# ချစ်ခြင်း ခြံရံ # (Extra-1)
[၂နှစ်ခန့်ကြာသော်]
"အား...တိမ်ယံမှူး..မင်းလုပ်ချလိုက်ပြန်ပြီလားကွာ။ပါးပါး အခုမှဘောင်းဘောင်းသွားယူတုန်းလေ ဖေ့သားငယ်ရာ.."
တိမ်လွှာသည် လက်ထဲမှာယူလာသော ကာတွန်းရုပ်လေးတွေပါသည့် ကလေးဘောင်းဘီကို အိပ်ရာဘေးသို့အမြန် တင်လိုက်ပြီး ကုတင်ပေါ်က ဖင်ပြောင်လုံးလုံးလေးနှင့် ငုတ်တုပ်လေး ထိုင်နေသည့် သားငယ် တိမ်ယံမှူးလေးကို ပွေ့ချီလိုက်ရသည်။မွေ့ယာအဖြူထက်မှာထင်ကျန်ခဲ့သော သေးကွက်ကြီးသည် နည်းနာကြီးမဟုတ်။ပိကျီ့ပြန်လာရင်တော့ သားဖနှစ်ယောက်လုံး အဆူခံရအုံးမည်မှာ သေချာနေပြီ။
"ပေါက်လှချည်းလားဖေ့သားငယ်ရာ ဟင်။ပါးပါးမွေ့ယာခင်းတွေပြန်လျော်ရတော့မယ်။ပါးပါးလေးကလည်း ဆူအုံးမယ်။"
"ခစ်ခစ်...ပါ့...ပါး..ဆူ...ဆူ..."
သားပါးလေးကိုမွေးကြူရင်းပြောတော့ မပီကလာအသံလေးနှင့် ဆိုသည်။သူ့ပါးနှစ်ဖက်ကို လက်လေးသေးသေးနှင့်လိုက်ကိုင်နေသော သားငယ်သည် တိမ်လွှာစကားကိုနားလည်သည့်အလားတခစ်ခစ်နှင့်ရယ်နေသည်။ပိကျီ့ကတော့ အိမ်မှာလိုအပ်တာလေးတွေ ဈေးမှာသွားဝယ်သည်။
အဓိကက ကလေးအတွက် လိုအပ်တာလေးတွေများသည်။ဒီနေ့တော့ ပိကျီ့က အဝယ်တော်ဖြစ်ပြီး တိမ်လွှာကတော့ အလုပ်နားရက်မှာ အထိန်းတော်ဖြစ်နေသည်။ဒါတောင် သားကြီးတိမ်ယံလျှန်းကို တာရာတို့ခေါ်ထားလို့ မဟုတ်ရင် တိမ်လွှာမျောက်လောင်းနှစ်ကောင်နဲ့ ချာလပတ်လည်မည်။
သူတောင် တစ်နေ့လေးကိုဒီလောက်ဖြစ်နေရင် ပိကျီ့ဆိုသားနှစ်ယောက်ရဲ့ဝေယျာဝစ္စ၊တိမ်လွှာရဲ့ဝေယျာဝစ္စ၊အိမ်မှု့ကိစ္စကလည်းလုပ်ရသေးသည်။ထောင့်စေ့အောင် လုပ်နိုင်သော ပိကျီသည် တစ်ချက်လေးညည်းညူခြင်းအလျင်းမရှိ။အခုတလော ပိကျီ့တော်တော်ပိန်နေသည်။ပင်ပန်းနေတာ သိသော်လည်း ကိုယ်ကူညီပေးသမျှ တစ်ခုမှလက်မခံဘဲခေါင်းမာနေသေးသည်။အိမ်အကူခေါ်ပေးမယ်ဆိုလည်းပြောမရ။ကုမဏီသို့မသွားဘဲ အိမ်ကနေဘဲ Control လုပ်မည်ဆိုလည်းပြောမရ။ဂွစာလေးကို ဖြစ်လို့နေသည်။
YOU ARE READING
ချစ်ခြင်းခြံရံ(Completed)(ZG&UN)
Romance#ချစ်ခြင်း ခြံရံ#ဆိုတဲ့အတိုင်းပဲ ချစ်ခြင်းတရားတွေနဲ့ပဲ ကိုယ်မင်းဘဝကို ခြံရံပေးမယ်ကလေးငယ် *တိမ်လွှာ* *လျှန်းမြတ်မှူး* *လင်းရိပ်* *လင်းမြတ်တာရာ* *ခရောင်းငယ်* Myanmar Boy loveလေးပါ အဆွီလေးရေးမှာ😍ပုရွက်ဆိတ်ရော ခါချဉ်ရောအကုန်တက်...