ကျွန်တော်နှင့်မင်းသားလေး
..................................
အပိုင်း(၇)
....................................
နေရောင်ဝါ
ကျွန်တော်သူ့ကိုယ်လေးကိုပွေ့ပြီးနန်းတော်ထဲဝင်လာခဲ့ကာ
"ဦးရေ လုပ်ပါဦး ဒီမှာဝေယံ....."
ကျွန်တော် ဝေယံ့မယ်တော်ကိုလှမ်းပြောပြီး ကျွန်တော်တို့အခန်းဆီအမြန်သွားလိုက်သည်။
အခန်းထဲရောက်တော့ဝေယံ့ကိုကုတင်ပေါ်ချကာသူ့ချွေးလေးတွေသုတ်ပေးရင်း စကားတွေပြောနေမိသည်။
"ဝေယံ စိတ်လျှော့ထားနော်....မောင်ရှိတယ်..."
"မောင်...ဗိုက်ကအရမ်းနာတယ်....ဟင့်ဟင့်...."
ကျွန်တော်သူ့လက်လေးကိုဆုပ်ကိုင်ကာအားပေးနေမိသည်။သူလဲကျွန်တော့်
လက်ကိုခပ်တင်းတင်းပြန်ဆုပ်ကိုင်ထားသည်။
"ခဏလေးပဲအားတင်းထားနော်ဝေယံ...မောင်တို့ရဲ့ကလေးလေးကိုမြင်ရတော့မယ်လေ....မောင့်ကိုပဲကြည့်နေနော်ဝေယံ"
ကျွန်တော်တို့အခန်းထဲကိုသမားတော်တွေ၊အခြွေအရံတွေဝင်လာပြီး ပြင်ဆင်နေကြသည်။
နာကျင်မှုတွေကိုဝေယံ့မျက်နှာမှာအထင်းသားမြင်နေရတော့ ကျွန်တော်ဘယ်လိုမှ မခံစားနိုင်ပါ။
ဝေယံနဲ့အတူကျွန်တော်ပါမျက်ရည်တွေကျနေမိသည်။
ဝေယံ့ရဲ့ အောက်ပိုင်းကိုသူတို့ ကာလိုက်ကြပြီး ဆေးထိုးလိုက်သည်ထင်သည်။
"မောင် တောင်းပန်ပါတယ်ဝေယံရယ်....ဝေယံနာကျင်နေရတာမောင့်ကြောင့်ပါ..."
ကျွန်တော်ပြောရင်းမျက်ရည်ကျနေမိတော့
"အဲ့ဒီလိုမပြောပါနဲ့မောင်ရယ် ဝေယံအခုဘာမှမဖြစ်တော့ဘူးနော်...အခုမနာတော့ပါဘူး
မောင်ရဲ့...ဝေယံ့ကိုပဲကြည့်နေပြီးအားပေးလေ....နော်မောင်"
ကျွန်တော်ခေါင်းကိုသာတွင်တွင်ညိတ်ပြနေမိသည်။
ဝေယံသတိမေ့မသွားဘူးဆိုတော့ ထုံဆေးပေးလိုက်တာဖြစ်မည်။