Part 5

9.4K 357 3
                                    

စွဲနေပြီ
အပိုင်း (၅)
#စွဲနေပြီ

“မလတ်..”
“ဟမ်...သြော် ရောက်ပြီလား...”
“နိုင်ထူးရေ...”
“စျေးလွတ်လိုက်တာ နိုင်ထူး ပြန်မလာသေးဘူး သမီးရေ...”
“ဟင်း...”
လတ် သက်ပြင်း တစ်ချက် ချလိုက်ပြီး မီးပူထိုးနေတာ ကို ခဏရပ်လိုက်ခါ အိမ်ရှေ့ တံခါးဆီ အရင် လျှောက်သွားရသည်..။
ကြည့်စမ်း စာမေးပွဲ ဒီလောက် နီးနေတာတောင် ဆံပင်က တစ်ခေါင်းလုံး ဝါနေအောင် ဆိုးထားလိုက်တာ တကယ့် ဂျလေဘီ ရုပ်..။
တံခါးဂျက်ကို ဖြုတ်ပြီး ဖွင့်ပေးလိုက်တော့ အပြုံးနဲ့ အတူ ခေါင်းငုံ့ နှုတ်ဆက်ခါ အိမ်ထဲ၀င်သွားသည်..။
“ကြာမလား မသိဘူး..”
“စျေးတင်ဆို ခဏနေ ပြန်လာမှာပါ...”
“အင်း..”
အိမ်က သိပ်မကျယ်သည်မို့ သူရှေ့မှာ ထိုင်ပြီး မီးပူငုံ့တိုက်နေရတာ မလုံမလဲ ဖြစ်ရသည်..။
အကျီ င်္ ရင်ဘတ်ကို ခဏခဏ ဆွဲတင်နေရတော့ သူလည်း သဘောပေါက်သလို စာအုပ်တွေကို ရှေ့ထုတ်ချပြီး ကျောပေးခါ စာဖတ်နေတော့သည်..။
“ဟ...ငနောင်...ရောက်နေတာ ကြာပလား..”
“ဟအေး....နည်းနည်းပဲ ပိန်သွားတာ..”
“မသာ..”
နိုင်ထူးက ဆွဲခြင်းကို မီးဖိုချောင် သွားထားရင်း လမ်းပေါ်က သူ့သူငယ်ချင်း ကို ခေါင်းရိုက်သွားသည်..။
ဒင်းတို့နှစ်ကောင်တွေ့ရင် စာကျက်တာ နည်းနည်း စကားများတာ များများ...
ဒါနဲ့များ သူ့ အိမ်ကလည်း လွတ်ထားတာ တကယ်အံသြစရာပါ...။
“ငါ့ကို ရေ တစ်ခွက်လောက်..”
“အိုး..မင်းကလည်း ရေသောက်ချင်တာ ငါ့ကို စောင့်နေတယ်..မလတ်ကိုပြောလိုက်ပါလား..ကိုယ့်ဟာ့ကို ထ သောက်လည်း ဘာဖြစ်တာ မှတ်လို့...”
“မင်းလက်နဲ့ ခပ်တိုက်တာ သောက်ချင်လို့..”
“တြီ...”
“ဟား..ဟား..”
လတ် စူးဆိုက်ပြီး ကြည့်နေလို့ ရယ်နေတဲ့  အသံတွေ တိတ်ကျသွားသည်..။
စာမကျက်ရင်တော့ သူ့ကို အိမ်မလာတော့ဖို့ တားရမှာပါပဲ...။
စာမေးပွဲက တကယ့်ကို အနားကပ်လာပြီလေ…။
“နိုင်ထူး..”
“ဟမ်..”
“မီးခြစ်သွားခိုးကွာ...ငါ မသောက်ရသေးဘူး..”
“ဟဲ..ဟဲ....ငါ့ကို တစ်လိပ်ပေးလေ..”
“သေလေ...”
“အဲဒါဆို...အားမှ..”
“အေး...ရတယ်လေ...မင်းမှတ်ထားလိုက်...”
“ဟေး..ဟေး...”
သူ့ အိမ်မှာဆိုတော့ ဆရာကြီး စတိုင်လ် လုပ်နေတဲ့ နိုင်ထူးကို အမြင်ကပ်လို့ လည်ဂုတ်ကို ပိတ်ရိုက်လိုက်ပြီး အိမ်နောက်ဘက်ကို ရဲရဲတင်းတင်း ပထမဆုံး ၀င်သွားလိုက်သည်..။
အိမ်ကလည်း ခြေလှမ်းသုံးလှမ်းနဲ့ အဆုံးရောက်နေတာလား..။
မီးဖိုပေါ်မှာ ဟင်းအိုး တစ်အိုးတင်ထားပြီး အနားမှာ ဘယ်သူမှ မရှိနေ...။
နောင် ဘောင်းဘီအိတ်ထဲက ဆေးလိပ်ကို ဆွဲထုတ်ပြီး မီးဖိုနား ကပ်ခါ မီးညှိလိုက်သည်..။
နိုင်ထူး ဆိုတဲ့ မသာကို အနံ့တောင် မခံခိုင်းဘူး...။
ဖီလ်ကြဲပေမဲ့ အိမ်ဘေးက ရေအိမ်ရှေ့မှာ ကွယ်ရပ်ပြီး ဖွာနေလိုက်သည်..။
မနက်ကတည်းက မသောက်ရသေးတာမို့ တစ်ရှိုက်က တော်တော် ကျသွားသည်..။
“မင်းနောင်....ငနောင်....နောင်ရေ....”
“မသာ...”
နောင် သွားကြားစေ့လေသံ ဖြင့် ကျိန်ဆဲပြီး ဆေးလိပ်ကို အငမ်းမရ မရပ်မနား ဖွာရှိုက်နေရသည်..။
“ဘာလို့ အော်နေတာလည်း...စာကျက်နေတာမလား.”
“မရှိဘူး..အိမ်သာလို့ ပြောသွားတယ်..”
“မီးဖိုချောင်မှာ မရှိပါဘူး..”
သေပြီ...ဆေးလိပ်ကို ရေပုံးဘေး ပစ်ချပြီး အိမ်ကို ခြေဗလာဖြင့် ပတ်ပြေးရတော့သည်..။
ကိုယ့်အိမ်မှာတောင် ဒီလို ကြောက်ရတဲ့သူ မရှိပါဘူး...ဟူး..။
အိမ်ရှေ့တံခါးဝရောက်တော့ ဂျက်ကို လက်နှိုက်ဖွင့်ပြီး ပုံမပျက် ၀င်ထိုင်နေရသည်.။
“မရှိဘူး..ဟင်..”
နောင့် ကို တွေ့တော့မှ မျက်မှောင်ကြုတ်လိုက်တော့ ခေါင်းငုံ့ ပြီး စာအုပ်ကိုပဲ ကြည့်နေရသည်..။
သေမှာပါပဲ...ခြေထောက်တွေတောင်  တုန်နေပြီ...။
“ဗိုက်ဆာရင်ပြော..”
“ဟုတ်..”
လူရိပ်ပျောက်သွားတော့မှ ခေါင်းထောင်ပြီး သေချာ အောင် ကြည့်လိုက်သည်..။
“မသာ....ခွေးကောင်...ငါ့ကို ကြပ်တာ..”
“ဟား..ဟား..ခွေးလို ပြေးရတယ်မလား..ဖိနပ်တောင်မပါဘူး..အော့...တွီ.....အဲဒါ့ ငါနဲ့ မျှ မသောက်ချင်တဲ့ အကျိုးတရားလေးတွေလေ....”
“မျှသောက်စရာလား...သူငယ်ချင်းကောင်းဆိုတာ လက်တည့်စမ်းသမျှ ဖိတ်ခေါ်ပေမဲ့ သူငယ်ချင်း ဘ၀ပျက်အောင်တော့ ဘယ်တော့မှ မလုပ်ဘူး..”
“ဆေးလိပ်သောက်တာလေးကို သောက်ကြီး သောက်ကျယ် လာပြောနေတယ်...”
“ဘိုင်အို တွေ ရပြီလား..”
“ဟအေး...”
“ငါ့မှာ မေးခွန်းပုံစံပါလာတယ်...”
ဆေးလိပ် ကိစ္စ ပြီးပျက်သွားအောင် နောင် အိတ်ထဲက စာအုပ်တွေ ပစ်တင်ပြီး ဘောပင်ကို လှည့်လိုက်သည်..။
ကျူရှင်ဆရာ မရောက်ခင် ကြိုလာပြီး စာပြန်ကျက်ရတော့ တစ်နေ့ကုန် ဒီအိမ်မှာ နေရတာ များနေသည်..။
အိမ်မှာဆိုရင်တော့ ဖရီးပေါ့...။
နိုင်ထူးဆိုတဲ့ ငရှုပ်ကလည်း သူ့ အစ်မရှေ့မို့လို့ စာနည်းနည်း ပါးပါး လုပ်တာ..
နောင်တို့ အိမ်မှာဆို အလုပ်သမားတွေကို ချည်း လိုက်စကားပြောနေလို့ ..
သူငယ်ချင်း ကောင်းစားရေး အတွက် ကိုယ်လည်း အကျယ်ချုပ်ခံ ဘ၀ကို ခဏဆင်းနေရသည်..။
“သားတို့ရေ...ထမင်းစားကြမလား...ဆယ့်နှစ်နာရီတောင် ခွဲနေပြီ..”
“မဆာ..”
“စားမယ် ဒေါ်လေး..”
နိုင်ထူးဆိုတဲ့ ကောင်က စာအုပ်နဲ့ ကမ္ဘာ့ ရန်ဘက်တွေဆိုတော့ ဘယ်လို အကြောင်းတရားကြောင့်ပဲ ဖြစ်ဖြစ် စာကြည့်ခုံကနေ ခွါရဖို့သာ သူ့ အတွက် အဓိက...။
အိမ်နောက်ဘက်ကို ၀င်ပြေးတော့ နောင်လည်း မေးခွန်းတွေ ဆက်ဖြေကြည့်နေရင်း နိုင်ထူး အဖြေ စာရွက်ကို ဆွဲယူကြည့်လိုက်သည်..။
ကျစ်...ဒီကောင်ပုံထိုင်ဆွဲနေတာပဲ...ရှုံးရင်တော့...သူ့ အစ်မ တကယ် သတ်လိမ့်မယ်...။
နိုင်ထူးကို ထုရိုက်ပြောဆိုနေတာတွေ တွေ့ရတာ များလာတော့ နောင့် စိတ်ထဲက အလိုလိုလန့်နေပြီလေ..။
သူ့အစ်မဆိုမှ စျေးသွား၀ယ်တာ ကြာလိုက်တာ...။
“ဒီနေ့ကတော့ ပုဇွန်ဆီပြန်ရယ်...မုန်လာဥဟင်း....ငါးကြော်...သူ့ထက်ငါလေ စားတော့မည်...စပေသာလှ စတီးပန်းကန်ပြားနှင့်လေး.. ..ငုံ့လျက် ကိုယ်စီသာ ဆုပ်ကာ လွေးတော့သည် ပြီးလျှင်ရေမရှာ ခွေးသာ ကျွေးတော့သည်..”
နိုင်ထူးက နောင့် ခေါင်းကို လက်ညိုးနဲ့ ထိုးပြီး ရန်စနေပေမဲ့ အတွေးတွေက တခြားကမ္ဘာဆီမှာရောက်နေပြန်သည်..။
“မလတ် ပြန်မလာသေးဘူးလား..”
“ဟာ...အေး....ဒေါ်လေး...မလတ် ပြန်မလာသေးဘူးလား..”
“အေးလေ...ကြာလိုက်တာ...”
နိုင်ထူးက ပုဆိုးကို ပြင်၀တ်ပြီး အိမ်ရှေ့တံခါးဖွင့်ခါ တဒိုင်းဒိုင်း ဆင်းပြေးတာကို နောင် အကြောင်သား ကြည့်နေမိသည်..။
ဒီအိမ်မှာ ဖြစ်လိုက်သမျှလည်း...ဘာတွေမှန်းကို တကယ်မသိတာ..။
“နိုင်ထူး...သြော်...ဘယ်သွားပြန်ပလည်း..”
“အပြင်ထွက်သွားတယ်..ဒေါ်လေး...”
နောင် စာအုပ်ကို ချပြီး မီးဖိုချောင် အ၀ ကို လျှောက်သွားလိုက်တော့ ဒေါ်လေးက ဟင်းပန်းကန်တွေကို လက်ကမ်းပေး၍ ထိန်းသယ်ပေးရပြန်သည်..။
ဟူး...ပူလိုက်တာ...သေပါပြီ...။
…သူငယ်ချင်း…အတွက် မလုပ်ဖူးတာတွေပါ လုပ်နေရပါလား..ငနောင်ရေ….။
ထမင်းစားပွဲပေါ် ဟင်းအစုံတင်ပြီး နောင် တစ်ယောက်တည်း ငုတ်တုတ်ထိုင်စောင့်နေရသည်..။ယင်မနားအောင် ယပ်တောင်လည်း တာ၀န်ကျ ခပ်ပေးရသေးသည်..။
သြော်..အိမ်က ထမင်းချက် ဒေါ်လုံးတို့ ဘဝကို အခုမှ တကယ်ရောက်သွားတဲ့ သတိုးမင်းနောင် ပါလားနော်...
“သား ဆာရင်စားလေ...ဒေါ်လေး ဟင်းရည်အိုး ပြင်လိုက်ဦးမယ်..”
“မဆာသေးပါဘူး..ဒေါ်လေး..”
မုန်လာဥ နဲ့ ပုစွန်မှ မကြိုက်တာပဲ...ငါးကြော်ဆိုလည်း မလတ် က မသဒ္ဓါဆောင့်အောင့် ထွင်ပေးဦးမယ်...။
မစားတာပဲ ကောင်းပါတယ်...ခဏနေ မုန့်ထွက်၀ယ်ရင်း လမ်းထိပ် ဆိုင်မှာပဲ စားတော့ဖို့ ဆုံးဖြတ်လိုက်ရသည်..။
“နင်လာစမ်း...”
“အား..မလတ် လွန်ပြီနော်..”
“ဘုန်း...”
“ဖြန်း...”
အိမ်ပေါ်ကို ရောက်လာတဲ့ မောင်နှမ နှစ်ယောက်ကို ယပ်တောင် ကိုင်ထားရင် မျက်လုံးပြူးကြည့်နေမိသည်..။
နိုင်ထူးကတော့ သူ့ အစ်မရိုက်ချက်တွေကို ခေါင်းငုံ့ ရှောင်ပြီး အိမ်နောက်ဘက်ကို ၀င်ပြေးသည်..။
“ဟဲ့....ဟဲ့...ဘယ်လို ဖြစ်တာလည်း..”
“ဒေါ်လေးတူလေး..ရမ်းကားလာတယ်..”
“ဘာ...ဘယ်လို...”
“ဟုတ်တယ်...လတ် သူငယ်ချင်း စိုးအောင် နဲ့ ပြန်တွေ့လို့ စကားပြောနေတာကို ပြသာနာလာရှာတယ်... အလုပ်လေး ဘာလေး ရမလား..အကူအညီတောင်းနေတာကို...လူရမ်းကားလို ရန်စောင်လိုက်တယ်...ဒင်း..အဲဒါ အပေါင်းအသင်း... ဖျက်စီးနေတာလေ...”
“ဟဲ့..”
“မလတ်နော်..”
သူ့ သူငယ်ချင်းကို ထိတာနဲ့ အသံက မြှင့်လာတော့ လတ် အမြင်ကပ်ကပ်ဖြင့်
“မဟုတ်လို့လား..တစ်နေ့တခြား ရမ်းကားလာတာ...ငါ လက်မခံဘူးနော်..နိုင်ထူး..ကြည့်နေ...ဆယ်တန်းတောင် မအောင်သေးဘူး..ထောင်ထဲရောက်လိမ့်မယ်..ကြပ်ကြပ် သတိထား...”
“ကဲ...ကဲ..တော်ပြီ..မိလတ်..သားနိုင်ထူးကလည်း…နောင်လေး... စောင့်နေရတာ...သွား...သွား..”
ဒေါ်လေး အတင်းတွန်းလွှတ်လို့ နိုင်ထူး ထွက်သွားပေမဲ့ လတ်မှာ မကျေနပ်နိုင်သေး...။
ကိုယ့်မှာ မောင်လေး ကောင်းကြောင်း ညွန်းပြီး အလုပ် တစ်ခုလောက် ရှာပေးဖို့ အကူအညီတောင်းနေမိတာလေ...။
စျေးဆိုင်မှာ အချိုမှုန့် ၀ယ်ပြီး ပြန်ထွက်လာတော့ လတ်ဘေးကို မတ်တူးအဖြူတစ်စီး တုန့်ခနဲ ရပ်လိုက်သည်။
မှန်ကျလာပြီး တွေ့လိုက်ရတာ  စိုးအောင်...။
“ဟဲ့....မြူနှင်းလတ်မလား..”
“အယ်...စိုးအောင်..”
“ဟား..ဟား...မှတ်မိတယ်ဟ..”
“မှတ်မိတာပေါ့..နင့် ငါ့ဆီက သရေပင်တွေ ချေးထားတာ ပြန်မဆပ်ရသေးဘူး..”
လတ်က မမေ့နိုင်တဲ့ အကြွေးကို တောင်းလိုက်တော့ စိုးအောင်က ကားပေါ်က ဆင်းလာတော့သည်..။
“ဟား..ဟား..နင်က မှတ်ထားတုန်းလား...ဒါနဲ့..နင် ဒီမှာ နေတာလား..”
“အေး..ဟိုလမ်းကြားထဲမှာနေတာလေ...နင်ကော..”
“ငါက လူ တစ်ယောက်ကို လာရှာတာ...ငါအခု ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းတွေ ရောင်းတယ်လေ...အလုပ်သမားက ရှာရခက်တယ်ကွာ....ယုံကြည် စိတ်ချရတဲ့ သူတွေ ရှိရင်  ရှာပေးပါလား မိလတ်ရယ်...”
“ဟင်...အင်း...ငါ့မှာလည်း ယောင်္ကျားလေး အသိတော့ သိပ်မရှိဘူးဟ...တို့ အိမ်နားမှာတော့ အဆောင် တစ်ခု ရှိတယ် ပြောကြည့်မယ်လေ...ဘာတွေ လုပ်ရတာလည်း..”
“ပစ္စည်းတွေ ပို့ရမယ်...လိုအပ်ရင် ကားလည်း မောင်းရမယ်..နေစားအပြင် လစာ က တစ်သိန်းခွဲပေးတာပါ....”
“ငါ့မောင် တော့ ရှိတယ်လေ...ဆယ်တန်းပြီးရင် လုပ်ဖို့ အလုပ်ရှာနေတာ..ငယ်ပေမဲ့..လူကောင်တော့ ထွားတယ်..”
“ဟုတ်လား..ကောင်းတာပေါ့..အချင်းချင်းဆို ပိုကောင်းတယ်..”
“မလတ်...”
“ဟင်..ဟောကြည့်...ဒီကောင်ပေါ့..”
လတ် ဘေးကို ရုတ်တရက် ရောက်လာသည့် မောင် ဖြစ်သူကို မကြည့်ပဲ မိတ်ဆက်မိတာ မဟာအမှား...။
“ယောက်ဖက ငါ့ထက်တောင် အရပ်ရှည်သေး..”
“ဘာကြ..”
စိုးအောင်က ရုတ်တရက် ဆောင့်တွန်းခံလိုက်ရလို့ ကားနောက်ကို လက်ထောက်လိုက်ရသည်..။
“ဟင်..”
“ဟဲ့...နိုင်ထူး...နင်..”
“နားလည်မှု လွဲသွားတာပါ..ငါ့ညီ....မိလတ်က ကိုယ့်သူငယ်ချင်းပါ..ကိုယ် စနောက်တာ လွန်သွားရင် ဆောရီးပါ.. ”
“လာ မလတ်...နင်ကလည်း တစ်ခါ စျေး၀ယ်ရင် လိုက်မခေါ် မချင်းမလာနဲ့ သလား..”
လတ်မှာ စိုးအောင်ကိုတောင် သေချာ မတောင်းပန်နိုင်ပဲ နိုင်ထူး တစ်ရွတ်တိုက် ဆွဲခေါ်တဲ့ နောက်ကို ပါလာရသည်..။
မောင် ဖြစ်သူကို ကြောက်နေရတာ အမြင်ကပ်ဖို့ ကောင်းလိုက်တာနော်...။
အိမ်ရောက်တာနဲ့ ကောင်းကောင်း ထုရိုက်ပြီးတာတောင် စိတ်ထဲ မကျေနပ်ချင်သေး...။
တကယ့်ကို အပေါင်းအသင်း ဖျက်စီးနေတာ...။
အရင် က နိုင်ထူး ရဲပေမဲ့ ဒီလို ရမ်းကားတက်တာ မဟုတ်ပါဘူး..။
လူဆိုးဂိုဏ်း မိသားစုနဲ့ ပေါင်းပြီး အခုလို ပျက်စီးသွားတာလေ...။
“လတ်လတ်..လာလေ..ထမင်းစားဖို့..”
“မစားဘူး..ဒေါ်လေး..”
“ရော် ...ကဲ..ခက်လိုက်တာ...နိုင်ထူး..နင်ကလည်း ကိုယ့် အစ်မ အကြောင်းသိရဲ့သားနဲ့..”
“သိလို့ လိုက်သွားတာပေါ့...စျေးဆိုင် တစ်ခါ လွှတ်ရင် ပြန်ကိုမလာဘူး..”
“နိုင်ထူး....”
မီးဖိုချောင်က အာခေါင်ခြစ်အော်သံကြောင့် နောင်လည်း ခေါင်းငုံ့ ပြီ စာအုပ်ကို သာ ကြည့်နေရသည်..။
နိုင်ထူးကို နောင် သတိပေးလိုက်တာ သိသွားရင် အိမ်ပေါ်က မောင်းချမလားမသိ..။
အခုတောင် အပေါင်းအသင်းကြောင့် ပျက်စီးတယ်လို့ ပြောဆိုနေပြီ..။
“လာလေ..သား..ထမင်းစား..”
“မစားတော့ဘူး..ဒေါ်လေး...ကျွန်တော် ပြန်ရမယ်...”
“မင်းက ဘာလို့ ပြန်ရမှာလည်း..ဆရာတောင် မရောက်သေးဘူး.”
“အလုပ်ရှိလို့..”
“အိမ်က လာမခေါ်မချင်း ဘယ်မှ မလွှတ်ရဘူးလို့ မှာထားတယ်..”
“ငါ လမ်းထိပ် မုန့်ဆိုင်..”
“မသွားရဘူး..စာကျက်...”
“မသာ..”
သူ့အစ်မကို မနိုင်သမျှ နောင့်ဆီကို ဖိပြောလာတော့ ငြိမ်ခံနေလိုက်ရတာ အောင့်သပ်သပ်….။
နောင် ခပ်တိုးတိုး ဆဲပြီး စာအုပ်ကို သာ ပြူးတူး ပြဲတဲ ကြည့်နေရတာ ဗိုက်က ဆာလှပြီ...။
chemistry တွေ ကို အာရုံစိုက်တွက်ချိန် ဗိုက်ဆာတာ နည်းနည်း ပျောက်သွားသည်..။
“ဝါး...”
ထမင်းစားပြီး စာကြည့်စားပွဲရောက်ကတည်းက သမ်းပြနေတဲ့ နိုင်ထူးကို ဘုကြည့်ကြည့်ပြီး စာပြန်တွက်နေလိုက်သည်..။
“မင်း..ဒါတွေ တွက်ကြည့်ပြီြး့ပီလား.”
“ဟအေး..နောက်နေ့မှ တွက်မယ်..”
“နောက်နေ့ ဟလား..”
နိုင်ထူး လည်ဂုတ်ကို တံတောင်နဲ့ ဖိပြီး မေးလိုက်တော့ ယက်ကန်ကန် လုပ်ပြီး ခေါင်းညိတ်ပြနိုင်သေးသည်..။
“မင်း အခု တွက်..”
“အေးပါ...ယောက်ဖရယ်...မင်းကိုပဲ ငါကြောက်နေရတာပါ..”
“ဟွင်း..ဟွင်း...ဒါပေါ့လေ..မြတ်ရတနာလင်း လည်း မင်းကိုမေးပါသေးတယ်..”
“ဟေ...ဟုတ်လား...ဘယ်လိုမေးလည်း..”
နောင့် အလှည့်ရောက်လာပြီမို့ အားတက်သရော ဖြစ်နေရှာတဲ့ နိုင်ထူးကို မြိန်မြိန်ကြီး ကြည့်ခါ
“ကိုကို ဘေးက အသားမဲမဲ ၀၀ ကြီးကော ဘယ်ပျောက်နေလည်းတဲ့..”
“ဟာကြာ...”
“ပြောတာ ပြန်ပြောတာလေ...”
“မသာ..”
နောင် ပခုံးတွန့် လှောင်ရယ်ရင်း ဘောပင်ကို ကောက်လှည့်လိုက်သည်..။
“မေးခွန်းက ဒါ သေချာလား..”
“အင်း..”
“အိုကေ..နိုင်ထူး စာသေချာလုပ်ပြီ...မင်းနောင် ယောက်ဖ သေချာပေါက်ဖြစ်ရမည်.”
“ငါ့ကို ဒီလောက် ချစ်သလား..ဟိ...”
“မသာကြီး...အား...ရွံလိုက်တာ...မင်း ဖြူစုတ်စုတ် မျက်ခွက်ကို ရွံလို့ အော့...နောက်ဆုတ်စမ်းကွာ...”
“ဟယ်တော့...ဘာတွေ ပြောနေတာလည်း...”
နောင် အသံဖျက်ပြီး နွဲ့ ပြောလိုက်တော့ နိုင်ထူးက နောင့် ပါးစပ်ကို သူ့လက်ဝါးကြီးဖြင့် လိုက်ပိတ်ရင်း မျက်နှာက ရှုံ့မဲ့နေသည်..။
.
“လတ်လတ်..နင်ပြောတာ ဟိုကောင်လေး စိတ်ဆိုးသွားလားမသိဘူး..”
“ဆိုးပေစ..”
“ဟယ်..ကိုယ့် အိမ်လာနေပြီး မျက်နှာရိပ်မျက်နှာကဲ ကြည့်နေရှာတာ...သွား... ထမင်းစားရင် သူ့ပါ ခေါ်ကျွေးလိုက် သနားပါတယ်...ပိုက်ဆံ ချမ်းသာရဲ့ နဲ့ ညည်း မောင်ကို ခင်လို့ စာလိုက်ကျက်ပေးနေတာလေ...”
လတ် နှုတ်ခမ်းမဲ့လိုက်ပြီး ထမင်းကြမ်း ပန်းကန်ယူရင်း ပန်းကန် အလွတ် တစ်ချပ် ပါ ယူပြီး အိမ်ရှေ့ခန်းထွက်လာခဲ့ရသည်..။
နိုင်ထူး ကတော့ စာတွေကူးရေးနေတာ မော့ မကြည့်...။
“လာလေ...ထမင်းစားမယ်..”
“ဟို..မစားတော့ဘူး..မလတ်..”
“ဟေ့ကောင်...ဒေါ်ကပ်စေးနှဲကို မူပြမနေနဲ့ ငတ်လိမ့်မယ်..သွား..”
“နိုင်ထူး...”
“ဟဲ..ဟဲ....”
လတ်ကို ရယ်ကြဲကြဲ လုပ်ပြတော့ ခေါင်းကို ပိတ်ရိုက်လိုက်ပြီး နောက်တစ်ယောက်ကို ခပ်စူးစူး ကြည့်လိုက်တော့ ထမင်းဝိုင်းကို ရောက်လာသည်..။
“အင့်...မုန်လာဥ...”
“ဟို...နောင် မစားဘူး မလတ်...”
“ဒါဆို...ပုစွန် ...”
ပုစွန် နီနီတွေကို အခွံတွေ မဖြုတ်ပဲ ကြော်ထားတော့ နောင် လက်တွန့်နေမိသည်..။
လည်ပင်းမှာ ကန့်လန့့်ငြိနေရင် ဘယ်လို လုပ်မလည်း..။
ပုစွန်ခြေထောက်တွေ လက်တွေကလည်း မဖြုတ်ပဲ ဒီတိုင်း စုတ်ဖွား...။
နောင် ပြောရခက်နေချိန် ...
“တော်တော့...ငါးကြော်ပဲ စား...”
မလတ်က ငါးကြော် လှမ်းယူပြီး အလိုက်တသိ နွှင်ထည့်ပေးတော့  နောင် ပြုံးစေ့စေ့ ဖြစ်သွားရသည်..။
ထုံးစံ အတိုင်း ပန်းကန်ရှေ့ပိုင်း အလိုလို ရောက်လာသည့်  ငါးအသားလုံးလေးတွေကို ထမင်းထဲ မြုပ်ပြီး စားလိုက်သည်..။
“ဟင်းရည် ထည့်မလား...”
“ဟုတ်...”
မုန်လာဥ မပါပဲ ဟင်းရည်တွေ စစ်ထည့်ပေးတော့ ပန်းကန် ခံပေးလိုက်သည်..။
“ငါးကြော်လေး အရိုးနွှင်…..မုန်လာဥဟင်း..အရည်စစ်လို့ ငုံ့ခါလွေးတော့သည်… ပြီးလျှင်ရေမရှာ ခွေးသာ ကျွေးတော့သည်..။”
“အဟွတ်..”
“ဟဲ့...နိုင်ထူး..”
နောင် ပါးစပ်ထဲက ထမင်းတွေတောင် သီးကုန်လို့ ရေ ခွက်လှမ်းယူပြီး မျောချရသည်..။
မလတ်က ကျောကို ထုပေးရင်း သူ့ မောင်နဲ့ ရန်ဖြစ်နေတော့ မရပ်မနား မို့ ကျောတောင် အောင့်တက်လာပြီ..။
“ရပြီ..မလတ်...ရပြီ..”
“ရော့ စား...”
ငါးတွေ အရိုးနွှင်ပြီး ထပ်ထည့်ပေးနေပေမဲ့ နောင် ကတော့ မကိုင်ရဲတော့လို့ ထမင်းကိုသာ ငုံ့စားနေရသည်..။
သြော်..ခွေးတွေဖြစ်လို့ဖြစ်...နိုင်ထူး...မင်းလေ...တွေ့မယ်...တွေ့မယ်...မနက်ဖြန် အိမ်မှာ
လာခေါ်ရင် သေပြီပဲ...။
စိတ်ထဲက ကြိမ်းလိုက်တာကို နိုင်ထူးက စပ်ဖြဲဖြဲ မျက်ခွက်ဖြင့် စာကျက်ပြနေသည်..။
“နင်..နောက်တစ်ခါ အိမ်လာရင် ဆေးလိပ် သယ်မလာနဲ့...”
“ဗျာ...”
“ဆေးလိပ် မသောက်နဲ့လို့...”
“ဟုတ်..”
နောင် ဆေးလက်စ ပန်းကန် နဲ့ လက်ကို ခပ်သွက်သွက် ဆေးလိုက်ပြီး ပန်းကန်ရေစစ်ထားခဲ့လိုက်သည်..။
အခုလို သတိပေးခံလိုက်ရတော့ ရင်ခုန် စိတ်လှုပ်ရှားရတဲ့ ကြောက်စိတ်ကို ရယ်မိပြန်သည်...။
ဟူး..ဘယ်လိုသိသွားပါလိမ့်...။
.
“ပြန်ရောက်ပြီ..”
နိုင်ထူးအော်တာကို တွေ့ပြီး နောင်လည်း အိမ်ထဲဝင်ချိန် အော်ရင်း တက်လာခဲ့ပေမဲ့ ဧည့်ခန်းမှာ ဘယ်သူမှ မရှိလို့ ကိုယ့် အခန်းဆီ တက်လာခဲ့ရသည်..။
“အယ်...ကိုခေါင် ရဲ့ ညီလေးလား..”
“အမ်း..”
အပြင်အဆင် ခပ်လန်းလန်းဆိုကတည်းက နည်းနည်း မြင့်လို့ အိမ်ခေါ်လာမှန်းသိသည်..။
အလိုက်အထိုက် ခေါင်းညိတ်ပြီး အခန်းထဲကို ၀င်ခါ လော့ချလိုက်သည်.။
အိမ်ပြန်ချိန် အိမ်ကထွက်ချိန် အိမ်မှာ ဘယ်သူမှ မရှိ...။
မာမီကတော့  ဝိုင်း ကောင်းရင် ကောင်းသလို အိမ်ပြန်နောက်ကျတက်သည်..။
တစ်ခါတလေ အိမ်မှာ ရှိလည်း သားအမိ နှစ်ယောက် သိပ်တွေ့ချိန် မရှိ..။
ဒါတောင် နောင် ဆယ်တန်းမို့လို့ ဂရုတစိုက် ရှိနေတာပါ...။
ကျူရှင် ကိစ္စ ကျောင်းကိစ္စတွေ ခေါင်းထဲ ထည့်ပေးတာ တော်တော့်ကို အံသြစရာ..။
ဒယ်ဒီက တော့ ဘယ်တုန်းက အိမ်ပြန်ခဲ့မှန်းတောင် မမှတ်မိတော့ဘူး....။
“အ...”
ကုတင်ပေါ် ပက်လက်လန် ချလိုက်ချိန် ကျောတစ်ခုလုံး အောင့်တက်သွားရသည်..။
စိတ်မရှည်လို့ ဆတ်ခနဲ့ ပြန်ထပြီး ဂစ်တာကို တစ်ဖက်သို့ ဆောင့်တွန်းခါ ပြန်လှဲချလိုက်သည်..။
“တီ...တီ...”
“ပြော...”
ကုတင်ဘေးက ဖုန်းခွက် အဖြူကို ကောက်ကိုင်လိုက်ပြီး ကျောနာနေချိန်မို့ ခပ်ဆောင့်ဆောင့် အော်ပစ်လိုက်သည်..။
“ဟို..ဟို....ဧည့်သည်ရောက်လို့ပါ ”
“ဘယ်သူလည်း..”
နိုင်ထူးကလွဲရင် ဘယ်ကောင်မှ အိမ်မခေါ်ဖူးတော့ နောင် မျက်မှောင်ကြုတ်၍ စဉ်းစားမိသည်။
“မသိဘူး..ကောင်မလေး တစ်ယောက်...ဆံပင်ရှည်ရှည်..အသားဖြူဖြူ နဲ့ အရင်ကျောင်းက လား မသိဘူး.”
“သြော်..အမ်း....လာမယ်”
နောင် ဆံပင်တွေကို ခပ်မြန်မြန် ထောင်လိုက်ပြီး အင်္ကျီလဲခါ အောက်ထပ်ကို ဆင်းလာရသည်..။
ခြံတံခါးအကြီး နားကိုရောက်တော့ သံတံခါးရဲ့ အပေါက် တစ်ဆင့် အဖြူရောင် ကို တွေ့နေသည်..။
“သြော်..”
“နောင်..”
“၀တ်ရည်....လာ၀င်..”
“အင်း..”
လွယ်အိတ်ကို ခပ်ပေါ့ပေါ့လေး ဆွဲလွယ်ပြီး ခေါင်းညိတ်ခါ ခြံထဲ ၀င်လာတော့ နောင်ပဲ ဦးဆောင်ပြီး ခေါ်လာခဲ့ရသည်..။
အဖြူရောင် ဂါ၀န် ဒူးအုပ်ကလေးနဲ့ ဘီးကုတ်ကို အနီရောင်လေး ပန်ထားတော့ ကျောင်းစိမ်းနဲ့ တွေ့နေကျ ၀တ်ရည်ထက် ထူးနေသလိုလို...။
“စာမေးပွဲတွေ နီးပြီနော်...နင် အဆင်ပြေလား သိချင်လို့ပါ...”
“အင်း...ပြေပါတယ်...”
ဆိုဖာ မှာ ၀င်ထိုင်လိုက်ရင်း ခေါင်းညိတ်ဖြေလိုက်တော့ သူ့ လွယ်အိတ်ကို ဖြုတ်ပြီး ဇစ်ဆွဲသည်..။
အထဲက စာရွက်တွေကို ထုတ်ပြီး လှမ်းပေးတော့  နောင် ရှေ့တိုး ယူလိုက်သည်..။
“ဘာတွေလည်း..”
“နီးစပ်မေးခွန်းလို့ ပြောတာပဲ..နင့်ကို သတိရလို့ လာပို့တာပါ..”
“ကျေးဇူး..”
“ငါတို့ ကြားမှာ ဒါတွေ မလိုပါဘူးဟာ...”
“အဟဲ..ဟုတ်သားပဲနော်...”
နောင် နဲ့ ၀တ်ရည်က ကိုးတန်းတုန်းက ဘာမှန်းမသေချာတဲ့ သမီးရည်းစား ဘ၀ကို ဖြတ်သန်းခဲ့ကြသူတွေလေ...။
ချစ်သူလို့ တင်စားပေမဲ့ တကယ်ချစ်တာလား ဆိုတော့လည်း မဟုတ်ပြန်...။
ဒါဆို ဘာတွေလည်း မေးလာရင် သူငယ်ချင်းလို့ ခေါင်းစဉ်တပ်လို့ မရပြန်..။
အခန်းလည်း မတူတဲ့ သူ နှစ်ယောက်က တစ်ခါတလေ ချိန်းရင်း နှုတ်ခမ်းတွေကို ကျူးကျော်ခဲ့ဖူးပါသည်..။
အနမ်းက အချစ်ကို ပုံဖော်တာဆိုရင်တော့ နောင့်ရဲ့ အချစ်ဦးကို နောင် ဆယ့်နှစ်နှစ်သားကတည်းက နမ်းခဲ့သည်..။
ထမင်းချက် ဒေါ်မိသေး ရဲ့ တူမ က နောင့်ထက် အသက်ကြီးပေမဲ့ နောင် အတင်းချူပ်ပြီး တအားနမ်းမိချိန်တုန်း က အသံမထွက်ပဲ ငိုခဲ့ရတာလေ...။
နောက်နေ့ မနက်တော့ ငိုချည်းနေလို့ ဆိုပြီး သူ့အဒေါ်က ရွာပြန်ပို့ပေးလိုက်သည်..။
နောက်ထပ် အချစ်ကို ခုနှစ်တန်း နှစ်မှာ အတန်းထဲက ခပ်စွာစွာ အသားညိုညို နဲ့ ကောင်မလေး လဲ့လဲ့ ဆီမှာ ရှာခဲ့သေးသည်..။
အဲတုန်းကလည်း ငိုတာပါပဲ...
ချစ်တာ မချစ်တာ နားမလည်ခဲ့ပါဘူး..ကိုခေါင်နဲ့အတူ ကြည့်မိတဲ့ ရုပ်ရှင်တွေထဲက အတိုင်း ပခုံးကို ဆုပ်ကိုင်ပြီး ငုံ့နမ်းပစ်လိုက်တာ ရှောင်ချိန်တောင် သူတို့ ခမျာ မရလိုက်ပါဘူး..။
အနမ်းတွေရဲ့ အရသာကို ရှုးသွပ်စွာ စွဲလမ်းခဲ့တာ သတိရတော့ ကလေးစိတ်မပျောက်သေးတဲ့ ကိုယ့် အဖြစ်ကို ခဏခဏ ရယ်မိသည်..။
ရှစ်တန်းကျတော့ ပတ်သက်ခဲ့တဲ့ မိန်းကလေး တစ်ချို့က မငိုတော့ပါဘူး...။
တစ်ခါတလေ ခေါင်းလေးငုံ့နေတယ်..တစ်ခါတလေ ပါးနီနီလေးတွေ ပြောင်းသွားပြီး နှုတ်ခမ်းလေးတွေတောင် ပြုံးနေသေးသည်..။
ရှေ့မှာ ထိုင်နေတဲ့ ၀တ်ရည်ကတော့ သူများနဲ့မတူ တမူထူးခြားပြီး အနမ်းတွေကို တုန့်ပြန်တက်သူ တစ်ယောက်ပေါ့...။
“နင် ဘာတွေ တွေးနေပြန်ပြီလည်း..”
“အဟွင်း..ဒီတိုင်း..”
နောင် ခပ်ပေါ့ပေါ့ ရယ်လိုက်ပြီး သူထိုင်နေတဲ့ ဆိုဖာ ခုံ လက်တန်းမှာ တက်ထိုင်လိုက်သည်..။
“နင် ဘယ်သူနဲ့ တွဲနေလည်း..”
“ကျော်ဦး..”
“ကျစ်...ဒီကောင်က သိပ်မစွံပါဘူး..”
“နင် ကျောင်းထွက်သွားတော့ သူက အလန်းဆုံး ဖြစ်သွားပြီလေ..”
“ငါ နဲ့ ဘယ်သူ သာလည်း..”
“နင့်လို လူဆိုး မဟုတ်ဘူး..”
“ဟား..ဟား...”
“အဟမ်း..ဟမ်း...”
မျက်နှာ နှစ်ခု နီးကပ်လာချိန်ကျမှ အလိုက်ကန်းဆိုးမသိသည့် ကိုရှည်ကြီးကို မျက်တောင့်ကပ်ကြည့်မိသည်..။“ငါ ပြန်တော့မယ်..”
“အေး...ကျေးဇူးနော်...”
“မလိုပါဘူးဆို...”
“ဟဲ..ဟဲ….ကတုန်ကယင် ဖြစ်ပြီး မေ့သွားလို့ပါ...”
“ကောင်စုတ်...”
၀တ်ရည်က သူနဲ့ လိုက်ဖက်တဲ့  မျက်စောင်းလှလှလေး ထိုးပြီး လွယ်အိတ်ကို ပိုက်ခါ ပြန်ထွက်သွားသည်..။
ကျောင်းက အသစ်ဖြစ်နေတာရယ်...စာမေးပွဲချိန် ကပ်နေတာနဲ့ ရည်းစားတောင် မရလိုက်ရပါဘူး..။
အနားမှာ ရှိတဲ့ တစ်ဦးတည်းသော စိတ်၀င်စားစရာ မိန်းမ က ...
“အ....”
နောင် ဆိုဖာက ခုန်ထလိုက်တော့ ကိုရှည်ကြီးက ငါးကန်ကို တိုက်နေရင်း ကြောင်တောင်တောင် ဖြင့် လှည့်ကြည့်သည်..။
“ကြက်သီးတောင်ထတယ်...”
“ဖြစ်တက်ပါတယ်..”
“ဟာဗျာ...ကိုရှည်ကြီး က ဘာသိလို့လည်း..”
“ဟဲ...ဟဲ...သိတာပေါ့ဗျာ...ဒီ အရွယ်မို့လို့ ဒီစိတ်ဖြစ်လာတာ မဆန်းပါဘူး...”
“နှာဘူးက တစ်မျိုး...”
နောင် အိမ်ပေါ် ပြန်တက်လာပြီး အခန်းထဲမှာ လော့ခ်ချခါ သချာင်္တွေ ပြန်တွက်နေရသည်..။
ရည်မှန်းချက်ကတော့ ရှင်းပါတယ်...တက္ကသိုလ်ရောက်ရင် ကောင်မလေး များစွာဆီက အနမ်းများစွာ သိမ်းပိုက်ရယူဖို့ ကြိုးစားတော့မည်လေ...။
.
“မလုပ်စမ်းနဲ့ နိုင်ထူးရာ...မလတ်သိရင် သေလိမ့်မယ်..”
“မရှိပါဘူးကွာ...ဆိုင်ထွက်နေတယ်လေ...လာစမ်းပါ..”
နိုင်ထူးက အတက်ဆန်းပြီး သံဘူး နှစ်ဘူး ၀ယ်လာတော့ အိမ်ပေါ်မှာ ဘယ်သူမှ မရှိပေမဲ့ သူခိုးလို မျက်လုံးက အငြိမ်မနေရဲ ဖြစ်နေသည်..။
နောင့်အိမ်မှာ ရေခဲသေတ္တာထဲ အလိုက် ရှိသလို ဘယ်သူ့ ခွင့်ပြုချက်မှ မလိုပဲ အေးဆေး သောက်လို့ရနေသည့် ဘ၀... အခုတော့ သူခိုးလိုလို ဓားပြလိုလို ကတုန်ကယင် ကနာမငြိမ်တွေ ဖြစ်ရပြီ..။
“ငါတို့ အိမ်ကို သွားမယ်ကွာ..”
‘နေစမ်းပါ လာ...”
နိုင်ထူးက နောင့် လက်ကို ဆွဲချခေါ်နေပေမဲ့ ပြန်ရုန်းလိုက်ပြီး…
“ကျစ်...ငါပြန်တော့မယ်..”
“ဟာ...ဘာဖြစ်နေတာလည်း..မင်း ပြောတော့ လူမိုက် ကြီးဆို ဘာ ကြောက်နေတာလည်း..”
“မလတ်သိရင် မင်းကို သတ်လိမ့်မယ်..”
“မသိပါဘူးဆိုကွာ..စာမေးပွဲ နောက်ဆုံးနေ့ အထိမ်းအမှတ်လုပ်တာပဲကွာ...လာစမ်းပါ မင်းလည်း ဘန်ကောက် သွားရဦးမယ်ဆို...လာ နှုတ်ဆက်ခြင်း အမှတ်တရပါ...”
နိုင်ထူးက တားနေသည့် ကြားကနေ သံဘူးကိုဖောက်ပြီး မော့ချလိုက်သည်..။
“အား...ဘယ်လိုကြီးလည်း..”
“ဟား.ဟား...အခုမှ သောက်ဖူးတာလား..”
“သောက်ကြည့်...”
“နေပါ....ငါ အဲဒါ မကြိုက်ဘူး..ဝီစကီလေးမှ....”
နောင် မျက်လုံး ခပ်မှေးမှေး ဖြင့် ပြောလိုက်တော့ နိုင်ထူးက အသံတိတ် ကျိန်ဆဲသည်..။
“ဟေ့ကောင် တော်ပြီနော်..မလတ် ပြန်လာတော့မယ်..”
“ငါ ပြန်လာတော့ ဘာဖြစ်လို့လည်း..”
“ဟင်...”
မလတ် အသံကို အိမ်နောက်ဘက်က ကြားလိုက်တော့ နောင် တစ်ကိုယ်လုံး ကြက်သီးထသွား
သည်..။
နိုင်ထူးကို ပိတ်ရိုက်ပြီး ဘူးတွေကို လွယ်အိတ်ထဲကောက်ထည့်နေပေမဲ့...
“နိုင်ထူး....နင်...နင်.. အရက်သောက်တယ်... ဟုတ်လား..”
“မဟုတ်..”
“ငါတို့ တစ်မိသားစုလုံး ..ဒီအရည်ကြောင့် ဘ၀ပျက်ရတာလေ...နင်...နင်...ဒီဟာကို သောက်တယ်...”
“ဖြန်း..”
“အာ...မလတ်ကလည်း ကျောင်းနောက်ဆုံးနေ့မို့လို့...”
“ပိတ်ထား...”
မလတ် အာခေါင်ခြစ် အော်သံနောက်မှာ နိုင်ထူးကို ပါးရိုက်ပြီးတာတောင် တဘုန်းဘုန်းထုနေတော့ နောင်လည်း မနေနိုင်တော့ပါ...။
နှစ်ယောက်အနားကို သွားပြီး နိုင်ထူးကို ဆွဲထုတ်မိသည်..။
“မလတ်..တော်ပါတော့...နိုင်ထူးက...”
“နင်...နင် သယ်လာတာ မလား..”
“ဖြန်း...”
“ဟာ..”
ကိုယ့်အလိုဆန္ဒမပါပဲ ကိုယ့် လည်တိုင်က ခပ်လွဲလွဲ ဖြစ်သွားခါ ပါးလည်း ကျိန်းစပ်သွားရသည်..။
နောင့် ဘ၀မှာ ပထမဆုံး အချိန် ပါးရိုက်ခံလိုက်ရခြင်း ဆိုတဲ့ အသိကြောင့် တစ်ကိုယ်လုံးသွေးတွေ ဆူပွတ် ပူလောင်ကုန်သည်...။
“နင်...ငါ့မောင်ကို ဖျက်စီးတာ...အတက်ကောင်းတွေ သင်ပေးတာ...ကျေးဇူးတွေကို ထောက်ထားပြီး မပြောခဲ့ပေမဲ့..အခုလွန်သွားပြီ..
နင် ကြောင့် ဆေးလိပ် သောက်တက်သွားလို့ အခု တစ်ဆင့်တက်ပြီး အရက်သောက်ခိုင်းနေတာမလား....ထွက်သွား....ဘယ်တော့မှ မလာနဲ့...ကျူရှင် သင်ပေးထားတဲ့ ပိုက်ဆံတွေကိုလည်း ငါရှာပေးမယ်...နင်..ငါ့မောင်နဲ့ လုံး၀ လာမပတ်သက်နဲ့...”
“မလတ်...မဟုတ်ဘူး...နင်ပြောသလို...”
“ဟာ....ငနောင်....နောင်...”
နိုင်ထူး ပြေးဆင်း သွားတော့  မင်းနောင် အစအန တောင် မရှိတော့ပါ...။
ပြေးလိုက်ရင် မှီနိုင်ပေမဲ့ သူ တစ်ယောက်တည်း နေချင်မှာ သိလို့ အိမ်ပေါ် ပြန်ရောက်လာရသည်..။
ကျစ်...ဘလိုင်းကြီး ပါးရိုက်ခံရတာ ဘယ်ကောင်က မတင်းပဲ နေမလည်း..။
မလတ်ကို စိတ်ဆိုးပေမဲ့ ပြောချင်စိတ်မရှိလို့
မကြည့်တော့ပဲ အခန်းထဲ၀င်လာခဲ့လိုက်သည်..။
မနက်ဖြန်ကျရင်
အိမ်လိုက်သွားဖို့ ဆုံးဖြတ်လိုက်ပေမဲ့ စိတ်မကောင်းတော့ ဖြစ်မိသည်..။

*✭˚・゚✧*・゚*✭˚・゚✧*

😢အမလေး ငါ့နိုင်ထူးလေး အသည်းကွဲပါပြီ 😢
.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ

Group မှာ 
share ပေးလို့
အသည်းလေးတွေ အားလုံး
ကျေးဇူးအထူးထူးပါနော် ❤

စွဲနေပြီOnde histórias criam vida. Descubra agora