5(UN&ZG)

19.6K 1.9K 85
                                    

(Unicode)
#ချစ်ခြင်း ခြံရံ#၅

တက္ကစီသမားဦးလေးကြီးကို ကျသင့်ငွေပေးပြီးပိကျီတို့ခြံတံခါးရှေ့ရောက်တုန်းရှိသေး ဦးမြင့်ကပြေးထွက်လာကာ တိမ်လွှာလည်းဝင်လာလို့ ရအောင်တံခါးအသင့်ဖွင့်ပေးသည်။

"ဦးမြင့် ဖြစ်တာဘယ်နှစ်ရက်ရှိနေပြီလဲ"

"နှစ်ရက်လောက်ရှိပြီ တိမ်လွှာ၊ဆေးမထိုးပဲပေနေတော့ ရက်ကြာနေတာ"

"အင်း ကျွန်တော်အိမ်ထဲ သွားလိုက်အုံးမယ်"

ဦးမြင့်ကိုနှုတ်ဆက်ကာ အိမ်ထဲဝင်လာခဲ့တော့အန်တီခက်ဝေက သူ့ဆီသို့ပြေးလာသည်။တာရာကတော့ အခုချိန် သင်တန်းသို့ရောက်နေတာဖြစ်မည်။ဦးလင်းမြတ်ကလည်း ကုမဏီသွားနေတာနေမှာ အန်တီခက်ဝေ တစ်ယောက်ပဲတွေ့သည်။

"ပိကျီ ဘယ်လိုနေသေးလဲ အန်တီ"

"ဆေးတိုက်ထားလို့ အိပ်နေတယ်သား ခနနေဆရာဝန်လာရင် ဂျီကောင်လေးက ဆေးမထိုးချင်လည်းထိုးပေးရမယ်။တော်သေးတာပေါ့ သားရောက်လာလို့ မှူးလေးက သားပြောရင်ရမှာပါ"

"အန်ကယ်ရော ကုမဏီသွားတာလား?"

"သူ့သားကိုစိတ်မချလို့ မသွားဘူးလုပ်နေပေမဲ့ ဒီနေ့ကအရေးကြီး Meetingရှိတယ်သားရယ် အဲ့တာကြောင့်သွားရတာ Meetingပြီးရင်တော့တန်းပြန်လာမယ်ပြောတယ်"

အန်တီခက်ဝေကို ခေါင်းညိတ်ပြပြီး ပိကျီ့အခန်းသို့သွားရန် အပေါ်ထပ်သို့ တက်ခဲ့သည်။

တိမ်လွှာ ပြင်ဦးလွင်သို့ သူငယ်ချင်းတွေနှင့်လိုက်သွားသည့် ( ၄ )ရက်အကြားမှာ ပိကျီက ဖျားနေသည်တဲ့။

အန်တီခက်ဝေဆီက သတင်းကြားကြားချင်း (၇) ရက်တာကြာမည့် အပျော်ခရီးက တိမ်လွှာတစ်ယောက်ပဲ တစ်ဝက်တစ်ပျက်နဲ့ လှည့်ပြန်ခဲ့ရသည်။

အစကတော့မသွားဘူးလို့ လုပ်ထားပေမယ့်စာမေးပွဲမပြီးခင်ထဲက စီစဉ်ထားတာမို့ လိုက်သွားခဲ့ရခြင်းပင်။

အကုန်လုံးကလည်း သူငယ်ငယ်တုန်းက ခင်ခဲ့သည့် သူငယ်ချင်းတွေ၊သူ့ကိုနားလည် ပေးသည့် သူငယ်ချင်းတွေနဲ့မို့ အဆင်ပြေပြေရှိလှသည်။

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now