11(UN&ZG)

14.7K 1.5K 43
                                    

# ချစ်ခြင်း ခြံရံ #၁၁

"ကိုကို"

ပိကျီ့ဘေးနားမှာစောင့်ပေးရင်းမှေးခနဲအိပ်ပျော်သွားသည့် တိမ်လွှာသည်အသံသေးသေးလေးကြောင့် နိုးလာခဲ့သည်။ညက မိမိအိမ်သို့လည်းမပြန်ဖြစ်ပဲ ပိကျီ့အနားမှာပဲ အဝတ်လဲပေး၊ရေစိုဝတ်ကပ်ပေးရင်းဖြင့် စောင့်ကြည့်ပေးခဲ့တာ။

"နိုးပြီလား ပိကျီ တော်သေးတာပေါ့ ကိုယ်ပူကျသွားလို့"

နဖူးလေးသို့လက်တင်တော့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့မော့ကြည့်လာသည်။မနေ့ကတွေ့တုန်းက သွေးရောင်မရှိပဲ ဖြူဖျော့နေသောနှုတ်ခမ်းသားလေးတွေသည် ပန်းရောင်ဘက်သို့အနည်းငယ် ကူးပြောင်းလာသည်။

"ကိုကို..သား..ရူးပေါက်ချင်တယ်"

"ဟင် အင်း လာဖြည်းဖြည်းထ ခေါင်းမူးနေမယ် "

ပိကျီ့ကိုယ်လုံးလေးကို ခပ်ဖြည်းဖြည်းပွေ့ထူပေးပြီး သန့်စင်ခန်းရှိရာသို့ပို့ပေးရသည်။

"ရတယ် ကိုကို သားဘာသာပဲအထဲဝင်မယ်ကိုကိုအပြင်ကစောင့်ပေးနော်"

"ဖြစ်ပါ့မလား မူးနေမှာစိုးလို့"

"ရတယ် ကိုကိုကလည်း"

ဘောင်းဘီလေးကို ဆုပ်ချေကိုင်ပြီးသန့်စင်ခန်းအဝမှာပေရပ်နေသောကလေးက တိမ်လွှာ့ကိုအထဲထိလိုက်ဝင်စေချင်ပုံမရ။ရဲရဲနီနေသော ပါးလေးနှစ်ဖက်က ရှက်နေတာဟု ပြောနေသယောင်။

တိမ်လွှာသည် ပိကျီ့အကြောင်းအထာပေါက်၍ တံခါးပိတ်ပေးပြီး အပြင်ကစောင့်နေလိုက်သည်။

အင်းလေ ကလေးက လူပျိုပေါက်အရွယ်လေးတောင်ရောက်နေပြီပဲ ရှက်တက်နေပြီပေါ့။

"တိမ်လွှာ အသေးလေးနိုးပြီလား"

ပိကျီ့အခန်းထဲသို့ ခေါင်းဝင်ကာလှမ်းမေးသည့်တာရာကြောင့် တိမ်လွှာသည်ပိကျီ့ရဲ့အိပ်ယာကိုသိမ်းပေးရင်းမှ အသံလှမ်းပြုလိုက်သည်။

"ခနနေရင် ဆင်းလာခဲ့မယ် တာရာ။အသေးလေးမျက်နှာသစ်နေလို့"

တာရာ အောက်ထပ်သို့ဆင်းသွားပြီးမကြာ ပိကျီ့နဲ့ကျွန်တော်လည်းအောက်ထပ်သို့ ဆင်းခဲ့ကြသည်။ကလေးငယ်ကတော့ မျက်နှာလေးအနည်းငယ်နွှမ်းနေသေး၏။

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now