# ချစ်ခြင်း ခြံရံ # (Final)
"မှူး...ငါ...ငါအဆင်ပြေရဲ့လား?"
မှန်ရှေ့မှာရပ်ပြီး ဘယ်နှစ်ခေါက်မြောက်မှန်းမသိအောင်ခြေရာထပ်နေသောရိပ်ကိုကြည့်ပြီး မှူးခေါင်းတွေပါမူးနောက်လာသည်။ဘယ်နှယ့်မနက်၄နာရီထဲက အစောကြီးအရောက်လာခိုင်းပြီး လူကိုအခန်းထဲမှာ ငုတ်တုတ်ထိုင်ခိုင်းထားတာ။အရေးတကြီး ပြင်ဆင်စရာလည်း များများစားစားရှိတာမဟုတ်ပဲနဲ့။
ပိကျီ ကိုကိုနဲ့မင်္ဂလာဆောင်တုန်းကတောင် ရိပ်လောက်အခြေအနေမဆိုးခဲ့။မနက်၄နာရီကြီး ကိုကို့ ကို အစ်ကိုခွန်းတို့အိမ်ကိုလိုက်ပို့ခိုင်းရတယ်။ကိုကိုကတော့ အချိန်နီးမှလာမည်ဟုပြောသွားသည်။လိုက်ပို့သည့် အချိန်ထဲကနေရင်လည်း ဟိုမတ်တပ်ဒီမတ်တပ်နဲ့ ကိုကိုတစ်ယောက်အဆင်ပြေမှာမဟုတ်။ပိကျီ့တောင် ရိပ်အခန်းထဲမှာ ခြေကြုပ်မိနေတာ။
အစ်ကိုခွန်းဆိုသည်မှာလည်း ယောက္ခမ နဲ့ ယောက္ခထီးရှေ့မှာ မျက်နှာယူရတာအမော။အခန်းထဲကိုခြေဦးပင်လှည့်မလာ။ရိပ်အပူကို ပိကျီ့တစ်ယောက်ထဲ လိမ့်ခံနေရသည်။ဒီကြားထဲ ဗိုက်ကဆာတော့ပိုဆိုးသည်။
"အဆင်ပြောပါတယ်ရိပ်ရယ်။မင်း ငြိမ်ငြိမ်လေးထိုင်နေပါတော့။မဟုတ်ရင် ငါမင်းကိုထပြီး ကန်မိတော့မယ်"
"အေးပါ အေးပါကွာ။ဟိုလူကြီးကလည်း ခုထိမလာသေးဘူး"
"အချိန်မှမကျသေးဘဲ။သူ့အချိန်ရောက်ရင် လာခေါ်မှာပေါ့။ရိပ် ငါအပြင်ခနထွက်အုံးမယ်။ကိုကိုရောက်ပြီလား သွားကြည့်မလို့"
"အာ...နေပါအုံးကွာ။ငါတစ်ယောက်ထဲမနေချင်လို့ပါဆို ဖုန်းဆက်လိုက်လေ။ဖုန်းဆက်ပြီးမေးလည်းရရဲ့သားနဲ့"
"မရဘူးကွ။ငါကိုကို့အတွက် အဝတ်အစားထုတ်ပေးခဲ့ရတာမဟုတ်ဘူး။ဘယ်လိုတွေဝတ်လာမလဲ အဆင်ပြေပါ့မလား ငါတစ်ချက်လောက်သွားကြည့်ချင်လို့.."
"အစ်ကိုတိမ်လွှာ လာရင် ဒီအခန်းကိုဘဲအရင်လာမှာပါကွာ။မင်းကိုအရင်လာတွေ့မှာ။မသွားနဲ့နော်။ငါနဲ့ပဲနေ"
ပိကျီသည် ထိုင်ခုံအပုလေးပေါ်သို့ထိုင်ချလိုက်သည်။တကယ် စိတ်တွေပိန်လိမ်လာပြီနော် အဟင်း။ဒီနေ့သည် အစ်ကိုခွန်းနဲ့ရိပ်ရဲ့ မင်္ဂလာဆွမ်းကျွေးနေ့ပင်ဖြစ်သည်။
DU LIEST GERADE
ချစ်ခြင်းခြံရံ(Completed)(ZG&UN)
Romantik#ချစ်ခြင်း ခြံရံ#ဆိုတဲ့အတိုင်းပဲ ချစ်ခြင်းတရားတွေနဲ့ပဲ ကိုယ်မင်းဘဝကို ခြံရံပေးမယ်ကလေးငယ် *တိမ်လွှာ* *လျှန်းမြတ်မှူး* *လင်းရိပ်* *လင်းမြတ်တာရာ* *ခရောင်းငယ်* Myanmar Boy loveလေးပါ အဆွီလေးရေးမှာ😍ပုရွက်ဆိတ်ရော ခါချဉ်ရောအကုန်တက်...