# ချစ်ခြင်း ခြံရံ #၂၃
အသစ်စက်စက်အုပ်ဂူအဖြူရောင်လေးရှေ့မှာကောင်လေးတစ်ယောက်က ဒူးထောက်ထိုင်ပြီးငိုကြွေးနေသလိုသူ့ဘေးနားက ကောင်လေးကလည်းထိုကောင်လေးကိုရင်ခွင်ထဲထည့်ထားပြီး နှစ်သိမ့်နေသည်။နှစ်သိမ့်နေသည့် ကောင်လေးပါးပြင်ထက်မှာလည်း မျက်ရည်စီးကြောင်းများကထပ်လျက်။
"ကိုကို မယုံနိုင်သေးဘူးပိကျီရယ်။သူသေသွားတယ်ဆိုတာ ကိုကိုတကယ်မယုံဘူး အမြဲမျှော်လင့်နေခဲ့တာလေ။ပြန်ဆုံဖို့အတွက်လည်းဆုတောင်းခဲ့တာပဲ ဒါပေမဲ့အခုတော့ သေခြင်းတရားနဲ့မှလား"
ပိကျီ့သည် ကိုကို့ကျောပြင်လေးသို့ ခပ်ဖွဖွပုတ်လိုက်တာနဲ့ ကိုကို့ဦးခေါင်းက ပိကျီ့ပုခုံးပေါ်ထက် မှီချကာ အားရပါးရငိုနေတော့သည်။
ဒီလူသားကိုအဆင်ပြေစေချင်တယ်။
ပိကျီ့ခန်းမထဲကပြေးထွက်လာတော့ လမ်းမထက်မှာသွေးအိုင်တွေထဲလဲကျနေတာ ကိုကိုရယ်၊ဖေငယ်ရယ်၊ ပြီးတော့အန်တီတစ်ယောက်
သတိတရပြောရရင် မားနဲ့ဈေးလိုက်သွားတုန်းက ရွှေဆိုင်မှာတွေ့ခဲ့တဲ့အန်တီဆွေဆိုသည့် အမျိုးသမီးဖြစ်သည်။
ပိကျီ့ထိုအနားသို့ပြေးသွားပြီး ကိုကိုကိုလှုပ်နှိုး ဖေငယ်ကိုလည်းလှုပ်နှိုး ဟိုအန်တီကို့လည်းတကြော်ကြော် အော်ခေါ်ရင်းမျက်ရည်တွေကြားစိုးရိမ်စိတ်တွေက ရင်ထဲမှာပြည့်ကျပ်နေသည်။
နောက်တော့လင်းရိပ်နဲ့ဖေကြီးရောက်လာချိန်လူနာတင်ကားတွေရောက်လာပြီးကိုကိုတို့ကိုဆေးရုံသို့ခေါ်သွားကြပေမဲ့ အန်တီဆွေကတော့ထိုနေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
"ကိုကို ပြန်ကြမယ်ရအောင်နော်။ကိုကိုလည်းနေကောင်းတာမဟုတ်သေးဘူးလေ ဖေငယ်လည်းဆေးရုံဆင်းရမှာဆိုတော့ သွားကြရအောင်နော်"
"ကိုကိုရူးတော့မယ် ပိကျီ့ ဘာလို့များဘာလို့များသူက ကိုကို့ကို လူ့လောကထဲမွေးဖွားပေးခဲ့တဲ့လူတဲ့လဲအဲ့အကြောင်းအရာကြီးကအခုထိ ခြောက်လန့်နေတုန်းပဲ။ကိုယ်သူ့ကိုရင်မဆိုင်ရဲဘူး ဘာလို့ကိုယ့်ကိုမွေးပေးခဲ့တဲ့သူက အန်တီဆွေဆိုတဲ့မေမေမဟုတ်ရတာလဲ."
VOUS LISEZ
ချစ်ခြင်းခြံရံ(Completed)(ZG&UN)
Roman d'amour#ချစ်ခြင်း ခြံရံ#ဆိုတဲ့အတိုင်းပဲ ချစ်ခြင်းတရားတွေနဲ့ပဲ ကိုယ်မင်းဘဝကို ခြံရံပေးမယ်ကလေးငယ် *တိမ်လွှာ* *လျှန်းမြတ်မှူး* *လင်းရိပ်* *လင်းမြတ်တာရာ* *ခရောင်းငယ်* Myanmar Boy loveလေးပါ အဆွီလေးရေးမှာ😍ပုရွက်ဆိတ်ရော ခါချဉ်ရောအကုန်တက်...