Part 17

6.5K 317 4
                                    

စွဲနေပြီ
အပိုင်း (၁၇)
#စွဲနေပြီ

“ဘာတွေလည်း..လတ်လတ်ရဲ့..”
“အုန်းနို့ခေါက်ဆွဲ ချက်နေတာ မမိုးရေ….စားလို့ရတော့မယ်..ပြီးရင် ဆင်းလာနော်…”
“ဝါး…မိုးတောင် မလင်းသေးဘူး….မလတ် အော်ဟစ်နေတာ..ကျစ်..”
နောင် အိပ်ယာထဲက သမ်းဝေရင်း ထွက်လာတော့ မလတ်က မီးဖိုပေါ် အိုးအသစ် တင်ပြီး ဘာတွေ ချက်နေလည်း မသိ…။
“မလတ်..ဘာတွေလည်း..”
“အုန်းနို့ခေါက်ဆွဲလေ..နောင်ရဲ့..”
“ဟာ…စောကြီးပဲရှိသေးတယ်…”
“အင်း…အချိန်မှီအောင်ပါ…လာ အတော်ပဲ နည်းနည်း မြည်းပါဦး..”
နောင် ဆံပင်တွေကို သပ်တင်လိုက်ပြီး မလတ် လှမ်းပေးတဲ့ ဇွန်းကို မျက်နှာ မသစ် သွားမတိုက်ပဲ မြည်းကြည့်သည်.။
“ဘယ်လိုလည်း..”
“ကြက်သားလိုနေတယ်..”
“ကောင်စုတ်လေး..ကောင်းကောင်းပြော..”
“အားလုံး အတော်ပဲ…ကောင်းတယ်..”
“တော်သေးတာပေါ့..ရမ်းချက်ရတာလေ..”
“အိုး အသစ်တွေ ဘာတွေနဲ့ အုန်းနို့ခေါက်ဆွဲ အများကြီး ချက်ပြီး မလတ် ဘာလုပ်မလို့လည်း..”
“လစာထုတ်လာတာလေ….မနေ့က လစာရကတည်းက စိတ်ကူးထားတာ..အုန်းနို့ခေါက်ဆွဲချက်ပြီး မိသားစုကို ကျွေးချင်တယ်..”
“ဟင်..”
“ဒေါ်လေးပုရယ်၊ မမိုး၊ မအေးမိ တို့လေ…တို့တွေရဲ့ မိသားစုမဟုတ်ဘူးလား..”
နောင် အိပ်ချင်မူးတူးဖြင့် ငိုင်ထိုင်နေရင်းက မလတ် ပြောတာ ကို သဘောပေါက်လာတော့မှ  ပြုံးပြီး ခေါင်းည်ိတ်လိုက်မိသည်..။
နေပါဦး..ညက လစာ လုပ်လာတယ်လည်း မပြောပါဘူး..။
ဒါကြောင့် မဇာဇာတို့ဆိုင် ၀င်ပြီး စကားပြောနေတာကိုး..နောင်ကတော့ အပြင်မှာ တစ်နာရီ ကျော်လောက် ရပ်စောင့်ခဲ့ရသည်..။
“မလတ် လစာထုတ်တာ နောင့်လည်း မပြောဘူး..ဘာလည်း ယူသုံးမှာ စိုးလို့လား..”
“မဟုတ်ပါဘူးဟယ်…ငါ့ဟာငါ တွက်ချက်နေရလို့ မပြောအားတာ…နင့်အကျီ င်္အိတ်ထဲမှာ ငါးထောင်တန် ထည့်ထားတယ်…အိုး..အများကြီး တစ်ခါတည်း မသုံးနဲ့နော်…လိုရ မယ်ရ ဆောင်ထား..”
ငါးထောင် ထည့်ထားတယ်ရဲ့ နောက်ဆက်တွဲ မသုံးဖို့ ပြောနေတေါ့ နောင် မျက်ခုံးတွန့်ကွေးသွားခါ
“ပေးလည်း မနေပါနဲ့တော့…”
“တစ်လမကုန်မချင်း အတွက် စဉ်းစားပြီး ပြောတာပါ နင့်သဘောပဲ…ကုန်လည်း ထပ်မရဘူး.ဒါပဲ…”
“ဟွန့်..”
နောင် နှာခေါင်း ရှုံ့လိုက်ပြီး အနံ့မွှေးနေတဲ့ ဟင်းရည်နံ့ကြောင့် ကပျာကယာ မျက်နှာ ပြေးသစ်ရသည်..။
“အုန်းနို့ခေါက်ဆွဲက ဒေါ်လေးပုနဲ့ မတည့်ဘူးနော်..မလတ်…”
“အမလေး..တည့်ပါတယ်တော်…ကျူပ်မှာ ဘာသွေးတိုးမှ မရှိဘူး..”
ဒေါ်လေးပုက မျက်နှာသစ်နေရင်း လှမ်းအော်တော့ နောင် ပခုံးတွန့် ရယ် မိသည်..။
နောင် နီးစပ်ရာ အင်္ကျီနဲ့ မျက်နှာ သုတ်ပြီး ပန်းကန်နဲ့ ဇွန်းကိုင်ခါ အခန်းထဲက ပြန်ထွက်လာခဲ့သည်..။
“မလတ်…စားချင်တာမလား..”
“အဟား..ဟုတ်တယ်…စားချင်တာမှကြာလှပြီ..အခု အ၀စားရမယ်..”
“နောင် အတွက် ဒီနေ့ ဘာဟင်းလည်း..”
“ငါး..”
“ဟာ..လွန်လာပြီ…မစားနိုင်တော့ဘူး..”
‘နင့်ဘယ်သူက ကျွေးလို့လည်း..တကယ်တဲ သူများချက်တာကို ထိုင်စားနေပြီး ဂျေးက များသေး”
“ဒီလို မပြောပါနဲ့…ဒီမှာတွေ့လား..သတင်းစာနဲ့ ဂျာနယ် ငွေ၇၀၀ အကုန်ခံပြီး ၀ယ်လာတာ အလကား မျက်လုံးညောင်းခံဖတ်ဖို့ မဟုတ်ဘူး..ရှာမှာ…အလုပ်တစ်ခုရအောင် ရှာပြမယ်…အဲတော့မှ လာမကျွေးနဲ့..လုံးစမစားဘူး..”
နောင်တို့ အခန်းဝရောက်နေသည့် ကိုအောင်ဦး သတင်းစာနဲ့ဂျာနယ်ကို ကောက်ခါ ပေါင်ကို ရိုက်ရင်း ဟန်ပါပါဖြင့် ညာလိုက်ရသည်..။
“အမလေး…ရပါစေဦး..”
“ရော်..ဒီလင်မယားတွေ တွေ့တာနဲ့ သတ်တာပဲ…အိပ်ယာထဲထိ သတ်တာပဲလား..”
“ဟုတ်တယ်..ဒေါ်လေးပုရေ…မလတ်က အသတ်အပုတ် ဝါသနာပါတယ်..”
“နောင်…”
“ကဲ..တော်ပါတော့ဟယ်…မိလတ်ရေ…စားလို့ရပြီလား..”
“ရပြီ..ဒေါ်လေးပု…ခေါက်ဆွဲ ပွဲပြင်ဖို့ ပန်းကန် မရှိဘူး..”
“အိုး..ဘာဖြစ်လည်းအေ…ကိုယ့်အိမ်က ပန်းကန် ကိုယ်သယ်လာကြပေါ့..”
“ဟိ..ဟိ..ကောင်းတယ်..”
ဒေါ်လေးပု သာ ၀င်မတားရင် မလတ် နဲ့ နောင် တစ်ပွဲထပ်သတ် ကြဦးမှာ အသေအချာပင်..။
.
“မလတ်..ဘာဖြစ်လို့လည်း..”
အလုပ်က အပြန်သွားကြိုတာ...လမ်းလျှောက်လိုက်ရပ်လိုက် လုပ်နေလို့ မေးမိသည်။
“ခေါင်းထဲ ရိပ်တိတ်တိတ် ဖြစ်နေတယ်..”
ထမင်းထုတ်ကိုင်ထားတဲ့
နောင့် လက်မောင်းကို လာကိုင်ပြီး ခပ်ဖြည်းဖြည်းလျှောက်ရင်း ပြောတော့ နောင် ခြေစုံရပ်ပစ်လိုက်မိသည်..။
“တော်တော်မူးလား..”
“အင်း မနက်ကတည်းကပဲ..အခုတော့ ပိုဆိုးလာပြီ…”
“အိပ်ရေးပျက်လို့လား မသိဘူး…ဟိုဘယ်လမ်းကူးရင် ဆေးခန်းရှိတယ်…သွားလိုက်မယ်နော်..”
“မလိုပါဘူးဟယ်…ပိုက်ဆံ တစ်ခါကုန်ဦးမယ်..”
“ကပ်စေးနှဲတယ် ပြောရင် မကြိုက်ဘူး..”
နောင် ပြောရင်း လက်ကို ဆွဲခါ လမ်းဖြတ်ကူးလိုက်တော့ နောက်က တွန့်ဆုတ်ဆုတ် ဖြင့် ပါလာသည်..။
ဆေးခန်းထဲရောက်တော့မှ စောင့်ရမဲ့ လူက တသီတတန်းကြီးမို့ စိတ်မရှည်ချင်…။
“မလတ်…ဟိုဘက်က ဆေးခန်းသွားမယ်..ထ.”
“လုပ်ပြန်ပြီ…ဒီမှာထိုင်…စျေးသက်သာလို့ လူများနေတာ..”
“ကျန်းမာရေးကို စျေးသက်သာတာ မရှာနဲ့လေ…”
“အိုး..မသိဘူး..ထိုင်နေ…”
“မူးနေလား…ပခုံးမှီထားလေ…”
ဒီလောက် လူတွေ အများကြီး ရှုပ်ယှက်ခတ်နေတဲ့ ကြားထဲမှာ ပခုံးကို လက်ပုတ်ပြပြီး မှီချခိုင်းနေတော့ လတ် မျက်စောင်းထိုးမိသည်..။
လူက ဝေဒနာ ခံစားရတာ တစ်မျိုး..ဘာကိုမှ မသိနားမလည်တဲ့ ကလေး တစ်ယောက်လို ဖြစ်နေတဲ့ သူ့ကြောင့် စိတ်တိုရတာက တစ်မျိုး…။
“ဒီဘက် အခြမ်းက စ၀င်လို့ရပြီ..”
“ဟုတ်ကဲ့..”
လက်ညွန့်ပြလိုက်တာ လတ်တို့က ထိပ်ဆုံးမို့ ၀မ်းသာအားရဖြင့် ခန်းစီး လိုက်ကာလေးမ ခါ ၀င်သွားမိသည်..။
“နာမည်..အသက်…နေရပ်လိပ်စာ..”
“မြူနှင်းလတ် ပါ အသက် က ၂၅  ဒီလမ်းထဲက သုခ တန်းလျား အခန်းနံပါတ် ၅မှာ နေပါတယ်..”
“ဘာဖြစ်လည်း..”
“ခေါင်းမူးလို့ဆရာ…မနက်က စမူးနေတာပါ..”
“ကုတင်ပေါ်တက်..”
လတ် ကုတင်ပေါ်က မနည်းအားယူပြီး တက်ခဲ့ရင်း ဒီကိုယ်ခန္ဓာကြီး ဝိတ်ချသင့်ပြီလို့ဆုံးဖြတ်လိုက်မိသည်..။
“ဟုတ်ပြီ…ဆေးစာကို ရှေ့မှာ ထုတ်လိုက်ပါ…”
“သွေးပေါင်နည်းနည်းကျနေတယ်.. ဟိုဘက်မှာ ထပ်စစ်ဆေးပေးလိမ့်မယ်....”
“ဟုတ်ကဲ့..”
ဘာမှန်း မသိတဲ့ စာရွက် တစ်ခု လက်ထဲ ထည့်ပေးတော့ ခေါင်းညိတ်နေချိန် နောက်ထပ် လူနာထပ်၀င်လာလို့ ထွက်ခဲ့ရသည်.။
“စာရွက်..”
“ဒီမှာပါ ဆရာမ..”
“ဟုတ်ပြီ..ခဏထိုင်နေပါ..နာမည်ခေါ်မယ်..”
“ဟုတ်..”
“ကျစ်…ဆေးခန်းကလည်း..ရေဘေးဒုက္ခသည် စခန်းမှာ ထမင်းဝေတာ ကျနေတာပဲ..ကိုင်ထား..စောင့်နေ…ခေါ်ရင်လာ..ကျော်မတက်နဲ့..ဆိုတာမျိုး..ခရာမမှုတ်သေးတာ တစ်ခုပဲရှိတယ်..”
ဘေးမှာကပ်ထိုင်ပြီး ပွစ်ပွစိ ဝေဖန်နေတဲ့ နောင့် စကားကြောင့် လတ် ဝေဒနာ မေ့ခါ ရယ်ရင်း လက်မောင်းကို လိမ်ဆွဲမိသည်..။
“မလတ်.ဘယ်လိုနေသေးလည်း....”
“ကောင်းနေပြီ..”
“ဝိုး…ဆေးခန်းဆိုတဲ့ ဆိုင်းပုဒ်ကို တွေ့တာနဲ့ ကောင်းသွားတာလား..နောက်ဆို ဆေးကြော်ငြာစာရွက် လေးတွေ ဖျော်သောက်ရင် ရောဂါပျောက်လိမ့်မယ်ထင်တယ်..”
“ခွေးစုတ်…”
“ဒီဘက်ခုံက လူတွေ လာလို့ရပါပြီ..”
“လုပ်ပြန်ပြီ..”
“ဟဲ့..တိုးတိုးပြောပါ..လာ..”
ဘေးက သူ့လက်မောင်းကို ခပ်ဖိဖိလေး ကိုင်ပြီး နောက် အခန်း တစ်ခုထဲ ၀င်သွားရသည်..။
“နံပါတ် ၂၂ လား..”
“ဟုတ်..”
“၀မ်းသာပါတယ်..ကိုယ်၀န် နှစ်လ ရှိနေပါပြီ..”
“ရှင်..”
“ဟင်..”
“ဟို..ဆရာမ…ကျွန်မက မူးတာပါ..”
“ဟုတ်ပါတယ်..ဖြစ်တက်တယ်…ဆေးပေးလိုက်မယ်….ဂရုစိုက်ပါ…”
“ဆရာမ…လူနာက..”
“၂၂ မလား…ဟိုဘက်က ဆရာ စစ်ဆေးတယ်မလား..”
“ဟုတ်ပါတယ.်..ဒီမှာစာရွက်ပါ ဆရာမ”
လတ် လှမ်းပေးလိုက်တဲ့ စာရွက်ကို ဆွဲယူပြီး ဘေးမှာ ချရင်း မျက်နှာထားတင်းတင်း ပြင်လိုက်ခါ…
“ဟုတ်တယ်ဆို ..ရှင်တို့ ဘာလို့ မျက်လုံးကြီး ပြူးကြည့်နေတာလည်း…ဒီမှာ ဆေး..သုံးထောင်ကျတယ်..”
“မဟုတ်ဘူးလေ..ဆရာမရယ်..လူနာဘာဖြစ်တယ်ဆိုတာမေး..”
“နောင်….ပေးလိုက်လေ..”
မလတ် က လက်မောင်းကို ဆွဲပြီး ပြောတော့ ပြောရမဲ့ စကားလုံး ပျောက်ကုန်ပြီး ပိုက်ဆံရှင်းခါ ထွက်လာခဲ့လိုက်ရသည်..။
လမ်းမီးတိုင်ရှိတဲ့ အပင်အောက်ကို ရောက်တော့ မလတ်က အပင်ခြေရင်းက ညောင်စောင်းခုံမှာ ၀င်ထိုင်ပြီး မျက်လုံးမှိတ်ထားသည်..။
“အရမ်းမူးနေလား..”
“အင်း…ဒါပေမဲ့..ငါ…ငါ..ဘယ်လိုဖြစ်ပြီး..”
“မသိဘူးလေ…”
“ဟင်..”
“မလတ်…ကိုယ်တိုင်တောင် မသိတာ …နောင်က ဘယ်လိုသိမလည်း..”
“မဟုတ်ဘူးလေဟယ.်…အင့်…ငါ…ငါ….ဘယ်သူနဲ့မှ မမှားခဲ့ဖူးပါဘူး..”
မျက်နှာကို လက်အုပ်ပြီး ငိုရင်း ပြောတော့ နောင် ခေါင်းကိုလက် နှိုက်ကုတ်၍ စိတ်မရှည်စွာ ထိုးသပ်တင်မိသည်..။
ဟူး…မလတ်လိုပဲ နောင်လည်း ရင်တွေ ပူလောင်နေရတယ်ဆိုတာ မလတ် သိရဲ့လား..။
“မှန်မှန်…မှားမှား…လူသဘာ၀အတိုင်းပဲ ကလေးတွေ ဖြစ်တည်လာရတာလေ…ယောင်္ကျားနဲ့ မိန်းမ မအိပ်ပဲ ဗိုက်ကြီးမလား..”
“ဟဲ့..”
“မလတ် နားလည်အောင်ပြောပြတာပါ..”
“ငါနားလည်တယ်..သိလား..ငါနားလည်တယ်…နားလည်လို့ စဉ်းစားနေရတာ…ဟီး…နင် ငါ့ကို ဘယ်လိုထင်နေလည်း.. ငါသိတယ်…အင့်..ငါ မသိတဲ့ ကိစ္စကို ငါ့ကို စွပ်စွဲကြတော့မယ်လေ…ငါက ဒီလောက် ပေါ့ပျက်ပျက် နိုင်တဲ့ မိန်းမလား…ငါကိုယ်ခန္ဓာအကြောင်း ငါသိတာပဲ…တစ်နေ့..တစ်နေ့…အလုပ်ပဲလုပ်နေတာ…ဘယ်ယောင်္ကျားကိုမှလည်း စိတ်၀င်တစားတောင် ကြည့်အားတာ မဟုတ်ဘူး..အခုဟာက…တစ်ခုခုတော့ မှားနေပါပြီ…ဟီး…လင်ကောင်မပေါ်ပဲ ကလေး မွေးရအောင် ….ငါက….ဟီး……”
မျက်ရည်တွေကို လက်ခုံနဲ့ ဖိဆွဲသုတ်လိုက် ငိုလိုက် နဲ့ နှာခေါင်း တစ်ရှုံ့ရှုံ့ ဖြင့်ပြောတော့ နောင် သက်ပြင်းချမိသည်.။
“ကဲ…လင်ကောင်မပေါ်ပဲ မွေးတော့ ဘာဖြစ်လည်း…. ဘာလို့ စိုးရိမ်နေတာလည်း…မလတ် နဲ့နောင် က လင်မယား..မလတ် မွေးလာမဲ့ ကလေးက နောင့်ကလေးလို့ပဲ မြင်ကြမှာလေ…ဘာထင်စရာရှိလို့လည်း..”
“ဟင်..”
မလတ် မျက်လုံးဝိုင်းဖြင့် မော့ကြည့်လာတော့ နောင် မျက်မှောင်ကြုတ် မေးငေါ့ရင်း တစ်စုံတစ်ခုကို သတိရခါ..
“အဲလို..မကြည့်နဲ့…အဲလို မကြည့်နဲ့နော်….မလတ်..”
နောင့်  လက်ညိုးထိုးပြီး ခပ်ဆတ်ဆတ် အသံမြှင့်အော်ပြောလိုက်တာ ကြောင့် ခေါင်းကို ဆတ်ခနဲ့ ပြန်ငုံ့ခါ ခေါင်းရမ်းပြသည်..။
“မလတ် အကြည့်တွေကို နောင် သိတယ်….စွပ်စွဲတဲ့ အကြည့်.”
“မဟုတ်ဘူး…မဟုတ်ပါဘူး…”
“နောင် ဘယ်လောက် စောင့်ထိန်းခဲ့လည်းဆိုတာ မလတ် ကိုယ်တိုင်သိပါတယ်….နောင့် စိတ်ကို မလတ် မသိလို့လား…နောင့်ရဲ့ ကိုယ်ကျင့်တရားကို မစော်ကားနဲ့..”
“မဟုတ်ဘူး..မဟုတ်ပါဘူး..နောင်ရယ်…မလတ်…မလတ်…ဒီတိုင်းရုတ်တရက် တွေးမိတာပါ….တောင်းပန်ပါတယ်…နောင် က နိုင်ထူးကိုယ်စား မောင်လေး တစ်ယောက်လို စောင့်ရှောက်ပေးခဲ့တာ မလတ်သိပါတယ်….မထင်ပါဘူး..မစော်ကားပါဘူး…နောင်ရယ်..”
နောင့်လက်ကို ဆုပ်ကိုင်ပြီး မျက်ရည်လည်ရွဲနဲ့ တောင်းပန်နေတဲ့ မလတ်ကြောင့် နောင် စိတ်၇ှုပ်စွာဖြင့် မတ်တက်ရပ်လိုက်ခါ..
“ထားပါတော့..ဘာတွေဖြစ်ဖြစ် မလတ် တစ်ယောက်တည်း မဟုတ်ဘူး..နောင် ရှိတယ်…ထလေ…ပြန်ကြမယ်…”
ခေါင်းငုံ့ပြီး ငိုနေတာ မပြီးနိုင် မစီးနိုင် နဲ့ ရှိုက်နေတော့ စိတ်မရှည်လို့ လက်မောင်းကို ဆွဲထူတော့မှ မျက်ရည်သုတ်၍ ခေါင်းညိမ့်ခါ ထလာတော့သည်..။
“ပေးလေ…ထမင်းအထုတ်တွေ..”
“ပြီးရင် လွင့်ပစ်ဦးမယ်..”
“ခိုင်းရင်သာ မလုပ်ချင်တာပါ..”
မလတ် လက်ထဲက ထမင်းအိတ်နဲ့ Step တံဆိပ်ပါတဲ့ စက္ကူအိတ်ကို ဆွဲယူလိုက်သည်..။
ထီးနဲ့ ဇစ်ဆွဲပိုက်ဆံအိတ်ရယ်…ဖုန်းရယ် ထည့်တာကလည်း…စက္ကူ အကျီ င်္ အိတ်ကြီးနဲ့လို့တွေးရင်း ရင်ထဲ တစ်မျိုးဖြစ်ရပြန်သည်..။
မလတ်ရယ်….ဘယ်လိုတွေမှားခဲ့ပြီး ခုမှ ၀န်မခံနိုင်ဖြစ်နေရတာလည်း…။
၀န်ခံပေးစမ်းပါ….မဟုတ်ရင်…နောင့်ကို ညာနေသလိုပဲ ခံစားရတယ်…။
ရဲရဲ ပြောလိုက်စမ်း….ငါ လူတစ်ယောက်နဲ့  မှားခဲ့တယ်…နင် တာ၀န်ယူပေးပါလားလို့ တောင်းဆိုခဲ့ရင် နောင် အရာအားလုံး တာ၀န်ယူလိုက်ပြီး…မလတ်ကို…နောင့်ဘ၀ထဲ ခေါ်သွင်းလိုက်မှာပါ….အခုတော့….ဘယ်သူနဲ့ ဘာဖြစ်မှန်းတောင် မသိတဲ့ ပုံစံက တစ်ဖက်လူ အတွက် ခံရခက်တယ်…မလတ်ရယ်..။
နောင့် စိတ်ထဲ မတွေးချင်တဲ့ မလတ်ရဲ့ မိန်းမမာယာလို့ပဲ မြင်နေမိတယ်….
ယောင်္ကျား တစ်ယောက်ကို လှည်းကျိုးထမ်းခိုင်းဖို့ အကွက်ချ စီစဉ်လိုက်တဲ့မာယာ မျိုးဆိုရင်တော့ နောင့်ရဲ့ စိတ်ထဲ အလိုလို ရွံရှာ မုန်းတီးနေတာ…ဘယ်လို လုပ်ရမလည်း..။
“နောင်..”
“ဟင်..”
“ဖြည်းဖြည်းလျှောက်ပါလား..”
“အင်း..”
နောင် အတွေးတွေနဲ့ ဖိနင်းနေတဲ့ခြေလှမ်းတွေ လျော့ချလိုက်တော့ လက်မောင်းကို  ဖွဖွကိုင်ပြီး တွဲလျှောက်နေတာ စိတ်မသက်သာစရာ…။
“တခြား ဆေးခန်းသွားပြရင်ကောင်းမလား မသိဘူး..”
“ဆေးသောက်လိုက်ရင် ကောင်းသွားမှာပါ…”
“အရမ်းမူးနေရင် မှီထားလေ….”
“မှီထားတော့ ခေါင်းပိုလှုပ်မှာပေါ့…အိမ်ရောက်ခါနီးပါပြီ..”
လက်မောင်းကို ကိုင်ပြီး ခပ်ဖြည်းဖြည်း လျှောက်နေတဲ့ မလတ်ကို ဘေးတိုက် အနေအထား စုန်ချည်ပြန်ချည် ကြည့်ရင်း စိတ်မောလာသည်..။
မဖြစ်ပါဘူး မနက်ဖြန် ဆေးခန်း တစ်ခု ထပ်ခေါ်သွားပြီ ပြပေးရမယ်…။
ကျစ်…စကားနားထောင်ရင် တစ်ခါတည်း ရောဂါ ပျောက်ဖို့ကို ဒုက္ခသည်စခန်းကို သွားလာသလိုပါပဲလား…။
“…ဒီလင်မယားတွေ တည့်နေပါလား…ဟား..ဟား...”
လတ်ကို လက်ညိုးထိုးပြီး မျက်လုံးပြူးကြီးနဲ့ ဆိုက်ကြည့်နေတဲ့ အရက်သမားအောင်ဦးကြောင့် ခေါင်းကြီးသွားသည်…။
သူများလား….သူက အရက်သမား…နှစ်ဆယ့်လေးနာရီ မူးရူးနေတာ…
ရမ်းကားတာမျိုး မဟုတ်ပေမဲ့..မူးနေတဲ့သူက လူစည်း ကို ဘယ်လိုသိမှာလည်း..။
အခန်းထဲကို တံခါးမရှိ ဓားမရှိ ၀င်ထွက်ရဲတာ သူတစ်ယောက်တည်းရှိတာလေ….။
ဒီလူကြီး ယုတ်မာလိုက်တာများလား…။
“လတ်လတ်…ကို အမေ က မုန့်ပို့ထားတယ်..ဟဲ…ဟဲ…ငါ့ညီမ လည်း တစ်နေ့တခြား ၀လို့ လှလို့ပဲ..ဟေး..ဟေ….”
“ဟုတ်…ဟုတ်..ကဲ့..”
မျက်လုံးပြူးရင်း မျက်နှာမှာ ကြည့်ရဆိုးလောက်အောင် ရယ်နေတော့ ဘေးက နောင့်လက်မောင်းကို တင်းနေအောင် ဆုပ်ကိုင်ပြီး ခြေလှမ်းတွေကို ခပ်သွက်သွက် လှမ်းမိသည်..။
“အ၀တ်အစားလဲလိုက်ဦး…ပြီးရင် ထမင်းစားပြီး ဆေးသောက်ရမယ်…”
“အင်း..”
နောင်က အခန်းတံခါးပိတ်ပေးခဲ့ပြီး အပြင်ထွက်သွားတော့ လတ် မျက်ရည်တွေ တောင်ကျရေလို အလျှင်အမြန် ပြိုဆင်းလာတော့သည်..။
အသက်ငယ်ငယ်က ဘ၀ပျက်မလို ဖြစ်ခဲ့ရချိန် တုန်လှုပ်ခဲ့ရတာ….။
အခုတော့ ဘယ်လို လုပ်ရပါ့မလည်း....လတ် ဘဝတော့ ဘယ်သူ ဖျက်စီးခြွေယူသွားမှန်းတောင် မသိခဲ့တဲ့ ဘ၀ဆိုးပါလားနော်…။
အဒေါ်ပြောသလို ကျိန်စာတွေများ မိနေသလား ….ဘယ်သူ ဖျက်စီးသွားမှန်းမသိတဲ့ မိန်းမ တစ်ယောက်ကို လူတွေသာ သိရင် ဘယ်လောက် အထင်သေးမလည်း….ဘယ်သူ့ကလေးမှန်း မသိတဲ့လူသား တစ်ယောက်က ဗိုက်ထဲရောက်နေတာ နှစ်လတောင် ရှိပြီတဲ့…။
ထမင်းဆိုင်မှာ လူစုံပေမဲ့ လတ် ကမီးဖိုဆောင်ထဲမှာ ထမင်းစားချိန်တောင် နားရသူမဟုတ်ဘူး…။
အသွားအလာ အနေအထိုင် မတက်လို့ ဖျက်စီးခံရအောင်လည်း..လတ် က အိပ်ချိန်ပဲ သတိမရှိတာလေ…။
နောင်ကလည်း သူ့ကို အထင်မှားလို့မရအောင်ကို စည်းစောင့် နေပြခဲ့တာပါ…။
သူ တာ၀န်ယူ ခေါင်းခံပါမယ်လို့ ပြောပေမဲ့ လတ်ကို ဘယ်လောက်တောင် အထင်သေးနေပြီလည်း ရိပ်မိပါသည်..။
လတ် အတွေးတွေနဲ့ အတူ စိတ်ညစ်လွန်းလို့ ခေါင်းချာချာ လည်အောင် မူးနှောက်လာသည်..။
.
“ဟား..ဟား…ဒါဖြင့်…ကိုအောင်ဦးက ဒီည မသောက်ဘူးပေါ့..”
“အေး..လုံး၀ မသောက်ဘူး..”
“ဒါဖြင့်..ဒေါ်လေးပု စိပ်ခိုင်းတဲ့ ပုတီးကော စိပ်ပြီးပြီလား..”
“ပြီးပြီလေ..”
“တစ်ရာကျော်တောင်လား မြန်လှချည်လား…”
“အိုကွာ…စာအုပ်ထဲက အတိုင်း စိပ်တာပဲလေ…”
“ကိုအောင်ဦး ခင်ဗျားက မဟုတ်သေးပါဘူး…သေချာလို့လား..ဒီလောက်မမြန်ဘူးနော်..”
“သိတယ်..စာအုပ်ထဲမှာ ပုတီးစိပ်နည်းမှာ သုံးခေါက်ပဲ ရေးပြထားတာ ထိုနည်းလည်းကောင်း နောက်မှာပါတော့ ငါလည်း ထိုနည်းလည်းကောင်းစိပ်တာလေ..”
“ဟား..ဟား…ထင်သားပဲ….”
“နောင်..”
“ကဲ.ခေါ်နေပြီ..သွားဦးမယ်..”
နောင် ဘေးအခန်းမှာ ပုတီး လည်ပင်းချိတ်ရင်း တီဗွီထိုင်ကြည့်နေတဲ့ ကိုအောင်ဦးကို နှုတ်ဆက်ခဲ့လိုက်သည်..။
ဒီညတော့ သူ တကယ် မသောက်ဘူးထင်ပါတယ်လေ…။
“ထမင်းစားမယ်လေ…မလတ်..”
“ဟင့်အင်း…ဆေးပေးပါ….”
“ဟာ..အစာမရှိပဲ မသောက်ပါနဲ့…”
“ဆိုင်မှာ စားခဲ့ပါတယ်…ဆေးပေးပါ…”
နောင် ခေါင်းရမ်းရင်း အကျီ င်္ အိတ်ကပ်ထဲက ဆေးကို ထုတ်ပေးလိုက်တော့ အသင့်ယူထားတဲ့ ရေဘူးကိုင်ခါ တစ်ခါတည်း သောက်ချလိုက်သည်..။
“နောင် ထမင်းစားလိုက်နော်…မလတ် အိပ်တော့မယ်..”
“ဟင်…အင်း…”
နောင် အိပ်ယာအခင်း  ကပျာကယာ ပြေးခင်းပေးလိုက်တော့ ဘယ်မှ မပြောပဲ ခေါင်းအုံးပေါ် ခေါင်းရောက်တာနဲ့ မျက်လုံးမှိတ်ထားသည်..။
နင် ငါလို့ ပြောနေကျကနေ မလတ်လို့ ပြောင်းသွားတာ သတိထားမိလိုက်တော့ ပို စိတ်ပူရပြန်သည်..။
တော်တော် များ ဖြစ်နေလို့လား မသိပါဘူး..ကျစ်…။
နောင် စိတ်ရှုပ်စွာဖြင့် ခေါင်းကုတ်ရင်း နှုတ်ခမ်းကိုက်ခါ ဒူးပေါ်မေးတင် ၍ ထိုင်နေမိသည်..။
“မလတ်..”
“အင်..”
“ဘယ်လိုလုပ်မလည်း..လက်ခံမှာလား…”
“ဟင်း…”
မလတ်ရဲ့ သက်ပြင်းချသံကြောင့် နောင် ခေါင်းငဲ့ ကြည့်ရင်း ပြောရမဲ့ စကားကို စဉ်းစားမိသည်…။
“ဘယ်လိုဖြစ်ဖြစ် လူဖြစ်လာပြီဆိုရင် လောကကြီး ကို သိသွားသင့်ပါတယ်…မလတ် အခု နေမကောင်းတာကိုပဲ ခေါင်းထဲ ထည့်ပါ..စိတ်ညစ်စရာ မတွေးနဲ့…ဒီကိစ္စက စမောဆိုဒ်လေး…နောင် နဲ့ မလတ် နှစ်ယောက် အတူတူဆို လူသား တစ်ယောက်ကို ကောင်းကောင်း တာ၀န် ယူနိုင်ပါတယ်…”
“ကျေးဇူးတင်ပါတယ်…”
အသံခပ်တိုးတိုး တုန့်ပြန်ပြီး ကျောပေး အိပ်လိုက်တော့မှ နောင် ထ လာခဲ့လိုက်သည်..။
ထမင်းထုတ်ကို ဖြည်ကြည့်တော့ ကြက်သား နဲ့ ငရုတ်သီးထောင်းပေမဲ့ စားချင်စိတ်လည်း မရှိတော့ပါ…။
မိန်းမတွေ အကြောင်း ကောင်းကောင်း သိပေမဲ့…အခုကိစ္စ မှာ မာယာလား တကယ်လား ဝေခွဲမရခင် မလတ်ကို သနားမိပြန်သည်..။
နောင် စိတ်မောစွာဖြင့် အိပ်ယာထဲမှာ သက်ပြင်းခိုးချမိသည်..။
.
“မလတ်…စောကြီးထနေပြန်ပြီလား..”
“မဟုတ်ပါဘူး…အခုလေးမှ နိုးတာ..စျေးမသွားတော့ဘူးနော်..ကြက်ဥချက်ခဲ့လိုက်မယ်…”
“ရတယ်…အလုပ်မသွားရင် ကောင်းမယ်..”
“အိပ်လိုက်တော့ သက်သာသွားပါပြီ…”
“အင်း..အများကြီး မတွေးနဲ့နော်..”
လတ် သက်ပြင်းခိုးရှိုက်ရင်း ခေါင်းညိတ်ပြလိုက်ပေမဲ့ ရင်ဘတ်ထဲ မှာ ပူလောင်နေရသည်..။
ပတ်၀န်းကျင်က သူ့ကလေးလို့ အသိအမှတ် ပြုကြရင်တောင် တကယ်တော့..။
“မနက်စာတော့  မအေးမိနဲ့ မုန့်ဟင်းခါးမှာလိုက်တယ်..စားလိုက်…”
“အင်း..”
နောင် ရေခပ်ပြီး ရေချိုးရင်း ရေအိုးတွေပါ လိုက်ဖြည့်ပြီးချိန် မလတ် က အလုပ်သွားဖို့ ပြင်ဆင်ပြီးနေပြီ..။
အလုပ်မသွားပါနဲ့ လို့ တားချင်ပေမဲ့ သူ ဘယ်လိုတွေ ရင်ဆိုင် ဖြေရှင်း စရာ ရှိနေလည်း မသိတော့ တားလို့မရပြန်..။
“သူဌေးကတော့ အစ်မလတ်လတ် ကို အရမ်းချစ်တာ …လက်ဆောင်တွေလည်း ပေးတယ်..”
ဆိုတဲ့ ကောင်လေးရဲ့ စကားသံတွေ ကြားယောင်မိတော့ သက်ပြင်း တစ်ချက်ရှိုက်လိုက်သည်..။
ဘယ်လိုတွေပဲ ကြုံလာလာ…နှလုံးသားနဲ့ လုံး၀ဥဿုံယုံကြည်ပေးနေတဲ့ နောင့် ကိုတော့ မလိမ်မိပါစေနဲ့ မလတ်ရယ်…။
တစ်ချိန်ချိန် အဖြစ်မှန်ပေါ်လာခဲ့ရင် သစ္စာဖောက်သလို ခံစားရပြီး အဆမတန် မုန်းမိမှာ စိုးလို့ပါ…။
“သွားတော့မယ်နော်..”
“အင်း..”
“လတ်လတ် သွားတော့မလား အစောကြီးပဲ..”
“အမ်း..”
အရက်သမားက လှမ်းအော်မေးတော့ လတ် စကားကို ကောင်းကောင်း မွန်မွန် ပြန်မဖြေပဲ ခပ်သုတ်သုတ် ထွက်လာခဲ့လိုက်သည်..။
ကိုယ်၀မ်းနာ ကိုယ်သာသိမို့ တရားခံထက် သက်သေကို ရှင်းရမလား စဉ်းစားရခက်နေသည်..။
“လတ်လတ်…”
“ဟင်…ရှင်..”
လတ် အနားကို ရုတ်တရက် ဆိုက်ကားတစ်စီး လာရပ်တော့ မော့ကြည့်မိတာ အရက်သမား..တဏှာရူးကောင်ကြီး…
ခေါင်းတွေ အရမ်းမူးလာလို့ လမ်းဘေး သစ်ပင်အောက်မှာ ထိုင်နားနေရတာ သူ့ကို တွေ့တော့ ပိုမူးလာသည်..။
“ညီမ သွားတာ ကြာလှပြီ..ခုမှ ဒီရောက်တာလား..”
“..”
“နေကောင်းရဲ့လား…ညီမ...”
လတ် ပခုံးကို လာကိုင်တော့ ပုတ်ချလိုက်ပြီး ဒေါသကြောင့် အံကြိတ်ခါ လက်သီးဆုပ်ရင်း..
“ကောင်းတယ်…ရှင်သွား…ထွက်သွား..”
“အေး..အေးပါ…”
မျက်လုံး ကျွတ်ကျမတက် ဆိုက်ကြည့်ပြီး မှ ထွက်သွားတော့ လတ် မျက်ရည်တွေ ပြည့်အိုင်လာရသည်..။
ဘယ်လိုဖြစ်ပြီး လူတကာ စော်ကားတာ ခံနေရတာလည်း…ဘယ်လို ဘ၀မျိုးလည်း…။
“အင့်….”
“ဟာ…လတ်လတ်…”
“ဟ…နေဦးဟ…”
အောင်ဦး လဲကျသွားတဲ့ လတ်လတ် ကို ပြေးပွေ့တော့လည်း မနိုင်…အကူအညီတောင်းဖို့ကလည်း ဘယ်သူမှ မတွေ့တော့ ဖိနပ် ခါးကြားထိုးပြီး အိမ်ပြန်ပြေးရသည်..။
“မင်းနောင်…မင်းနောင်ရေ….နောင်..ဟေ့ကောင်..”
“ဟ…ဘာဖြစ်နေတာလည်း..ကိုအောင်ဦး..”
နောင် ကြက်ဥအိုး မီးဖိုပေါ်မှ ချရင်း စိတ်တိုတို ဖြင့် ပိတ်အော် ပစ်လိုက်သည်…။
“လတ်လတ် မူးလဲလို့..”
“ဟမ်…
လက်ထဲက ဇွန်း နဲ့ လက်နီးစုတ်ကို ပစ်ချပြီး ခြံထဲက ပြေးထွက်လာတာ ဘယ်လို ဖြစ်ပြီး လမ်းမပေါ်ရောက်လာမှန်းတောင် မသိလိုက်ပါ..။
မလတ် ကို နှစ်ယောက်ပွေ့ပြီး ဆိုက်ကားပေါ်တင်ခါ နီးစပ်ရာ ဆေးခန်းကို ခေါ်သွားရသည်..။
“ဆရာ…ဆရာ..”
“ဟေ့..ဘယ်သူလည်းကွ..”
“ဆရာ…မူးလဲလို့ပါ..”
“ဆေးခန်း ၇နာရီမှ ဖွင့်မှာလေ…”
“ကူညီပါ ဆရာရယ်..”
“ကဲ…ကဲ..ခေါ်လာခဲ့..”
သံတံခါးကို တွန်းဖွင့်ပေးတော့မှ နောင် နဲ့ ကိုအောင်ဦး တို့ မလတ် ကို တစ်ခါ ပြန်ပွေ့ပြီး  ခေါ်ရသည်..။
“လူနာ က သွေးပေါင် တအား ကျနေတယ်..”
“ဟုတ်ကဲ့..ဆရာ မနေ့က ဆေးခန်း သွားတော့ ဆေးပေးလိုက်ပါတယ်..”
“ဟုတ်လား…ဆေးပါလား..”
နောင် ယောင်ပြီး အိတ်ကပ်ကို စမ်းမိတော့ ကံကောင်းထောက်မစွာဖြင့် ပါလာသည်..။
“ဒီမှာပါဆရာ…”
“ဒီဆေး... ဘာဖြစ်လို့ပေးတာလည်း..”
“ဟို ကိုယ်၀န် နှစ်လ လို့ပြောပါတယ်…”
“... ဒါ ကိုယ်၀န်ဆောင် သောက်တဲ့ သွေးပေါင်ကျဆေး အမျိုးအစားပါ..အခု လူနာက သွေးပေါင် တအားကျနေတယ်..ဆေးမှားတာလား..ပရက်ရှာ မငြိမ်တာလား မသိဘူး...ဆေး ဘယ်နှစ်ခွက်၀င်သွားလည်း..”
“ဟို..ညက တစ်စုံ..မနက် က တစ်စုံပါ…”
“အင်း...”
ဆရာ၀န်က သေချာ စဉ်းစားပြီးမှ ဆေးပုလင်းကို ထုတ်ပြီး အာရုံစိုက်၍ ဖြတ်ရင်း တစ်ခါ ပြန်ကြည့်ပြန်သည်.။
“သေချာ စစ်ပေးပါ ဆရာရယ်…ထပ်ပြီး မူးလဲနေမှာ စိုးလို့ပါ..”
နောင် အားကိုး တကြီး ပြောလိုက်တော့ ဆရာ၀န်က ပြုံးရင်း ခေါင်းညိတ်ခါ သွေးပေါင် ပြန်ချိန် ကြည့်သည်..။
“ဆေးပေးခန်းမှာက လူများတော့ လူနာမှားသွားတာ ဖြစ်ပါလိမ့်မယ်…လူနာက ပရက်ရှာ တော်တော်ကျနေတယ် ”
နောင် ဒေါသဖြင့် အံကြိတ်ရင်း ခေါင်းသာ ညိတ်ပြလိုက်ရသည်..။
ဖြစ်နိုင်ရင် ခုချက်ချင်းတောင် သွား ပြသာနာရှာချင်နေတာ..မလတ် က သတိမရသေးတာ ပို စိတ်ပူနေရသည်လေ...။
“လူနာ မကြာခင် သတိရလာမှာပါ…ခဏစောင့်လိုက်ပါ…”
“ဟုတ်…”
“ကိုအောင်ဦး ဆိုက်ကား လမ်းမှာ ထားခဲ့တယ်မလား သွားလုပ်ဦး..”
‘သြော်..အေး..”
အခန်းထဲမှာ ဘယ်သူမှ မရှိတော့မှ မလတ် ပါးအိအိလေးကို တို့ထိ မိသည်..။
အခုလို ရုတ်တရက် ကြီး ဖြစ်သွားတော့ စိတ်ပူတာကော စိတ်မကောင်းတာကော ပြည့်သိပ်နေအောင် ခံစားရင်း စိတ်ထဲမှာ မွန်းကြပ်နေပြီ..။
“အ..”
“…ဟင်…သတိရပြီလား မလတ်…”
“နောင်…”
“ဟုတ်တယ်….ဘယ်လိုနေသေးလည်း…ခေါင်းမူးသေးလား..”
“အင်း…နည်းနည်းမူးတယ်…”
မလတ်က ထဖို့ ကြိုးစားနေတော့ ပခုံးကနေ ဖေးပြီး ထူထပေးလိုက်ရသည်..။
“သြော်..သတိရပြီလား..”
“ဟုတ်ကဲ့..ဆရာ…”
“သမီး ကိုယ်၀န် နှစ်လ ရှိပြီပြောတယ်…သွေးပေါင်လည်း ကျနေတယ်…အစားအသောက်ကြောင့် လား ဆေးမှားတာလား သိဖို့လို လို့ ဆရာ ဆေး မပေးသေးပဲ စောင့်နေတာပါ…ကိုယ်ထဲ မှာ ဘယ်လိုခံစားရလည်း..”
“မူးပါတယ်ဆရာ..”
“မူးတာကြာပြီလား…ရာသီ နောက်ဆုံးလာခဲ့တာ ဘယ်တုန်းကလည်း..”
ဘေးက မျက်လုံးပြူး မျက်ခုံးတွန့်ရင်း အာရုံစိုက်နားထောင်နေတဲ့ နောင့်ကြောင့် လတ် လည်ချောင်းခြောက်ခါ တံတွေးမြိုလိုက်မိသည်..။
ဆရာ၀န် မေးနေတာမို့လို့ မျက်နှာကို ခပ်ငုံငုံ့ နေရင်း အသံတိုးတိုးဖြင့်..
“၁၅ ရက်နေ့ကပါ ဆရာ..”
“ဗုဒ္ဓေါ….တစ်ပတ်ထဲနဲ့ ဘယ်လို ဖြစ်ပြီး ကိုယ်၀န်၂လတုန်းဟ…မဟုတ်သေးပါဘူး..ရက်ကကော ပုံမှန်လိုပဲလား..”
“ဟုတ်..”
“နင်တို့ကတော့ လွဲနေပါပြီ…ငါ ဆေးကုလာတာ ဆယ်စုကျော်ပြီ..မကြားဖူးဘူး…နေစမ်းပါဦး…သမီး ကို ဘယ်လို စစ်လည်း..”
“သွေးပေါင်ချိန်ပါတယ်..ဆရာ…”
နောင်က ၀င်ပြောတော့ လတ်အမြင်ကပ်ကပ် ဖြင့် မျက်စောင်းဝဲလိုက်မိသည်..။
ယောင်္ကျားလေး ဖြစ်ပြီး နေရာတကာ ပါလေရာလေး…အပြင်ထွက်နေပါတော့လား....ဒီမှာ မျက်နှာတွေပူ နားတွေတောင် အူချင်လာပြီ…။
“ကဲ…ဘာဆေးပေးရမှန်းတောင် မစဉ်းစားတက်တော့ဘူး..သူတို့ တက်စ် မှားတာလား မသိဘူး..ရော့ ဒီမှာထပ် စစ်လိုက်….ဒါမှ ဆေးထပ်ကုလို့ ရမယ်..ဘယ်လိုစစ်ဆေးရမယ် ဆိုတာ ရေးထားတယ်..”
ကိုယ်သဘောနဲ့ ကိုယ်သာဆို ရှက်လွန်းလို့ အိမ်ပြန်ပြေးမိမယ် ထင်ပါရဲ့..။
အခုတော့ လတ် လက်ထဲ အတင်းထိုးထည့်ပေးရင်း မျက်နှာကို ကြည့်နေတဲ့ နောင့်ကြောင့်ပေါ့…။
“ဆရာ..”
မလတ် အခန်းထဲက ထွက်လာတော့ နောင့်ကို တစ်ချက်ကြည့်ပြီး ခေါင်းငုံ့ခါ ဆရာဝန်ကို ပြသည်။
“ကဲ..ဘာကိုယ်၀န် မှ မရှိပါဘူး…ဒီမှာ တကယ်သေချာတယ်…ဟုတ်ပြီလား…”
“ရှင်…”
“ဗျာ…”
“အေးလေ…ငါတောင် စဉ်းစားမရ ဖြစ်သွားတယ်…ကိုယ်၀န်မရှိပါဘူး..ဟ.. ဟား..ဟား…ကဲ ပြန်တက်ဦး သမီးရေ..ဆေးထိုးရမယ်..သွေးပေါင် တော်တော် ကျနေတယ်…”
နောင် မျက်လုံးပြူး ဖြင့် မလတ် ကို ကြည့်နေမိတော့ မလတ် က လည်း မယုံနိုင်သလို မျက်လုံးပြူး၍ ကြည့်နေသည်..။
မလတ် ကို အထင်လွဲမိတာ သနားမိသလို အားလည်း နာ စိတ်မကောင်းလည်း ဖြစ်ရသည်..။
နောင် စိတ်လိုလက်ရ ပြုံးလိုက်မိတော့ မလတ် က လည်း ပြုံးပြ၍ ကုတင်ပေါ်တက်သည်..။
မလတ် ရဲ့ အဖြူဘက်သမ်းနေတဲ့ နှုတ်ခမ်းကို ကြည့်ရင်း နောင် စိတ်ပူလာလို့ ဆရာ၀န်ဘက်ကို လှည့်၍
“သွေးပေါင် အရမ်း ကျတာဆိုတော့သွေးသွင်းဖို့..”
“ဒီလောက်မလိုပါဘူးကွာ…မိန်းမကို ဂရုစိုက်…ဆေးပတ်လည်အောင် တိုက်ပေး..ဟုတ်လား..”
“ဗျာ….အဲ..ဟုတ်..”
ဆရာ၀န်က ပြုံးစေ့စေ့ဖြင့် ပြောတော့ နောင် မလုံမလဲဖြင့် ခေါင်းညိတ်ပြမိသည်..။
ဆေးဖိုးရှင်းပြီးတော့ ဆေးခန်းရှေ့ရောက်တော့ ကိုအောင်ဦး ဆိုက်ကားက စောင့်နေသည်..။
“ကိုအောင်ဦး..သွားပြီမှတ်တာ..”
“မင်းတို့ ဘယ်လို ပြန်မှာလည်း…လာတက်…”
“ဟာ..မလတ်ရှေ့ကတက်လေ…ဆိုက်ကားထောင်သွားလိမ့်မယ်..”
“ဟင်….အင်း..”
လတ် ခေါင်းညိတ်ပြီး ဆိုက်ကားရှေ့ကို တက်တော့ မနက်စောစော အရက်နံ့က သင်းနေပြီ..။
ဒီလူကြီးကိုမှ နောင်ကလည်း ဘာဖြစ်လို့ ခင်နေမှန်းကို မသိဘူး..။
“ဒါနဲ့ ငါဘယ်လိုဖြစ်ပြီး ဆေးခန်းရောက်သွားတာလည်း…”
“မလတ် လမ်းမှာ မူးလဲနေတာ ကိုအောင်ဦးတွေ့လို့ တော်သေးတာပေါ့..”
“ဟင်..”
“အမလေး…မင်း မိန်းမ က ငါ့ကို မောင်းထုတ်တာ..ငါ စိတ်ပူလို့ တစ်ခေါက်လှည့်ကြည့်တာ လဲကျနေတယ်လေ…”
“ဟုတ်လား..မလတ်..”
“ဟုတ်တယ်..”
“ဘာဖြစ်လို့အော်တာလည်း..မလတ်ရဲ့”
လတ် ရင်ထဲက အစိုင်အခဲတွေကို ထပ်မစောင့်ထိန်းနိုင်တော့ပဲ နှုတ်ခမ်း ဖိကိုက်မိခါ..
“ကိုအောင်ဦးက မူးလာတိုင်း လူကို ပြူးကြည့်နေတာလေ…အမြင်ကပ်ဖို့ ကောင်းတယ်…”
“ဟမ်..”
“ဘာ..”
ဆိုက်ကားဆရာက ဆိုက်ကားနင်းနေရင်း ရပ်လိုက်တော့ လတ် မော့ကြည့်တာ ပြူးကြည့်ပြန်သည်..။
“ငါ..ငါ့ မျက်လုံးမကောင်းဘူး လတ်လတ်ရဲ့…သူငယ်အိမ်စောင်းနေတာ အနားကသူဆို နည်းနည်း ပြူးကြည့်မှ သေချာ မြင်ရတယ်…လူမျက်နှာတွေ မကွဲလို့ပါ..”
“ရှင်..”
“ဟာ..ဟုတ်လား..ဒါဆို ကိုအောင်ဦး ဆိုက်ကား ဘယ်လိုနင်းလည်း..”
“အနားကို လူကပ်လာရင် သုံးယောက်ယောက်လို မြင်နေတာ ..အရာ၀တ္ထုတွေသူနေရာနဲ့ သူကျတော့ ခန့်မှန်းလို့ရတယ်လေ…”
“ဟား..ဟား…တစ်ခါ မလတ်ရေချိုးနေတာကို ပြူးကြည့်တယ်ဆိုတာ ဒီလိုဖြစ်တာ ပဲ မလတ်ရဲ့..”
“ဟဲ့..”
နောင် က အလိုက်မသိပဲ အတိတ်က စွပ်စွဲချက်တွေပါ ထပ်ပြောတော့ လတ် မှာ အားနာလွန်းလို့ မျက်ရည်ပင် စို့လာရသည်..။
မညှာမတာ စွပ်စွဲခဲ့တာ သူ့မှာ အမြင်ချို့တဲ့နေတာ သိရတော့ စိတ်မကောင်းလည်း ဖြစ်ရသည်…။
“လတ်လတ် ကို ငါ့ညီမလေးနဲ့ တူလို့ချစ်တာပါ…ငါ့ညီမလေးက သူ့လိုပဲ ၀၀လေး လေ…”
“အခုဘယ်မှာနေလည်း..”
“ထိုင်းမှာ အိမ်ထောင်ကျနေတယ် ပြောတာပဲ..အိမ်က ထွက်သွားတာ ကြာလှပြီ..ငါတို့ သေသလား ရှင်သလားတောင် မသိပါဘူးကွာ…”
“သြော်….အဆက်အသွယ်လည်း မလုပ်ဘူးလား..”
“အေး…သူ့ရည်စားနဲ့ လိုက်သွားတာလေ..”
နောင်က စကားတွေ အများကြီး ဆက်မေး ဆက်ပြောနေပေမဲ့ လတ် မှာတော့ ကိုယ့်စိတ်နဲ့ကိုယ် မျက်ရည်စတွေကို မသိမသာ သုတ်ဖယ်ပစ်နေရသည်..။
အရက်သမား ကို လူမှန်းစသိကတည်းက မုန်းခဲ့လို့ အခုလိုတွေ ဖြစ်ရတာပါ ကိုအောင်ဦးရယ်..
“လတ် အော်ခဲ့မိတာ ခွင့်လွှတ်ပါ…”
“အယ်…ရပါတယ်ဟာ..ငါ့ညီမစုဝေဆိုရင် တွေ့တာနဲ့ ကောက်ပေါက်လိုက် ကန်တော့လိုက်ပဲ..ဒါလည်း နင်နဲ့ တူတာပဲ..”
“ဟား..ဟား…ဟုတ်တယ်နော်….မလတ်...”
ကိုအောင်ဦးလို ပိန်ပိန်လေးက လတ် နဲ့ နောင့်ကို ဆိုက်ကားနဲ့ တင်နင်းနေရတော့ လမ်း၀မှာပဲ ချပေးခိုင်းခဲ့လိုက်သည်..။
“နောင်…ဖုန်းဆက်ပေးပါလား..”
လတ် မှာ ရင်ထဲက အပူလုံးပျောက်သွားတော့ ရောဂါတွေတောင် ယူပစ်လိုက်သလို ပျောက်သွားရသည်..။
အလုပ်သွားဖို့ သတိရတော့ ဖုန်းယူပြီး နောင့်ကို ပေးလိုက်ချိန် မျက်မှောင်ကြီးကြုတ်ပြန်ပြီ…။
“ဘယ်ကိုလည်း..”
“သူဌေး ဆီကိုလေ…အလုပ်မှ မသွားဖြစ်တာ..”
“အင်း..”
နောင်က ဖုန်းကို ဆွဲယူပြီး နံပါတ်တစ်ကို ကြာကြာ နှိပ်ထားတော့ ဖုန်းသံတူတူ ထွက်လာသည်..။
“ဟလို..”
“ဟလို..ကိုကျေ်ာလား…”
“ဟုတ်ကဲ့…”
“လတ်ပါ…ကိုကျော်…လတ်ဒီနေ့…နေမကောင်းလို့ အလုပ်မမှီတော့ဘူး ကိုကျော် အဲဒါ…နွယ်.”
“နေ..နေပါဦး…ဘယ်လိုနေလည်း…ဘယ်လိုဖြစ်တာလည်း လတ်ရယ်..ဖျားတာလား..”
“မဟုတ်….အလုပ်လာရင်း သွေးပေါင်ကျပြီး မူးလဲလို့..”
“ဟင်..ခုကော…”
“ခုကောင်းနေပါပြိ…ဆေးခန်းပြပြီးပါပြီ..”
“ကိုယ်တော့ စိတ်ပူတာပဲ..ကိုယ်လာခဲ့မယ်..”
“ဟယ်..မဟုတ်တာ…လတ် တကယ် ကောင်းနေပါပြီ..”
“အင်း…အင်း..ဂရုစိုက်နော်…ဆိုင်ကို စိတ်ပူမနေနဲ့. သီရိတို့ ရှိတာပဲ.”
“ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ် ကိုကျော်..”
လတ် ဖုန်းချပြီး ပြုံးရင်း ဘေးက နောင့်ဆီ အကြည့်ရောက်သွားတော့ မျက်မှောင်ကြီး တွန့်ကုတ်ခါ ဆိုက်ကြည့်နေသည်..။
“ဘာဖြစ်လို့လည်း..”
“တော်တော်လေးမှ  ပျော်နေတာပဲ..”
“ဟင်..”
“သူဌေးက မလတ်ကို တအားဦးစားပေးတာပဲ အလုပ်သမားတစ်ယောက် နေမကောင်းတာ ဒီလောက်ပျာစရာ မလိုဘူး ထင်တယ်..”
“အဲလို မဟုတ်ပါဘူး…၀န်ထမ်းတွေကို သူ ဂရုစိုက်တက်တာပါ..”
“၀န်ထမ်းတွေ ဂရုတစိုက်ရှိတာက လက်ဆောင်လည်း တစ်ယောက်တည်း ၀ယ်ပေးတယ်နော်…”
“ဟင်..”
လတ် ကို ၀ယ်ပေးတဲ့ လက်ဆောင်တွေ အားလုံးကို ပြန်ခွဲဝေပေးလိုက်တာ အိမ်ကို တစ်ခုတလေ တောင် ပြန်သယ် မလာမိပါဘူး..
သူ ဘယ်လို သိသွားပါလိမ့်…။
“ဟွင်း..ဘယ်ကောင်နဲ့ ငြိငြိ…မလတ်..ကိစ္စပါ…နောင့် တာ၀န်က မ လတ်ကို စောင့်ရှောက်ဖို့ပဲ…အစက အဲ့ဒီကောင် ရဲ့ ကလေးလား လို့ တွေးမိသေးတယ်.”
“ဘာ…”
“ထင်တာပြောတာလေ….နေပူတယ်….
ခေါင်းပြန်မူးလိမ့်မယ်..အပင်အောက် က လျှောက်…”
လတ် ရန်တွေ့ဖို့တောင် အချိန်မရလိုက်ပဲ အပင်အောက်ကို ရောက်အောင် လက်မောင်းက ဆွဲခေါ်တော့ပါသွားရပြန်သည်..။
ဒီကောင်စုတ်လေး စကားကောင်းပြောလည်း တစ်ခဏပါပဲ…။
.
“မလတ်…အေးဆေးနေနော်….ရေတွင်းထဲ ပစ်ချလိုက်မယ်..”
ထမင်းဆိုင်မသွားရတော့ ငုတ်တုတ်ကြီး ထိုင်နေရတာ အဆင်လည်းမပြေ…။
သခင်ကိုယ်တော်လေးကလည်း ဘာကိုင်ကိုင် ခြိမ်းခြောက်နေတော့ လက်ထဲက တံမြတ်စည်း လေးပြန်ချထားရသည်..။
“လာပါ ကိုကျော်..”
“ဟင်..”
ဇာဇာ့ အသံကြောင့် ခြံ၀ကို ကြည့်လိုက်တော့ မိဇာ တစ်ယောက် ကိုကျော့် ကိုပါ ခေါ်လာတာပဲ…။
ဒုက္ခပါပဲ…ဒီ နှာခေါင်းပေါက် အခန်းလေးကို လာလည်တဲ့ ဧည့်သည်ကလည်း ရှိသေး..
စိတ်ဆင်းရဲလိုက်တာ…။
“သြော်…မိလတ် ရေ…”
“အေးလာလေ….ကိုကျော်လည်း ပါတာလား..”
လတ် မသိချင်ယောင်ဆောင်ပြီး အခန်းအပြင်ကို ပြေးထွက်လာလိုက်၍ အပင်အောက်မှာ စကားပြောဖို့ စဉ်းစားမိသေးသည်..။
“ဟုတ်တယ်..”
“အခန်းထဲ ကျဉ်းနေလို့ အပြင်မှာ ထိုင်ပါလားဟင်..”
လတ်ပြောနေပေမဲ့ ကိုကျော်နဲ့ မိဇာ တို့က အခန်းတံခါး ဝတောင် ရောက်နေပြီမို့ မတက်နိုင်တော့ပါ…။
“ရတယ်…အိုး..လူမမာ ကလည်း ငြိမ်နေပါ ဗျာ..”
“အားနာလို့ပါ..”
“ထိုင်..ထိုင်..”
ကိုကျော်က အခန်းတံခါး၀ မှာ ထိုင်ချလိုက်တော့  လတ် လည်း မတက်သာလို့ ထိုင်လိုက်ရသည်..။
“လတ် အ်ိမ်ကို မသိလို့ မဇာဆီ အပူသွားကပ်ရတယ်..”
“ဟုတ်ပါ့ဟယ်…ကိုကျော်တို့ အကူအညီ တောင်းတာ ဒီတစ်ခါပဲ ရှိသေးတယ်..”
“ကိုကျော် အလုပ်ရှုပ်တာပေါ့နော်..”
“မဟုတ်တာ…စိတ်ပူနေရင် ဘာ အလုပ်မှ အဆင်မပြေဘူး..အခုလို လာလိုက်တာ ပိုကောင်းပါတယ်…ဒါနဲ့  ဘာလိုအပ်မှန်းမသိလို့ မုန့်နည်းနည်း လက်ဆောင် အဖြစ် ယူလာတယ်..”
“ရပါတယ်…ကိုကျော်လာတာကိုပဲ ၀မ်းသာပါပြီ..”
လတ်ရှေ့ကို ရောက်လာတဲ့ မုန့် အထုတ်တွေ အများကြီးကို ကြည့်ရင်း အားနာလွန်းလို့ ဘာတွေ ပြောရမှန်းကို မသိတော့ပါ…။
ဟူး…မိဇာကတော့ မျက်ခုံး တစ်ဖက် တွန့်ပြရင်း ဘာတွေ အချက်ပြနေလည်း မသိ..
“ဟို…”
“ဟုတ်..”
လတ် အားနာလွန်းလို့ မျက်လုံးပြူးဖြင့် သူဌေးကိုဆိုက်ကြည့်နေမိတော့ သူဌေး ဖြစ်သူ က ပြုံးရင်း..
“အဟား..ကိုယ့်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေတယ် ထင်တယ်..လတ်ရယ်..”
“မဟုတ်..မဟုတ်ပါဘူး..လတ် အားနာလို့ပါ..”
“အားနာတယ် ဆိုတာ သူစိမ်းကိုပြောတာပါ…ကိုယ်တို့က သူစိမ်းမှ မဟုတ်တာပဲ..”
“ရှင်..”
‘သြော်…ဆိုင်က ၀န်ထမ်း အားလုံး မိသားစု ၀င်တွေ ပဲ မလား..”
“ဟုတ်..”
“ခေါင်းမူးသေးလား..”
“သက်သာသွားပါပြီ..”
“ဧည့်သည် ခဏလောက်..”
ဧည့်သည် ရှိနေတာကို ရေချိုးပြီး တက်လာတာ တံခါး၀က လူကို နေရာဖယ်ခိုင်းသေးသည်…။
အရင်ကတော့ ရေချိုးရင် တစ်နာရီကြာတဲ့သူက  အခုတော့ ခန္ဓာကိုယ်တောင် ရေစိုရဲ့လား မသိ…။
လူရှေ့ သူရှေ့ဆို တကယ့်ကို အလိုက်ကန်းဆိုး မသိတဲ့ ကောင်စုတ်လေး…။
“ဆောရီး..အဝရောက်နေတယ်..”
ကိုကျော်က ခပ်ကျုံ့ကျုံ့ ထပြီး နေရာဖယ်ပေးရင်း တောင်းပန်ပေမဲ့ ဒင်းကတော့ မျက်နှာထားတည်တည်ဖြင့် အ၀တ်တန်းက အ၀တ်တွေယူခါ ရေသုတ်နေတာလည်း အကြမ်းပတမ်း..။
“လတ် မောင်လေး မလား..”
“ရှင်..အဲ..ဟုတ်…”
“အဟွင်း..လတ်လိုပဲ…လူချောလေးပဲ”
“ဟို..ကိုကျော်ရေ….ဇာအလုပ်ရှိလို့ ပြန်နှင့်မယ်..”
“အယ်…ဟို…ကိုယ်လည်း ပြန်လိုက်မယ်လေ…”
မိဇာက အလိုက်တသိ ၀င်ပြီး စကားကြောင်းလိုက်လို့ ဧည့်သည် နှစ်ယောက်က အခန်းထဲက ထွက်တော့သည်..။
လတ် နောက်ကို လှည့်ကြည့်ပြီး နှုတ်ခမ်းကိုက်ပြတော့ ပခုံးတွန့်ပြီး မခန့်လေးစား ဖြင့် ခေါင်းရေသုတ်နေသည်..။
အဲလို အချိုးမပြေလွန်းလို့ အမြင်တွေ ကပ်တာလေ…။
“ဆိုင်က အရေးမကြီးဘူးနော် လတ်…”
“ဟုတ်..”
“တစ်ခုခု လိုအပ်ရင် ဖုန်းချက်ချင်း ဆက်ပါနော်…”
“ဟုတ်ကဲ့…”
လမ်းသွယ်က ထွက်ပြီး လမ်းမမှာ ရပ်ထားတဲ့ ကားအနား ထိလိုက်ပို့ပေးနိုင်တာတောင် ကိုကျော်က စိတ်ပူတယ် ဆိုပြီး အေးအေးဆေးဆေး အနားယူဖို့ တတွတ်တွတ် မှာကြားနေဆဲ…။
မိဇာတို့ကတော့ ပြုံးစေ့စေ့ဖြစ်နေပြီလေ…
ဟူး..စိတ်တွေ မောလိုက်တာနော်...။

*✭˚・゚✧*・゚*✭˚・゚✧*
ဒီနေ့ စာ အရှည်ကြီး ရေးလိုက်မိတယ်
စိတ်ဆိုးမယ်တော့ မထင်ပါဘူး 😁
ရေးတာတွေ အဆက်ရှိရဲ့လားမသိ ရေးတော့နေတာပဲ🙏

၃၀.၁၂.၂၀၁၇က စတဲ့
စာရေးချင်တဲ့ စိတ်က တစ်နှစ်လောက်ရေးပြီးပေမဲ့ မရပ်ချင်သေးဘူး
စပိုက်ကာတို့
စာရေးရတာကို စွဲနေပါပြီ 😁

.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ

Group မှာ 
share ပေးတဲ့
ကိုယ့်အသည်း တွေ
ကျေးဇူးအထူးထူးပါနော် ❤

စွဲနေပြီWhere stories live. Discover now