Part 34

8.3K 318 2
                                    

စွဲနေပြီ
အပိုင်း (၃၄)
#စွဲနေပြီ

“တင်တောင်…တင်တောင်…”
လူခေါ် ခေါင်းလောင်းသံကြားရတော့ လတ် အိမ်မက်လိုလို ထင်မိသေးသည်..။
“ဟေ့..ဘယ်သူမှ မရှိကြဘူးလား..”
မမေရီ အသံကို စူးခနဲ့ ကြားလိုက်ရတော့ လတ် ဆိုဖာမှာ လဲနေရင်းက ဆတ်ခနဲ ထထိုင်ပြီး အိမ်ရှေ့ကို ထပြေးခဲ့ရသည်..။
“ဟင်..တကယ်ပဲ..”
လတ် ခြံတံခါးဆီ ပြေးသွားပြီး တံခါး ဖွင့်ပြေးလိုက်တော့ သံတံခါးကို ဆောင့်တွန်းပြီး ဖွင့်၀င်လာသည်…။
“ဘယ်လို ဖြစ်တာလည်း..ဘဲလ် ဒီလောက် တီးနေတာ မကြားဘူးလား..လမ်းမကတောင် ပြန်ကြားနေတယ်..”
အိမ်ရှေ့ခန်းက ပြတင်းပေါက် ဖြူဖြူလေးမှာ ချိတ်ထားတဲ့ ပန်းနွယ် အလှလေးကို ဆွဲဖြုတ်ရင်း မေးတော့ လတ် မှာ နှုတ်ဆွံနေရသည်..။
ပြတင်းပေါက် အဖြူလေးတွေကို ချစ်လွန်းလို့ ကိုရီးယားရှပ်ရှင် ထဲက အတိုင်း အပြင် တံခါး အောက်ဘက်မှာ ပန်းအိုးလေး ချိတ်ထားမိတာ…ခုတော့..ဟူး…။
“ဟဲ့…”
“ရှင်..”
“သြော်…ဟို…လတ် အိပ်ပျော်နေလို့ပါ…”
“ဒီ အချိန်ကြီး အိပ်စရာလား..နေပါဦး..နေရောကောင်းရဲ့လား..မျက်နှာကလည်း ဖြုဖတ်နေတယ်…ချွေးတွေလည်း ထွက်လို့..”
“ဟို..ဟို…လတ် ဗိုက်အောင့်နေလို့…”
“ဟမ်..ဗိုက်ကြီးတာလား..”
“အဲ..ဟုတ်ပါဘူး…မမေရီကလည်း..အဲလို မဟုတ်ပါဘူး..”
မမေရီက မျက်လုံးပြူးပြီး ဆောင့်အော်မေးတော့ လတ်ရှက်လို့ ပျာပျာသလဲ ငြင်းလိုက်မှ မျက်ခုံးတွန့်၍ တစ်ကိုယ်လုံးကို ကြည့်ခါ…
“နင် ဝိတ်ချနေတာလား..”
“ရှင်..”
ဘယ်လို သိသွားပါလိမ့်ဆိုတဲ့ အတွေးကို မမေရီက ခပ်ပြုံးပြုံးဖြင့် ပြန်ကြည့်နေသည်…။
“ဟုတ်…ဟုတ်ပါတယ်..”
“မနက်ကတည်းက ဘာမှ မစားဘူးမလား…ဝိတ်မကျပဲ မသာပေါ်နေလိမ့်မယ်..”
“ရှင်…”
“ငနောင်ကော..ဆေးခန်း မပို့ဘူးလား..”
“မမေရီ မောင်လေး နဲ့ လတ် မခေါ်ဘူး..ရန်ဖြစ်ထားတယ်…သူ့ကို ဧည့်ခံပွဲမှာ ရိုက်မိ ပြီးကတည်းက လိုက်ချော့လည်း မရဘူး…”
အစ်မဖြစ်သူကို အားကိုးတကြီး တိုင်ပြောလိုက်တော့ သူ့အစ်မက မျက်မှောင်ကြုတ် ခါးထောက်ပြီး..
“ကျစ်..ဒီကောင် အဲလိုပဲ စိတ်ဆိုးပြီဆိုရင် စကား ပြောမရအောင်ရှောင်နေတာ…ကဲ..လာ ဆေးခန်း သွားမယ်…”
လတ်ကို အတင်းဆွဲခေါ်တော့ ပြတင်းပေါက်တွေ ကပျာကယာ ပိတ်ပြီး သော့ကို ပန်းအိုးထဲ ထည့်ခဲ့ရသည်..။
ကားပေါ်ရောက်တော့မှ ဗိုက်က ပိုအောင့်လာသလိုလို….။
“ကဲ…အစ်မတော်..ဘယ်နေရာ ကွဲရှ ပြန်ပြီလည်း..”
“ငါ့မဟုတ်ဘူး..ဒီဟာမ..”
“ဟမ်..”
ဆရာ၀န် ကို ပြောရင်း လတ်ကို လက်ညိုးထိုးပြတော့ လတ်မှာ ဘာပြောရမှန်း မသိဖြစ်နေရသည်..။
“ဗိုက်အောင့်လို့တဲ့..ဝိတ်ချနေတာတဲ့လေ..”
“အိုး..ညီမရယ်..ဝိတ်ချပေမဲ့ အစားမစားရင် အစာအိမ် ဒုက္ခပေးမယ်နော်…ကဲ တက်ပါဦး..”
ဆရာ၀န်က နားကြပ်ဖြင့် စမ်းသပ်ပြီး နေရာကို သေချာအောင်မေး၍ ဆေးထိုးပေးသည်..။
ဆေးထိုးဖို့ အကြောတော်တေ်ာရှာနေရလို့ စနစ်တကျ ဝိတ်ချသင့်ပြီလို့လည်း အကြံပေးပြန်၏..။
လတ်လည်း တီဗွီထဲက လေ့ကျင့်ခန်းတွေ အကုန်လုပ်တာပဲလေ…အခုလို အောင့်လာပြီး ဝိတ်မှ မကျသေးတာ….ဟူး…။
“ဘယ်သူလေးလည်း..”
“ငါ့ယောင်းမ…ငနောင့် မိန်းမလေ…နောက်သုံးလနေရင် ၀ဒ်ဒင်းရှိတယ်…သူ့ကို ငါတာ၀န်ယူထားရတာ…တော်ကြာ… ဗိုက်ကြီးမှာ စိုးလို့..”
“ဟား..ဟား…ကာကွယ်တဲ့ အနေနဲ့ နင် ညစောင့် အိပ်ပေါ့..”
“လုပ်သင့်ရင် လုပ်မှာပဲ…လူက ၀ရတဲ့ ကြားထဲ ဗိုက်ပါ ထွက်လာရင် ငါတော့ သေပြီ..”
“ဟား..ဟား..နင် ချပေးလိုက်ပေါ့..ဆရာမရယ်…”
“နေပါ..သူ့ပုံကို ကြည့်ဦး..ပျော့တိပျော့ဖတ်လေး…မင်္ဂလာမဆောင် ခင် အသက်ထွက်နေလိမ့်မယ်..”
ကုတင်ပေါ်မှာ လူနာထားပြီး အပြန်အလှန် ခွန်းတုန့်ပြန်နေကြတာ အားရစရာ တစ်ခုမှ ကို မရှိတာ ပါလားနော်…။
လတ် မျက်နှာငယ်လေး ဖြင့် ထထိုင်တော့မှ ဆရာ၀န်က ဆေးပေးသလို ယောက်မ ဖြစ်သူ မမေရီကလည်း လက်ကိုင်ပြီး ဆင်းခိုင်းတော့သည်..။
“ငါ့ညီမ…မေရီ့ကို ဆရာတင်လိုက်လေ…သူက ဝိတ်ချ တဲ့ နေရာမှာ ဘုရင်မပဲ..”
“ဟင်..ဟုတ်လား…မမေရီ..”
“ကျစ်…စုမြတ်ကတော့ စားပြီ…”
“ဟိ..တကယ်ပြောတာနော်…အစ်မကိုတောင် သူ ထရိန်နင်လုပ်ပေးတာ တစ်လနဲ့ သုံးဆယ်လောက် ကျသွားတယ်…”
“ဟုတ်လားဟင်..”
“ဟုတ်တယ်ဟေ့..ဟုတ်တယ်..”
မမေရီက ပြောရင်း ဆေးခန်းထဲက ထွက်သွားတော့ လတ် အပြေး တစ်ပိုင်းလေး လိုက်သွားမိသည်..။
“မမေရီ…လတ် ကို ဝိတ်ချတာ သင်ပေးပါလားဟင်..”
“မင်္ဂလာပွဲ အမှီမလား..မဖြစ်နိုင်တော့ဘူး..”
“လတ် ကြိုးစာပါမယ်..”
“မရဘူး..နှစ်ခါ မပြောချင်ဘူး..”
မမေရီရဲ့ မာဆပ်ဆပ် စကားကြောင့် လတ် မျက်ရည်တွေ ပြည့်တက်လာခါ အကြည့်လွဲ ပစ်လိုက်ရသည်..။
မျက်ရည်တွေ ကြိတ်သုတ်နေရင်း အပြင်ဘက်ကိုပဲ ငေးကြည့်နေတာ လမ်းဘေး ကြော်ငြာဘုတ်မှန်သမျှက မိန်းမလှလေးတွေက လှောင်နေသလိုလို…။
လတ် မျှော်လင့်ချက် မလျော့သေးပဲ ဘေးဘက်လှည့်ကြည့်လိုက်တော့ မျက်နှာ တင်းတင်းဖြင့်ပင် ကားမောင်းနေသည်..။
တော်တော် တူတဲ့ မောင်နှမ တွေပါလားနော်…တစ်ဖက်သားကို အော်လို့ အော် ငေါက်လို့ငေါက် ပြီးတော့ သူတို့ ချည်း စိတ်ဆိုးတက်ကြသည်..။
“နင် ဘာဖြစ်လို့ ဝိတ်ချချင်တာလည်း..”
“နောင့်ကို လက်ဆောင်ပေးချင်လို့ပါ..”
“ဘာ..”
“လတ်..အရမ်းဝပေမဲ့ သူ အပြစ်မမြင်ပဲ ချစ်ပေးတယ်…ဒါကြောင့် မင်္ဂင်္လာပွဲကျရင် သူ့အတွက် လူရယ်စရာ မိန်းမ တစ်ယောက် မဖြစ်ချင်ဘူး…သူ့နဲ့ တန်းတူ အလှတရားမရှိပေမဲ့ လိုက်ဖက်လောက်တဲ့ အနေအထားရှိချင်လို့ပါ…”
“သုံးလက အချိန်အရမ်းနည်းနေပြီ…မင်္ဂလာ ဖိတ်စာ တစ်ချို့က နင်တို့ ပြူးတူးပြဲတဲ ပုံတွေနဲ့ ဝေတောင် ပြီးနေပြီ…”
“ရှင်…”
“နင်သာ ဝိတ်ချနိုင်ခဲ့ရင် နောင့် အတွက်တင်မကဘူး လူတွေ အတွက်ပါ အံသြစရာ မျက်လှည့်တစ်ခုလို ဖြစ်သွားလိမ့်မယ်..နင့် ဖိတ်စာကို ဖတ်တဲ့ သူတိုင်း လှောင်ကြတယ်…”
“အဟင့်..”
“ကျစ်..စိတ်ဓာတ်ပျော့ရင်တော့ ငါနဲ့ မဖြစ်ဘူးနော်…မာကျောရမယ် ကြံခိုင်ရမယ်..အရှုံးမပေးရဘူး…ငါ့နဲ့ အနီးကပ် နေပြီး ငါ့စကားကိုအမိန့် တစ်ခုလို နားထောင်ရမယ်..”
“ရှင်…မမေရီ…လက်ခံလိုက်ပြီလား…လတ်တို့ ဆီမှာလာနေမှာလား..”
“မနေနိုင်ပါဘူး..နင့် ငါ့ဆီမှာ သုံးလစလုံးလာနေရမယ်…”
မထင်ထားတဲ့ တောင်းဆိုမှု တစ်ခုကြောင့် လတ် ပြန်ပြောစရာ စကားတွေ ပျောက်ဆုံးကုန်တော့သည်..။
“နောင်က..”
“သူ့ကို ခေါင်းထဲ မထည့်နဲ့…သေချာ ပြန်စဉ်းစားဦးမလား..တစ်ရက်လည်း တစ်ရက် အလျှောက် လိုအပ်တယ်…သုံးလနဲ့ ငါးရက်ပဲ လိုတော့တယ်…”
လတ် ခေါင်းကို ခပ်သွက်သွက် ညိတ်ပြီး လိုက်နေပါ့မယ်လို့ ပြောလိုက်ရသည်..။
“ဟုတ်ပြီ…နင့်ကို မင်္ဂလာပွဲနေ့ကျရင် တခြားတစ်ယောက်ပုံစံ ဖြစ်နေဖို့ ငါ တာ၀န်ယူတယ်..”
‘ဟယ်..တကယ်..”
“ဟဲ့..ကားမောင်းနေတယ်..”
“အို..မေ့လို့..မေ့လို့…ဟိ.ဟိ..”
လတ် ကားလက်ကိုင် ပေါ်က မမေရီ လက်ကို ဆွဲထားရာက လွတ်လိုက်ပြီး ပျေ်ာလွန်းလို့ ရင်ထဲမှာတောင် အေးလာသည်..။
“ရောက်ပြီ..”
ခြံတစ်ခုထဲ ကားကို ချိုးကွေ့ ၀င်လိုက်တော့ တံခါးက အစ အနက်ရောင်….။
ကားပေါ်က ဆင်းလာပြီး လတ်ကိုယ်လုံးကို တစ်ပတ်လှည့်ကြည့်ခါ နှုတ်ခမ်းမဲ့သည်..။
“မရတော့ဘူးလား ဟင်..မမေရီ..”
“မဟုတ်ဘူး..ပြင်စရာတွေ များနေတယ်…အချိန်တော့ လုလုပ်ရမှာပဲ..နင် ဇွဲကောင်းပြီး ပင်ပန်း ခံနိုင်မှ ဖြစ်မယ်..”
“ဟုတ်…လတ် ဝိတ်ကျသွားရင် ကြည့်ကောင်းမှာပေါ့နော်..”
လတ် ကို ခေါင်းရမ်းပြပြီး ကားနောက်ခန်းထဲက မဂ္ဂဇင်း စာအုပ် တစ်အုပ်ကို ထုတ်လာ၍ တဖျတ်ဖျတ် ဆွဲလှန်နေသည်..။
အလယ်နားလောက်ရောက်တော့မှ လက်ညှပ်ပြီး ထောင်ခါ မျက်နှာ အနားကို ကပ်ပြသည်..။
မော်ဒယ် မင်းသမီး တစ်ယောက်ရဲ့ ပွဲတက် ပုံ တစ်ပုံ မို့ လတ် မျက်လုံးပြူး ကြည့်ရ၏..။
"လှပါတယ်…"
“နင့်ကို အဲပုံစံ ဖြစ်တဲ့ အထိ ခိုင်းမှာ..”
‘ဟယ်..တကယ်..”
‘ပျော်မနေနဲ့..နက်ဖြန်က စပြီး ငိုဖို့ ပြင်သာထား..”
“ဟိ..လှချင်တာပဲ..ကြိတ်ခံပါ့မယ် မမေရီရဲ့..”
“ဟုတ်ပြီ..လာ..”
မမေရီက မျက်မှန် အနက်ကောက်တပ်ပြီး ဒေါက် အမြင့် အနက်ဖြင့် အိမ်ထဲ လှမ်း၀င်သွားတော့ လတ်မျက်လုံးထဲ မော်ဒယ် မင်းသမီးလေး ပေါ်လာသည်..။
နောင့်အတွက် လတ် ကြိုးစားရလိမ့်မယ်…နောင်ရယ်…။
.
“နိုင်ထူး… ဘယ်လိုလည်း..”
“ကျစ်…မင်းကလည်း..ငါပြောတာ ဖြစ်နိုင်ပါတယ်..ဖုန်းဆက်ကြည့်လိုက်..”
နောင် မယုံသင်္ကာဖြင့် ဖုန်းနံပါတ်ထဲက အစ်မရဲ့ ဖုန်းနံပါတ်ကို နှိပ်ပြီး နှုတ်ခမ်းကိုက် နားထောင်နေမိသည်…။
“ဟလို…အစ်မ..”
“ပြော..”
“မလတ်..အစ်မဆီမှာလား..”
“အေး..”
“ဟာ….ကျစ်…နောင်က ဒီမှာ လိုက်ရှာတာ မူးနောက်နေပြီ…ဘာလုပ်နေတာလည်း.”
“နင်တို့ ရန်ဖြစ်ထားတယ်ဆို…ကောင်မလေး က စိတ်ညစ်နေပြီ…အဲဒါကြောင့် ငါ ခေါ်ထားမယ်…မင်္ဂလာဆောင်တဲ့ နေ့မှ ပြန်ပို့ပေးနိုင်မယ်..”
“ဟာ…ဘာတွေလည်း..”
“ငါ စိတ်၀င်စားတာ မင်္ဂဆောင် ခန်းမထဲကို သတို့သမီး အဆင်ပြေပြေ အချိန်မှီ ရောက်ဖို့ပဲ…နင် နဲ့ နေရင် ထွက်ပြေးလိမ့်မယ်…ငါ ဒက်ဒီ့ကိုလည်း ပြောထားပြီးသား…”
“ဟ…ရမလား…လက်ထပ်ပြီးသား နောင့် မိန်းမကို…ခွဲထားတာက…ဟလို…ဟလို…”
ဖုန်းချသွားလို့ ထပ်ခေါ်နေတာ ဖုန်းလည်း ပိတ်ပစ်လိုက်ပြီ..။
မလတ် က ဘာဖြစ်လို့ ထွက်ပြေးရမှာလည်း…ကျစ်…အဓိပ္ပာယ် မရှိတာ…ဘာတွေမှန်းလည်း မသိဘူး..။
“ဘယ်လိုလည်း…အဲ့မှာမလား..”
“အေးကွာ…သုံးလစလုံးခေါ်ထားမယ်တဲ့..”
‘ဟာ..ကောင်းတာပေါ့..မင်း နဲ့ ငါ ကဲ လို့ရပြီ..”
“မသာက တစ်မျိုး..”
အနားမှာ ရှိတဲ့ နိုင်ထူးကို ဒေါသပုံချပြီး နောင့် ဆံပင်တွေကို ဆုပ်ကိုင် ဆွဲချေနေမိသည်..။
ညနေ ပြန်လာကတည်းက မတွေ့လို့ အိမ်တံခါးဖွင့်ချိန် တစ်ခုခု လိုနေပြီ…။
ညနေ ခြောက်နာရီ ကျော်တော့ အရင်နေခဲ့တဲ့ တန်းလျားကို သွားကြည့်သေးသည်..။
မတွေ့လို့ ဦး၀င်းနိုင်ဆီသွားတော့လည်း မလာဘူးတဲ့..။
လူက ထူပူပြီး နိုင်ထူးကို ဖုန်းခေါ်၍ နှစ်ယောက်ပေါင်းရှာရတော့သည်..။
ဘယ်မှာမှ မတွေ့တဲ့ အဆုံး အိမ်ပြန်လာပြီး ဖုန်းဆက်ကြည့်တော့မှ ပိုဆွေးရပြီလေ.။
မလတ်ကို စိတ်ဆိုးပေမဲ့ မီးဖိုခန်းမှာ အမှတ်တမဲ့ တွေ့ချိန် လှေကားမှာ မျက်နှာချင်းဆိုင်ရင် တစ်မျိုး အခန်းရှေ့ဖြတ်သွားရင်လည်း အလွမ်းဖြေရသည်..။
အစီအစဉ် ပုံစံ အမျိုးမျိုးဖြင့် အနောက်ကနေ တကောက်ကောက် မျက်နှာငယ်လေးနဲ့ ချစ်ဖို့ ကောင်းအောင် လိုက်ချော့နေတာလေးကို ပိုချစ်သည်..။
ကျစ်..အခုတော့..မလတ် မရှိတာ…တစ်ခုခု ဟာနေသလို….။
မလတ် အနားမှာ မရှိလို့ မဖြစ်ဘူး..ဒီကောင် က သေလောက်အောင်ကို စွဲနေပြီ…။
“အား…”
ဆိုဖာပေါ်က ခေါင်းအုံးကို ကိုက်ပစ်လိုက်ပြီး အော်တော့ နိုင်ထူးက ခေါင်းရေ သုတ်ရင်း ပြေးထွက်လာပြန်သည်..။
“မင်းကွာ…သေမလို့ အော်နေတာလား..”
“သေတော့မယ်…သေတော့မယ်…မင်း အစ်မက ငါ့ကို ဖျက်စီးသွားတာ…သူမရှိရင် သေအောင် ငါ့နှလုံးကို ခိုးထားတာကွ…ကူညီပါ သူငယ်ချင်းရာ…ငါ အခု နှလုံးမရှိပဲ ဘယ်လို အသက်ရှင်မလည်း..”
နောင် စိတ်ပျက်လက်ပျက်ဖြင့် ပေါက်ကရ လျှောက်အော်နေတော့ နိုင်ထူး က မျက်နှာ တစ်ခြမ်းမဲ့တက်သွားသည်..။
“မရတော့ဘူး…ဟေ့ကောင်…သွားအိပ်တော့သွား…ဟိုက ချော့နေတုန်းက တောင်းပန်မှလေး ဘာလေးနဲ့..အခုသေပြီမလား..”
“မတောင်းပန်တာလည်း မကျေနပ်သေးဘူး…ဒါပေမဲ့…အခုလို လည်း မနေနိုင်ဘူး..”
“ဟေ့ကောင် မအိပ်ချင်ဘူးမလား…ဝီစကီလား..ဗော့ကာ..ရမ်…ဘရမ်ဒီ..ရှိန်ပိန်…ဂျင်..ကြိုက်တာပြောကွာ…မုတ်ကော လိုလား..စိတ်ညစ်နေတယ်မလား..ပျော်အောင် ချလိုက်ကွာ..ြ့ပီးရင် သွားအိပ်တော့..ရူးတော့မရူးပါနဲ့ကွာ…လိမ်မာတယ်..ဘရာသာ…အပေါ်တက်ပြီး အိပ်လိုက်တော့..”
“အေးပါ..အေးပါ…မင်းက ကိုယ်ချင်းမစာတက်တဲ့ ကောင်…မထူးဆန်းပါဘူး.မထူးဆန်းပါဘူး..မင်းအစ်မကလည်း ကိုယ်ချင်းမစာတက်ပါဘူး…မှားတာက သူ…ထားခဲ့တာကလည်း…သူ..ဘာမှ သောက်စရာမလိုဘူး…သတိုးမင်းနောင်တဲ့ကွ….စော်မရှားဘူး..မရှိတာ ကောင်းတယ်..တာ၀န် မရှိဘူး..သွားချင်တဲ့ နေရာ သွားလို့ရတယ်…မင်း ပြင်ပြီးရင် ငါတို့ သမီးယောက်ဖ ကလပ်ဒိုးမယ်ကွာ…”
“ရက်စ်….ခဏလေး…နည်းနည်း ရှိုင်းလိုက်ဦးမယ်..”
နိုင်ထူး အခန်းထဲ ၀င်သွား တော့မှ နောင် ဆိုဖာ ပေါ်က ခေါင်းအုံးကို မျက်နှာ အပ်ပြီး အော်နေမိသည်..။
မလတ် သိပ်ရက်စက်တယ်…။
.
“ဟင်..”
“သြော်..နိုးပြီလား..စောစော နိုးသားပဲ..”
“ဟုတ်..ခြောက်နာရီ ပုံမှန် နိုးပါတယ်..”
လတ် အခန်းတံခါးဖွင့် ထွက်လာတော့ မမေရီက အားကစား၀တ်စုံဖြင့် ရေသောက်နေရင်းက နှုတ်ဆက်သည်..။
“နောက်နေ့ကျ ငါ နဲ့ ပြေးလို့ရပြီပေါ့…အင်း..ဒီနေ့တော့ လုပ်စရာများတယ်…လာ..အောက်ကို..”
လတ် ကိုယ်နဲ့ ပွယောင်းယောင်း ဖြစ်နေတဲ့ အားကစား ၀တ်စုံကို အကျီ လက်မတင်ပြီး မမေရီ ခေါ်တဲ့ အောက်ထပ်ခန်းကို လိုက်လာရသည်..။
အားကစားရုံ ပုံစံမျိုး ပစ္စည်းကိရိယာ အစုံအလင် ရှိပြီး အသံလည်း လုံနေသည်..။
သြော်..ဒီမှာ အလေးမ ခိုင်းတော့မလား မသိဘူး..။
လတ် မြင်ဖူးခဲ့တဲ့ မင်းသမီးတွေ လေ့ကျင့်ခန်း လုပ်တာတွေ တွေးမိတော့ ပြုံးမိသွားသည်..။
သူတို့လို လှလှ လေး ဖြစ်လာတော့မှာလေ…။
“လာလေ…အရပ်တိုင်း.”
“ဟုတ်…”
“ဟဲ့..မတ်မတ်နေ..”
လတ် ပခုံးကို ဖိပြီး တွန်းကပ်လိုက်တော့ ကိုယ်ကို မတ်မတ် ပြင်ရပ်လိုက်ရသည်..။
“၁၅၅ ကျော်ကျော်လေး ဆိုတော့ ၅ပေ၁ လောက်ပဲ ရှိတယ်…ဟိုကောင်က ငါးကိုးဆိုတော့ တော်တော် ကွာနေတာပဲ ..မင်္ဂလာဆောင်ကျရင် ဆံထုံးခုရမလား မသိဘူး..ရပြီး လာ..ဒီဘက်ကို….”
“တက်…”
ပေါင်ချိန် စက်ပေါ်တက်တော့ လတ် ရင်တွေ တဒိတ်ဒိတ် ခုန်နေရပြန်သည်..။
“၇၆.၂..ဆိုတော့ တစ်ရာ့ခြောက်ဆယ့်ရှစ်…အရပ်က ငါးပေ ဆိုတော့ အင်း တစ်ရာနှစ်ဆယ် နီးနီး ချပစ်ရမယ်…"
"ဟိ..အရင်က တစ်ရာ့ ခုနှစ်ဆယ် မမေရီရဲ့..လတ် အိမ်မှာနေရင်း လျော့ထားတာ.."
"အိမ်မှာနေရင်း လျော့ထားတာ အစာအိမ်ဖြစ်ပြီး သေမလို့ ကံကောင်းလို့လေ..…”
“မမေရီ ဆေးသောက်ပြီး ဝိတ်ချရင် မြန်တယ်တဲ့…သိလား…”
“မြန်တယ်လေ…သေဖို့…”
“အို…”
“အရင်က ထမင်း ဘယ်နှကြိမ်စားလည်း..”
မမေရီက မနက်စောစောလည်း ငေါက်ရမ်းနေတော့ လတ် မျက်နှာငယ်လေးဖြင့် ခေါင်းငုံ့ခါ လက်ထောင်ပြရသည်..။
“နှစ်ကြိမ်ပါ..”
“အခု ရှစ်ကြိမ် စားရမယ်..ဒီခွက်နဲ့ စားရမယ်..”
ကော်ခွက် အဖြူလေး ယူပြတော့ လေးထောင့်ခွက်ထဲမှာ သုံးကန့်ပါသည်..။
အကြီးက တစ်ကန့် အသေးလေးက နှစ်ကန့် ဘာတွေ ထည့်ကျွေးမှာလည်းတော့ မသိသေး…။
“ဒီနည်းကို ၅၀ ၂၅ ၂၅ လို့ခေါ်တယ်
အကြီးခွက်က အရွက်…ခွက်သေးက အသားငါး..ခွက်သေး တစ်ခွက်က ထမင်း..အရင် က ထမင်းဆိုင်မှာ အလုပ်လုပ်ပေမဲ့ ဝိတ်မကျတာ ထမင်းစားတာ များလို့…”
“ထမင်းဖြူက ဝိတ်မတက်ပါဘူး.မမေရီရဲ့…အဆီစားမိလို့..”
‘နင် ဆရာလား..”
“အဲ..ဟုတ်ပါဘူး..”
“ဒီနေ့ လေ့ကျင့်ခန်းစမယ်…ဒီမှာ အိတ် လွယ်…အထဲမှာ ရေဘူးနဲ့ မုန့် နည်းနည်းပါတယ်..အင်းလျားကိုသွားတဲ့လမ်း သိလား..”
“ဟုတ်.”
“အဲဒီ့ကို လမ်းလျှောက်သွားပြီး..ပြန်လာခဲ့…လိုက်မကြည့်ဘူး.လိုက်မစောင့်ဘူး..နင်ကြိုးစားသမျှ နင်ပဲ ရလာဒ် ခံစားရမယ်…မောရင် ခဏနား …နှေးတယ် ထင်ရင် ပြေး…မြန်တယ် ထင်ရင်လျော့ ..မရတော့ရင် ဖုန်းဆက်လိုက်…နောက်ကိုတော့ ပြန်လှည့်မလာနဲ့..ခြေထောက်ကို သုံးရမှာနော်…တခြားဘာနဲ့မှ သွားဖို့ မစဉ်းစားနဲ့..”
“ဟုတ်..”
လတ်ရှေ့မှာ အားကစား ဖိနပ် အနက်ရောင်လေး ချပေးတော့ ကြိုးမချည်တက်လို့မမေရီက ဖိနပ်က အစ ကြိုးချည်ပေးရပြန်သည်..။
“အရမ်းမောရင် မပြေးနဲ့..အမောပြေမှ ပြေး….”
“ရပါတယ်…သွားပြီနော်…ပြန်လာရင် ဘာလုပ်ရမလည်း ဟင်..”
“ပြန်လာမှပေါ့..”
လမ်းပေါ်ရောက်တော့ အသက်ကြီးကြီး ၀၀ တုတ်တုတ် ကြီးက ကျောပိုးအိတ်လေး လွယ်ပြီး ပြေးနေရာတာ ရှက်စရာ ကောင်းသလိုလို…။
လတ် တစ်ခါမှ မ၀တ်ဖူးသည့် အားကစား ဘောင်းဘီကြီးနဲ့ လမ်းမပေါ် တက်ပြေးနေရတာလည်း မလုံမလဲ ဖြစ်ရသည်..။
ဒါပေမဲ့ ဝိတ်ကျချင်သည်မို့ လတ် ပတ်၀န်းကျင်ကို မေ့ထားပြီး အားတင်းခါ ဆက်ပြေုးပြန်၏..။
ခရီးနည်းနည်း ရောက်လာတော့ မနက်စောစော ကိုယ့်လို လမ်းလျှောက်သူ ပြေးသူ တွေ တွေ့လာရတာ အားတစ်မျိုးတက်သည်..။
ခြေထောက် နဲ့ ပတ်သက်လို့ အမြဲ လမ်းလျှောက်နေကျမို့လို့ မပင်ပန်းပဲ အေးအေးဆေးဆေး ရှိမှာပါလေ..။
“ဟူး…သေမှာပဲ..”
ကိုယ့်ကိုယ်ကို အထင်ကြီးခဲ့သမျှ နာရီ၀က်ကြာတော့ ပလတ်ဖောင်းဘေးမှာ ဖြစ်ချင်ရာဖြစ်ဆိုပြီး ထိုင်ချလိုက်ရတော့သည်..။
"ဟင်း…ကြွက်တက်တော့မလား မသိပါဘူး.."
အမောဖြေနေရင်း ရေဆာလာလို့ ကျောပိုးအိတ်ဖွင့်လိုက်မိ၏..။
လက်တစ်တွာ ကျော်ကျော် ရှိသည့် ရေပုလင်း ရှည်မျောမျောလေး ဆွဲထုတ်ကြည့်တော့ အထဲမှာ သခွားသီးနဲ့ သံပုရာသီးတွေပါ ထည့်ထားသေးသည်..။
ပုလင်းဖွင့်ပြီး ချွေတာ၍ ရေသောက်ခါ အိတ်ထဲ ပြန်ထည့်တော့ ဖိတ်စာပုံကို ကြည့်ပြီး မျက်လုံး ပြူးသွားရသည်..။
လတ်ပုံ ပြူးထူးပြဲတဲရဲ့ ပါးကို ဖိနမ်းနေတဲ့ နောင် ….အမလေး လူတွေ ကြည့်ပြီး ဘယ်လောက်တောင် ရယ်နေကြပြီလည်း မသိ…။
ဖိတ်စာ ကို ဖွင့်တောင် မကြည့်ရဲတော့ပဲ အမြန်ပြန်ထိုးထည့်ခါ ကျောပိုးအိတ်ကောက်လွယ်ပြီး ဆက်ပြေးရတော့သည်..။
ကိုယ် ဝိတ်ကျဖို့ ကိုယ်တိုင်ပြေးရင်တောင် အချိန်မှီပါ့မလား မသိ…။
ကိုယ့်ပုံ့ ကိုယ်မြင်ပြီးခါမှ မြန်မြန် အိမ်ပြန်ရောက်ပြီး မမေရီ ခိုင်းတာတွေကို လုပ်ချင်လာပြီ…။
ဟူး…ဒီအဆီခန္ဓာကိုယ်ကို သယ်ရတာ မောလိုက်တာ…ဘယ်တုန်းက ဒီလို ၀သွားပါလိမ့်နော်…။
ငတ်တစ်လှည့် ပြတ်တစ်လှည့်ကြားမှာ ဒီလို ၀လာနိုင်တာ အံသြစရာ…ရှုတဲ့လေတွေမှာ ဝဆေးပါနေသလား မသိပါဘူး..။
.
“တီ…တီ….”
ကား ဟွန်း ကို လက်ဖနှောင့်နဲ့ ဆောင့် ပြီး ဖိနှိပ်လိုက်တော့ ခြံတံခါး ပွင့်သွားပေမဲ့ ကားကို အထဲ မသွင်းပဲ အပြင်မှာ ရပ်ခဲ့လိုက်သည်..။
“ဒေါ်သူ…အစ်မ ဘယ်မှာလည်း..”
“အပေါ်မှာပါ ခေါ်လိုက်ပါမယ်..နောင်လေး..”
နောင် ဆိုဖာ မှာ မှုန် ကြုတ်ကြုတ်ဖြင့် ၀င်ထိုင်လိုက်ပြီး မလတ် ဘာဖြစ်လို့ ဒီကို လာနေတာလည်း စဉ်းစားကြည့်မိသည်..။
စိတ်နာ သွားလို့များလား…။
စိတ်နာအောင် ဘာမှလည်း မလုပ်မိပါဘူး…တကယ် နာရမှာက နောင်လေ…။
“သြော်…စောလှချည်လား..”
“မလတ် ကို လာခေါ်တာ…”
“သူ့ကို ပြန်ထည့်မပေးနိုင်ဘူး..”
“မလတ် က နောင့် မိန်းမပါ…”
“ဟုတ်ပြီလေ…သူနဲ့ စကားပြောကြည့်ပေါ့..”
အစ်မ က ပခုံးတွန့်ပြီး အပေါ် ပြန်တက်သွားတော့ နောင် နှုတ်ခမ်းဖိကိုက်ရင်း မလတ် ကို ပြန်စောင့်ရပြန်သည်..။
ကိုယ့်မိန်းမ ကိုယ်လာခေါ်တာတောင် အောက်ကျလိုက်တာ…မလတ် အမေ မရှိလို့ ယောက္ခမ မရှိပေမဲ့ ကိုယ့် အစ်မဖြစ်သူက ပိုဆိုးနေတယ်…ကျစ်…။
“လတ်လတ်..”
“ရှင်..”
“နင့် ယောင်္ကျား လာခေါ်တယ်…လိုက်သွားချင် လိုက်သွား..မလိုက်ချင်ရင် တစ်ခါတည်း အပြတ် ပြောခဲ့ ..သူ ခဏခဏ လာနေရင် အလုပ် အနှောင့်အယှက်ဖြစ်တယ်..”
“ဟုတ်ကဲ့..”
လတ် ခြေထောက်ကို ပင်ပင်ပန်းပန်း ပြန်သယ်လာရတာ အိမ်ပြန်ရောက်လို့ ခဏနားပြီး မမေရီ စီစဉ်ပေးတဲ့  နွားနို့ နဲ့ မုန့်ကို စားနေတုန်း ရှိသေးသည်..။
နောင်ရောက်လာတယ် ဆိုတော့ ပျော် လိုက်တာ..။
ပျော်ပေမဲ့ ခဏ ဝေးရမယ် ဆိုတာတွေးမိတော့ လှေကားမှ ဆင်းနေတဲ့ ခြေလှမ်းတွေ နှေးကျသွားရသည်..။
“နောင်…”
“ပြန်မယ်..”
လတ်ကို တွေ့တာနဲ့ ဆိုဖာပေါ်က ထရပ်ပြီး ကားသော့ ကောက်ကိုင်တော့ လက်ပြရင်း
“ထိုင်..ထိုင်ပါဦး..နောင်ရယ်..”
“သူများ အိမ်မှာ ဘာလို့ လာနေတာလည်း..မရှက်ဘူးလား..”
“ရှက်တယ်…ရှက်လို့..လာနေတာပါ…. အင့်…”
လတ် စိတ်တင်းထားပေမဲ့ နောင့် ရဲ့ မျက်နှာထား တင်းတင်း နဲ့ ခပ်စပ်စပ်  စကားသံ ကြောင့် မျက်ရည်တွေ အလိုလို ပြည့်လာသည်..။
မမေရီ ရဲ့ တစ်ခါတည်း အပြတ်ပြော နောက်မလာစေနဲ့ ဆိုတဲ့ စကားကိုသတိရတော့ လတ် စိတ်ကို ပြန် တင်းလိုက်ရသည်..။
“…လတ် ပြန်မလိုက်နိုင်ဘူး…နီးနေရင်း မုန်းလာမှာထက်..အဝေးကပဲ လွမ်းနေချင်တယ်…လတ်လေ…နောင့်ကို သိပ်ချစ်တာ ယုံပါနော်..နောင် နဲ့ မခွဲချင်ဘူး…နောင့်ဘေးနားက လတ်ကို စိတ်ကုန်သွားမှာ… စိတ်ဆိုးနေတာ လတ် မခံစားနိုင်ဘူး..မတော်မဆ မင်္ဂလာပွဲ ပျက်သွားမှာ လတ် အကြောက်ဆုံးပါ နောင်ရယ်…မိသားစုတွေ အားတက်သရော စီစဉ် ပေးနေကြချိန် လတ် တို့ နှစ်ယောက်ရဲ့ အဆင်မပြေမှု ကြောင့် မင်္ဂလာပွဲ တစ်ခုခု လွဲချော်သွားမှာ စိုးတယ်…လတ် မရှိတဲ့ အချိန် နောင် လည်း လတ် ကို လွမ်းတယ်မလား..လတ် လည်း နောင့်ကို မျက်ရည်ကျလောက်အောင်ကို လွမ်းနေရပါတယ်…တစ်ယောက်နဲ့ တစ်ယောက် ချစ်နေရဲ့သား နဲ့ အနှောင့်အသွား စိတ်လေး တစ်ခုကြောင့် မဝေးချင်ဘူး..ခဏလောက် ခွဲနေရအောင်နော်…လတ်…လတ်တို့ မင်္ဂလာပွဲ နေ့ကျမှ တွေ့ကြမယ်လေ…နော်..”
“ဘာရူးတာလည်း..”
လတ်ကို မျက်မှောင်ကြီး ကြုတ်၍ ဆိုက်ကြည့်တော့ သက်ပြင်းခိုးလေး ချပြီး..
“မုန်းမိမှာစိုးလို့ မေ့ထားကြတာပါ…လတ် ကို အချိန် တစ်ခုပေးပါ နောင် မရှိပဲ နေကြည့်ချင်တယ်…နောင့်ကို မလိုအပ်ပဲ နေကြည့်ချင်တယ်…”
“ကျစ်….ဘယ်လိုဖြစ်နေတာလည်း..”
နောင်ရဲ့ စိတ်မရှည်တဲ့ မျက်နှာထား နဲ့ စိတ်ကုန်သလို ပြောလာတဲ့ စကား တစ်ခွန်းကြောင့် လတ် စိုးရိမ်စိတ်ဖြင့် ပြန်လိုက်သွားချင်ပေမဲ့ မဖြစ်နိုင်…
“အင့်….လတ် ကို နားလည်ပေးပါ..လတ် ကို မခေါ်ပါနဲ့…မလိုက်ပါရစေနဲ့…လတ် ဒီမှာပဲ နေရတာ စိတ်ချမ်းသာလို့ပါ…အဟင့်…အင့်..လတ် ကို စိတ်လည်း မဆိုးပါနဲ့..အချိန်ပေးတယ်ပဲ သဘောထားပါနော်…”
အစ်မ ဘာတွေ နဲ့ ချုပ်လိုက်လည်း မသိပေမဲ့ ရှေ့က မလတ်က တအားငိုနေတော့ နောင့်ရင်တွေ ပူလောင်ရသည်..။
မလတ်ရယ်..နောင် မရှိပဲ နေချင်တယ်တဲ့လား ဟင်…။
မလတ် နေနိုင်လို့လား..မလတ် နေနိုင်ပေမဲ့…နောင် မနေနိုင်ဘူး…မလတ်ရဲ့….။
“ဘာဖြစ်လို့ ဒီလောက်ငိုနေတာလည်း.. ဘာလုပ်မိလို့လည်း…ကျစ်…ပြန်မယ်…”
“နောင်..”
ဆိုဖာ ကနေ ထပြီး ထွက်သွားတဲ့ နောင့် ကိုသတိရပြီး နောက်ကနေ ပြေးလိုက်သွားမိသည်..။
ကားတံခါးဖွင့်ရင်း ရပ်စောင့်နေလို့ လတ် အနားကိုရောက်အောင် သွားလိုက်သည်…။
“နောင်..မဆိုးနဲ့နော်…”
“….”
“ဆေးလည်းပြန်မသုံးရဘူး…မိန်းမတွေနဲ့လည်း မရှုပ်နဲ့နော်…”
“အဟွင်း..”
နှုတ်ခမ်းတွန့် မဲ့ပြုံး ပြုံးပြီး ကားပေါ်တက်သွားတော့ လတ် ရင်ထဲ ဆွေးသွားသည်..။
နောင် ရယ်…ဘာမှ မလုပ်ပါနဲ့နော်….လတ်…နောင့် အတွက် ကြိုးစားနေတာပါ…။
နောင့်ရဲ့  အမုန်းတရားတွေကို လတ် မခံစားရဲလို့ပါ…နောင်ရယ်..။
.
“အား…”
“ဟယ်…ဒုက္ခပဲ..”
လတ် လဲကျသွားတော့ ဒေါ်သူ က ပြေးလာပြီး အနားကနေ ဖေးကူတွဲပေးသည်..။
ဗိုက်လည်း အောင့် သလို ခြေထောက်တွေလည်း ညောင်းချိနေပါပြီ..။
“ခဏ..နားပါဦးလား..သမီးရယ်…”
“အချက် သုံးဆယ်လိုသေးတယ်…ဒေါ်သူရဲ့…ရပါတယ်..တစ်ချိန်တည်း လုပ်ရင် သိပ်မနာလို့ ပြီးမှ ပဲ နားမယ်..”
“ဟင်း…”
ဒေါ်သူက တားမရလို့ စိတ်ညစ်သလို ခေါင်းရမ်းပြီး ထသွားတော့ လတ် လည်း ဘက်စကတ် ဘောလုံးပြန်ကောက်ပြီး  ချိတ်ထားတဲ့ ကွင်းထဲ ပြန် ပစ်ထည့်ရသည်..။
ဆယ့်ငါးရက် ကျော်လာပေမဲ့ အခုချိန်အထိ အလေးမတာနဲ့ ပြေးတဲ့ စက်ပေါ် မတက်ရသေးပါဘူး..။
မမေရီ လုပ်ခိုင်းတာ
မနက် စောစောကျတော့ စက်ဘီးတစ်ပတ်လည် စီးရသည်။
မနက်ဆို လမ်းလျှောက်၊ပြေး..ပြန်လာရင် မုန့်စား ခဏနားပြီး…အခန်းထဲမှာ တင်းနစ် ဘောလုံးကို နံရံ နဲ့ ရိုက်ကစားရသည်..။
ညနေပိုင်းဆိုရင် ဘက်စကတ်ဘော တစ်ယောက်တည်း ဆော့ရပြန်သည်..။
အချိန် နဲ့ အချက်အရေအတွက် က အနည်းဆုံး နှစ်နာရီ ကျော်အောင်ကစားရလို့ တစ်ခါတလေ စိတ်ပျက်ချင်သည်..။
တကယ်ဆို သူများတွေ ဝိတ်ချတာ ပြေးစက်ပေါ်မှာ လုပ်ရတာပါ..မမေရီက ဘာတွေခိုင်းမှန်း မသိပေမဲ့ ပြန်လည်း မပြောရဲပါဘူး…
“ဟူး..ကိုးတစ်….ကိုးနှစ်…”
“ဒုန်း..ဒုန်း..”
ဘောလုံးပစ်ရတာ အလွယ် တကူလည်း မဟုတ်…
မမေရီ ခိုင်းသလို ဘယ် နှစ်ချက် ညာ နှစ်ချက်ပုတ်ရပြီး ခြေထောက် ချဲခါ ကိုယ်ခန္ဓာ အောက်ပိုင်းရဲ့ အားယူပြီး ခုန်ထည့်ရသည်။
လမ်းလျှောက်ရင်တောင် သေအောင် မောတာ လတ် ပထမဆုံး ဘောလုံးပစ်တုန်းက အချက်ငါးဆယ်မှာတင် ပစ်လဲ သွားရသည်လေ..။
အခုတော့ တိုးတက်လာပါပြီ...။
“ဒုန်း…ဒုန်း..”
“ဟူး…ကိုးသုံး..”
“လတ်လတ်…”
“ဟင်…”
တစ်ရာမပြည့်ခင် မမေရီ ရောက်လာတော့ ဆူခံရတော့မလား ဆိုတဲ့ အတွေးဖြင့် မျက်လုံးပြူးသွားရသည်..။
ဘောလုံးကို မပစ်တော့ပဲ ပိုက်ခါ မမေရီ အနားကို ရောက်အောင်သွားလိုက်သည်..။
“ငါ အခု မင်္ဂလာဆောင် တစ်ခု သွားရမယ်..”
ဟောတော့ …မင်္ဂလာဆောင်သွားဖို့ ပြင်ထားတာလည်း အက်ရှင် မင်းသမီးလို မျက်လုံး နက်စွေးစွေးဖြင့် ဂါ၀န်က အနီတောက်တောက်…
“ဟဲ့..”
“သြော်..ဟုတ်…လတ် ဘာလုပ်ရမလည်း..”
“ဒါပြီးရင် ခဏနား…သွေးပူလေ့ကျင့်ခန်းလုပ်ပြီးမှ ထမင်းစားထား...မနေ့က ပြောထားတဲ့ ရေကူးသင်ဖို့ ဆရာမ လာလိမ့်မယ်…”
“ဟုတ်…အို..မမေရီ…ခဏ…လတ်..
ပေါင်ချိန်ကြည့်ရင် ကောင်းမလားဟင်..”
“လုပ်မနေ နဲ့ ကျလည်း တစ်ပေါင်ပဲ..”
“အို…”
လတ် စိတ်ပျက်စွာဖြင့် ဘောလုံးပိုက်ပြီး တစ်ဖက်ခန်းမှာ ရှိတဲ့ လေ့ကျင့်ခန်းစက် အမျိုးမျိုးကို ငေးရင်း သက်ပြင်းပါ ချမိသည်..။
တစ်ခါက မမေရီကို မမေးပဲ တီဗွီမှာ ကြည့်ဖူးခဲ့တဲ့ အတိုင်း အလေးတွေ ၀င်မ ခဲ့သည်..။
“နင့်ကို ဘယ်သူလုပ်ခိုင်းလည်း..”
“ဟို..မမေရီ ခိုင်းတာ ပြီးလို့..”
“နင်က ဆရာမကြီးလား ဟမ်…ဒါတွေ မ ရင် ဝိတ်ကျတယ်လို့ ဘယ်သူပြောလည်း..ခါးပါ ကျိုးသွားလိမ့်မယ်…ကျစ်…ဟင်း..စိတ်တိုဖို့ကောင်းလိုက်တာ…နင် အိမ်ပြန်ချင်လား..”
“ဟယ်..မပြန်ချင်ပါဘူး…လတ်တောင်းပန်ပါတယ်..နောက် မလုပ်တော့ပါဘူး..အစ်မရယ်…အစ်မမှ မကူညီရင် လတ် ဟားစရာ လုံးလုံး ဖြစ်တော့မှာပါ…အဟင့်…”
“နောက်ဆို…ငါ မခိုင်းပဲ ဘာမှ မလုပ်နဲ့…”
ထိုနေ့မှစပြီး မျက်နှာချင်းဆိုင် ပြေးစက်တွေ အလေးပြားတွေ ရှိတဲ့ အခန်းကို ယောင်လို့တောင်  မ၀င်ဖြစ်တော့ပါ..။
လတ် ချွေးသံ တရွဲရွဲ ဖြင့် သွေးပူ လေ့ကျင့်ခန်းလုပ်ပြီး  အ၀တ်အစား လဲခါ ထွက်လာတော့ ဒေါ်သူက ထမင်းစားပွဲမှာ ပြင်ဆင် ပြီးပြီ..။
“ဟင့်…နှစ်ဇွန်းပဲလား..”
“ဟုတ်တယ်လေ…သမီးရဲ့…”
“မမေရီ မရှိတုန်း ပိုထည့်ပေးလို့မရဘူးလားဟင်..”
“သြော်..သမီးရယ်..ထမင်းပန်းကန်ကြီး တစ်ပွဲကို ကယ်လိုရီ ကိုးရာပါတယ်လေ…သမီး တစ်နေ့ စားရမှာက ထောင့်ခြောက်ရာတည်း…ထမင်းချည်းပဲ စားလိုက်ရင် တစ်နေ့ကုန် ဗိုက်မှောက်နေရလိမ့်မယ်…”
“ဟိ..ဟိ..ဒေါ်သူလည်း နည်းပြလုပ်လို့ရနေပြီ…”
“အမလေး…နားပူအောင် ဆူလွန်းလို့ အလွှတ်ကို ကျက်ထားလိုက်တာ…ဒီမှာ ထမင်း နှစ်ဇွန်းမှာ တစ်ရာ… …ဒီဘက်ဘေးက မုန့်ညှင်းစိမ်းကြော် နဲ့ ငါးကိုထပ်ပေါင်း ရင် နှစ်ရာပြည့်နေပြီ..”
“ဟူး..တစ်ခါစား နှစ်ရာ နဲ့ ရှစ်ခါ ခွဲကျွေးနေတာ..ဟွင့်..”
“သမီး စားချင်လည်း စားပေါ့..”
ဒေါ်သူက ထမင်းပန်းကန်ကြီး ထိုးပေးပေမဲ့ လတ် ပြန်တွန်းလိုက်ပြီး ပုံစံ ခွက်ကို ဆွဲယူခါ စားလိုက်သည်..။
ထမင်းကို ဇွန်းလေးဖြင့် ချွေတာစားခါ အရွက်ကို များများ စားပေးရသည်..။
ပိုက်ဆံရှိပြန်တော့ ဝိတ်တက်မှာစိုးလို့ အငတ်ခံနေရတဲ့ ဘဝတွေပါလားနော်…
ဟူး..လှချင်ရင် သည်းခံပါလေ..။
.
“ဟယ်တော့…”
“ဒေါ်သူရေ…..ခဏ…”
လတ် မနက်စောစော ပြေးဖို့ အတွက် အ၀တ်အစားလဲတော့ အင်္ကျီက အဆင်ပြေပေမဲ့ ဘောင်းဘီက မှားနေသည်..။
“ဘာဖြစ်လို့လည်း သမီး..”
“ဟိုကလေးတော့ လျှော်ပြီး မှားလာပြီ ထင်တယ်…ဒါလတ် ဘောင်းဘီ မဟုတ်ဘူး..ဒေါ်လေးရဲ့..”
“ဟင်…ဟုတ်လား…”
ဒေါ်သူ့ လက်ထဲကို ခေါက်ပြီးသားဘောင်းဘီ ပြန်ထည့်ပေးလိုက်ပြီး နောက်တစ်ထည်ယူခါ ထပ်လဲတော့လည်း မှားနေပြန်ပြီ..။
မဟုတ်သေးပါဘူး..။
လတ် ကို မမေရီ ပေးထားသည့် အ၀တ်အစားဘီဒိုအောက်ဆုံးက ဘောင်းဘီကို ထုတ်ပြီး ၀တ်တော့လည်း အဆင်မပြေ…။
ကိုယ်လုံးပေါ် မှန်ရှေ့မှာ အားကစား အင်္ကျီ ်လက်ရှည်ကို ဆွဲမပြီး ဘောင်းဘီကို ဆွဲတင်တော့ ရင်ခေါင်းအထိ ရောက်လာသည်..။
မဟုတ်မှ ဗိုက်ချပ်သွားတာလား…။
လတ် တွေးရင်း ဘောင်းဘီသရေကြိုးကို ဆွဲကြည့်တော့မှ အနေတော် ဖြစ်သွားသည်..။
“အိုး…အိုး…တကယ်ကျတယ်ဟ…မမေရီရေ….ဒေါ်သူရေ ကျကုန်ပြီ…..အငယ်မရေ…..”
လတ် ၀မ်းသာအားရ ဖြင့် မမေရီ အခန်းရှိတဲ့ အပေါ်ထပ်ကို မမောနိုင်ပဲ ပြေးတက်သွားလိုက်သည်..။
အခုချိန်ဆို ၀ရန်တာ မှာ မမေရီ ယောဂ ကျင့်နေတာကို မနှောင့်ယှက်ရမှန်း သိပေမဲ့ ပြေးဖက်လိုက်မိသည်..။
“ဟဲ့…အိုး..ဘာဖြစ်တာလည်း..”
“လတ်…လတ်..ဝိတ်ကျသွားပြီ..”
“နင့် ဘယ်သူ့ပြောလည်း..”
“ဒီမှာ..”
မမေရီက နှုတ်ခမ်းမဲ့ ၍ မေးတော့  လတ်  သရေကြိုး ကို ဆွဲပြပြီး ပျော်လွန်းလို့ မျက်ရည်ပင် စို့မိသည်…။
“ငါတော့ ဒီ အဆီခေါက်ကိုပဲ မြင်နေတယ်..”
လတ် ဗိုက်ခေါက်ကို ဆွဲပြတော့ လတ် နှုတ်ခမ်းစူပြီး ဗိုက်ကို ငုံ့ကြည့်မိသည်…။
ဟုတ်ပါရဲ့ ဗိုက်ခေါက်က ရှိသေးပေမဲ့ ခါးသေးသွားလို့ တော်သွားတာလား..။
“လျှော်ပါများလို့ အ၀တ်တွေ ချောင်ကုန်တာ..”
“ဟုတ်ပါ့မလား..အားလုံးပဲ..”
“သွား..သွား..ငါ ဒီမှာ မပြီးသေးဘူး..နင် ပြန်လာရင် သွားစရာ ရှိတယ်..မြန်မြန်သွားတော့ နောက်ကျနေပြီ…”
မမေရီက အတင်းနှင်လွှတ်ပြီး ခြေထောက် တစ်ချောင်းထောက်၍ ပြန်ရပ်တော့ လတ် အားကျစွာကြည့်မိသည်..။
မမေရီ က စကားအပြောအဆို မိန်းမမဆန်ပေမဲ့ သွယ်လျကျစ်လစ်လှပတဲ့ အားကျစရာ ခန္ဓာကိုယ် အချိုးအစား ရှိပါသည်..။
“အိုး..နောက်ကျနေပြီ..”
လတ် သတိ၀င်ပြီး အောက်ထပ် ပြန်ပြေးဆင်းလာ၍ ကျောပိုးအိတ်ကို ယူခါ လမ်းမပေါ်ရောက်လာရသည်..။
မနက်စောစော နေ့တိုင်း ပြေးတာ တစ်လကျော်လာတော့ လမ်းမှာ တစ်ချို့သူတွေနဲ့ မျက်မှန်းတန်းနေမိပြီ…။
ပြုံးပြ နှုတ်ဆက်သလို နောက်ကျတယ်နော်လို့ ပြောတဲ့ ဘ၀တူလေးတွေ နဲ့လည်း ခင်နေပြီ…။
.
“ဟိုမှာ…မင်း အစ်မကား..”
“အေး..မင်းကျန်ခဲ့…ငါ သွားကြည့်မယ်…”
“ငါ က ဘာလုပ်ရမှာလည်း..”
“အချိန်ဆွဲထား..”
“ဟ..ငနောင်…ငါကြောက်တယ်…ဟေ့ကောင်..”
သူ့မိန်းမကို တစ်ခါ တွေ့ဖို့ အရေး နိုင်ထူးက ကူညီပံပိုးစီစဉ်ပေးနေရသည်..။
မလတ်ကလည်း ဘာဖြစ်လို့များ အိမ်က ထွက်သွားလည်းမသိဘူး…သူ့ယောင်္ကျား ကိုယ့် ယောက်ဖတော်က ညတိုင်း အသည်းကွဲပြီး လူကို ဒုက္ခပေးသည်..။
အခုလည်း အလုပ်လုပ်နေတာ ကို ဖုန်းဆက်ပြီး မားကပ်ကို လာခိုင်းသည်..။
သူ့အစ်မကား ကို မားကပ် ထဲဝင်သွားတာ သူတွေ့လိုက်တယ်ဆိုပဲ…ဘယ်ကနေ ဘယ်လို တွေ့သလည်းတော့မသိ…။
“ဟဲ့…ဖယ်လေ…”
“ဗျာ….ဟို…ဟုတ်…”
လိပ်ပြာလွင့်မတက် ကြောက်လွန်းလို့ ကားကိုသော့ဖွင့်ပြီး ရှေ့တိုးလိုက် နောက်ဆုတ်လိုက်ဖြင့် ငနောင် ထွက်လာမဲ့ နေရာကို သာ ပြူးကြည့်နေမိသည်..။
“ကျစ်..”
“ဟုတ်…ခဏ…အစ်မဦး..”
နိုင်ထူး ကားကို ရှေ့တိုးနောက်ဆုတ် ပြန်လုပ်နေတော့ ကားစက်ဖုံးကို လက်ဖြင့် ထုလိုက်တာ လန့်သွားသည်..။
“ဆင်း..”
“ဗျာ..”
“ဆင်းလို့..”
“ဟုတ်…”
ကားတံခါးဖွင့်ပြီး ကပျာကယာ ဆင်းလာတော့ ကားပေါ် တက်၍ နှစ်ဆစ်ချိုးချသည်။
ပါကင်ထိုးပေးပြီး ပြန်ဆင်းလာတာ အားလုံး  မိနစ်ပိုင်းတောင် မကြာလိုက်ပါ…။
နိုင်ထူး မျက်လုံးပြူးဖြင့် ကြောင်နေချိန် အနားကို ရောက်လာပြီး သော့လှမ်းပေးရင်း
“ဒါတောင် မလုပ်တက်ဘူးလား..”
“ဟို..”
“ကားပါကင်ထိုးဖို့ အရေး…လတ်လတ်ရဲ့ သွေးကြောရှာတာ ကျနေတာပဲ…နင့်ယောက်ဖကို ပြောလိုက်….ရှာမနေနဲ့ ခေါ်ကို မလာဘူးလို့..”
“ဗျာ..”
“…အဲ…ဟုတ်…”
နိုင်ထူး နောက်ကို ဆုတ်လိုက်တော့မှ ကားကို ပတ်ကွေ့ပြီး ထွက်သွားသည်..။
သေလိုက်စမ်း…မင်းနောင်ရေ..မင်းအစ်မက မင်းထက်လည်တယ်ကွ…ငါတော့ ကြားထဲက သေတော့မလို…။
“ဟူး..မတွေ့ဘူးကွ…”
“မသာရေ..လာပြန်မယ်…မင်း အစ်မတော်က မှာသွားတယ်…ရှာမနေနဲ့ ခေါ်မလာဘူးတဲ့..”
“ဟမ်..ကျစ်…ဟာကွာ…အစ်မကတော့ မဟုတ်တော့ဘူး..”
“အေး..လာ..မြန်မြန်…ငါ အလုပ်ရှိတယ်…”
ကားပေါ် ဆွဲတင်ပြီး နိုင်ထူး ကိုယ်တိုင် မောင်းပို့ခဲ့ပေမဲ့ ဘေးက ကောင်က တော်တော် အခြေအနေဆိုးနေပြီ..။
ညတုန်းကလည်း တစ်နာရီထိုးမှ မမူးပဲနဲ့ သီချင်းတွေ ထအော်ဆိုလို့ မနည်းတောင်းပန်ရသည်။
တစ်ခါတလေ နိုင်ထူး တရေးအိပ်ရာနိုးတော့မှ ထမင်းစားပွဲပေါ် ခေါင်းမှောက် အိပ်နေတာ တွေ့လို့ မနည်းနိုးရသည်။
ဟိုနေ့ကလည်း ကလပ်မှာ ကနေရင်း မလတ်ကိုတွေ့ပါတယ် ဆိုပြီး လူတွေထဲ တိုးရှာသေးသည်။
မလတ် ဘယ်လိုနေလည်း မသိပေမဲ့ နိုင်ထူး သူငယ်ချင်းကတော့ တကယ်ရူးတော့မယ် ဆိုတာ ကြိုသိနေပါပြီ။
ဒါကြောင့်သူ့အစ်မသာ ဒီကိစ္စမှာ မပါရင် နိုင်ထူး ကိုယ်တိုင် မလတ်ကို သွားခေါ်မိမှာပါ…။
အခုတော့ ကိုယ်လည်း ကြောက်ရသူ…။
“ငနောင်…မင်း ဦး၀င်းနိုင်အိမ်သွားရင် ငါ့လည်းခေါ်..”
“အေး..ညနေ သွားမယ်လေ…”
“ကလပ်လား..”
“ဟာကွာ..မသွားပါဘူး..မလတ်ကို စိတ်ဆိုးတယ်…တကယ်ဆို ငါက စိတ်ဆိုးနေတာ အိမ်ပေါ်က ဆင်းသွားတာက သူ… ဘေးက ယောက်ဖကလည်း..သူ့အစ်မသူ မနိုင်ဘူး ..မလတ်အနားရှိနေတဲ့ အားကိုးကလည်း ငါမနိင်တဲ့ စုန်းမကြီး....”
“ဟား..ဟား…မင်းပြောတာနော်..”
“ဟုတ်တယ်..သူများ လင်မယားကြား ၀င်ပါနေတာ…သူ မချစ်တက်တိုင်း.. ဟာ…နိုင်ထူး…မင်းနဲ့ ဆို ဒယ်ဒီလည်း သဘောတူတာပဲ ယူလိုက်ကွာ..ပြီးမှ ငါ့ကိုယ်စား များများထုပေး..”
“ဟာ…မလုပ်ပါနဲ့ကွာ…ငါ့နံရိုးချိုးပြီး သွားကြားထိုးနေလိမ့်မယ်…ငါမသေချင်သေးဘူး..”
“ဟား..ဟား…”
ငနောင် အော်ရယ်တော့ နိုင်ထူးလည်း မချိသွားဖြဲလုပ်နေရသည်..။
ချစ်ဖို့ကောင်းသလောက် ကြောက်ဖို့ ကောင်းတာများ မလတ်ထက် ဆယ်ဆ ဆိုးတဲ့ သူ့အစ်မကို မယူဝံ့ပါဘူး…။
.
“လာလေ..”
“ဟုတ်…”
“သြော်…မေရီပါလား…ယူ့မောင်ဖိတ်စာရတယ်ကွာ…တို့ဖြင့် မယုံလို့ တကယ်ရောဟုတ်ရဲ့လား..”
“…အမ်း…ငါ နင့်ဆီလာတာ scrub လုပ်ရင် ဘယ်ဆိုင် ကောင်းမလည်းလို့..”
“အရင်က နင် ဒီမှာ လုပ်နေကျလေ….”
“ငါကတော့ ဟုတ်တယ်…ငါ့အသိတစ်ယောက်က နည်းနည်း ဂျေးများတယ်..”
“သြော်..ဒါဆို…ဒီမှာ လိပ်စာကဒ်…ငါ့သူငယ်ချင်း အသစ်ဖွင့်တာ..ဂျပန်နည်းပညာတွေချည်း သုံးထားတာ..”
“အိုကေ…ကျေးဇူး..”
လတ် တောင် အထဲမရောက်သေးဘူး မမေရီက ပြန်ထွက်လာတော့ လတ် ကြောင်တောင်တောင် ဖြင့် ပြန်လိုက်လာရသည်..။
“ဒီမှာ မရဘူးလား..မမေရီ..”
“မရဘူး..ဒီဟာမ က နင့်ကို သိတယ်..”
“ဟင့်..လတ်တော့ ဖိတ်စာကြောင့် နာမည်ကျော်နေပြီ ထင်ပါရဲ့..”
“ကောင်းတာပေါ့…”
မမေရီ ကတော့ ကောင်းတာပေါ့ သူ့မောင်လေး က ချောတာကိုး.. လတ်က အရှက်ကွဲတာပေါ့လေ..။
လတ်စူပုတ်ပုတ်ဖြင့် အနောက်ကလိုက်လာရတော့သည်..။
“မင်္ဂလာပါရှင်..”
“ဟုတ်ကဲ့…”
“နိုရာ…လွတ်လိုက်တာ…ယူတို့ဆီမှာ အဆီချ massage  ရတယ်ဆို..”
“ဟုတ်ကဲ့…အဲဒါ အပါအ၀င် clean..sauna ..scrub တွေ ပါပြီးသားပါ…”
“ဒါဆို သူအရင်လုပ်လိမ့်မယ်…တို့ကတော့ manicure လုပ်မယ်..”
“ဟုတ်..”
လတ် ကို မေးပင့်ပြတော့ ခေါင်းညိတ်ပြီး  ကောင်မလေး ခေါ်ဆောင်တဲ့ နောက်ကို လိုက်သွားရသည်..။
“အစ်မ အ၀တ်လဲခန်းပါ Two piece လေး လဲပေးပါနော်..”
လတ် တွေ့လိုက်တဲ့ ၀တ်စုံကြောင့် မျက်လုံးပြူးရင်း ခေါင်းရမ်းခါ ခပ်သွက်သွက် ပြန်ပြေးထွက်လာခဲ့ရသည်..။
မမေရီ က ခုံမှာ ထိုင်ပြီး လက်သည်းကို ဘာတွေ လုပ်နေလည်း မသိ…။
“မေမရီ..”
“ဟဲ့..ဘာလို့ ပြန်ထွက်လာတာလည်း…”
“ဟို…ဟို..အတွင်းခံကြီး ၀တ်ခိုင်းနေတယ်..”
မမေရီက အလိုမကျသလို လတ်ပဲ မှားနေသလိုလို မျက်နှာ ရှုံ့မဲ့ တက်သွားသည်..။
“အိုး.လတ်လတ်ရယ်…၀တ်လိုက်လေ…တစ်ကိုယ်လုံးကို လုပ်မှာပဲဟာ..”
“အိုး..ရှက်ဖို့ကောင်းတယ်…ဘာလုပ်ကြမှာလည်း ဟင်..”
“ကျစ်….တစ်ကိုယ်လုံးကို ဂျေးချွတ်ပေါင်းတင် ပေးမှာ သွားမြန်မြန်..”
“လတ် ကိုယ်မှာ ဂျေးမရှိပါဘူး.ရေလည်း နေ့တိုင်းချိုးပြီး ဂျေးတွန်းပါတယ်…”
“ဟဲ့…နင် တအားတက်နေလား.”
“ဟင့်အင်း..”
“သွား..မြန်မြန်..”
မမေရီ ငေါက်လိုက်တော့ လတ် စိတ်ညစ်စွာဖြင့် အ၀တ်လဲခန်း ထဲ  ပြန်ရောက်လာရသည်..။
၀န်ထမ်းကောင်မလေး နှစ်ယောက်ကတော့ အခန်းထဲ ဘယ်သူမှ မ၀င်ပါဘူး အစ်မရဲ့လို့ အားပေးရှာပါသည်..။
“အယ်..”
“ဟို..ယားတက်တယ်နော်…”
“သြော်..ဟုတ်ကဲ့..အစ်မ တအားကြီး စိတ်တင်းမထားပါနဲ့..”
“ဟုတ်..”
စိတ်တင်းမထားပါနဲ့ ဆိုခါမှ ပခုံးကို ပွတ်တော့ ယားသလိုလို…။
မမေရီသာ ပါမလာရင် ပြန်ပြေးမိမလားတောင် မသိ..။
မျက်နှာကိုလည်း လိမ်းလိုက် ဖျက်လိုက်ဖြင့် တစ်ကိုယ်လုံးလည်း လိမ်းလိုက် ဖျက်လိုက်ပါပဲ..။
လူကို ရေချိုးပေးသလို ဂျေးတွန်းရအောင် သေသွားတာလည်း မဟုတ်ပဲ…။
သူတို့ လိမ်းတဲ့ဆေး ပူရှိန်းရှိန်းလေး ကို အဝတ်နဲ့ တိုက်လိုက် ပြန်လိမ်းလိုက်ဖြင့် အလုပ်ရှုပ်နေကြသည်။
“ဟို..ဂျေးချွတ်ရင်..အသားဖြူလားဟင်..”
“ရှင်…ဟုတ်…ချွေးပေါက်ပွင့်ပြီး အသားလေး စိုပြည်သွားတာပေါ့ ..ပုံမှန် လုပ်ပေးရင် ဖြူပါတယ်..”
“သြော်…မျက်နှာ အမာရွတ်ကော ပျောက်လားဟင်..”
“အဲဒါက ဆေးတွေ ရှိပါတယ်…”
“အစ်မ ပြီးရင် မျက်နှာလေး နဲ့ တစ်ကိုယ်လုံး  နူးညံ့သွားလိမ့်မယ်..”
“ဟုတ်လား..လက်တွေကော နုသွားမှာလားဟင်..”
“ဟုတ်ကဲ့..”
လတ် ဖြစ်ချင်တာတွေကို တစ်ခုချင်းစီ လိုက်မေးနေတာ အချိန်ကြာတာတောင် တစ်ကိုယ်လုံးကို နှိပ်လိုက် လိမ်းလိုက်ဖြင့် မပြီးနိုင်သေး..လူက ဇိမ်ကျလွန်းလို့
အိပ်တောင် အိပ်ချင်လာပြီ..။
“ကြာမှာလား ဟင်…အိပ်ပျော်သွားမှာ အားနာလို့..”
“သြော်..အိပ်လေ…အစ်မ….နောက် နှစ်နာရီလောက် ကြာဦးမှာ..အစ်မရဲ့..”
မျက်နှာမှာ ကပ်ထားတဲ့ အဝတ်ကြောင့်  မြင်နေရတာ အဆင်မပြေ…။
အဲဒါကြောင့် မျက်လုံးစုံမှိတ်ရင်း
လတ် လှသွားမယ် ဆိုတဲ့ အတွေးဖြင့် ပြုံးခါ စိတ်ကူးကြိုယဉ် မြင်ယောင်မိသည်..။

*✭˚・゚✧*・゚*✭˚・゚✧*

ဟူး စိတ်မပါမရေးချင်ရင် မရေးသင့်တော့ဘူး💔🤧😭
အခုတော့ ဘာတွေ ဖြစ်ကုန်ပြီလည်း မသိဘူး💔🤧
ဟီး...အဟင့် 😭💔🤧
အိပ်ရာနိုးတော့ နောက်ကျနေလို့ ပြန်လည်းမစစ်မိဘူး အဆက်မမိရင် ဖတ်မကောင်းရင် ခွင့်လွှတ်ပါနော်
စပိုက်ကာနေမကောင်းတာ စိတ်ပူပေးကြတဲ့ စာဖတ်သူလေးတွေ အားလုံးကို ကျေးဇူးအထူးတင်ပါတယ် ❤
စာဖတ်သူလေးတွေလည်း နေကောင်းအောင် နေကြပါနော် 💪

.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ

Group မှာ 
share ပေးတဲ့
ကိုယ့်အသည်း တွေ
ကျေးဇူးအထူးထူးပါနော် ❤

စွဲနေပြီWhere stories live. Discover now