်လာပြီးမှ သူနဲ့ မပတ်သက်ပါဘူး ဆိုရင် သူခိုးဖြစ်တော့မှာပေါ့..။
“ကျွန်မက သော်တာပါ...အစ်မက..”
“မြူနှင်းလတ်ပါရှင်...”
“သြော်..ဟုတ်ကဲ့...မမြူနှင်းတို့ လွတ်လွတ်လပ်လပ်နေပါနော်...ကိုယ့်အိမ်လို သဘောထားပါ...သော်တာတို့ကတော့ အလုပ် တစ်ဖက်နဲ့ ဆိုတော့ ဧည့်၀တ်မကျေဖြစ်သွားရင် ခွင့်လွှတ်ပါ..”
“ဟုတ်ကဲ့ရပါတယ်...”
“ဟင်..ဘယ်သူတွေပါလိမ့်..”
“ကျွန်တော်တို့ စစ်ဆေးစရာ ရှိလို့ပါ...”
“ဟုတ်ကဲ့..လာပါပြီရှင်...ဘာတွေစစ်ဆေးစရာ ရှိလို့ပါလိမ့်..”
အိမ်ရှင် အမျိုးသမီးရဲ့ စကားကြောင့် လတ် မျက်လုံးပြူးခါ စာချူပ်ဆီ အကြည့်ရောက်သွားရသည်..။
ဘယ်လို သိသွားပြီး ဒီကို ချက်ချင်းလိုက်လာပါလိမ့်..။
“ခြံ တံခါးဖွင့်ပေးလိုက်ဦးမယ်.. ခဏနော် အစ်မ...”
“ဟုတ်..”
လတ် ရေးစရာ ခြစ်စရာ လှည့်
ပတ်ရှာရင်း အလှတင်ထားတဲ့ သစ်သားဘောပင်လေးကို ယူခါ လက်မှတ်အမြန်ထိုးလိုက်ရသည်..။
မှင်ကလည်း အနက်ကြီးဆိုတော့ အကျုံး၀င်ပါ့မလား မသိပါဘူး.. စိတ်ဆင်းရဲလိုက်တာ...။
“ဟုတ်ကဲ့ ကြွပါ...ကျွန်မတို့ဆီကို ရောက်တာ ဒီနေ့မို့လို့ ဧည့်စာရင်းတော့ မတိုင်ရသေးပါဘူး..”
“သူ့အမျိုးသားကော..”
“အပြင်ထွက်သွားပါတယ်ရှင်...”
“ဒီမှာ စာချူပ်ပါ...”
လတ် ဘာမှ မစဉ်းစားနိုင်ပဲ စာချူပ်ကိုသာ အတင်းထိုးပြလိုက်တော့ သေချာ ယူကြည့်နေကြသည်..။
ဘာတွေ ပြောလာဦးမလည်း မသိ...ရင်တွေကတော့ တဒိန်းဒိန်း ဆောင့်ခုန်နေရသည်..။
“မမြူနှင်း..”
‘ဟင်..”
“မေးနေတယ်လေ...”
“ရှင်..”
“လက်ထပ်ထားတာ မကြာသေးဘူးနော်..”
လတ်ဘာပြောရမှန်းမသိခင် နိုင်ထူးပြောထားတာ သတိရတော့ အကြံတစ်ခုရသွားသည်..။
“ဟုတ်...ဟုတ်ကဲ့ လက်ထပ်တာ မကြာသေးပါဘူး ...ဒါပေမဲ့..သူနဲ့ နှစ်ဦးသဘောတူပြီး တူတူနေတာ ကြာပါပြီ...သူ့နဲ့ နေ ကတည်းက နိုင်ထူးနဲ့ အဆက်အသွယ် ပျက်နေတာပါရှင်....”
ရှေ့က လူသုံးယောက်က မမေးပေမဲ့ ကြောက်ကြောက်လန့်လန့်ဖြင့် နိုင်ထူး အကြောင်းတွေပါ ထည့်ပြောမိတော့သည်။
“ဟုတ်ကဲ့...အထက်က ခိုင်းတဲ့ အတိုင်း စစ်ဆေးရတာပါ...”
“ဟုတ်...”
“ကျေးဇူးတင်ပါတယ်...”
လူစိမ်း သုံးယောက်ထွက်သွားတော့မှ စာချူပ်ကို ကိုင်ပြီး ခုံပေါ်ထိုင်ချလိုက်ရသည်..။
ဘယ်လိုဖြစ်ပြီး ၀ရမ်းပြေးဘဝရောက်ရပြန်တာလည်း..။
မြူနှင်းလတ် ဘ၀စုံ ဖြတ်သန်းရမယ်လို့များ သတ်မှတ်ထားလေသလား..လောကကြီးရယ်...။
“အစ်မ ရေချိုးချင်ရင် ချိုးနော်..သော်တာရဲ့ အ၀တ်အစားတွေယူ၀တ်ပေါ့...ဘာမှ အားမနာနဲ့နော်...”
“ဟုတ်ကဲ့..”
“အစ်မတို့ လင်မယားတွေကတော့ အပေါ်ထပ်မှာ လွတ်လွတ်လပ်လပ်နေပေါ့...”
“ရှင်...”
“အဲ..ဟုတ်...”
“ညီမတော့ မီးဖိုချောင် ၀င်လိုက်ဦးမယ်...”
“ဟုတ်...အစ်မလည်း ကူပေးမယ်လေ...”
“အမလေး..နောင် က သတ်နေပါဦးမယ်...”
“ထိုင်နေပါ အစ်မရဲ့...ပျင်းနေရင် တီဗွီ ကြည့်လေ..”
“ဟုတ်ကဲ့...”
လတ် ဆိုဖာမှာပြန်ထိုင်လိုက်ပြီး အိမ်ရှင်ဖွင့်ပြထားတဲ့ တီဗွီကိုသာ မမြင်ပဲငေးနေရသည်..။
အာရုံတွေထဲမှာ မနက်ဖြန်ပေါင်းများစွာ...။
“တီ...တီ...”
ဖုန်းအသံကြောင့် လတ် အတွေးတွေ ပျက်ခါ ဖုန်းအဖြူလေးကို ကောက်ယူကြည့်လိုက်သည်..။
Viber က မက်ဆေ့၀င်တာမို့ ၀င်မဖတ်သင့်လို့ ပြန်ချလိုက်ချိန် လက်နဲ့ ထိခါ ပွင့်သွားသည်..။
“သတိရနေပြီ..ချစ်တယ်...”
“အိုး..”
ပါးနှစ်ဖက် ပူနွေးတက်သွားသလို လက်က ကပျာကယာ ဖုန်းကို ပြန်ချလိုက်ရသည်..။
ရင်ဘတ် ဖြူဖြူတွေပေါ်မှာ စောင်ဖြူ တစ်ထည်တင်ထားပေမဲ့ တစ်ကုတင်တည်း တူတူ  အိပ်နေကြတာ ဆိုတော့ ..
အိုး...သူ့မှာ မိန်းမရှိနေရင် ဘယ်လိုများ လုပ်ရမလည်း..
လက်ထပ် စာချုပ်မှာက လက်မှတ် ထိုးပြီးပြီ...
ဝရမ်းပြေး ဘဝရောက် နေပါတယ်ဆိုကာမှ တစ်ခါ မယားငယ် ဖြစ် လိမ့်ဦးမယ်..။
စိတ်ဆင်းရဲလိုက်တာနော်...။
“အစ်မရေ...ဒီမှာ တော်မဲ့ အ၀တ်အစားတွေရွေးထုတ်လာတယ်..အပေါ်ပဲ ယူသွားလိုက်နော်..အပေါ်မှာ ရေချိုးခန်းလည်း ရှိတယ်..”
“ဟုတ်ကဲ့...”
အ၀တ်တစ်ထပ်ကြီးကို လှမ်းယူရင်း စိတ်ထဲကလည်း မေးခွန်းတစ်ခုကို မေးသင့် မမေးသင့် စဉ်းစားမိသည်..။
“ဟို...သတိုးမင်းနောင်မှာလေ...”
“ရှင်...”
“အဲ...ဘာမှမဟုတ်ပါဘူး..”
“ဟော....ဧည့်သည်တွေရောက်နေပြီလား..”
အိမ်တံခါးကနေ ၀င်လာတဲ့ လူတစ်ယောက်က ရယ်ရင်း ပြောတော့ လတ်လည်းယောင်ပြီး ခေါင်းညိတ်မိသည်..။
“ဟုတ်တယ်..ကိုကိုရဲ့..နောက်ကျလိုက်တာ...”
“ဒါနဲ့ ငါ့ကောင် ငနောင်ကြီးကော..”
“ဟို...အပြင်ထွက်သွားပါတယ်..”
လတ်ဘက်ကို လှည့်ကြည့်တော့ ဘယ်သွားမှန်း မသိပေမဲ့ အလွယ်တကူပင် ပြောလိုက်ရသည်..။
“ဟာကွာ...မင်္ဂလာဦးညအတွက် ကြိုပြင်နေတယ်ထင်တယ်...အစ်မ ပျော်သလိုနေနော်...ဘာမှ  အားမနာနဲ့...ဟိ...ကျွန်တော်တို့ တုန်းကလည်း ဒီလိုပဲ...”
“ဟုတ်...”
“ချစ်လေး..ဘာဟင်းချက်လည်း..”
“ကိုကို့ အကြိုက်ပေါ့...”
“ညစာလား..”
“ဟာ..ကိုကိုကလည်း ဘာတွေပြောနေတာလည်း...”
လင်မယား နှစ်ယောက်က ပခုံးတင်းတင်းဖက်ရင်း ကျီဆယ် ပြောနေတော့ လတ်မှာ ဘယ်တွေကို အကြည့်ပို့ထားရမှန်းမသိ...။
“ဟို..အ၀တ်သွားထားလိုက်ဦးမယ်..”
“ဟုတ်...သော်တာ အခန်းပြင်ပြီးသားပါ...”
“ကျေးဇူးတင်ပါတယ်နော်...”
ကျေးဇူးစကားခပ်သွက်သွက်ပြောပြီး လှေကားတွေဆီ ခြေလှမ်းပြင်လိုက်ရသည်..။
“အစ်မ..ဖုန်း..”
“သြော်..ဟုတ်...”
ဖုန်းကို ကောက်ယူပြီး စာချူပ်ကိုပါ တစ်ပါးတည်း ယူဆောင်ခါ လက်နှစ်ဖက်စလုံး မအားပဲ လှေကားတွေကို ထိန်းတက်ရသည်..။
အပေါ်ထပ်မှာ နှစ်ခန်းရှိပေမဲ့ တံခါးဖွင့်ထားတဲ့ အခန်းကိုပဲ ၀င်လိုက်ပြီး အ၀တ်တွေကို ကုတင်ပေါ်တင်လိုက်သည်..။
ဟင်း....
ဖြစ်သမျှ အကြောင်း အကောင်းချည်းပေါ့လေ..။
ရောက်ရာမှာ ပျော်အောင်နေ တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်းဖို့သာ စိတ်ဒုန်းဒုန်းချလိုက်ရသည်။
ရေချိုးခန်းထဲ ၀င်စပ်စုပြီးမှ ခေါင်းမလျှော်ချင်လို့ ခေါင်းစွပ်လေးတောင်းဖို့ အောက်ထပ် ပြန်ဆင်းလာခဲ့ရသည်..။
“အိုး..”
လှေကားတွေကို တစ်ဆင့်ကျော်ပြန်တက်ပြီးတာတောင် မျက်နှာတွေ ပူလောင်နေဆဲ...
တော်တော်ကဲ တဲ့ လင်မယား...။
ရေချိုးခန်းထဲရောက်တော့ ကျစ်ဆံမြီးဖြည်ပြီး ရေမစိုအောင် သတိထားခါ ရေပိုက်ကို ရွေ့နေရသည်..။
အခုချိန်ဆို ဆိုင်သိမ်းရမှာလေ...။
အိမ်က မုန့်ဟင်းရည်အိုးကို သတိရတော့ လတ် ငိုချင်လာပြန်သည်..။
ဘ၀က နေသားတကျ ဖြစ်တာ တစ်နှစ်ကျော်ရုံသာ ရှိသေးတယ်..အခုတော့ အိုးမဲ့ အိမ်မဲ့ ဘ၀ကို ရောက်ပြန်ပြီ..။
လှေပြေးတုန်း တက်ကျိုးတယ် ဆိုရမလိုလို...။
ဘာပဲ ဖြစ်ဖြစ် နိုင်ထူး ဘာမှ မဖြစ်တာကိုပဲ ကျေးဇူးတင်လို့မဆုံး…။
ထောင်ဆယ်နှစ် အနှစ်နှစ်ဆယ် တောင် ကျမှာတဲ့လေ…တွေးမိရင် ခြောက်ခြားလွန်းလို့
ကိုယ် အနေအစားကြပ်ပေမဲ့ သူ့အတွက် လက်ရှိအခြေအနေကိုပဲ ၀မ်းသာရမှာပါလေ...။
ကိုယ်ပေါ်ရောက်လာတဲ့ ရေစက်တွေနဲ့ အတူ စိတ်ညစ်စရာတွေကို ခဏမေ့ထားလိုက်နိုင်သည်..။
“အစ်မရေ..ထမင်းစားကြရအောင်..”
“ဟုတ်ကဲ့..”
ရေချိုးပြီးလို့ အ၀တ်အစားလဲနေတုန်း ခေါ်သံကြောင့် ကြယ်သီးတွေလည်း မှားတက်မိသေးသည်..။
အ၀တ်တွေက နည်းနည်းကြပ်ချင်ပေမဲ့ ပြောဖို့ အားနာလို့ အဆင်ပြေသလို ၀တ်ပြီး အောက်ထပ်ကို ဆင်းလာခဲ့ရသည်..။
“လာ အစ်မ...ဟိုကောင်ကတော့...ပြန်လာမှာ မဟုတ်သေးဘူး..သူ့ အကြောင်းလည်း သိတယ်မလား..”
‘ဟုတ်..”
ထမင်းဝိုင်းမှာ သူစိမ်း နှစ်ယောက်နဲ့ ၀င်ထိုင်လိုက်ရတော့ သူသာ ရှိရင်လို့ တွေးမိသေးသည်..။
သူရှိရင်ဘာဖြစ်မလည်း..ဘာအားကိုးရမှာလည်း..သူ နဲ့ လတ်သိတာ နာရီပိုင်းပဲ ရှိသေးတာလေ...။
ဒါပေမဲ့ လူတွေ အမြင်မှာ သူက လတ်ရဲ့ အရင်းနှီးဆုံး သက်ဆိုင်သူမလား...
ဟင်း...သူ့ကိုကောင်းကောင်း ဆက်ဆံမှ ကိုယ်လည်း နေသာမှာပေါ့...။
ကိုယ့်စိတ်ကို ဆုံးမပြီး အိမ်ရှင်ထည့်ပေးတဲ့ ထမင်းကို လက်သင့်ခံလိုက်ရသည်..။
“ထည့်စား အစ်မ..”
“ဟုတ်...”
အိမ်ရှင်ထည့်ပေးသမျှ ဟင်းတွေကို ထိုင်စားနေရင်းက တစ်ခါမှ မစားခဲ့ဖူးတဲ့ ဟင်းတွေလည်း အမည်မသိပဲ မြိုချနေရသည်..။
“တော်ပြီ..ညီမ...များနေပြီ...”
“အားမနာပါနဲ့ အစ်မရဲ့...”
“ညစာများနေမှာစိုးလို့ပေါ့..”
“ဟဲဟဲ...ထပ်စားရမှာဆိုတော့ လျော့စားတာလား အစ်မ..”
‘အိုး..ကိုကိုကလည်း..”
“ဘာလည်း...ငနောင် ၀ယ်လာရင် ထပ်စားနေရဦးမယ်လို့...”
“အဲလို မဟုတ်ပါဘူး..တကယ်ဝနေလို့ပါ...”
“ဟဲ..ဟဲ...ဟုတ်တယ်နော်...အစ်မက ငနောင့်ထက် ၀တယ်...မပူပါနဲ့ သူနဲ့ နေလိုက်ရင် ဝိတ်ချစရာမလိုဘူး.. ပိန်တော့မှာသလား..ဟား..ဟား...”
“ကိုကို စပြန်ပြီ...”
“ရပါတယ်...”
အိမ်ရှင် ကောင်လေး ပြောသမျှကိုလည်း မျက်နှာပူပူ ဖြင့်ပင် နားထောင်နေရသည်..။
ထမင်းပန်းကန် လက်စသတ်ပြီး ပန်းကန်တွေ ဆေးပေးခါ စင်ပေါ်တင်ပေးခဲ့လိုက်သည်..။
လတ် အိမ်ရှေ့ထွက်လာချိန်အထိ သူတို့ လင်မယား ကျီဆယ်ရင်း စားနေကြတာ မပြီးနိုင်သေး..။
အားနာဖို့ကောင်းလိုက်တာနော်...သူများ အိမ်မှာ တစ်ယောက်တည်း ထားခဲ့ပြီး ထွက်သွားတာတော့ လွန်ပါတယ်...။
နာရီကြည့်လိုက်တော့ ကိုးနာရီတောင် ကျော်နေပြီ..။
“ငါပြန်ရောက်ပြီ..”
“အယ်..သားကြီးလာလေ...ထမင်းစားမယ်...”
“အေး...စား...ငါပြီြး့ပီ...”
“မင်းမှာလည်း..မိန်းမခိုးလာပြီး ပစ်ချခဲ့တာပဲနော်...”
“မင်းရှိတာပဲကွာ..”
“ဟ...”
သူ့သူငယ်ချင်းကို အော်ကြီး ဟစ်ကျယ် စကားပြောပြီး လတ်ကို တစ်ချက်မကြည့်ပဲ လှေကားတွေကို ပြေးတက်သွားသည်..။
လတ်ကတော့ အစကတည်းက သူများ လင်မယားကြားမှာ  နေရခက်နေတာမို့ မခေါ်တဲ့ သူ့နောက်ကို သာ လိုက်သွားရသည်...။
“ဟူး...”
“အမလေး...”
အခန်းထဲရောက်တော့ အပေါ်ပိုင်းကိုယ်ဗလာနဲ့ ပေါင်လည်ကျော်သာ ရှိတဲ့ ဘောင်းဘီ၀တ်ထားပြီး ခြေကားယား လက်ကားယား ကုတင်ပေါ်မှာ အိပ်နေသည်..။
လတ် အကြည့်တွေကို ခပ်လွဲလွဲဖြင့် ကုတင်ပေါ်က သူများပေးထားတဲ့ အ၀တ်အစားတွေကို ယူခါ ခုံပုလေးပေါ်ပြောင်းတင်လိုက်ရသည်..။
ကိုယ်လွန်ထားတာ သိသော်လည်း တောင်းပန်ဖို့ကို တွန့်ဆုတ်မိသည်။
တံတွေး တစ်ချက်မြိုချရင်း စကားပြောဖို့ ကြိုးစားနေရသည်။
“ဟို..ဟို..နိုင်ထူးကို ဘယ်မှာ ပို့ထားလည်း..”
တစ်ခန်းလုံး တိတ်ဆိတ်နေလို့ လတ် အသံလျောခါ ခပ်တိုးတိုး မေးလိုက်သည်..။
“သူမပြောဘူးလား..”
“အဆင်ပြေတယ်လို့ပဲပြောတယ်..”
‘အဲဒါဆိုတော်ပြီလေ..ဘာလို့ထပ်သိချင်နေတာလည်း..”
စကားသံက မာမာထန်ထန် ဖြင့် ကျယ်လိုက်တာလည်း ပဲတင့်သံတောင် ထွက်နေသေးသည်..။
“သတိုးမင်းနောင်...”
“နောင်ပဲခေါ်...သတိုးမင်းဆိုတာ ဒက်ဒီ့နာမည်ကြီး...ထည့်ခေါ်မနေနဲ့...”
သြော်...သူ့နာမည် ကို ခုမှ သိပြီး ခေါ်ပြန်တော့ အဖေ နဲ့ သား ရှယ်ယာဖြစ်နေပြန်၏..။
စကားကောင်းကောင်း မပြောချင်တာ သိသော်လည်း
ဘာပဲ ဖြစ်ဖြစ် မေးကိုမေးရမည့် အကြောင်းက ရှိသေး၏။
လတ် သက်ပြင်းလေး မသိမသာ ရှိုက်လိုက်ခါ...
“အမ်း...နောင်....နင့်မှာ....မိန်းမရှိလား...”
“ဟမ်....”
နားမလည်သလိုမျိုး အကြည့် စူးစူးဖြင့် ဆိုက်ကြည့်ခါ ငုတ်တုတ်ထထိုင်လိုက်တော့ လတ်  သက်ပြင်းခိုးရှိုက်လိုက်ရပြန်သည်..။
“ဘာဖြစ်လို့လည်း..”
“တော်ကြာ ပြသာနာတက်ပြီး..”
“မတက်ပါဘူး..စာချူပ်မရှိတဲ့ မိန်းမတွေတော့ အများကြီးပဲ....စာချူပ်နဲ့ မိန်းမကတော့ အခုမှ ပထမဆုံး..”
တကယ့်ကိုးလို့ကန့်လန့်အဖြေ တစ်ခုကြောင့် လတ် ဘာမှထပ်မပြောပဲ နှုတ်ဆိတ်နေလိုက်ရသည်..။
သူ့ရဲ့ စာချူပ်မပါတဲ့ မိန်းမပို့တဲ့စာကို သတိရတော့...
“နင့်ဖုန်း ခေါင်းအုံးဘေးမှာ...”
ကိုယ်ကိုင်းပြီး ခေါင်းအုံးဘေးက ဖုန်းကို လှမ်းယူခါ ဖွင့်ကြည့်သည်..။
ဖုန်းကို နှိပ်ပြီး ဘေးကို ပစ်ချခါ ကုတင်ဘေးက ရေသန့်ဘူးကို ဖောက်၍ မော့သောက်ပြန်သည်..။
“ဟလို....ကိုလား....ဒီမှာ ချစ် စောင့်နေရတယ်...”
“ဒီနေ့တော့ မလာတော့ဘူး...”
“ဘာလည်း...ကို့ဘေးမှာ တစ်ယောက်ယောက် ရှိနေပြီလား...ဒီနေ့ ချိန်းလို့ စောင့်နေတာကိုပဲ...”
“ဟုတ်တယ်...ဆောရီး...”
“ကိုနော်..”
“ကျစ်....”
“ဆောရီး..ဆောရီး.... ဒါပဲနောကို.....”
ဖုန်းသံတိတ်သွားတော့ သူ့ အကြည့်တွေက လတ်ဆီကိုရောက်လာမှန်း သိလိုက်သည်..။
ခေါင်းကို အသာငှဲ့ပြီးမသိချင်ယောင်ဆောင်နေချိန် သူ့ခြေလှမ်းတွေက လတ် အနားကိုတဖြည်းဖြည်းရောက်လာသည်..။
“ဘာဖြစ်လို့လည်း..”
“ဟင့်အင်း..”
“ကြောက်နေတာလား...”
လတ် ရဲ့ စိတ်ထဲ မာနတွေ အရောင်လက်သွားခါ အကြည့်စူးတစ်ချက်ဖြင့် ရဲရဲဝံ့ဝံ့ မော့ကြည့်မိသည်..။
သူက ဘာမို့လို့ ကြောက်ရမှာလည်း... တစ်ချိန်တုန်းက ကိုယ့်မျက်နှာရိပ် ကြည့်ပြီး  ကိုယ်အရိုးနွှင်ပေးတာလေးကို ပဲ စားနေရတဲ့ သူငယ်နှပ်စားကောင်လေး တစ်ယောက်...။
မျက်လုံး နက်နက်တွေက ပိုထင်းလာသလို ပါးရိုးက ပိုပေါ်လာပြီး အမွှေးအမျှင်တစ်ချို့လည်း ကပ်ညိနေသည်..။
နံရဲံပေါ်ကို တံတောင်ကပ် လိုက်ပြီး ကိုယ်ကို ပိုကိုင်းလာတော့ မကြောက်ဘူးလို့  စိတ်တင်းထားပေမဲ့ ကြောက်စိတ်နဲ့ ရင်တွေ တဒိန်းဒိန်း ခုန်ပေါက်ပြန်သည်..။
ဟုတ်တာပေါ့..တစ်ချိန်ကကောင်လေးက လတ် နဲ့ အရပ်တူ ခပ်ပိန်ပိန်ကောင်လေး ..အခုတော့ ယောင်္ကျားပီသတဲ့ ခန္ဓာကိုယ်နဲ့ သူ့ အရိပ်က လတ်ကို မိုးနေပြီ…။
သူ့ အပေါ်ပိုင်း ဗလာကျင်းနေတဲ့ ကိုယ်ခန္ဓာရဲ့ အပူချိန် နဲ့ အသက်ရှုသံတွေပါခံစားသိရှိနေရတော့ နီးကပ်လွန်းတဲ့ အနေအထားကို ကြောက်လာသည်..။
“လင်မယားတွေပါ... ဘာဖြစ်လို့လည်း...”
“နင်....နင်...ပြောတော့...အစ်မတစ်ယောက်လို စောင့်ရှောက်မယ်ဆို...”
“မပြောပါဘူး…”
“နိုင်ထူးပြောတယ်…”
“အဟွင်း..ပြောစရာ ဒါပဲရှိတာလား...”
လတ်မော့ကြည့်လိုက်တော့ သူ့မျက်ခုံးပေါ်က အမာရွက်ကလေးကို မြင်ရတဲ့ အထိ နီးကပ်လွန်းနေပြီ...။
ခေါင်းပြန်ငုံ့လိုက်ပြီး..။
“စောစောက ငါရိုက်မိတာ တောင်းပန်ပါတယ်...အထင်လွဲပြီး ရိုက်မိတာပါ...”
“ကျန်သေးတယ်…”
ခပ်မာမာပြောလာတဲ့ စကားသံကြောင့် ဘာရယ်မဟုတ်ပဲ ဦးနှောက်ထဲမှာ အဖြေအပြေးအလွှားရှာနေမိသည်…။
“ဟို..ဟိုအရင်ကလည်း မှားရိုက်ခဲ့တာပါ..”
“အဟား...ဟုတ်တယ်..လိုနေတာ အဲဒါ...”
စက္ကန့်ပိုင်း အတွင်း ရှေ့မှာ ရပ်နေတဲ့ လူက ရေချိုးခန်းထဲကို ရောက်သွားပြီလေ..။
မတောင်းပန်လို့ ခြိမ်းခြောက်နေတာလား... အမှတ်အတေးကလည်း ကြီးလိုက်တာ… အမြင်ကပ်ဖို့ကောင်းလိုက်တဲ့ သတ္တဝါ...။
“မလတ် ဘယ်မှာအိပ်မှာလည်း..”
“ဟင်...”
အသံကြည်ကြည်သာသာဖြင့် မျက်နှာသုတ်ရင်း လှမ်းမေးတော့ လတ် ကြောင်စီစီ လေး ပြန်ကြည့်နေမိသည်..။
သူက ကုတင်ကို မေးပင့်ပြခါ...
“ဒီအခန်းမှာလား..တခြား အခန်းမှာ သွားအိပ်ပေးရမလား..”
“ဟယ်...မသွားနဲ့လေ... သူတို့တွေ သိသွားလိမ့်မယ်...”
“အဲတော့...”
“ရတယ်...ငါအောက်မှာပဲ အိပ်မယ်...”
“အိုကေ....အိပ်ပြီ...ဂွဒ်နိုက်..”
နှစ်ခါမမေးပဲ ကုတင်ပေါ် ပစ်လှဲချခါ စောင်ကို ဆွဲခြုံပြီး ကွေးအိပ်တော့သည်..။
လတ်မှာတော့ ကိုယ့်စကားနဲ့ ကိုယ် ခေါင်းအုံးနဲ့ စောင်ယူပြီး အေးနေတဲ့ ကြမ်းခင်းမှာ စောင်ပတ်အိပ်ရသည့် အဖြစ်...။
တော်ပါသေးရဲ့ စည်းတစ်ခု ရှိနေပေလို့...။
မဟုတ်ရင် သူ့လိုရဲတင်းသူနဲ့ တစ်ခန်းတည်း မနေရဲပါဘူး....။
စိတ်ကူးယဉ်ခဲ့ဖူးတဲ့ လက်ထပ်ပွဲ... ဖြစ်နေတဲ့ လက်တွေ့ တစ်ခြားစီ...
ဘဝဆိုးတဲ့ စင်ဒရဲလားတောင် မင်္ဂလာဦးညမှာ ကံကောင်းပါလိမ့်ဦးမည်..။
စားပွဲပေါ်က လက်ထပ်ထားတယ်ဆိုတဲ့ စာချူပ်ကို ငေးကြည့်ရင်း…
အခုတော့......နိုင်ထူး...နိုင်ထူး...နင့်ကို ငါတွေ့ရင်တော့လေ....။
.
“နိုးပြီလား အစ်မ..”
မီးဖိုခန်းထဲ ရောက်တော့ သော်တာက ညဝတ်ဂါဝန်ဖြင့် ရေနွေးအိုးရေဖြည့်နေသည်။
“အင်း...ဘာလုပ်ပေးရမလည်း...” “ရတယ်...သော်တာတို့လည်း လက်ထပ်ထားတာ သုံးလပဲရှိသေးတယ်လေ..မနက်တိုင်း မနက်စာ တူတူပြင်ကြတာ...”
“သြော်...အင်း..ကောင်းတာပေါ့...”
“အစ်မကလည်း မင်္ဂလာဦးနေ့ အစောကြီးထလာရလား...ရင်ခွင်ထဲ မှိန်းနေရမယ်လေ...”
“အို...အဲ....အားနာလို့ပါ..”
“အားမနာပါနဲ့...သွားလေ...ပြန်သွားနေ အစ်မ...သော်တာတို့ ပြင်ထားခဲ့မယ်..”
“ဟုတ်ကဲ့...”
သူတို့ လင်မယားကြည်နူးနေတာ လတ့်မှာက ကန့်လန့်ကြီး ဖြစ်တော့မှာပဲ ဆိုတဲ့ အတွေးဖြင့် လှေကားကို ပြန်တက်လာရသည်..။
နေစရာမရှိ ၀တ်စရာမရှိ သောက်စရာတောင် မရှိတဲ့ ဘ၀ပါလားနော်...။
ရေဆာလို့ အောက်ထပ်ဆင်းသွားတာ အတင်းပြန်လွှတ်လို့ အပေါ်ရောက်လာရပြန်သည်..။
ကုတင်ပေါ်မှာ ၀မ်းလျားမှောက်ပြီး အိပ်ပျော်နေတဲ့ သူ့ဆီ အကြည့်ရောက်သွားတော့ စိတ်ပျက်စွာဖြင့် နှုတ်ခမ်းမဲ့မိသည်..။
ရှည်လာလိုက်တဲ့ ဆံပင်... ဒီဆံပင်တွေကို အစကတည်းက ကြည့်လို့မရခဲ့တာ....။
တော်ကြာ အဝါ...ခဏကြာ အနီ အမျိုးမျိုး အရောင်ပြောင်းနေတာ အမြင်ကပ်ခဲ့တာ...။
အခုတော့ ပခုံးမရောက်ပေမဲ့ လှိုင်းတွန့်ပြေပြေတွေကို ဖြောင့်လိုက်ရင် ပခုံးကျော်ပါသည်..။
သူ့ အကိုကြီး တစ်ယောက် အိမ်ကိုလာတာ တွေးမိတော့ သူလည်း ဒီရုပ်ပဲထွက်လာတာပါပဲ...။
သူတကာနဲ့ မတူတဲ့ မျက်လုံး နက်နက်တွေတောင် ဘာဆေးတွေ ခြယ်ထားလို့လည်း မသိပါဘူး...။
စတွေ့ကတည်းက သိချင်နေတဲ့ မိန်းမတစ်ယောက်ရဲ့ စပ်စုချင်စိတ်ကို တားမရသည့် အဆုံး လတ်လည်း ကုတင်အနားကို တိုးသွားခါ ငုံ့ကြည့်မိသည်..။
မျက်တောင်ဖျားတွေ ဖိကပ်ထင်း နေပေမဲ့ ဆေးတော့မဟုတ်...။
တစ်ချို့ မျက်တောင်တွေဆို နှစ်ထပ်သုံးထပ် ကပ်ပေါက်နေတဲ့ နေရာတွေတောင် ရှိသည်.။
ဒီလောက် စိပ်နေတဲ့ မျက်တောင်ထူတွေကြောင့် လိုင်နာ ဆွဲထားသလို ဖြစ်နေတာကိုး..။
တစ်ကိုယ်လုံးမှာ ကြည့်ရတာဆိုလို့ ဒီမျက်လုံးပဲ ရှိတယ်...။
ငယ်ငယ်တုန်းက ပုံရိပ်လေးကို ပြန်မြင်ယောင်တော့ လတ်နှုတ်ခမ်း မဲ့ လိုက်မိသည်..။
သူ့ကို ရိုက်ထားတာ မမေ့သေးပဲကိုး...။
လတ်လည်း အဲဒီ့တုန်းက နိုင်ထူး ရှင်းပြတော့ စိတ်မကောင်းဖြစ်ခဲ့ပါသေးသည်..။
စာမေးပွဲတွေ အောင်စရင်းထွက်တော့ နိုင်ထူး နာမည် ပါကြောင်းသိတာနဲ့ သူ့ နာမည်ကိုပါ တစ်ခါတည်း ထပ်မေးရသည်.။
သူလည်း အောင်တော့ ဒေါ်လေး ဆိုတာ ၀မ်းသာလွန်းလို့ ကျေးဇူးရှင်လေး အောင်တယ်ပြောပြီး ငိုရှာတာ...။
အထင်လွဲပြီး ရိုက်လိုက်ကတည်းက ပျောက်သွားတဲ့သူက နိုင်ထူး ပျောက်တော့မှ ပြန်ပေါ်လာပြန်ပြီ...။
ဒါတွေကို ဘယ်လို နားလည်ရမလည်း....။
“ဇွန်..”
“အ...”
လတ် မတ်တက် ပြန်ရပ်လိုက်ချိန် ရုတ်တရက် လက်ကို ဆွဲချခံလိုက်ရလို့ ကုတင်ပေါ် ခွေခေါက်ပြုတ်ကျသွားရသည်..။
“ဘာလို့ထွက်သွားတာလည်း...”
“ဟင်...”
“ကိုယ် ဘာပြောထားလည်း...ကိုယ် မျက်လုံးပွင့်ရင် ရင်ခွင်ထဲမှာ ရှိနေရမယ်လို့လေ...”
“အိုး...”
ခါးကို သူ့လက်တစ်ဖက်တည်းဖြင့်  တင်းကြပ်အောင် ဆွဲဖက်လိုက်တော့ လတ်မှာရုန်းချိန်တောင်မရပဲ သူ့ကိုယ်နှင့် တစ်သားတည်း ဖြစ်သွားရသည်..။
“အင်....မေးနေတယ်လေ....”
“မဟုတ်ဘူး....မှားနေပြီ...”
“ဘာမှားတာလည်း....မနက်အိပ်ယာထရင် ကိုယ်ဘာလိုအပ်လည်း မသိဘူးလား..”
“မဟုတ်ဘူး..”
သူ့ရဲ့ ဝဲပျံ့နေတဲ့ နှာခေါင်းကို ကြည့်ခါ စိတ်ရှုပ်လာလို့ တင်းကြပ်နေတဲ့ကြားက လက်ကို ရအောင်ထုတ်ပြီး နှာခေါင်းကို အားဖြင့် ဆွဲလိမ်ပစ်လိုက်သည်..။
“အ...အာ...အား.....သေပြီ...ဇွန်း...”
လတ့် ကိုယ်ကို ဆောင့်တွန်းခံလိုက်ရလို့ ကုတင်အောက်ကို ဘုတ်ခနဲ့ ပြုတ်ကျခါ အရိုးတွေ ကျိုးကျေကုန်ပြီလားမသိ...။
“ဟင်...”
နှာခေါင်းကို လက်နဲ့ အုပ်ပြီး ကုတင်ဘေးကို ငုံ့ကြည့်တဲ့ ဒင်းကို မကျေမနပ် စောင်ပေပေ ကြည့်လိုက်တော့မှ မျက်လုံးပြူးပြသည်..။
“ဟယ်တော့...မလတ်ပဲ...”
“ဘာ...”
“အဲ..ယောင်လို့...မလတ်က ဘယ်လိုဖြစ်ပြီး ကုတင်ပေါ်ရောက်နေတာလည်း..”
“နင်လေ....နင်ဆွဲချတာ...”
လတ် မျက်နှာ ရှုံမဲ့နေရင်းမှ ဒေါသထွက်လို့ လက်ညိုးထိုး အော်ပစ်လိုက်သည်။
“သြော်..ဆွဲချရင် ရင်ခွင်ထဲတိုး၀င်ရလား..ကောင်းလိုက်တာ...”
“မဟုတ်ဘူး..နင်အတင်းဖက်တာ...”
“ဆောရီးပါ...အိမ်မက်နဲ့ရောထွေးသွားလို့...ဒါကြောင့် နှာခေါင်းလိမ်လိုက်တာလား...တွန်းလိုက်မိတာလည်း ဆောရီး...ထလို့ရသေးရဲ့လား..”
လတ် တင်ပါးကို မကိုင်ရဲလို့ ခါးကို ပဲ ပွတ်ခါ ထရပ်လိုက်ရသည်..။
နာလိုက်တာတော့ မပြောပါနဲ့ ကိုယ့်ဝိတ် တစ်ရာ့လေးဆယ်ကျော် အားနဲ့ ပြုတ်ကျတာကိုး...
“ခြီး...”
“ဘာလည်း..”
လတ်မှာ မလုံမလဲဖြင့် တစ်ကိုယ်လုံး ငုံ့ကြည့်ခါ မေးလိုက်တော့ မော့ကြည့်ပြီး ရယ်နေဆဲ...။
“ဘာဖြစ်တာလည်း...”
“မလတ် မေးနှစ်ထပ်တောင် ဖြစ်နေပြီ...ဟား..ဟား..”
လူကို လက်ညိုးထိုးပြီး လှောင်ရယ်နေလိုက်တာ..သူ့ထက် ငယ်ငယ်လေးများ မှတ်နေလား...။
“ကျစ်...”
“အရမ်း၀သွားတယ်နော်...မှတ်တောင်မမှတ်မိဘူး...”
“နင်လည်း အရမ်း...အရမ်း......”
လတ် လွယ်လွယ်စဉ်းစားမရလို့ စကားရှာနေတုန်း သူက ရယ်ပြန်ပြီ...။
“ပြောပါ အားမနာနဲ့ ဘာပြောင်းသွားလည်း...”
“လူဆိုး...လူဆိုးနဲ့ တူသွားတယ်...”
“ဒါပေါ့...အစကတည်းက လူဆိုးပဲလေ...”
ကုတင်ပေါ်က စောင်ကို ပစ်ချပြီး ရေချိုးခန်းထဲ ၀င်သွားတော့ လတ် မျက်စောင်းထိုးခါ စောင် ခြင်ထောင်ခေါက်ရသည်..။
အိပ်ယာသိမ်းရင်း နိုင်ထူးကို သတိရပြန်ပြီ..။
ဒီနေ့ကော နင့် အိပ်ယာကို ဘယ်သူ သိမ်းပေးမလည်း...ဟမ်...။
ဟူး..ငါကတော့ နောက် လူဆိုးတစ်ကောင် အိပ်ယာကို သိမ်းနေရတယ်...
အချိန်တိုင်း... နေ့တိုင်း... နေရာတိုင်း.. အိပ်ယာထကတည်းက အလုပ်နဲ့ချည်း စတင်နေရတဲ့ ဘဝြကီးပါလားနော်...။
.
“ဟောတော့...ကြက်ကြော်တွေ မရှိတော့ဘူး..”
မီးဖိုခန်းထဲက အသံစီခနဲ့ ထွက်လာတော့ လတ်မှာ မျက်နှာပူလွန်းလို့ ပြေးသာ ပုန်းနေချင်တော့သည်..။
မနက်က မစားပါနဲ့လို့တားပါသေးသည်..။
“ဘာဖြစ်နေတာလည်း..မလတ်ရာ..သူစိမ်းလိုမနေနဲ့...ဒီကောင်နဲ့ က အေးဆေး ရှော့မရှိဘူး..”
“ဟဲ့...သူ့မိန်းမပြောလိမ့်မယ်...တစ်ပတ်စာ ကြော်ထားတာတဲ့...”
“ဟား..ဟား...ကြက်သားဆယ်တုံး တစ်ပတ်စာတဲ့...အပိုတွေ ...”
တားနေသည့်ကြားကနေ ကြက်သားကြော်စားလိုက် အအေးသောက်လိုက် တီဗွီ ကြည့်လိုက် ဖြင့် အမှိုက်လည်း ဖွသေးသည်..။
လတ်အပေါ်မှာ အနိုင်ကျင့် ဗိုလ်ကျတာမျိုး မရှိပေမဲ့ နိုင်ထူးနဲ့ နေရတာထက် ပိုဆိုးသည်။
အိမ်သန့်ရှင်းရေး ပန်းကန်ဆေး လှည်းကျင်းတာလောက်တော့ ပြန်လုပ်ပေးနိုင်ပေမဲ့...အခုလို အမှုန့်တွေ တန်ဆာပလာတွေဖြင့် ကြက်ကြော်ပေးဖို့ကတော့ မစွမ်းသာ..။
ကိုယ်လည်း စျေးမသွားရသလို သူတို့ဆီမှာသာ ကပ်စားနေရသည့်ဘ၀..။
ဆယ်ရက်ကျော်လာပြီမို့ အိမ်ရှင်ကလည်း ငြူစူချင်လြာ့ပီ..။
မိန်းမချင်းလည်း ကိုယ်ချင်းစာပါတယ်လေ...လာတည်းနေတဲ့ ဧည့်သည်က လူမှဟုတ်တာ....အဲ လတ် တစ်ယောက်တည်းကလူဖြစ်နေတာ...ဒင်းက လူမဟုတ်ဘူး..။
“ဟို...မနက်က နောင် ဗိုက်ဆာလို့စားသွားလိုက်တယ်...”
“ဟင်း...ကို ပြန်လာရင်တော့ စားစရာ မရှိတော့ဘူး....ထပ်ချက်ရမှာပဲ..”
“အစ်မလည်း ကူပေးပါမယ်...”
“သော်တာ ရေချိုးလိုက်ဦးမယ်...အစ်မ ထမင်းအိုး တည်ပေးပါလား..”
“အင်း..လုပ်ထားလိုက်မယ်နော်....ဘာတွေ ပြင်ဆင်ပေးရဦးမလည်း..”
“အိုးလေးခွက်လေးပဲဆေးထားပါ...သော်တာ အလုပ်ပြန်ရင် ပင်ပန်းလွန်းလို့ ဘာမှ မကိုင်ချင်ဘူး...အခုတော့ သေမှာပဲ...”
“အားနာလိုက်တာ...သော်တာရယ်..”
“ဟူး..”
ခေါင်းရမ်းပြီး မီးဖိုခန်းထဲက ထွက်သွားတော့မှ လတ် ထမင်းအိုးတည်ဖို့ ပြေးစီစဉ်ရသည်..။
အိုးတွေ ခွက်တွေ အဆင့်သင့် တိုက်ချွတ်ပေးထားတာတောင်မှ ချက်တဲ့ ပြုတ်တဲ့ အချိန် ဆူဆောင့်နေတော့ မျက်နှာတွေ ပူလိုက်တာလည်း မပြောပါနဲ့...။
ဒင်းကတော့ တစ်နေ့ခင်းလုံး စိတ်ကြိုက်မွှေလှန်စားပြီး ထွက်သွားပြီ...။
ပြန်လာမှာက ည ကိုးနာရီ...ဒီအတွင်း လတ်ကတော့ ပထမကမ္ဘာစစ်ထဲရောက်နေသလို အသံပေါင်းစုံ ဆူညံနေအောင်ကြားရတော့သည်..။
.
“နောင်ရေ...အိပ်ကြမယ်လေ...”
လင်မယား မဟုတ်သော်လည်း လူကြားကောင်းအောင် မျက်နှာပူပူဖြင့်ပင် ခေါ်လိုက်ရသည်။
“မလတ် သွားအိပ်နှင့် ဒီမှာ ရုပ်ရှင်ကောင်းနေတုန်း...”
“လာပါ နောင်ရဲ့...ဆယ်နှစ်နာရီကျော်နေပြီလေ...”
“ဒီကောင်တောင် မအိပ်သေးဘူး....”
“ငါလည်း အိပ်ချင်..”
“သွားအိပ်...”
“အဲ...မအိပ်ချင်ပါဘူးကွာ...မင်းကလည်း...ဒီကားပြီးမှပေါ့လေ...”
လှေကားခြေရင်းမှာ ရပ်ပြီး သက်ပြင်းချနေတုန်း ရှိသေး..သော်တာ က ခြေဆောင့်ထွက်လာပြီး ရေသောက်ခါ မျက်စောင်းထိုးရင်း ပြန်၀င်သွားသည်..။
အရိပ်အကဲ ကြည့်နေရသူမို့ ဘာကို မကြည်လည်း သိပေမဲ့ ဒင်းကတော့ အလိုက်ကန်းဆိုးမသိစွာဖြင့် တဟားဟားတောင် လုပ်နေလိုက်သေး...။
မနက်ကျရင်တော့ ဆူသံပူသံ တညံညံ ထွက်လာပါလိမ့်ဦးမည်..။
“ဂျောက်...”
“ဟင်..မလတ် မအိပ်သေးဘူးလား...”
“အ..အား...”
သူ့အသားကို နာအောင်မလုပ်ရဲလို့ ခပ်ဖွဖွပဲ လိမ်ဆွဲခါ ခေါ်လာရသည်..။
စိတ်တိုခြင်းသည် တစ်ခါတလေ သတ္တိ ကို ဖြစ်ပေါ်စေသည်မလား...။
ကုတင်နားရောက်တော့ လက်လွတ်ပေးလိုက်တာတောင် နားရွက်ကို အုပ်ထားဆဲ...။
“ဘာဖြစ်တာလည်း မလတ်ရဲ့...”
“ဟင်း..နင်အလိုက်ကန်းဆိုး မသိဘူး...သူတို့ လင်မယား အိပ်ချင်နေတာကို ဘာလို့ ဇွတ်ထိုင်နေတာလည်း..”
“သူတို့ဟာ သူတို့ အိပ်ပါလား..ဘာဆိုင်လည်း..”
“ဟယ်...နင့်သူငယ်ချင်းကို နင် ဆွဲထားတယ်လေ...”
“ဘယ်မှာဆွဲလည်း သွားအိပ်လို့ပြောတာပဲ..”
“သွားအိပ်လို့ အော်ပြောမှတော့ ဟိုက ဘယ်အိပ်တော့မလည်း..”
“သြော်...သြော်...ဟုတ်ပြီ..နောက်နေ့ကျရင် သူ့ကိုယ်စား သူ့မိန်းမကို သိပ်ပေးလိုက်မယ်...”
“နင် ပြောလေ ကဲလေပဲ..”
‘မလတ် အပိုတွေတွေးနေတာ...သူ နဲ့က တကယ့် ဘော်ဒါ အရင်းကြီး အားနာနေတာမျိုး မရှိပါဘူး...”
သြော် အားနာစရာ မရှိတဲ့ သူငယ်ချင်းကြီးတဲ့လေ….သူငယ်ချင်း မဟုတ်တဲ့ လတ်ကတော့…တစ်နေ့တစ်နေ့…စိတ်တွေ ပိုဆင်းရဲရသည်..။
နေရတာ သူ့အိမ်လည်း မဟုတ် စားရတာလည်း သူ ရှာနေတာ မဟုတ်..
သူစိမ်း အိမ်ပေါ်နှစ်ယောက် တက်နေပြီး စားသောက်နေရတာ... အလိုက်ကန်းဆိုး မသိ မျက်မုန်းကျိုးအောင် နေတဲ့ သူ့ကြောင့် လတ်က ကြားထဲမှ မျက်နှာလည်းပူ နားလည်းပူနေပြီ..။
“ငါ့ အိမ်ကို ပြန်ကြည့်လို့ရမလား…”
“ဟာ..မရဘူး..လုံး၀ ပြန်လို့မရဘူး…အစောင့်တွေချထားတယ်….စုံထောက်တွေပါ ရှာဖွေရေးလုပ်နေတယ်…မလတ်ကလည်း..ဒီအိမ်စုတ်ကို ဘာလို့ ပြန်ချင်နေတာလည်း….အဖမ်းခံချင်လို့လား…”
“ဟူး...”
လတ် ရှင်းပြလည်း နားမလည်တဲ့ သူ့ကို စကားလုံး မရွေးတော့ပဲ သက်ပြင်းချခါ အိပ်ဖို့ပဲ ပြင်ရတော့သည်..။
လက်ထပ်ထားတယ် ဆိုပေမဲ့ လတ် အပေါ် အခွင့်အရေး မယူလို့ ကျေးဇူးတင်ရပါသည်။
မောင်နှမ စိတ်ဖြင့် စောင့်ရှောက် ကူညီပေးနေတာလည်း သိပါသည်။
ဒါပေသိ ကိုယ့်မောင်ထက် အဆတစ်ရာလောက် ဆိုးသည့် မောင် တစ်ယောက် ကောက်ရသလို စိတ်ညစ်ရပါသည်..။
နိုင်ထူး....မောင်လေး ...ပြန်လာပါ.....မလတ် ရာမလည်း ၀ယ်ပေးမယ်...လိုအပ်ရင်လည်း တူတူပြေးကြတာပေါ့ဟယ်...။
စိတ်ဆင်းရဲဖို့ကောင်းလိုက်တာနော်....။
“မလတ်..”
‘ဘာလည်း..”
‘နိုင်ထူး မနက်က ဖုန်းဆက်သေးတယ်..မလတ် အဆင်ပြေလားတဲ့....ဘယ်လို ပြန်ပြောလိုက်ရမလည်း..”
“ပြေလွန်းလို့ ဝိတ်တောင် ကျသွားတယ်လို့ ပြောလိုက်...”
“ဝိတ်မကျပါဘူး...တက်လာတာပါ..လက်မောင်းတွေက ပေါက်စီတွေ ထပ်ထားသလိုပဲ...”
လတ် မျက်စောင်းထိုးပြီး စောင်ဆွဲခြုံလိုက်တော့ ဒင်းက ဘယ်နေရာမှ မရှောင်ပဲ ထုံးစံအတိုင်း အကျီ င်္ ချွတ်ခါ ကုတင်ပေါ် ပစ်လှဲသည်..။
မနက်ကျရင် ဒီအင်္ကျီ င်္ကောက်ဖို့က မိလတ်တို့ရဲ့ တာ၀န် တစ်ခု...။
သူများအ၀တ်အစားတွေ ယူ၀တ်ပြီးလည်း စည်းကမ်းရှိရှိ နေတာ မဟုတ်...ချချင်ရာချ ထားချင်သလိုထား...။
လတ်မှာသာ အားနာလွန်းလို့ ကိုယ်တိုင်လျှော် မီးပူတိုက်ပြီး ပြန်ပေးရသည်..။
ကိုယ်တော်လေးက တစ်ခါ၀တ်ပြီး ထပ်မ၀တ်တော့ပဲ နောက်တစ်ထည်သွားတောင်းပြန်သည်..။
တကယ့်ကို လူမြင်ကပ်အောင် နေတက်တဲ့ ရှားမှရှား လူငါးဖယ်မျိူး..။

*✭˚・゚✧*・゚*✭˚・゚✧*
ဒီနေ့ စာက
အမြန်ရေးလိုက်ရလို့ ဖတ်မကောင်း အဆက်မမိရင် ဆောရီးပါနော် 💔😢

.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ

Group မှာ 
share ပေးလို့
အသည်းလေးတွေ အားလုံး
ကျေးဇူးအထူးထူးပါနော် ❤

စွဲနေပြီWhere stories live. Discover now