# ချစ်ခြင်း ခြံရံ #၃၄
မှူးသည် ရိပ်လက်ကိုဆွဲကာ အစ်ကိုခွန်းအခန်းဆီသို့ပြန်လာခဲ့သည်။အသံတိတ်ပါလာသည့် ရိပ်သည်မျက်ဝန်းတွေအစ်ကာ မျက်လုံးတွေကတော့ နီရဲနေသည်။
ရိပ်ဘယ်လောက်ထိ နာကျင်ရမလဲဆိုတာသိပေမယ့် ဒီလိုမှမလုပ်ရင် ရိပ်သည် နှလုံးသားကိုအမှောင်ချထားသည့် ချောက်နက်ထဲမှ ပြန်တက်ဖို့ အစီအစဉ်ရှိပုံမပေါ်ပါ။ကျွန်တော့်ကိုချစ်မိလို့ နောင်တရတယ်ဆိုသည့်အတွေး ရိပ်ဆီမှာ ဘယ်တော့မှလည်းရှိလာမည်မဟုတ်။
အစ်ကိုခွန်းအခန်းရှိရာရောက်လာတော့ ဘယ်သူမှရှိမနေဘဲတိတ်ဆိတ်နေသည်။စောနကတွေ့ခဲ့သော သူနာပြုဆရာမလေးဝင်လာသည်။
"အစ်မ အစ်ကိုခွန်းဘယ်သွားတာလဲဗျ"
"ဟင် ဆရာတို့အနောက်လိုက်သွားတာလေ။မတွေ့ခဲ့ဘူးလားဟင်။ဆရာတို့ ထွက်သွားပြီးမကြာဘူး အနောက်ကအလောတကြီးနဲ့ ပြေးလိုက်သွားတာ"
ထိုစဉ်အခန်းတွင်းသို့ဝင်လာသည့်ခြေသံတစ်ခု။အစ်ကိုခွင်းဖြစ်သည်။လက်ထဲမှာယူလာသည့်စာရွက်ကိုသူနာပြုဆရာမလေးထံသို့ကမ်းပေးသည်။
"ဒါကို အရိုးအကြောဌာနက ဒေါက်တာဆီသွားပေး ပေးပါဆရာမ။ပြီးတော့ မနက်ဖြန် ကျွန်တော်ခွဲစိတ်မယ့်အချိန်လေးပါတစ်ခါတည်းငြိခဲ့ပေးပါ"
"ဟုတ်ကဲ့ဒေါက်တာ ကျွန်မအခုဘဲသွားလိုက်ပါ့မယ်"
ဆရာမလေးထွက်သွားတော့ အခန်းထဲမှာ သူတို့သုံးယောက်ဘဲကျန်နေခဲ့သည်။အစ်ကိုခွန်းသည် ထိုင်ခုံပေါ်လွှားထားသော ဂျူတီကုတ်ကိုဝတ်နေသည်။အခုထိ သူတို့နှစ်ယောက်ကို စကားမပြောလာသေး။အစ်ကိုခွန်းရဲ့ မျက်ဝန်းတွေသည်နီရဲနေသည်။စားပွဲပေါ်မှာတင်ထားသော နားကြပ်ကိုယူတဲ့အခါမှာ ကိုခွန်းရဲ့လက်တွေသိသိသာသာ တုန်ရီနေတာကိုတွေ့ရသည်။ ရိပ်ကို စကားစဖို့အရိပ်အခြေပြပေမယ့် ရိပ်သည်ခေါင်းကိုဘဲခါပြနေပြီး ကြမ်းပြင်ကိုသာ အကြည့်ပြန်ပို့ထားသည်။
"ဟို..အစ်ကိုခွန်း.."
"နှစ်ယောက်စလုံးအနောက်က လိုက်ခဲ့"
ŞİMDİ OKUDUĞUN
ချစ်ခြင်းခြံရံ(Completed)(ZG&UN)
Romantizm#ချစ်ခြင်း ခြံရံ#ဆိုတဲ့အတိုင်းပဲ ချစ်ခြင်းတရားတွေနဲ့ပဲ ကိုယ်မင်းဘဝကို ခြံရံပေးမယ်ကလေးငယ် *တိမ်လွှာ* *လျှန်းမြတ်မှူး* *လင်းရိပ်* *လင်းမြတ်တာရာ* *ခရောင်းငယ်* Myanmar Boy loveလေးပါ အဆွီလေးရေးမှာ😍ပုရွက်ဆိတ်ရော ခါချဉ်ရောအကုန်တက်...