Part 14

6.3K 318 5
                                    

စွဲနေပြီ
အပိုင်း (၁၄)
#စွဲနေပြီ

“နောင်…ငါသွားပြီ…”
“အမ်း..”
မလတ် ထွက်သွားတော့မှ ခြင်ထောင်ထဲက ထွက်ပြီး ဟင်းအိုးကို ပြေးကြည့်လိုက်တာ ချက်ထားတဲ့ဟင်းက ငါး..။
ကျစ်…ငါး မစားချင်ပါဘူးဆိုကာမှ…ဟူး..။
မနက် ခြောက်နာရီ အရောက်သွားရတာမို့ မိုးမလင်းခင်ကတည်းက ထချက်ပေးခဲ့တာ ကျေးဇူးတင်ပါသည်..။
သို့သော် ကျေးဇူး ရာနှုန်းပြည့်တော့ မဟုတ်…။
မသိရင် ကိုယ့်ကို ကြည့်မရလို့ ငါးချည်း လိမ့်ချက်နေသလိုပင်..။
“ဟေး..ဟေး…သွားပလား..”
ကိုအောင်ဦးက ဘယ်တုန်းကတည်းက ချောင်းနေမှန်းမသိ မလတ်သွားတာနဲ့ အခန်းကူးလာပြီ..။
ခါးကြားက ပုလင်းအပြားကို ထုတ်ချပြီး ခါးပိုက်ထောင်ထဲက အမြည်းအိတ်ကိုပါ စေတနာ ထက်သန်စွာ ချကျွေးသည်..။
“ကိုအောင်ဦး တစ်ယောက်ပဲ ကောင်းတာ သလား..”
“မင်း မိန်းမလည်း ကောင်းပါတယ်ကွာ..”
“ဟမ်..”
နောင့် အလိုမကျစွာ မျက်ခုံးတွန့်ပြီး ဟမ် လိုက်တော့ ကိုအောင်ဦးက လက်ခါရမ်းရင်း..
“ဒီလိုကွာ….မင်းမိန်းမလည်း မင်းကို သိတက်တယ်လို့ပြောတာလေ….မင်း အတွက် အစောကြီး မိုးမလင်းခင် စျေးသွား…ပြီးတော့ ချက်ပြုတ်ပေးခဲ့တယ်မလား..ငါ ဆိုရင် ကြည့်လေ..အခုချိန်ထိ အမေ အဆူအပြောခံနေရတုန်းပဲ….မင်း ကောင်းတယ်..ကောင်လေး.. မင်းကောင်းတယ်…”
“ကောင်းတယ်…အင်း..ဟုတ်တယ်…မလတ် အလုပ်သွားနေတာ ကြာလာတော့ ကျွန်တော်လည်း ပျင်းလာသလိုပဲ..”
“ဒါများ..ယောင်္ကျားပဲကွာ လျှောက်သွားပေါ့..”
“ပိုက်ဆံမရှိတော့ ဘော်ဒါတွေနဲ့ မတွေ့ချင်ဘူး..အ၀တ်အစား မလန်းတော့ စော်တွေ နဲ့ မတွေ့ချင်ဘူး..အိမ်မှာနေတာပဲ ကောင်းပါတယ်..”
“ဟဲ..ဟဲ….မင်း..ငါ့ကြောင့် ဟိုတစ်ခါက အဆင်ပြေသွားတယ်မလား..”
“ဘာမှ မပြေဘူး..ပါးမရိုက်တာ ကံကောင်း…”
“အေးကွာ….အရက်သမားကို ချစ်ရင် အရက်ကိုလည်း ချစ်ရမှာပေါ့…ဆေးသမားကို ချစ်ရင် ဆေးကိုလည်း ချစ်ရမယ်လေကွာ..”
“မလတ်က ကျွန်တော့်ကို မချစ်လို့..ဆေးကိုမချစ်တာပေါ့ဗျာ..”
ကိုအောင်ဦး က နောင်တို့ စကားများတာကို နောင် ဆေးချလို့
လင်မယား အဆင်မပြေဘူး ထင်ပြီး ကြားထဲက အောင်သွယ် ပြန်လုပ်ပေးဖို့ ကြိုးစားနေသည်။
နောင် လည်း အစအဆုံး ရှင်းမပြချင်တာနဲ့ သူထင်တဲ့ အတိုင်း အင်းပဲ လုပ်လိုက်သည်။
အခုတော့ မနက်တိုင်းလာပြီး အတင်းတိုက်နေတော့ပါပဲ...။
“..မငိုပါနဲ့ကွာ…သောက်..သောက်…သုံးရာဖိုး စလုံး မင်းကုန်အောင်သောက်သလား…”
“တော်ပါပြီ…ကိုအောင်ဦးသောက်…ကျွန်တော် ရေသွားခပ်ဦးမယ်..”
“ဟေ့ကောင်..မနက်ပိုင်း ရေတွင်းထဲ ဆင်းမခပ်နဲ့နော်…အနက်ကြီးပဲ….ညပိုင်းမှ ဆင်းခပ်…”
ကိုအောင်ဦးရဲ့ လျှာလေးအာလေး သတိပေးချက်ကြောင့် နောင် ရယ်မိတော့သည်..။
သတိတော့ပေးပါတယ်…. သူနိုင်သလောက်ပေါ့လေ…။
.
“နောမု နင့်ကို ပန်းကန်ဆေးဖို့ ပြောနေတယ်လေ…”
“ရှေ့မှာ စားပွဲဝိုင်း မှောက်ချလို့ သွားသိမ်းနေတယ်…မကြူ..”
“နင့်ကို ရှေ့နေမလိုက်ခိုင်းဘူး..ပါးစပ်ပိတ်ထား..”
လတ် ပြောလက်စ စကားကို မြိုချလိုက်ပြီး ခေါင်းငုံ့ခါ ပန်းကန်ဆေးခြင်းတာ၀န်ကို ဆက်ယူထားရသည်..။
မကြူက အာဏာရှိသူမို့  ငယ်လွန်းတဲ့ ကလေးတွေ အပေါ် လက်ပါတက်သည်..။
ဟိုနေ့ကလည်း..ရင်ရင် ဆိုတဲ့ ကောင်မလေးကို ဟင်းရည်အပူ ပန်းကန် ဆောင့်တိုးပေးလို့ အပူလောင်ပြီးပြီ..။
မီးဖိုဆောင် ၀န်ထမ်းတော်တော်များများက အမြင်မကြည်ပေမဲ့ ပိုင်ရှင်ရဲ့ ဆွေမကင်းမျိုးမကင်းမို့လို့ ဘယ်သူမှာ မဝေဖန်ရဲကြ…
ပိုင်ရှင်ကလည်း လုပ်ငန်းတွေ အများကြီးမို့လို့ ဆိုင်ကို သေချာ ဦးမစီးနိုင်သလို ရှိတဲ့ မန်နေဂျာကလည်း ဘောလုံးပွဲဖြင့်သာ အချိန်ကုန်နေတက်သည်..။
ဟူး…စိတ်တွေလည်း ဆင်းရဲလိုက်တာနော်…အကုသိုလ် အားပေးဘဝရောက်ပြန်ပြီ..။
“ဂျာကြီး..ဆပ်ပြာ ကုန်ပြီ..”
“ဟမ်…ဆပ်ပြာဘူး သွား၀ယ်ပြီး စာရင်းထဲ ထည့်လေ..”
“ဟို…”
“ဘာလည်း..”
“ဟုတ်ကဲ့…”
လွန်ခဲ့တဲ့ သုံးရက်ကပဲ မီးဖိုဆောင် အတွက် လိုအပ်တဲ့ ပစ္စည်း တစ်လစာကို ကားလာချသွားသည်..။
ဒီအထဲမှာ ဆပ်ပြာပုံး တစ်ရှုးလိတ် သွားကြားတိုးတံ အဆုံး အကုန်ပါပြီသား..။
အခုတော့ ထိုပစ္စည်းတွေ ဘယ်သူ့လက်ထဲ ရောက်သွားသလည်း မသိ…ပစ္စည်းလိုတိုင်း ကောင်တာက ငွေယူပြီး ပြေး၀ယ်ပေးရသည်..။
“မကြူ…ငပိရည်အိုးကို တိုက်လိုက်မယ်နော်..”
“နင့်ကို ငါခိုင်းလား..”
“မခိုင်းပါဘူး..အထဲမှာ မြင်မကောင်းတော့ဘူး..”
“ရှည်လွန်းတဲ့ ပါးစပ်တော့ ပါးရိုက်ခံချင်နေပြီ..နင့်အလုပ်က ငါခိုင်းတာ လုပ်ဖို့မလား..”
လတ်စိတ်ထဲ ဒေါသတွေ ဆူဝေ့လာပေမဲ့ မြိုချပြီး ခေါင်းညိတ်ခါ အလုပ်ပြန်လုပ်နေရသည်..။
ငါးပိရည် အိုးက တစ်ရက် နှစ်ရက်ကျန်ရင်တောင် အကောင်လေးတွေ ဖွေးနေတက်တာ..အခုတော့ လချီပြီး အိုးဘေးမှာ ဂျိုးတောင် ကပ်နေပြီ တစ်ခါမှလည်း မတိုက်မဆေးပဲ ခပ်ရောင်းနေတာ စားသုံးသူတွေကို စိတ်ထဲက သနားမိသည်..။
“မကြူရေ…ကြက်သားဟင်း အသိုးတွေ ပစ်လိုက်တော့မယ်နော်..”
“ပေါလှချည်လားဟေ…”
“ရှင်..”
မကြူ အသံကြောင့် အလုပ်သမား တစ်ချို့ ခေါင်းပိုငုံ့သွားပေမဲ့ လတ်ကတော့ ပန်းကန်ဆေးလက်စရပ်ခါ လှမ်းကြည့်နေမိသည်..။
အိုးကိုင်လျက်သားဖြင့် ခေါင်းငုံ့နေတဲ့ နွယ်လေး ကို သနားပေမဲ့ မကူညီနိုင်ပြန်…။
“ဒေါင်..”
“အမလေး..”
ဘေးမှာ ချထားတဲ့ ဇလုံနဲ့ ခေါင်းခေါက်ခံလိုက်ရတော့ နွယ်လေး မျက်နှာ ရှုံမဲ့သွားချိန် လတ် ခေါင်းကျိန်းသလို ဖြစ်သွားရသည်..။
နာလိုက်မယ် ဖြစ်ခြင်း..ဇလုံတောင် ခွက်၀င်သွားသည်လေ…။
“သွား..ကြက်သားတွေကို အသားနွှင်ယူပြီး အကြွပ် ပြန်ကြော်..ကြက်ခြောက်စပ် ပြန်လုပ်ရောင်းရမယ်..ကောင်မတွေ တစ်ကောင်မှ ေ×ာက်ချိုးမပြေဘူး…ကြည့်နေ ကြည့်စားနော်..ငါ့ဒေါသကို လာမဆွနဲ့ မသာပေါ်ကုန်မယ်…ေ×ာက်လုပ်ကြောင့် ပင်ပန်းတာတစ်မျိုး ေ×ာက်ချိုးမပြေတာတွေကို ပြောနေရတာ တစ်မျိုးနဲ့…ဟင်း…”
လက်ထဲက ဟင်းခတ်ဇွန်းကို နောမု့ကို ဦးတည်ပစ်ပေါက်လိုက်တော့ နောမု့ ရင်ဘတ်ကို ထိပြီးမှ ပြုတ်ကျသွားသည်..။
“မကြူ…ကြက်ချိုချဉ်လေ..”
“အေး ရပြီယူသွား…”
နောမု မနေ့က ငါးကြော် မှိုတက်တွေ အမှိုက်တောင်းထဲ ထည့်လိုက်တာကိုကျေနပ်ပုံ မပေါ်သေး..။
မနေ့ တစ်နေ့ကုန် ငြိုးပြီး ခိုင်းပြီးပေမဲ့ ဒီနေ့လည်း ဦးတည်နေပြန်ပြီ..။
“ငါ့တူ ရဲ့ စီးပွားရေး ပျက်အောင် လုပ်နေကြတာလား..အကုန်လုံး အလုပ်ဖြုတ်ပစ်ရမယ်…တစ်ယောက်မှ အချိုးမပြေဘူး..”
လတ် ပန်းကန်တွေသာ ငုံ့ဆေးနေရင်း နှုတ်ခမ်းမဲ့လိုက်မိသည်..။
သူ့တူ သူဌေးက ဒီလောက် မစီးပိုးပါဘူး..မစီးပိုးလို့လည်း တစ်နေ့ အ၀ယ် စရိတ် တစ်နေ့ ထုတ်ပေးနေတာပဲလေ…ဒီကြားထဲက ငွေတွေ ဘယ်သူ့ဆီရောက်သွားလည်း မသိပေမဲ့ မီးဖိုဆောင် ဦးစီးတဲ့ မကြူ အကြောင်းကိုတော့ ကောင်းကောင်း သိကြသည်..။
လတ် ကတော့ ထမင်းလာစားသူ အလုပ်ကြမ်းသမားတွေကို ပိုသနားမိသည်..။
အထမ်းသမား ကားသမား အလုပ်သမား အားလုံး က အချိန် နဲ့ လုပြီး ထမင်းစားရသည်မို့ ဘာကိုမှ ရွေးချယ် ကြည့်ရှု စားမနေ…။
နီးစပ်ရာဟင်း လောင်းထည့်ပြီး သာ ခပ်သွက်သွက်စားကြသည်..။
ယောင်္ကျားတွေ ဖြစ်နေလို့..မိန်းမတွေလို မစပ်စုတော့…ဟင်း ကောင်းသလား မကောင်း သလားတောင် သူတို့မှာ မဝေခွဲနိုင်ပြန်..။
တန်ဖိုးနည်းပြီး ထမင်းကို များများချပေးတက်တဲ့ ဆိုင်ရဲ့ သတင်းကြောင့် လက်လုပ်လက်စားတွေ ပို အားကိုးလာသည်..။
မကြူကလည်း ဒီအထာကို သိလို့ ထမင်းကို ကော့ပြန်နေအောင် ချက်ပြီး များများသုံးသည်..။
ဟင်းအမယ်တွေကတော့  ဖြစ်သလို ချက်ပြီး ဟင်းကျန်ဆိုရင် အရောင်တင်မှုန့်ဖြင့် ကာလာတင်ပေးသည်..။
အလုပ်လုပ်တာ လခလည်း လိုနေ ပြီမို့ ပြသာနာ မတက်ချင်လို့ နှုတ်ဆိတ်နေရပေမဲ့ အိမ်မှာ ထမင်းပြန်စားရတိုင်း စိတ်မကောင်းဖြစ်ရသည်..။
ကိုယ်ကတော့ သန့်သန့်ပြန့်ပြန့် ကောင်းကောင်းမွန်မွန် စားရပေမဲ့ လူပေါင်းများစွာ စားနေရတဲ့ မီးဖိုဆောင်ထဲမှာ နေရသူအဖို့ မြိုမကျနိုင်..။
သူဌေး ကလည်း ခရီးတွင်လို့ ရွာစဉ်မသိ ဖြစ်နေတာ  အမြင်ကပ်စရာ..။
အခုတော့ မီးဖိုဆောင်တောင်ရောက်ဖူးရဲ့လား..။
မီးဖိုဆောင်ရောက်ဖူးတောင် ဟင်းချက်ခန်းထဲ ဘယ်သူမှ ၀င်ရတာ မဟုတ်တော့ ဘယ်သိပါ့မလည်း..။
သနားစရာကောင်းလိုက်တဲ့ လူသားတွေအလည်မှာ လတ် က လူမဆန်သလိုလို…။
“လတ်လတ်…ချဉ်ပေါင်ကြော်အိုး သွားနွှေးပေးလိုက်..”
“ဟုတ်..”
လတ် မီးဖိုဆီရောက်ပြီး ချဉ်ပေါင် ဟင်းအိုးကို အဖုံးဖွင့်လိုက်တော့ မျက်လုံးပြူးသွားသည်..။
ချဉ်ပေါင်ကြော်အိုး အပေါ်ပိုင်း မှာ မှိုတွေ ဖွေးနေပြီ..။
နေ့တိုင်း နွှေးပြုနေတာမှ မဟုတ်တာ…နွှေးတော့လည်း  ကလေးအရွယ်သာသာလေးတွေ ဆိုတော့ အိုးမနိုင်လို့ နံ့စပ်အောင် မမွှေပေး..။
အိုး..ဒါတွေ ဘယ်လို လုပ်ရပါ့မလည်း..။
မနေ့ကပဲ နော့မု ငါးကြော် တစ်ကောင် ပစ်လိုက်လို့ ဒီနေ့ အထိ ချမ်းသာခွင့်မရသေးတာ..ဒီလို ချဉ်ပေါင်ကြော် သုံးပြည်၀င် အိုးလိုက် သွန်ပစ်လိုက်ရင် …မိလတ်တို့…။
ကျားလည်း ကြောက်ရ ကျားချေးလည်း ကြောက်ရသည့် အိုးတိုက်ပန်းကန်ဆေး ဘ၀မို့ လတ် မီးဖိုဖွင့်လိုက်ပြီး ယောက်မ အကြီးကိုကောက်ကိုင်လိုက်သည်..။
ကမ္ဘာမီးလောင် သားကောင်ချနင်းတဲ့လေ…။
ဇာဇာ့ဆီကို ပြန်ဆပ်ရမဲ့ အကြွေးက အတိုးပါဆို သုံးသောင်းခွဲ…အမလေး အလုပ်သာပြုတ်သွားရင် ဘယ်နဲ့ လုပ်မလည်း….လတ် မျက်လုံး စုံမှိတ်ပြီး တစ်ပတ်ပြည့်အောင် မွှေလိုက်သည်..။
မကောင်းတော့တာသိပေမဲ့ အချိန်ပေးပြီး အပူချိန် အထဲကို များများရောက်အောင် ကြိုးစားမွှေနေမိသည်..။
“လတ်လတ်..ကောင်မ… ဘယ်ရောက်သွားပြန်ပလည်း..”
“ချဉ်ပေါင်ကြော်အိုး နွှေးနေပါတယ်..”
“ဒါ ဒီလောက်ကြာစရာလိုလား… လာစမ်းမြန်မြန်…ပန်းကန်တွေ ပုံနေပြီ..”
“ဟုတ်..’
လတ် ကပျာကယာ ထွက်လာပြီး ပန်းကန်ဆေးတဲ့ နေရာကို ၀င်လိုက်ခါ အထပ်လိုက်ဖြစ်နေတဲ့ ပန်းကန်တွေကိုမြန်မြန် နဲ့ သွက်သွက် ဆေးရသည်..။
အရမ်းလူကျလာရင် မကြူတို့ ပန်းကန်ကို မဆေးပဲ အ၀တ်နဲ့ တိုက်ပြီး ပြန်ချတော့မှာလေ…။
“မကြူ…အဘအုန်းလေး က ချဉ်ပေါင်ကြော်…ငါးရာဖိုး..ချိုင့်နဲ့ထည့်ပေးပါတဲ့..”
“ဟင်..”
လက်ဆေးလက်စ ပန်းကန်ကိုင်ရင်း မျက်လုံးပြူးခါ နောက်ကို လှည့်ကြည့်မိသည်..။
မကြူက မီးဖိုပေါ်က ချဉ်ပေါင်ကြော်အိုးကို မွှေနေပြီ..။
အဘအုန်းလေး ဆိုတာ အသက် ခြောက်ဆယ်ကျော် ခုနှစ်ဆယ် နီးပါး ဖြစ်နေတဲ့ ပင်စင်စား အဖိုးကြီး တစ်ယောက်..။
သူသာ မှိုတက်နေတဲ့ ချဉ်ပေါင်ကြော်စားမိရင်.. လူငယ်စားရင်တောင် ဗိုက်အခြေအနေက ကောင်းမယ်မထင်…။
“ဟို..မျကဴ…”
လတ် ပန်းကန်ကို ချပြီး မကြူ အနားကို ပြေးသွားလိုက်မိသည်..။
“ဘာလည်း..”
“ဟို..အဲဒါ မှိုတွေ တက်နေလို့ ကုန်နေပြီလို့ ပြောလိုက်ပါလားဟင်…အသက်ကြီးတဲ့သူ စားပြီး တစ်ခုခု ဖြစ်မှာစိုးလို့ပါ..”
“ဟေ့..မနေ့က ချဉ်ပေါင်ကြော် ဘယ်သူ နွှေးတာလည်း..”
“ရင်ရင်ပါရှင်..”
အသက် ဆယ်နှစ်နှစ်ကျော်သာ ရှိသည့်ရင်ရင် က ခေါင်းလေးငုံ့ပြီး ရှေ့ထွက်လာခဲ့သည်..။
“နင် နဲ့ ပြီးရင်တွေ့မယ်..”
“ဖြန်း.”
ကျိန်းမောင်းရင်း လက်မောင်း ကို တစ်ချက်ရိုက်ခါ  ဇွန်းနဲ့ ခပ်ပြီး ချဉ်ပေါင်ကြော်ထည့်သည်..။
“မျကဴ..”
“ဘာမှ မဖြစ်ဘူး..ဒါမျိုး ဆိုင်တိုင်းမှာ ဖြစ်နေကြတာပဲ..ရော့ ဖိုး၀..”
ကောင်လေးက ခေါင်းညိတ်လှမ်းယူပြီး ထွက်သွားတော့ လတ် လိုက်ပြီး ဆွဲယူလိုက်သည်..။
“မရဘူး..ကျွန်မ မြင်ထားတယ်…ကျွန်မ မှာ တာ၀န်ရှိတယ်…လူတစ်ယောက်ရဲ့ ယုံကြည်မှုကို မမြင်ကွယ်ရာကဖြစ်ပါစေ လေးစားသင့်ပါတယ်..”
“ဟဲ့…နင့် အလုပ်က အိုးတိုက်ပန်းကန်ဆေး..ကောင်မ..ကိုယ်နေရာ ကိုယ်သိ..”
“သိလို့ပြောနေတာ..မကြူလွန်နေပြီ..”
“ဘာ…”
“မိဘချင်း ကိုယ်ချင်းစာသင့်တယ် မကြူ…အဲဒီအဘအုန်း နေရာမှာ မကြူအဖေ ဆို ဒီလို ကျွေးမလား..”
“မသာမ..ကဲ..”
“ဖြန်း..”
လတ် ပါးတစ်ဖက် ထူပူသွားပြီး အံကြိတ်ခါ ပြန်ကြည့်လိုက်တော့ ဘေးနားက သုံးနေကျ ပန်းကန်ကို ကောက်ပြီး ရိုက်ဖို့ပြင်နေပြီ..။
လတ် ပခုံးကို ရွယ်ပြီး ကျလာတဲ့ ပန်းကန်ပြားကို ပုတ်ထုတ်လိုက်တော့ အသံတွေ ဆူညံသွားတော့သည်..။
“ဟေ့…ရှေ့မှာ လူကျနေတယ်လေ…”
“ဟာ..ဘာဖြစ်နေကြတာလည်း..”
“ ဂျာကြီး..ဒီကောင်မကို အလုပ်ထုတ်လိုက်…”
“သူ့ကို သူဌေးကိုယ်တိုင် ထည့်ပေးထားတာလေ..”
“သူ မထွက်ရင် ကျွန်မ ထွက်မယ်..ကောင်မ …ငါတူကို ဘာပေးပြီး အပိုင်ကြံထားလည်း မသိဘူး..မသာမ ပါးစပ်ရဲနေတာ..”
“ရှင်နော်..”
“ဖြန်း..”
“ကဲ..ဟာ..”
လတ် ပါးပေါ် ထပ်ကျလာတဲ့ ရိုက်ချက်ကြောင့် သည်းခံစိတ်ကုန်ဆုံးခါ လက်ရွယ်လိုက်ချိန် တစ်ယောက်ယောက်က လက်ကို ဖမ်းကိုင်တာခံလိုက်ရသည်..။
“ဘာလုပ်တာလည်း..မင်း..”
“သူဌေး..”
“အားလုံး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ပါ….မကြူနဲ့ မင်း ဘေးခြံထဲ လိုက်ခဲ့..”
ဆိုင်ဘေးဘက်မှာ အပင်စိုက်ထားတဲ့ နေရာလွတ်ရှိသည်မို့ သူဌေးက ဦးဆောင်ပြီး ထိုနေရာကို သွားနှင့်သည်..။
“ဘာဖြစ်တာလည်း မကြူ..”
“စကားနားမထောင်တဲ့ ၀န်ထမ်းနဲ့ နေရတာ ဘယ်လောက် စိတ်ညစ်ဖို့ကောင်းလည်း မောင်ကျော် သိတယ်မလား..”
“သိတာပေါ့…ဟေ့..မင်းကို ကိုယ်ဘာပြောထားလည်း..မကြူက ဒီမှာ ရာထူးအကြီးဆုံးလို့ သတိမပေးခဲ့ဘူးလား..”
“ပေးခဲ့ပါတယ်..”
“ပေးရဲ့သားနဲ့ မင်းဘာလို့ ဒီလို လုပ်ရတာလည်း..ဆိုင်ရှေ့မှာ စားသုံးသူ အယောက် သုံးဆယ်လောက် စောင့်နေတာကို မင်း က အလုပ်ကြန့်ကြာအောင် လုပ်နေတယ်..”
“စားသုံးသူ သုံးဆယ် စောင့်နေရတာ သူတို့ ပါးစပ်ထဲ အဆိပ်တွေ ရောက်မှာ စိုးလို့ပါ..”
“ဘာ..”
သူဌေးက မျက်မှောင်ကြုတ်၍ အော်တော့ လတ် ပြောဖို့ တံတွေးမြိုချနေရချိန်...
“ဒီလိုပါ မောင်ကျော်…ချဉ်ပေါင်ကြော်အိုးကို မနေ့က ကောင်မလေးနွှေးတာမို့ ဒီနေ့ မှိုလိုက်လာတယ်..ဒါဆိုင်တိုင်း ဖြစ်နေကျ ပြသာနာပါ ..မကြူတို့က တာရှည်ခံဆေး
မှိုသတ်ဆေး မှ မသုံးထားတာပဲ…အဲဒါကို ၀ယ်သူ လာတာ ရောင်းလို့ လိုက်တားနေတယ်လေ…မကြူက ဆိုင်နာမည်ပျက်အောင် လုပ်ပါ့မလား..”
“ကျွန်မက ဆိုင်နာမည်ကို စိတ်၀င်စားလို့ တားနေတာ မဟုတ်ပါဘူး…လူ တစ်ယောက်ရဲ့ ယုံကြည်မှုကို သစ္စာစောင့်ချင်တာပါ…အဘအုန်းနေရာမှာ လူငယ် တစ်ယောက်သာဆို မဆိုင်သလို နေမိမှာပါ..အခု လာ၀ယ်တဲ့သူက ပင်စင်စား အဖိုးကြီး တစ်ယောက် ဘာမဟုတ်တဲ့ ချဉ်ပေါင်ကြော် ငါးရာဖိုးက သူ့ကျန်းမာရေး ထိခိုက်ပြီး ငွေကုန်ကြေးကျများမဲ့ ရောဂါမျိုး အထိ ဖြစ်လာနိုင်တယ်…”
“ကျစ်..ထားတော့..မင်း က အသက်ကြီးတဲ့ စျေး၀ယ်သူကို စိုးရိမ်ပြီး အခုလိုလုပ်တာလား..”
“ဟုတ်ပါတယ်…”
“ဒါဆို မင်း မကြူကို တောင်းပန်သင့်တယ်…ဒီလို အလွဲအမှားလေး တစ်ခုကို နားလည်သဘောပေါက်အောင် မပြောပဲ အထက် လူကြီးကို အာခံလို့ မရဘူး..မကြူက ဆိုင်ရဲ့ တာ၀န်အားလုံးကိုယူထားရတဲ့သူ သူမှားလား သူမှန်လား ငါပဲပြောခွင့် ရှိတယ်..မင်း က တာ၀န်ယူထားတဲ့ သူမဟုတ်ဘူး…မဆိုင်ပဲနဲ့ ၀င်စွပ်ဖက်တာပဲ..”
အမှန်တရားအတွက် အပြန်အလှန် ငြင်းခုန်နေရပေမဲ့ လတ်ဘက်မှာ ဘယ်သူ မှ မရှိတာ သိတော့ ငိုချင်လာသည်..။
လောက မှာ စေတနာကောင်းရင် ကံကောင်းတယ်ဆိုတာ အလကားများလား..။
ကျူပင်ခုတ်မှတော့ ကျူငုတ်ပါ အပြတ်ရှင်းပြီး အလုပ်ထွက်ရမယ်…။
ဒါမှ ထမင်းစားရင် ရဲရဲ မြိုချရဲမှာလေ..။
လတ်အံကို တင်းနေအောင်ကြိတ်ပြီး သူဌေးလက်ကို ဆွဲခါ သူ တစ်ခါမှ မရောက်ဖူးသည့် မီးဖိုဆောင်ထဲ ခေါ်လာခဲ့သည်.။
“ဟေ့..မင်း ဘာလုပ်တာလည်း..”
“လွှတ်စမ်း..”
“ခဏ လိုက်ခဲ့ပါ သူဌေး ..ခဏပဲ..”
ငါးပိရည် အိုးကို အဖုံးဖွင့်ပြလိုက်တော့ သူဌေးဆိုတဲ့ လူက မျက်လုံးပြူးပြီး ပါးစပ်ကို လက်ဖြင့် အုပ်လိုက်သည်..။
နွယ်လေး နွှင်နေတဲ့ ကြက်သား ခွက်ကို ယူပြီး သူ့ အနား ကပ်ပေးလိုက်တော့ ရှုံ့မဲ့ပြီး မျက်နှာလွဲလိုက်သည်..။
ရေသန့်ဘူးက ရေတစ်ခွက်ယူသောက်ပြီး မျက်နှာကို လက်နဲ့ သတ်ခါ အနားက သစ်သားခုံမှာ ထိုင်လိုက်တော့ အားလုံးက အလုပ်လုပ်နေပေမဲ့ စိတ်၀င်တစား ဖြစ်နေကြတာ သိသာသည်..။
“မကြူ…မကြူ…..ခင်ဗျား…ဒါတွေကို ရှင်းစမ်းပါ….ဘယ်လိုတွေ ဖြစ်ရတာလည်းဗျာ…”
“စားသောက်ဆိုင်တိုင်း ဒီလို..”
“မတူဘူး..မတူချင်လို့..ကျွန်တော် ဆိုင်ဖွင့်တာလေ…အောက်ခြေ လူတန်းစားတွေ ၀၀လင်လင် ကောင်းကောင်းမွန်မွန် စားပါစေဆိုတဲ့ စေတနာနဲ့ ငွေကို မကြည့်ပဲ ဆိုင်ဖွင့်ထားတာလေဗျာ…တစ်လ တစ်လ အရှုံးပြနေတဲ့ ဒီဆိုင်ကို ကျွန်တော်က ဒါန ကုသိုလ် အဖြစ် ဖွင့်ထားတာဗျ….မကြူဗျာ…ဘယ်လို လုပ်ရတာလည်း…ဒါတွေကကော ဘာတွေလည်း….”
“တစ်နေ့ချင်း လုပ်ရင် မနိုင်လို့ပါ..”
“မနိုင်လို့ လူတွေ ခေါ်ပေးနေတယ်လေ…ဒါတွေကို ကျွန်တော်လည်း ရန်ကုန်ရောက်တိုင်း စားနေရတာမလား…ဟာဗျာ...စိတ်ပျက်ဖို့ကောင်းလိုက်တာ…”
“တောက်…ဖိုး၀ နဲ့ ဝေဝေ..သွား…ဒီအိုးကို သွားသွန်စမ်း…ငါ စိတ်ဆင်းရဲလိုက်တာ…တောက်..ဘယ်မှာလည်း မန်နေဂျာ…”
“ဗျာ..”
“ခင်ဗျား ဘာလုပ်နေလည်း…ဘာလုပ်နေလို့ ဒီလိုတွေ ဖြစ်နေတာကို မသိရတာလည်း..”
“ဟို..မီးဖိုဆောင်က မကြူ တာ၀န်ဆိုတော့…”
"ခင်ဗျားကို စျေးဖိုးတစ်နေ့စာ ရှင်းခိုင်းတာလေ…ခင်ဗျား ဘယ်လို လုပ်လည်း..”
“တစ်နေ့ချင်းပဲ ရှင်းတာပါ..”
“မကြူပြောစမ်း…”
“မောင်ကျော်ရယ်..တစ်နေ့ချင်း လုပ်တာ ပင်ပန်းလို့ အခုလို လုပ်ရတာပါ..”
“ဟုတ်တယ်…မကြူတအား ပင်ပန်းနေပြီ..နားလိုက်တော့…ဂျာကြီးလည်း နားလိုက်…သီရိ..”
“ရှင်..”
“သူတို့ နှစ်ယောက်ကို သုံးလစာ ပေးပြီး ပြန်နားခိုင်းလိုက်…”
“တောက်…အားလုံး နားထောင် ဆိုင် ခုနှစ်ရက်ပိတ်မယ်…ဆိုင်ရဲ့ မီးဖိုဆောင်ကို ပြန်ပြင်ဆင်ရမယ်..မင်းတို့ အရင်တုန်းက အကျင့်တွေကို မေ့လိုက်…ငါစားဖို့ ဘယ်လို ပြင်ဆင် ချက်ပြုတ်ပေးလည်း..လာစားတဲ့ သူတိုင်းကို ဒီလို ဖြစ်နေရမယ် ကြားတယ်နော်..”
“ဟုတ်ကဲ့..”
“မင်း ခဏလိုက်ခဲ့..”
“ရှင်..”
ဒီတစ်ခါတော့ လတ် မှာ မျက်လုံးပြူးနေရသည်..။
သူ့ အဒေါ်  ဖြစ်သူကို အလုပ်ပြုတ်အောင် လုပ်မိလို့ လတ်ကို ပြသာနာ ရှာတော့မှာလား..။
“ထိုင်ပါ..”
“ရှင်…ဟုတ်..”
လွတ်နေတဲ့ စားပွဲတစ်ခုမှ ၀င်ထိုင်ပြီး လတ်ကို ထိုင်ဖို့ အမိန့်ပေးတော့ ခေါင်းညိတ်ပြီး ခုံဆွဲ ထိုင်လိုက်သည်.။
“နာမည်မေ့သွားတယ်..မဇာနဲ့ လာတာ မလား..”
“ဟုတ်ကဲ့…လတ်လတ်ပါ…”
“အင်း..လတ်လတ် ကို ကိုယ် ကျေးဇူးတင်ပါတယ်…”
“ရှင်..”
“ဒီမှာ ဖြစ်ပျက်နေတာတွေ ကိုယ်မသိဘူးလေ…ကိုယ့် အလုပ်က များတယ်..တစ်ခုတည်းကို ဦးစီးဖို့ မလွယ်ဘူး..”
“ဟုတ်ကဲ့…”
“အမှန်အတိုင်းပြောရရင် လတ်လတ်ကို အလုပ်ထုတ်ဖို့ ဆုံးဖြတ်ထားတာ..”
“ရှင်..”
လတ် မျက်လုံးပြူး၍ မော့ကြည့်လိုက်တော့..ပြုံးရင်း လက်ကာပြခါ..
“အိုး..စောစောကပါ အခုတော့ မကြူ အကြောင်းတွေ သိပါပြီ..ဒီလို ပါပဲ အလုပ်သမား ဖြစ်ဖြစ် ဆွေမျိုး ဖြစ်ဖြစ် စိတ်ချင်းမနီး တဲ့သူတွေလည်း ရှိပါတယ်….”
“ဟုတ်ကဲ့..”
“မကြူ မရှိရင် ဒီဆိုင် လည်ပတ်ဖို့ မလွယ်ဘူး..မကြူနေရာမှာ လတ်လတ် ၀င်လုပ်ပေးနိုင်မလား..”
“ရှင်..”
နောက်တစ်ကြိမ်မျက်လုံး ပြူးသွားတော့ သူဌေးက မရယ်မပြုံးပဲ ခေါင်းညိတ်ပြသည်။
“ဟုတ်တယ်…မကြူနဲ့ အနီးကပ်နေဖူးတော့ စီမံခန့်ခွဲတာ ရတယ်မလား…”
“ဟို..ကျွန်မက အိုးတိုက် ပန်းကန်ဆေးဖို့..”
“ကိုယ် ဒီဆိုင်ကို ဖွင့်တာ ကုသိုလ်ဖြစ် ဖွင့်တာပါ ဆိုင်ပိတ်လိုက်လည်း ဘာမှ မဖြစ်ပါဘူး..ဆိုင်ကို အားကိုးနေတဲ့ ဖောက်သည်တွေပဲ အခက်အခဲဖြစ်မှာလေ…လတ်လတ် ကူညီမှ သူတို့ အဆင်ပြေမှာပါ..”
သူဌေး ဆိုတဲ့ နာမည်နဲ့ လိုက်အောင် လူကို အကြပ်ကိုင်လိုက်တာ လတ်မှ အလုပ်မလုပ်ရင် မြန်မာပြည်သူတွေ ထမင်းငတ်တော့မလိုလို…။
ဒါပေမဲ့ ဒီလို စေတနာ နဲ့ လုပ်ရတဲ့ အလုပ်ကို အစကတည်းက ကူညီချင်တာပါ..။
အခုလို လခရပြီး ကူညီရတော့ ပိုကောင်းတာပေါ့လေ…။
စီမံ ခန့်ခွဲရေးဆိုတာ တာ၀န်ကလည်း ကြီးလိုက်မည်ဖြစ်ခြင်း..။
မလုပ်ရင် ကောင်းမလား…။
မလုပ်တော့ ဆိုင်ပိတ်လိုက်ရင် ဇာဇာ့ အကြွေးနဲ့ နောက်လ စားဖို့ သောက်ဖို့က….
ဟာ..မဖြစ်သေးပါဘူး..အိမ်မှာရှိတဲ့ နောင်စုတ်လေးက ဘာများ အသုံးကျလို့လည်း..။
နှစ်ယောက်စလုံး ဗိုက်မှောက်ပြီး အိပ်နေရမဲ့ အဖြစ်တော့ မြင်ယောင်ပါသေးတယ်..။
“အဟွင်း..ဝေခွဲမရဖြစ်နေတယ်နဲ့ တူတယ်..”
“ရှင်..”
“ခေါင်းညိတ်လိုက် ခေါင်းခါလိုက် လုပ်နေလို့ပါ..”
“ဟုတ်…ကဲ့….ကျွန်မ ကြိုးစားပြီး လုပ်ကြည့် ပါ့မယ်…အဆင်မပြေရင်တော့ အရင် အလုပ်ပြန်ပေးပါ..”
“ဟား..ဟား…ဟုတ်ပါပြီ…ဒီတော့ လတ်လတ် ဒီမှာ လာနေရမယ် ထင်တယ်..”
“မရဘူးရှင့်…”
“ဘာဖြစ်လို့လည်း..”
“ကျွန်မ မောင်လေး ရှိလို့ပါ..”
လတ် မဝံမရဲ ဖြင့် ပြောလိုက်ရင်း မောင်ဆိုသည့် အသုံးမကျတဲ့ နိုင်ထူးကို မြင်ယောင်မိသေးသည်။
“သြော်..ဟုတ်သားပဲ တစ်ခါ ပြောဖူးတယ်နော်…လတ် စိတ်ကို ချီးကျူးပါတယ်…အလုပ်ပြုတ်မှာကို မကြောက်ပဲ ပြောရဲတယ်..”
“ကျွန်မ အိမ်မှာ ထမင်းချက်စားတိုင်း မြိုမကျလို့ပါ..”
“ဟင်..အိမ်မှာ ချက်စားတယ်ဆိုတော့ ဒီမှာ ညစ်ပတ်လို့မစားတာလား..”
“မဟုတ်..မဟုတ်ပါဘူး…အိမ်ကို ထမင်းယူလို့မရလို့ပါ…”
“ဟာ..မဟုတ်တာ..ယူပါ..နှစ်ယောက်စာ နေ့တိုင်းယူနော်…ကိုယ့်၀န်ထမ်းတွေက မိသားစုလိုပါပဲ…”
“နေပါစေ…အားနာတယ်….”
“ဟုတ်ပြီ…ဟုတ်ပြီ…ကိုယ်ကြည့် စီစဉ်လိုက်မယ်..”
ဘာတွေ ကို ကြည့်စီစဉ်လိုက်မှာလို့ ပြောသွားတာလည်း မသိပေမဲ့ မျက်မှန် ကောက်တပ်ပြီး ထွက်သွားတဲ့ သူဌေးကို လိုက်ငေးကြည့်နေမိသည်..။
ထင်သလောက်လည်း မဆိုးပါဘူး..မကြူတူဆိုတော့ မကြူလိုပဲနေမယ် မှတ်တာ…။
ဟူး…မီးဖိုဆောင်ကြီးကို ဦးစီးရမယ်တဲ့လေ….။
လတ် အသက်၀၀ ရှုပြီး မီးဖိုဆောင်ထဲ ၀င်လိုက်တော့ အားလုံးက လက်ခုပ်တီးကြသည်..။
“မမလတ် သိပ်တော်တာပဲ..”
“ဟုတ်တယ်ဝေ့…တို့ကို ကယ်လိုက်တာ..ဟိ…”
“မမလတ် အလုပ်ထုတ် ခံရမှာဆိုးလို့ ဆုတောင်းနေရတာ…”
“ဟုတ်ပါပြီ..”
“ချဉ်ပေါင်ကြော် တစ်ပွဲ..”
“ကုန်နေပြီ ..”
အားလုံး ဝိုင်းအော်လိုက်ပြီးမှ ပြိုင်တူ ရယ်လိုက်ကြတာ စားပွဲထိုး ကောင်လေး ခွန်ဦးကတော့ ရယ်သံတွေကို မကြားဖူးသလို ခေါင်းကုတ်နေလေရဲ့…။
ဟုတ်ပါရဲ့ မီးဖိုဆောင်မှာ တစ်ခါမှ မရယ်ဖူးလို့ အခန်း ပြန်ရောက်ရင်တောင် မရယ်တက်တော့တာ ကြာပါပြီ..။
.
“ဟိတ်…”
“ဘယ်လည်း..”
“ဘာလည်း..”
“လိုက်ခဲ့ပါလား…ခဏ..ခဏ..”
လတ် ခြေထောက်တွေကို အရှိန်မြင့်ပြီး လျှောက်ရင်း လမ်းမဘက်မှာ နောင်မှာ လာနေမလားလို့ မျှော်ကြည့်မိသည်..။
“ဒီမှာရောက်နေပြီလေ…ဘာလို့ အဝေးကြီးကို ကြည့်နေတာလည်းကွာ…”
အနားကို နှစ်ယောက်လောက် ကပ်လာတော့ လတ် ခြေလှမ်းမြန်လို့ မရခင် တစ်ယောက်က ပြေးပြီး အနားကို ကပ်လာသည်..။
“ဒီလို..ဒီလို..ဘာဖြစ်လို့ ပြေးနေတာလည်း..”
တစ်ယောက်က ဘေးမှာ နောက်ပြန်လျှောက်ရင်း လတ်မျက်နှာကို ကြည့်ခါ ပြောသည်…။
“ဘေးဖယ်..”
“အိုး..မစွာနဲ့လေ…လိုချင်တဲ့ပမာဏ ပြောပေးနိုင်ပါတယ်…”
လတ် ကြောက်စိတ် နဲ့ အတူ ရှက်စိတ်ပါ ၀င်လာတော့ မျက်ရည်တွေ ချက်ချင်း ပြည့်အိုင်လာရသည်..။
ဒီလို အချိန် ဒီလမ်းပေါ်မှာ တစ်ယောက်တည်း သွားရင် ဒီလို နှောင့်ယှက်ခံရမှာပဲလေ…။
၇နာရီ လာကြိုပါလို့ သေချာမှာထားတာကို…စီးကျလာတဲ့ မျက်ရည်ကို လက်ဖြင့် ပုတ်လိုက်ပြီး ခြေလှမ်းပြန်လှမ်းရသည်..။
“ဟိတ် ..”
“ဟေ့ရောင်….ဖယ်စမ်း..”
အသံက ဟိန်းထွက်သွားသလို လတ်ဘေးက လူကို ပုတ်ထုတ်လိုက်တော့ ပြုတ်ကျသွားသည်..။
“နောင်..”
“ဆောရီး..အိပ်ပျော်သွားလို့..”
သူ့မျက်နှာကို ကြည့်နေပေမဲ့ သူကတော့အံကြိတ်ရင်း နောက်က လိုက်လာတဲ့ လူတစ်စုကို ကြည့်နေသည်..။
“လာ..သွားမယ်..နောင်..”
“နေဦး…”
“လာပါနောင်ရယ်…သွားကြမယ်…”
“မေးစရာ ရှိလို့…”
“နောင်…”
လက်ကို ဆွဲထားပေမဲ့ ရပ်ကျန်နေခဲ့တဲ့ လူ အနားကို လျှောက်သွားတော့ တစ်ခုခု လုပ်လိုက်မှာ စိုးရိမ်မိသည်..။
အများ နဲ့ တစ်ယောက်ကို သူ ဘယ်လောက်ပဲ အသတ်အပုတ် ကျွမ်းကျင်ပါစေ..အထိတော့နာမှာပဲလေ…။
.
“မင်းမှာ မုတ် ပါလား..”
“ဗျာ..”
“ချိတ် ရှိလား..”
နောင့်မေးခွန်းကို ကြောင်တောင်တောင် လုပ်နေပြီး သဘောပေါက်သလို ရှိသွားခါ..
“ဟို..ဟုတ်….အသီး…အကို က ရဲလားဟင်...”
“ငါ့သောက်ခွက် က အဲလောက်ခန့်နေလား..အသီးတော့ မလိုချင်ဘူး…လေးဖြူ တို့ ဒဂါင်္းတို့ကွာ…”
“ဟာ..အဲဒါတော့ မရဘူး..အကို..”
အကြောက်အကန် ငြင်းရင်း လမ်းစပျောက်သွားတော့ နောင် တစ်ချက် စဉ်းစားရသည်။
“ချိတ်ရှိလား…မင်းတို့ကို မှာရင် ရလား..”
“ကျွန်တော်တို့ မလုပ်ရဲဘူး..ချိတ် ရှိပေမဲ့..လမ်းကြောင်းနည်းနည်း ကြပ်လို့ သိပ်မလွယ်ဘူး..”
“ လုပ်ပါကွာ ငါ..ငတ်နေတာ နှစ်လကျော်နေပြီ..”
“အင်း..ဖုန်းနံပါတ်ပေးခဲ့မယ်လေ..”
“အေး..ကျေးဇူးပဲကွာ…”
လူ ခြောက်ယောက် ဝိုင်းပြီး စကားတွတ်ထိုးနေတဲ့
အနားမှာ လတ် နားမလည်လို့ မျက်လုံးကလယ်ကလယ် ဖြစ်နေရသည်..။
ချပြီ သတ်ပြီ ထင်တာ အခုတော့ ဝိုင်းဖွဲ့ပြီး ဖုန်းနဲ့ ဘာတွေ အပေးအယူ လုပ်နေပါလိမ့်…
“ကျေးဇူး ..ဘဒို..”
“ဟုတ်..ရပါတယ်…ဒိုးပြီ..”
“အကို့ ညီမလား..ဆောရီးနော်..”
“…အဆင်မပြေရင် ကျွန်တော့်ဖုန်းကို ခေါ်လိုက် ထပ်ရှာပေးမယ်..”
“အေး..”
သဘောကောင်းမနောကောင်းတဲ့ သူတော်ကောင်း နတ်ကောင်း နတ်မြတ် လေးတွေနဲ့ တွေ့တော့မှ နောင့် စိတ်ညစ်နေတာတွေ ပျောက်သွားရသည်..။
သေချာတာတော့ မလတ် ကျေးဇူးလည်း မကင်းဘူး..။
ကိုယ်က ဒေါသနဲ့ ဆွဲဖြဲဖို့ပဲ ရှေ့ဆုံးကောင်ကို မျက်လုံး ကြည့်တာနဲ့ သိလိုက်တော့ ဘ၀တူချင်း ဘော်ဒါဖြစ်သွားရသည်..။
“ဘာ…ဘာတွေလည်း..”
“သြော်..ဘော်ဒါလေ..”
“မဟုတ်ဘူးလေ…နင်တို့ရန်ဖြစ်မယ် ထင်နေတာ..”
“မဖြစ်ပါဘူး…မလတ်ကိုကျေးဇူးတင်လို့…လာ..လာ..မလတ်..ချီခေါ်သွားရမလား..”
“ဟောတော့ ရူးများသွားတာလား..”
“အဟဲ…စိတ်ကူးနဲ့တင် လွှတ်ပျော်နေတာ…အဟား..”
လက်ကို ဖမ်းဆုပ်ကိုင်ပြီး လွဲရမ်းလျှောက်နေတာ  တော်တော် လေး အူးမြူးနေတဲ့ရုပ်..။
လတ် အတင်း ဆောင့်ဆွဲ ရုန်းပစ်လိုက်ပြီး သူ့မျက်နှာ ကို အကဲခတ်မိသည်။
စောစောကတော့ အခုပဲ သတ်တော့မလို သတ်တော့မလိုနဲ့….
အလဲအလှယ် လုပ်နေသလိုလို တွေ့ထားတော့
သူ့ အကျီ င်္ အိတ်ထဲက ဖုန်းကို စိတ်၀င်တစား ငဲ့ကြည့်မိပြန်သည်..။
“ကြည့်ပါ... ကြည့်ပါ..တစ်နေ့ကုန် မတွေ့ရတော့ လွမ်းနေတယ် မလား..”
ဘေးတိုက်ကြည့်နေရာက လတ် မျက်စောင်းထိုးပြီး နှုတ်ခမ်းမဲ့ လိုက်သည်။
လွမ်းပါလိမ့်မယ် အားကြီးကြီး..
သူ့ကို လမ်းထဲရောက်မှ သတိရတာကို မသိရှာပဲ အထင်တွေကြီးလွန်းနေပါပြီ..။

*✭˚・゚✧*・゚*✭˚・゚✧*
မလတ် ဝတာလည်း မပြောနဲ့လေ
စာရေးသူ စပိုက်ကာ ဆိုသည်မှာလည်း အစားတလိုင်း ဟိဟိ 😁

ဒီနေ့ အပိုင်း ရိုင်းသလို ဖြစ်နေရင် ခွင့်လွှတ်ပါ 💔🙏
အစားအသောက်နဲ့ ပတ်သက် ပြီးလည်း  မသင့်တော်တာတွေ ရေးမိတယ် ဒါပေမဲ့....ဟူး...💔😫😥
ဆောရီးပါနော် 🙏💔😥

.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ

Group မှာ 
share ပေးတဲ့
ကိုယ့်အသည်း တွေ
ကျေးဇူးအထူးထူးပါနော် ❤

စွဲနေပြီWhere stories live. Discover now