# ချစ်ခြင်း ခြံရံ #၃၂
အတန်းရှိရာဆီလာသည့်လမ်းတစ်လျောက်မှာ ရိပ်ကိုတစ်ခြားကျောင်သူကျောင်းသားတော်တော်များများက အာရုံစိုက်ကာလိုက်ကြည့်နေကြသည်။ဆေးကျောင်းကင်းနဲ့ယှဉ်သွားမိရင်တောင် ရိပ်ကိုပဲအားလုံးကဝိုင်းကြည့်နေကြတာများသည်။ဒါကတော့ဟိုဘဲနာကြီးရဲ့ကျောင်းကန်တင်းက ဆိုင်ထဲမှာ အချစ်ဒရမ်မာရိုက်သွားခြင်းကြောင့် သာဖြစ်သည်။
အချိန်ကား တစ်ပတ်ပင်ကြာသွားသော်လည်း ထိုကိစ္စကြီးက အခုထိပူပူနွေးနွေးရှိနေဆဲပင်။ကိုယ့်မှာသာ ရှက်လွန်းလို့ ဟိုဘဲနာကြီးနဲ့လမ်းမှာဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးနဲ့မဆိုတွေ့သည့်အခါတိုင်း ကွေ့ရှောင်သွားနေရတာပေမဲ့ ဟိုလူကြီးကတော့ဘာကိုမှခေါင်းထဲမထည့်သည့်ပုံ နေမြဲ၊သွားမြဲ၊လာမြဲပင်။
ကိုယ်ဟာကိုဒေါသထွက်စွာလှမ်းလာသည့်ခြေလှမ်းဘေးမှာ အရိပ်တစ်ခုထင်ဟပ်ပါမလာတာကြောင့်ဘေးကိုငဲ့ကြည့်တော့ လျှန်းမြတ်မှူးကရှိမနေခဲ့။
မှူးဟာ ဖုန်းမျက်နှာပြင်ကိုကြည့်ပြီး အရူးကြီးကျလို့ပြုံးနေသည်။အိမ်မှာလည်း အမြဲတွေ့နေရတာကို အခုထိအလွမ်းသယ်၊အချစ်တွေအီစီကလီလို့မပြီးနိုင်ဘူး။တခါတလေ မေတ္တာအတုံးလိုက် အတစ်လိုက် အမြင်ကပ်လှတယ်။မှူးကို ဟိုအရင်နေ့ထဲကရိပ်ဟာ သိပ်ကြည့်မရတာ အခုထိပါပဲ။အတူတူသွားဖြစ်ကြပေမဲ့ မှူးကိုရိပ် စကားအကောင်းမပြောဖြစ် ဘုကလန့်သာပြောဖြစ်သည်။မှူးကလည်းငြိမ်မခံတော့ နှစ်ယောက်သားတကျက်ကျက်နဲ့ရန်ဖြစ်လို့ကောင်းဆဲ၊စွာဆဲပင်။
"ဟေ့ကောင် မြန်မြန်လာ "
"နေပါအုံး ကိုကို့ကို အသည်းလေးပြန်ပို့လိုက်အုံးမယ် "
လှမ်းဆွဲလိုက်သည့်ရိပ်ရဲ့လက်ကိုရုန်းကာ Message တစ်ကြောင်းကိုရအောင်ပို့သည်။ဆွဲခေါ်မနေတော့ပဲ အရှေ့ကနေသာအရင်ထွက်ခဲ့သည်။တိုက်ချင်တဲ့တိုင်ဝင်တိုက်ပါစေတော့။စေတနာလည်းရေစီးကမ်းမပြိုနိုင်တော့ဘူး။
အနောက်ပါးစီမှာ တဘုတ်ဘုတ်နဲ့ပြေးလိုက်လာသည့်ကောင်ကို ခြေလှမ်းနှေးပြီးတောင်စောင့်နေချင်စိတ်မရှိပါ။အတန်းထဲဝင်တော့ ကိုယ်ထိုင်သည့်စားပွဲအထက်မှာ ခပ်နွေးနွေးဖြစ်နေသေးသော ကော်ဖီတစ်ခွက်။ဘယ်သူထားသွားလဲဆိုတာ ရိပ်သိတာမို့ အခန်းဒေါင့်က အမှိုက်ဗုံးထဲသွားထည့်ပစ်လိုက်သည်။သူ့လုပ်ရပ်ကို သိနေကြတာမို့ တစ်ခြားသူတွေကအံသြမနေတော့ပါ။
YOU ARE READING
ချစ်ခြင်းခြံရံ(Completed)(ZG&UN)
Romance#ချစ်ခြင်း ခြံရံ#ဆိုတဲ့အတိုင်းပဲ ချစ်ခြင်းတရားတွေနဲ့ပဲ ကိုယ်မင်းဘဝကို ခြံရံပေးမယ်ကလေးငယ် *တိမ်လွှာ* *လျှန်းမြတ်မှူး* *လင်းရိပ်* *လင်းမြတ်တာရာ* *ခရောင်းငယ်* Myanmar Boy loveလေးပါ အဆွီလေးရေးမှာ😍ပုရွက်ဆိတ်ရော ခါချဉ်ရောအကုန်တက်...