Unicode Part -1+2

579 18 0
                                    

ကျွန်တော်နဲ့မင်းသားလေး..............................အပိုင်း(၁)...............................နေရောင်ဝါဆူညံသံတွေနဲ့ဝေးရာ ဒီချောင်လေးထဲမှာလာထိုင်နေမိတယ်။ ခဲတံနှင့်ဆေးရောင်ခြယ်စာအုပ်တစ်အုပ်ကိုအသည်းအသန်အရောင်ခြယ်နေမိတယ်။ အရောင်ခြယ်တယ်ဆိုပေမဲ့ ခဲတံတစ်ချောင်းတည်းနဲ့အဖျော့အမှိန်ခြယ်တာပါ။ အဲ့ဒီလိုခြယ်ရတာကိုပိုဝါသနာပါခဲ့မိတယ်။ ပုံဆွဲချင်ပေမဲ့ မဆွဲတတ်တာကြောင့်စာအုပ်လေးတွေဝယ်ပြီးတော့ပဲ ခြယ်နေရတာပေါ့။ငယ်ငယ်ကတည်းက မိဘတွေကွဲသွားပြီး ငယ်လွန်းသေးတာမို့ အမေ့ရဲ့နောက်ပါသွားရတာဖြစ်သည်။ထိုအချိန်ကနားနဲ့မဆန့်အောင်ကြားခဲ့ရတဲ့စကားတွေက..."သူ့ကံကြောင့်လေ...သူမွေးလို့မိဘတွေလဲစီးပွားပျက်ပြီးကွဲကြကွာကြဖြစ်တာ""ဟုတ်လား...သူ့အဖေကလဲမကောင်းဘူးမလား""ကလေးဆိုတာ သူ့စည်းစိမ်နဲ့သူလာတာ တခြားကလေးတွေဆိုမိဘကိုစီးပွားတက်အောင်တောင်လုပ်ပေးသေးတယ်လေ"အဲ့ဒီစကားသံတွေကြားရတော့ ကျွန်တော်မျက်နှာတင်းနေမိတယ်။ငယ်သေးတော့ သူတို့ကစူပုတ်နေတာလို့ပဲပြောခဲ့ကြပါတယ်။ မျက်နှာငယ်နဲ့နေမိရင် ကျွန်တော့်ကိုခေါင်းမထူနိုင်အောင်နိုင်စားကြတော့မှာမှန်းသိတာကြောင့် ကျွန်တော့်မျက်နှာပေါ် စူပုတ်တင်းမာနေတဲ့မျက်နှာဖုံးတစ်ခုတပ်ထားလိုက်တယ်။ရင်ထဲမှာဘယ်လောက်ဝမ်းနည်းအားငယ်နေနေမပေါ်လွင်စေမဲ့ မျက်နှာမျိုးပေါ့။အမေ့အမျိုးတွေကိုစကားနည်းနည်းမှားပြောတာနှင့်အမေကစူပူတတ်ကာ အမြဲပြောနေကြစကားရှိသေးသည်။"စကားတစ်ခွန်းကိုမပြောခင်စဉ်းစား စွတ်စွတ်မပြောနဲ့" တဲ့အဲ့ဒီစကားကြီးအခုထိစိတ်ထဲစွဲနေလို့လဲဘယ်သူဘာပြောပြောချက်ချင်းမတုန့်ပြန်မိတော့...ကိုယ်ပြောတဲ့စကားမှားသွားမှာကြောက်လို့ပါ။ထားပါတော့...ဒါတွေကကြုံနေကြပါပဲလေအခုကျွန်တော့်အသက် ၂၀ တောင်ရှိနေပြီပဲ ဒါတွေလဲခံစားမနေချင်တော့ပါဘူး။သူများမသထာရေစာစားရလို့လားမသိ လူကောင်ကလဲထွားကျိုင်းလွန်းနေသည်။ အရပ်ရှည်တာပါပေါင်းလိုက်တော့ လူကောင်ကြီးတာပိုသိသာနေတာပေါ့။စိတ်တိုတိုင်း လေ့ကျင့်ခန်းတွေလုပ် ရေသွားကူးနဲ့နေလာတာမို့ မိန်းကလေးတွေနှစ်သက်လောက်တဲ့ခန္ဓာကိုယ်မျိုးကိုရထားပါသည်ပေါ့။အခုလဲ အမျိုးတွေစုံရင်းစကားတွေဖောင်ဖွဲ့နေကြပြီမို့ ခပ်ဝေးဝေးကိုထွက်လာခဲ့တာပါ။ဒီနားလေးက ချောင်ကျတာမို့ကျွန်တော်သေချာရွေးချယ်ထားခဲ့တာ...ထောင့်နားမှာမို့လမ်းမီးတိုင်ကမှုန်ပျပျအလင်းနဲ့ ကျွန်တော်အရောင်ခြယ်လို့ရနေသည်။စိတ်တည်ငြိမ်အောင်လို့စိတ်ညစ်တိုင်း အရောင်ခြယ်ရတာကိုကျွန်တော်ကြိုက်ခဲ့သည်။မင်းသားနဲ့မင်းသမီးပုံလေးတွေပါတဲ့ စင်ဒရဲလားတို့စနိုးဝှိုက်တို့ရဲ့ရောင်စုံခြယ်စာအုပ်လေးတွေအများဆုံးဝယ်ဖြစ်တယ်။ ကာတွန်းတွေထဲမှာသူတို့ရဲ့ဘဝတွေကနေ့ချင်းညချင်းပြောင်းလဲသွားကြတာမလား။ ဒါပေမဲ့ ခဲခြယ်ဖြစ်တိုင်းမင်းသားလေးတွေရဲ့ပုံကိုပဲခြယ်ဖြစ်ခဲ့သည်။ဘာကြောင့်မှန်းမသိငယ်ငယ်ထဲကမိန်းကလေးတွေကိုစိတ်မဝင်စားတတ်တာကိုယ့်ကိုကိုယ်တောင်အံ့သြမိရတဲ့အထိ။ သူတို့ဘယ်လောက်အထာပေးပေးမသိသလိုပဲနေဖြစ်ခဲ့သည်။ ယောကျာ်းလေးတွေတွေ့ရင်တော့တစ်ခါတစ်လေလိုက်ကြည့်မိသည်။စွပ်ကျယ်အဖြူလေးအောက်မှာပေါ်နေတဲ့ သူတို့နို့သီးလေးတွေကိုဆိတ်ကြည့်ချင်မိသည်။သူတို့ဖင်လုံးလုံးလေးတွေကိုညှစ်ကြည့်ချင်မိသည်။ဆယ်တန်းနှစ်သူငယ်ချင်းတစ်ကောင်နှင့်တူတူအိပ်ရင်းကမှ ကိုယ့်ကိုကိုယ် လိင်တူနှစ်သက်တာမှန်းသေချာသွားတာဖြစ်သည်။ဒါပေမဲ့စိတ်မပျက်မိပါ။ အိမ်ထောင်ရေးဆိုတာကြီးကိုလဲအစကတည်းကစိတ်ပျက်နေတာမို့ပိုတောင်ကောင်းသေးသည်ဟုပဲတွေးမိထားလေသည်။လွတ်လွတ်လပ်လပ် ချစ်ကြိုက်လို့ရသည်။လမ်းခွဲဖြစ်ကြလဲဘယ်သူ့ကိုမှငဲ့စရာမလို ဘယ်သူ့အတွက်မှလဲစိတ်ပူစရာမလို...တချို့ကတော့ပြောသည်။ ကျွန်တော်ကအချစ်နဲ့မတွေ့သေးလို့အဲ့လိုပြောနိုင်တာတဲ့။ အဲ့ဒီလိုပြောတိုင်းကျွန်တော် ဟားတိုက်ရယ်ပစ်ခဲ့သည်။အတွေးတို့ကိုပြန်ရုတ်သိမ်းရင်း ခြယ်လက်စမင်းသားပုံလေးကိုအာရုံစိုက်ခြယ်နေမိသည်။ခဏနေတော့ပြီးသွားတဲ့ပုံကိုအရသာခံကြည့်နေမိရင်း"ဖြောက်....ဖြောက်....ဝေါ"မိုးကရုတ်တရက်ရွာချလာတာမို့ အေးစက်သောမိုးရေစက်အချို့ ကျွန်တော့်အပေါ်အပြေးအလွှားကျလာကြသည်။စာအုပ်လေးကို မိုးမပက်နိုင်အောင်အနောက်ထဲရွှေ့ခဲ့ကာ ကျွန်တော်လမ်းမပေါ်ပြေးထွက်လိုက်သည်။ မိုးစက်လေးတွေကျွန်တော့်ကိုယ်ပေါ်အလုအယက်နေရာယူနေကြသည်။ကျွန်တော် မျက်နှာကိုမော့ပြီးကျေနပ်စွာပြုံးနေမိသည်။ မိုးသံလေသံနဲ့ဆိုတော့ကျွန်တော့်စိတ်ကြိုက်အော်လို့ရသည်။ပေါက်ကွဲလို့ရသည်။ ဒီလမ်းလေးကလူသွားလူလာသိပ်မရှိသလိုကားလဲရှင်းသည်။ ညလဲတော်တော်နက်နေပြီမို့ လမ်းပေါ်မှာ ွကျွန်တော်မှလွဲ၍ဘယ်သူမှမရှိ။ကျွန်တော်လမ်းမပေါ်ထိုင်ချလိုက်ကာ မိုးစက်တွေတဖျောက်ဖျောက်ကျသံကိုခံစားနေမိသည်။ဘယ်လောက်ကြာသွားသည်မသိ...ကျောနောက်မှအလင်းရောင်ကြောင့်ကပျာကယာထလိုက်မိသည်။ နောက်ကိုလှည့်လိုက်တော့ကားမီးရောင်ကမျက်စိကိုစူးခနဲဖြစ်သွားစေသည်။ မျက်စိကိုလက်နဲ့ကာလိုက်မိရင်း ရှောင်ဖို့လုပ်နေစဉ်"တီ...."ခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါးသွားသလို လွင့်မျောသွားလေသည်။ ပတ်ဝန်းကျင်ကအသံတွေပါတိတ်ကျသွားကာ.................................................မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ကျွန်တော့်ကို ဖေးမထားသောလူတစ်ယောက်...ကျွန်တော့်ကိုယ်မှာလဲရေတွေရွှဲနေသည်။"မင်းသားလေး သူသတိရလာပါပြီ"ကျွန်တော့်ခေါင်းကိုသူ့လက်ဖံပေါ်တင်ထားရင်း သူ့ကိုယ်လေးနဲ့ကျွန်တော့်ကိုမနိုင်မနင်းထိန်းထားတာဖြစ်သည်။ အနောက်ကိုတစ်ခုခုလှည့်ပြောနေရာကနေသူပြန်လှည့်လာကာ ကျွန်တော့်ကိုပြုံးပြလေသည်။မျက်နှာလေးကဖြူနုနေကာချစ်စဖွယ်လေးဖြစ်သည်။သူ့ကိုယ်ပေါ်ကအဝတ်တွေလဲရေစိုနေလေသည်။ ကျွန်တော်အခုမှသူ့ကိုသေချာကြည့်မိသည်။သူဝတ်ထားတာက ကျွန်တော့်ရောင်စုံခြယ်စာအုပ်ထဲမှမင်းသားလေးတွေအတိုင်း...ကြယ်သီးအစုံတပ်ထားသော အင်္ကျီအနီရောင်က သူကိုယ်ပေါ်မှာချပ်ရပ်စွာနေရာယူထားလေသည်။ကျွန်တော်မျက်လုံးပြူးသွားသည်။အခုကျွန်တော်ရောက်နေတာဘယ်နေရာပါလိမ့်...ကျွန်တော်ဝုန်းကနဲ ထထိုင်လိုက်မိသည်။အပိုင်း(၂)............................နေရောင်ဝါ"ရေမွန်းနေတုန်းလား ကြင်ယာတော်""ဟမ်"ကျွန်တော်အံ့သြပြီးရင်းအံ့သြနေရသည်။ဘယ်လိုကြီးခေါ်လိုက်တာပါလိမ့်။"မင်းကဘယ်သူလဲ...ငါကရောဘယ်ရောက်နေတာလဲ""မင်းသားလေးကိုရိုရိုသေသေခေါ်မှပေါ့"ကျွန်တော့်ကိုသူ့နောက်မှလူကြီးတစ်ယောက်ကဝင်ပြောလေသည်။ သူကအသာလေးလက်ကာလိုက်ကာ"ရပါတယ်ဗျ...သူပြောတတ်သလိုပြောပါစေ...နောက်မှသင်ပေးရမှာပေါ့"ကျွန်တော်သူ့ကိုနားမလည်နိုင်သလိုကြည့်နေတော့..."ကြင်ယာတော် ရေနစ်နေတာကို မောင်တော်က လှမ်းတွေ့လိုက်လို့ဆင်းကယ်ထားရတာ။ ကြင်ယာတော်ကိုမြင်မြင်ချင်းနှစ်သက်တာမို့ လက်ဆက်ဖို့ ဘဘတွေနဲ့တိုင်ပင်နေကြတုန်း သတိပြန်ရလာတာပဲ""ဟားဟားဟား..."သူ့စကားဆုံးတော့ကျွန်တော်အားရပါးရရယ်လိုက်မိသည်။ ကျွန်တော်ကရေနစ်တယ်တဲ့ ဖြစ်စရာလား။ကျွန်တော့်ကိုများကြင်ယာတော်တဲ့ သူ့ကိုယ်သူလဲမောင်တော်လို့ပြောလိုပြော။ ယောကျာ်းချင်းလက်ဆက်မလို့တဲ့ အဲလေ...ယူမလို့ဆိုပါလား။ဘယ်သူကမှလဲမတားကြဘူးလားမသိ။"ဘယ့်နှယ်ဒီလောက်အကျယ်ကြီးရယ်နေရတာလဲ မောင်မင်း"သူ ဘဘဟုခေါ်သောလူကြီးကဟောက်ပြန်တာမို့ကျွန်တော်ပြန်ငြိမ်နေလိုက်သည်။ သူကတော့ ဘာမှမပြောပဲကျွန်တော့်ကိုပြုံးပြုံးကြီးကြည့်နေလေသည်။ နေနှင့်ဦးပေါ့ကွာ...ဘယ်သူကကြင်ယာတော်အခေါ်ခံရမလဲ မင်းကိုပြရသေးတာပေါ့..."နန်းတော်ထဲပြန်ကြရအောင်""ကောင်းပါပြီမင်းသားလေး""ထနိုင်ရဲ့လားကြင်ယာတော်...ဒီရထားလုံးပေါ်တက်ပါ"တက်ဆိုတော့လဲတက်ရတာပေါ့။ ရထားလုံးပေါ်ထိုင်မိပြီးတော့မှကိုယ့်ကိုကိုယ်ပြန်ကြည့်မိသည်။ကျွန်တော့်ကိုယ်ပေါ်မှာစွပ်ကျယ်နှင့်အိမ်နေရင်းပုဆိုးက ညကအတိုင်းပဲရှိနေသည်။သူတို့အားလုံးကတော့ တောက်တောက်ပြောင်ပြောင်နှင့်ဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးကလဲအေးအေးချမ်းချမ်းနှင့် မီးပွိုင့်ပိတ်တာတို့ကားကျပ်တာတို့လဲမရှိ...ရာသီဥတု ကလဲမပူမအေးလေးနှင့်နေလို့အတော်အဆင်ပြေလေသည်။နန်းတော်အဝင်ဝရောက်တော့တံခါးချပ်ကြီးများပွင့်လာကာ ရထားလုံးလေးကိုလမ်းလေးအတိုင်းမောင်းဝင်လာကာ တခြားသော မြင်းတွေလူတွေပါအတူတူ ဝင်ခဲ့ကြလေသည်။တိုက်အိမ်ကြီးလိုပုံစံမျိုးနဲ့အဆောက်အဦရှေ့ရောက်တော့ ရထားလုံးလေးကရပ်သွားပြီး သူကအရင်ဆင်းသွားလေသည်။ ပြီးတော့ကျွန်တော့်ကို လက်ကမ်းပေးလေသည်။ကျွန်တော်သူ့လက်ကိုမကိုင်ပဲဒီအတိုင်းပဲခုန်ဆင်းလိုက်သည်။"ဒီလမ်းအတိုင်းလိုက်ခဲ့ပါ ကြင်ယာတော်"သူပြောတော့လဲလိုက်ခဲ့ရတာပေါ့ဗျာ။ ကျွန်တော်ကြည့်မိသလောက် မိန်းကလေးတစ်ယောက်တစ်လေမှမတွေ့ရ။အစေခံမှအစဝန်ထမ်းတွေအဆုံး အားလုံးယောကျာ်းလေးတွေချည်းသာဖြစ်သည်။လှေကားအတိုင်းတက်လာပြီးအပေါ်ရောက်တော့ သူကတံခါးတစ်ခုကိုဖွင့်လိုက်ကာ အထဲကိုဝင်ခိုင်းလေသည်။ အထဲမှာလဲအတော်ကိုကျယ်ဝန်းတာပင်။ကုတင်တွေစားပွဲတွေနှင့် ခန်းဆီးတွေကလဲ ကတ္တီပါစတွေဖြစ်ပြီး ကော်ဇောကလဲအိစက်နေတာဖြစ်သည်။"လာလေ...ကြင်ယာတော်...အဝတ်အစားလဲရအောင်"သူကပြောပြီးဗီရိုကြီးကိုဖွင့်ကာ သူ့အင်္ကျီတွေထုတ်နေလေသည်။"မင်း အင်္ကျီကငါနဲ့ဘယ်လိုလုပ်တော်မှာလဲ...ပြီးတော့ငါကညစ်ပတ်နေတာရေချိုးချင်သေးတယ်""သြော်...ဟုတ်သားပဲ...ဒါဆိုခဏထိုင်ဦး"သူကခလုတ်လေးတစ်ခုကိုနှိပ်လိုက်တော့ အပြင်ကနေ လူလေးယောက်ဝင်လာလေသည်။"အပ်ချုပ်ဆရာကိုတစ်ယောက်သွားခေါ်ပါ...တစ်ယောက်ကရေချိုးဖို့အသင့်ပြင်ပေး...နောက်နှစ်ယောက်က စားဖို့ ပွဲတော်ကိုယူလာခဲ့ပါ။""ကောင်းပါပြီ မင်းသားလေး"သူ့အမိန့်အတိုင်းတစ်ယောက်ကအထဲဝင်သွားပြီးကျန်သုံးယောက်ကအပြင်ထွက်သွားသည်။ကျွန်တော်လဲစွပ်ကျယ်ကိုချွတ်လိုက်တော့"အထဲရောက်မှချွတ်လေ...ကြင်ယာတော်...သူများမြင်လို့မသင့်တော်ဘူး""ဒီမှာ မင်းပဲရှိတာလေ...ဘာဖြစ်လဲ ပြီးတော့ ငါတို့ကယူရတော့မှာဆို"သူကတဘက်လှမ်းပေးဖို့ကျွန်တော့်ဆီလျှောက်လာရင်း"ယူတယ်ဆိုတာဘာကိုပြောတာလဲ ကြင်ယာတော်"သူပဲကျွန်တော့်ကိုယ်ပေါ်တဘက်ကိုလွှားတင်ပေးရင်းမေးတော့ ကျွန်တော်မတ်တပ်ရပ်လိုက်ကာ သူ့ကိုဆွဲဖက်လိုက်သည်။အသည်းယားလာလို့ဖြစ်သည်။ပါးကိုနမ်းလိုက်တော့သူ့မျက်နှာလေး ချက်ချင်းနီသွားကာ မရဲတရဲလေးမော့ကြည့်လာရင်းရုန်းနေလေသည်။ကျွန်တော်ကလွှတ်မပေးပဲ နှုတ်ခမ်းပါးလေးတွေကိုစူးစိုက်ကြည့်နေတော့ သူပြန်ငုံ့သွားသည်။သူ့မေးစေ့လေးကို ပင့်မနေတုန်း"အဆင်သင့်ဖြစ်ပါပြီ မင်းသားလေး"ကျွန်တော်သူ့ကိုအသာလေးလွှတ်ပေးလိုက်တော့မှ"အင်း ရပြီ...သွားတော့"ကောင်လေးကခေါင်းငုံ့နေတာမို့ ကျွန်တော်တို့အခြေအနေကိုတွေ့လား မတွေ့လားတော့မသိ။ သူကတော့ ကျွန်တော့်ကိုကျောပေးရပ်နေလေသည်။ကျွန်တော်လဲရေချိုးမှာမို့ ပုဆိုးကိုပါချွတ်ချလိုက်လေသည်။သူကပြန်လှည့်လာကာ"အမလေး..."သူအော်တော့ကျွန်တော်တောင်လန့်သွားမိသည်။"ဘာဖြစ်လို့လဲ...ဘာလို့အော်တာတုန်း""ဘယ်လိုကြီးလုပ်နေတာတုန်း...အထဲရောက်မှချွတ်ပါဆို"သူကျွန်တော့်အောက်ပိုင်းကိုလက်ညှိုးထိုးရင်းပြောတော့မှ"ရေဆိုနေလို့ချွတ်တာလေ...ပြီးတော့ယောကျာ်းချင်းပဲ...မင်းကဘာလန့်တာလဲ"ကျွန်တော်ခါးအောက်မှာသဘက်ကိုပတ်ရင်း သူ့ဆီလျှောက်သွားမိသည်။သူကနောက်ဆုတ်နောက်ဆုတ်နှင့် သူ့ကျောပြင်လေး နံရံဆီကပ်သွားတော့မှရပ်လေသည်။"ငါနဲ့အတူတူ ရေချိုးပါလား...ပျော်ရတာပေါ့""မချိုးပါဘူး...ကြင်ယာတော်ချိုးပြီးမှပဲချိုးမယ်...ပြီးတော့..."အခုထိကြင်ယာတော်လို့ခေါ်နေတုန်းပင်။ သူ့အနားကိုထပ်ပြီးတိုးကပ်သွားရင်း သူ့အင်္ကျီကိုချွတ်ဖို့လုပ်နေမိသည်။"ပြီးတော့ ဘာဖြစ်လဲ...ပြောလေ""မင်းနဲ့ငါနဲ့ မပြောပါနဲ့ မောင်တော်ကအသက်ပိုကြီးတယ်""မင်းအသက်ကဘယ်လောက်မို့လို့လဲ ငါက ၂၀""မောင်တော့်အသက်က ၂၁နှစ်ရှိပြီ""တစ်နှစ်တည်းပဲကွာတာ...ဘာမှမဖြစ်ဘူး...ဒါနဲ့မင်းမှာနာမည်မရှိဘူးလား"များပြားလှသောကြယ်သီးတွေနှင့်ခပ်ရှုပ်ရှုပ်အင်္ကျီကိုချွတ်ပြီးပြီမို့ ဘေးနားက ခုံပေါ်လှမ်းတင်ထားလိုက်သည်။သူ့အသားလေးကဝင်းမွတ်ပြီးချောနေတာလေးက ကိုက်စားပစ်ချင်စရာ...ကျွန်တော် သူ့ရင်ဘတ်လေးကိုကိုင်မလို့လုပ်တော့ သူက ကျွန်တော့်လက်ကို လှမ်းကိုင်ကာ"ဝေယံ...မောင်တော့်နာမည်ကဝေယံမင်း"နာမည်ကသိပ်အထူးအဆန်းကြီးတော့မဟုတ်ဘူးပဲ။ဒါလဲကောင်းပါတယ်လေ။"ဒါနဲ့ကြင်ယာတော်ကဘယ်မှာနေတာလဲ...ဘယ်ကနေလာတာလဲ...""တော်ပြီ ဆက်မမေးနဲ့တော့...မသိဘူး...ငါ့နာမည်က နေရောင်ဝါ...ကျန်တာမသိဘူး"သူ့မေးခွန်းတွေကိုနှုတ်ပိတ်ဖို့ကျွန်တော် သူ့နှုတ်ခမ်းတွေကိုနမ်းပစ်လိုက်လေသည်။သူ့လက်လေးတွေကျွန်တော့်ကိုတွန်းထုတ်ဖို့လုပ်နေပေမဲ့ ခဏနေတော့ အားပျော့သွားကြသည်။ကျွန်တော့်လျှာကိုအထဲထိသွင်းကာ တရှိုက်မက်မက်နမ်းနေမိသည်။ သူ့ထံမှ ညည်းညူသံ ဗလုံးဗထွေးလေးက ကျွန်တော့်ကိုပိုရင်ခုန်စေသည်။ခဏနေ ကျွန်တော်လွှတ်လိုက်တော့မှ သူက အသက်ကိုအလုအယက်ရှူနေကာ ကျွန်တော့်ကိုလဲထုလေသည်။"ဘယ်လိုတွေလုပ်နေတာလဲ...ဒီမှာသေတော့မယ်""ချစ်လို့နမ်းတာလေ ဘာဖြစ်လို့လဲ""အဲ့ဒါနမ်းတာမှမဟုတ်တာ...ရေနစ်တဲ့သူကိုကယ်မှအဲ့လိုလုပ်ရတာလေ""ဟားဟားဟား...."ဘယ်လိုမင်းသားမျိုးပါလိမ့်။ သူ့ကိုဘယ်သူကမှ အဲ့ဒီလိုမနမ်းဖူးဘူးထင်ပ။ အဲ့ဒါကြောင့်ခုနကကျွန်တော်အဝတ်အစားတွေချွတ်တော့လဲအော်နေတာဖြစ်မည်။ ရုပ်ရှင်ထဲကမင်းသားတွေကိုဆို ရေချိုးပေးတဲ့သူနဲ့ အင်္ကျီဝတ်ပေးတဲ့သူနဲ့စုံလို့ပါ။ သူ့ကျမှ....ပျော်စရာတော့ကောင်းဦးမှာအမှန်ပင်။ကိုယ့်အတွေးနှင့်ကိုယ်ရင်ခုန်သံတောင်မြန်လာရသည်။သူ့ကိုလှမ်းကြည့်လိုက်တော့ သူကပြန်ကြည့်တာနှင့်တိုးကာ..."ဘာလို့ကြည့်နေပြန်တာလဲ ဘာလုပ်မလို့လဲ ကြင်ယာတော်နော်""အဲ့ဒီ ကြင်ယာတော်လို့ခေါ်နေတာကြီးပျောက်အောင်လုပ်ပေးမလို့...လာထား.."ကျွန်တော်ပြောလဲပြော သူ့ကိုယ်လေးကိုပါ ချီမလိုက်တော့"ဘာလုပ်ဦးမလို့လဲ....အောက်ချပေး...ဖယ်..."သူ့လက်သီးဆုပ်လေးတွေနှင့်ထုရင်း ရုန်းနေလေသည်။ကျွန်တော့်ခြေလှမ်းတွေကတော့ ရေချိုးဖို့ပြင်ပေးထားတဲ့နေရာဆီသို့...

ကျွန်တော်နှင့်မင်းသားလေးOù les histoires vivent. Découvrez maintenant