14(UN&ZG)

13.8K 1.5K 29
                                    

# ချစ်ခြင်း ခြံရံ #၁၄

မားက ပိကျီ့အခန်းထဲသို့လာပြီး အဝတ်တွေထည့်ပေးတယ်။မနေ့က ကိုကိုအိမ်ပြန်လိုက်ပို့ပေးရင်း မနက်ဖြန်ပဲခူးကို လိုက်ဖို့ပါခွင့်တောင်းပေးသွားသည်။မားတို့ကလည်း ကိုကိုနဲ့မို့ချောချောချူချူ ထည့်ပါသည်။

"အငယ်လေး ဟိုရောက်ရင် သားကိုကိုကိုယ် စိတ်အနှောက်အယှက် မပေးရဘူးနော် မားအတန်တန် သတိပေးလိုက်ပါဘိရဲ့"

"ဟုတ်ကဲ့ သားကောင်းကောင်းနေမှာပါ"

စားပွဲပေါ်အားသွင်းထားသော ဖုန်းကိုဖြုတ်လိုက်ပြီးလက်ပတ်နာရီလေးကိုပါ တစ်ပါတည်းပတ်လိုက်သည်။မှန့်ရှေ့မှာကိုယ်ကိုတစ်ပတ်လှည့်၍ အဆင်ပြေမပြေကြည့်နေတုန်းအောက်ထပ်မှကိုကြီးရဲ့အသံကိုကြားလိုက်ရသည်။

"အသေးလေးရေ ဒီမှာတိမ်လွှာ ရောက်နေပြီနော်
ပြီးရင်လည်းဆင်းခဲ့တော့"

"ဟုတ်ကဲ့ လာပြီလာပြီ"

အဝတ်၂စုံ၃စုံထည့်ထားသော ကျောပိုးအိပ်လေးကိုလွယ်ပြီး အောက်ထပ်ကိုပြေးဆင်းလာခဲ့သည်။အောက်သို့မရောက်မီ လှေကား၂ထစ်လောက်မှာ ခြေထောက်လှိမ်ကာ ရှေ့သို့ယိုင်ကျတော့ လှေကားရင်းမှာ ရပ်နေသည့် ကိုကို့ရင်ထဲသို့ ကွိခနဲဝင်သွားတော့သည်။

ဒါ ပိကျီ့ မြန်မာကားတွေထဲကလို ဉာဏ်ဆင်တာမဟုတ်ဘူးနော် တကယ်ကြီးတိုက်ဆိုင်သွားတာ။

"အ့..အင့်.!"

ကိုကိုက သားကိုယ်လုံးသေးသေးလေးကို ဖမ်းပေးထားသည်။ကိုကို့ရင်ခွင်က နွေး‌ထွေးလွန်းသည်။ ဘယ်သောအခါမှ ရုန်းမထွက်ချင်စရာကြီး။

ညာတာပါတေးနဲ့ ဒီအတိုင်းအခွင့်အရေးကို ရသလောက်လေးယူနေတုန်း မားရဲဆူပူမှု့လေးက ထွက်လာပါတော့သည်။

"အငယ်လေးရယ် အဲ့တာတွေသားကို မားစိတ်မချတာ နေရာတကာ ရှပ်ပြာရှပ်ပြာနဲ့ အိမ်အပေါ်နဲ့ အိမ်အောက်လေးကိုတောင်ကွယ်"

"မားကလည်း သားလည်း ကြည့်ဆင်းတာပဲကို
အခုလိုဖြစ်တယ်ဆိုတာ ဟိုဘဝကအကြောင်းတစ်ခုခုကြောင့်နေမှာပေါ့။သားကလည်းပြုတ်ချရမဲ့ကံပါလို့ ကိုကိုကလည်းဖမ်းပေးရမဲ့ကံပါလို့။သားပြောတာဟုတ်တယ်မလား ကိုကို"

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Nơi câu chuyện tồn tại. Hãy khám phá bây giờ