16(UN&ZG)

14.2K 1.5K 44
                                    

# ချစ်ခြင်း ခြံရံ #၁၆

ဦးထည်ဝါပြန်ရောက်လာသည်နှင့်ကိုကိုဟာသူ့အဖေကိုနှုတ်ဆက်ပြီး ပိကျီ့ကိုအိမ်ပြန်လိုက်ပို့ပါသည်။

တစ်လမ်းလုံး ကားကိုပဲဂရုစိုက်၍ မောင်းနေပြီး တည်တင်းနေသောမျက်နှာထားနှင့် ကိုကိုဟာ ပိကျီ့ကိုလည်း စကားတစ်ခွန်းမှမဆိုလာပါ။အကယ်၍ စကားစခဲ့ရင်တောင် အကြောင်းအရာတွေသည်အနုတ်လက္ခဏာ ဘက်သို့ပဲဦးတည်ဖို့များတာကြောင့်ပိကျီ့လည်းဘာစကားမှမဆိုပဲတိတ်ဆိတ်စွာပဲလိုက်ပါလာခဲ့သည်။

အိမ်ရှေ့ရောက်တော့ အိမ်ထဲထိကားကို မောင်းမဝင်တော့ပဲ ခြံရှေ့မှာပဲရပ်ပေးသည်။ထိုတော့မှကိုကိုဟာ ပိကျီ့ဘက်သို့ လှည့်ကြည့်လာသည်။

"ကိုကို ဆေးရုံကိုပြန်သွားမှာပိကျီ့ အိမ်ထဲထိလိုက်မပို့တော့ဘူးနော် ဖြစ်တယ်မလား?"

ပိကျီ့ကားပေါ်ကဆင်းလိုက်ပြီး ဘေးတစ်ချက်မှာရပ်လိုက်ပြီး ကိုကို့ကိုယ်အဆင်ပြေကြောင်းပြောလိုက်သည်။

"ဟုတ် သားညကျရင် ဖုန်းဆက်လိုက်မယ်ကိုကို
ကားကိုဂရုစိုက်မောင်းနော်"

ကိုကိုကခေါင်းလေးပဲညိတ်ပြပြီး ကားကိုပြန်မောင်းထွက်သွားသည်။ထွက်သွားသည့်ကားလေးကို တစ်စုံးထိကြည့်ရင်း ရင်ထဲက အစိုင်အခဲကြီးက လှိုက်ကာလှိုက်ကာ တက်လာပါသည်။

အိမ်ထဲက မားက ကားသံကြားလို့ထင်သည် အိမ်ပြင်သို့ထွက်လာတာမို့ ပိကျီ့လည်းပျက်ယွင်းနေသည့်မျက်နှာကို အတတ်နိုင်ဆုံး ပြင်လိုက်သည်။

"ဟယ် အသေးလေးပါလား။မားက ၂ရက်လောက်နေမယ်ထင်တာ။ဒါနဲ့တိမ်လွှာရောပြန်သွားပြီလား ငယ်လေး"

မားက လမ်းအရှေ့ဘက်ကိုကြည့်ပြီးအရိပ်အယောင်ကိုမျှော်ရင်းပြောတယ်။

"ဟုတ် မား။ကိုကို့အဖေဆေးရုံတင်ရလို့သားတို့ပြန်လာတာ။ကိုကိုက အခုသားကိုပို့ပြီး ဆေးရုံပြန်သွားတယ်"

"ဟင်!အခုရော သားတိမ်လွှာရဲ့အဖေကသက်သာပြီလား"

ပိကျီ့သည်မားကိုခေါင်းညိတ်ပြပြီး အိမ်ထဲသို့သာဝင်လာခဲ့သည်။ကိုကိုတို့မိသားစုအကြောင်းတွေကိုမားနဲ့ပါးကိုမပြောချင်သေးပါ။ကိုကိုကလည်း မားနဲ့ပါးကို သိစေချင်မည့်ပုံမဟုတ်ခဲ့။

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now