17(UN&ZG)

14.4K 1.6K 60
                                    

# ချစ်ခြင်း ခြံရံ #၁၇

ပီကျိ့သည် မားနဲ့အတူဈေးဝယ်လိုက်လာပေးရင်းမားက သူမှာထားသည့်ဆွဲကြိုးဒီဇိုင်းလေး ရပြီလားဟု ဆိုင်ထဲဝင်မေးနေတာမို့ အပြင်ကနေပဲစောင့်နေလိုက်သည်။အစုံဝယ်ထားသည့်ဈေးတောင်းကြီးကိုလက်ကဆွဲထားတာမို့ လက်ချောင်းတွေက အတော့်ကိုနာလာသည်။မားကလည်း အတော်နဲ့ထွက်မလာတာကြောင့် အထဲသို့လိုက်ဝင်သွားတော့ မားကတစ်ခြားတစ်ယောက်နဲ့ စကားပြောနေသည်။

ပိကျီ့ကိုမြင်တော့။

"ဟယ် ဒါအငယ်လေးလား ညီမ။အငယ်လေးတောင်တော်တော် အရွယ်ရောက်နေပြီပဲ"

ပိကျီ့သည်ထိုအန်တီ့ကို ကြည့်ပေမဲ့ ဘယ်သူဆိုတာ အခုထိခန့်မှန်းလို့မရ မမြင်ဖူးသလိုလို မြင်ဖူးသလိုလိုနှင့် စိတ့်ထဲမှာ ဇဝေဇဝါဖြစ်လို့နေသည်။ထိုအန်တီကြီးကတော့ ပိကျီ့ခေါင်းလေးကို ကိုင်ပြီးပြုံးပြနေသည်။

"သားက ငယ်သေးလို့မှတ်မိမှာမဟုတ်ဘူး။မဆွေရဲ့ဒါနဲ့ဟိန်းရန်လေးရော အခုဆိုအတော်အရွယ်ရောက်ပြီပေါ့။သူကအိမ်ကသား တာရာလေးနဲ့အတူတူပဲကိုး"

ဟိန်းရန်လေးအကြောင်းမေးလိုက်တော့ မဆွေသည် မျက်နှာအနည်းငယ် ပျက်သွားသလိုပဲဟု ဒေါ်ခက်ဝေ ထင်လိုက်သည်။ဒါပေမဲ့လည်းမဆွေကပြုံးရင်း။

"ဟိန်းရန်လေးကကျောင်းပြီးပြီလေ။ဖုန်းဆိုင်ဖွင့်ထားတယ်တဲ့"

မဆွေက ဟိန်းရန်အကြောင်းကိုပြောရင်းမျက်နှာလေးက ညိုးကျသွားသည်။မဆွေစကားကို ဒေါ်ခက်ဝေကတော့ခေါင်းညိတ်ရင်းသာ တုံ့ပြန်မိသည်။

ကိုယ်တွေဝေးကွာသွားကြတာလည်း သားငယ်လေးတစ်သက်လို့တောင် ပြောလို့ရသည် ပြီးတော့ မဆွေတို့ကလည်း သူမတို့ရပ်ကွက်မှာနေသွားတာ လနဲ့ပဲကြာတာလေ။

အိမ်ကသားကြီးနဲ့ဟိန်းရန်လေးက ဆော့ဖော်ဆော့ဖက်ဖြစ်ခဲ့ပေမဲ့ 3နှစ်အရွယ်သားလေးကလည်း သားနဲ့ဟိန်းရန်အတွက်သဲသဲလှုပ်လေး ဖြစ်ခဲ့သည်။

အငယ်လေးကိုကြည့်တော့လည်း ကိုယ်တွေဆီမှာအာရုံမရ မဆွေကလည်းပြန်တော့မှာမို့ အိမ်လိပ်စာဖုန်းနံပါတ် ဖလှယ်ယူကြရင်း လမ်းခွဲလိုက်ကြသည်။

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now