ကျွန်တော်နှင့်မင်းသားလေး..............................အပိုင်း(၆)................................ဝေယံမင်း"အစကပြောခဲ့သလိုပဲ မင်းစိတ်ကြိုက်ဆုံးဖြတ်ပါ ထွက်သွားချင်တယ်ဆိုလဲ မင်းသဘောပါပဲ"အခန်းနားရောက်တာနဲ့ကြားလိုက်ရတဲ့မယ်တော့်အသံကြောင့်လူကမူးသွားကာ လဲမကျအောင်မနည်းထိန်းလိုက်ရသည်။မောင်ကထွက်သွားမှာတဲ့လား။ ဒါကြောင့်မောင်မပျော်နိုင်ဖြစ်နေတာနေမှာ...ငါ...ဘာဆက်လုပ်ရမလဲမျက်လုံးတွေလဲပြာဝေလာကာအသက်ရှူလို့မဝတော့ပေ။ဆက်ပြောနေကြသည့်စကားသံတွေကြားနေရပေမဲ့ ဘာတွေပြောနေကြမှန်းသဲသဲကွဲကွဲမကြားရတော့ပဲ လူကပါယိုင်လာသည်။ထိန်းနေရင်းနဲ့ပဲ ဘယ်လိုမှမရတော့ပဲ လောကကြီးနှင့်အဆက်အသွယ်ပြတ်သွားတော့သည်။..........................................................နေရောင်ဝါကျွန်တော်သူ့ကိုယ်လေးကိုပွေ့ကာ ကျွန်တော်တို့အခန်းရှိရာဆီ အမြန်သွားနေသလို သူ့အမေကလဲသမားတော်ခေါ်ဖို့ညွှန်ကြားနေတာနှင့် ညဘက်ကြီး နန်းတော်ထဲမှာ ဆူဆူညံညံ တွေဖြစ်သွားသည်။ကျွန်တော်သူ့ကိုယ်လေးကိုမွေ့ရာပေါ်အသာချလိုက်ရင်းစိုးရိမ်စိတ်တို့က ဒီရေအလားမြင့်တက်နေသည်။တကယ်ဆိုသူလိုက်ခဲ့မည်ဆိုကတည်းက ကျွန်တော်ခေါ်ခဲ့သင့်တာပါ။ချစ်သူတွေကြားမှာလျှို့ဝှက်ချက်ဆိုတာရှိစရာမဟုတ်မှန်းလဲကျွန်တော်သိပါတယ်။ဒါပေမဲ့ သူကျွန်တော့်အကြောင်းတွေသိသွားရင် အရမ်းထိတ်လန့်သွားမှာစိုးတာကြောင့်သူ့ကိုမခေါ်ဖြစ်ခဲ့တာပါ။အခုနေသူသာတစ်ခုခုဖြစ်သွားရင် ကျွန်တော့်ကိုယ့်ကိုကိုယ်အပြစ်တင်လို့ဆုံးမှာမဟုတ်တော့ပါ။ သူသာကျွန်တော့်ရဲ့ကမ္ဘ္ဘာတစ်ခုပါ။အတွေးတို့ကယောက်ယတ်ခတ်နေရင်း သူ့ဆံပင်လေးတွေသပ်တင်ပေးရင်းမျက်ရည်ကျနေမိသည်။ယောကျာ်းမပီသဘူးပဲဆိုဆိုသူ့ကိုဆုံးရှုံးရမှာကို ကျွန်တော်အဲ့ဒီလောက်အထိစိုးရိမ်ပူပန်မိပါသည်။"အရမ်းစိတ်မပူပါနဲ့ မောင်နေရောင်ဝါ...သမားတော်ကြီးစမ်းသပ်ကြည့်ပါလိမ့်မယ်"သမားတော်ကြီးက တခြားတစ်ဖက်မှနေရာယူလိုက်ကာ ဝေယံ့ကိုစမ်းသပ်ပေးနေလေသည်။"အားနည်းနေလို့ရယ်စိတ်လှုပ်ရှားလို့ရယ်ဖြစ်သွားတာပါ...စိတ်မပူပါနဲ့ ကျွန်တော်မျိုးအားဆေးပေးခဲ့ပါ့မယ်။ ခဏနေသတိရလာပါလိမ့်မယ်""ဟုတ်ကဲ့ပါခင်ဗျ""မောင်"ကျွန်တော်သမားတော်ကြီးကိုဖြေပြီးပြီးချင်းပဲ ဝေယံသတိပြန်ရလာကာ ကျွန်တော့်ကိုခေါ်လေသည်။ ကျွန်တော်လဲဝမ်းသာသွားပြီး"ဘာမှမဖြစ်လို့တော်သေးတာပေါ့ဝေယံရယ် မောင် စိတ်ပူလိုက်ရတာကွာ""မောင်....မောင် က ဘယ်ကိုသွားမှာလဲ...အီး...ဟီးဟီး...ဝေယံ့ကိုထားခဲ့တော့မလို့လားမရဘူးနော် ...ဘယ်မှမသွားရဘူး...အီးဟီးဟီး"သူသတိရလာပြီမို့ သူ့မယ်တော်နှင့်သမားတော်တွေရော တခြားသူတွေပါ ပြန်ထွက်သွားကြသည်။အခုတော့ အခန်းထဲမှာသူနှင့်ကျွန်တော်နှစ်ယောက်တည်းပဲရှိတော့သည်။ကျွန်တော့်ကိုဖက်ကာငိုနေသောသူ့ကိုအသာလေးပြန်ဖက်ထားလိုက်ကာသူ့စိတ်ကြိုက်ထုရိုက်နေတာကို ပြုံးပြီးခံနေမိသည်။ သူကကြားသွားတာကိုး...သေချာတာတော့ သူ ကျွန်တော့်ဆုံးဖြတ်ချက်ကိုမကြားလိုက်တာမို့ဒီလောက်ထိဝမ်းနည်းနေတာပဲဖြစ်ရမည်။"ဝေယံက ဘာတွေကြားသွားလို့လဲဗျ""မေးတာကိုအရင်ဖြေပါ...မောင်ကတကယ်ထားခဲ့ဖို့ကြံနေတာကိုး...ဝေယံသိသွားတော့စိတ်ပျက်သွားတာလား""မဟုတ်ရပါဘူးဗျာ"သူ့ဘာသာပြောနေရင်း ရင်ခွင်ထဲကထသွားသောကောင်လေးကို အသည်းယားကာ ကျွန်တော်ခပ်ဟဟရယ်မိရင်းပြန်ပြောတော့"ဘာမဟုတ်တာလဲ...ဘာရယ်တာလဲ...ဖြေ...ခုဖြေ"မျက်ရည်တွေဝဲနေရင်း တွန်းထိုးကာမေးလာသောသူ့ကိုယ်လေးကိုအသာထိန်းဖက်လိုက်ကာ"မောင် ဘယ်မှမသွားပါဘူးဗျာ...ဝေယံအမြင်ကတ်တဲ့အထိ ဝေယံ့နားမှာတစ်သက်လုံးနေသွားမှာပါဗျာကဲ...ကျေနပ်ပြီလား...တစ်ယောက်တည်းစိတ်တွေဆိုးနေတာပဲ...မလိုက်လာပါနဲ့ဆိုတာကို...အခုတော့ မောင့်မှာစိတ်ပူရတာနဲ့ရူးသွားတော့မယ်ဗျ""ဟုတ်လို့လား...ရူးသွားတော့မယ့်မျက်နှာကြီးပြပါဦး"သူက ကျွန်တော့်မျက်နှာကို သူ့လက်ဝါးလေးနှစ်ဖက်နဲ့ပင့်ယူကာ နှုတ်ခမ်းကို ပြွတ်ခနဲနမ်းလိုက်သည်။သူပြန်ခွာသွားတော့ ကျွန်တော် သူ့လက်ကလေးကိုဆွဲထားလိုက်သည်။မဟုတ်ရင်သူကထွက်ပြေးတော့မှာလေ"ဖယ်ပါ...""ဘယ်သူအစလုပ်တာလဲ...ပြော..."ပန်းရောင်သန်းနေသောသူ့မျက်နှာလေးကိုဟိုလွှဲဒီလွှဲလုပ်နေပုံက ဖျစ်ညှစ်ပစ်လိုက်ချင်စရာကောင်းနေလေသည်။"တအားမရုန်းနဲ့လေဝေယံရဲ့ မောင်ဘာမှမလုပ်ဘူး ဆေးသောက်ရမယ်နော် ဒါမှမောင်တို့ကလေးလေး ကျန်းမာမှာ""အင်း"သူပြန်ထိုင်ချလိုက်တော့ ဆေးလုံးလေးတွေယူကာသူ့ကိုတိုက်လိုက်သည်။မျက်နှာလေးရှုံ့မဲ့နေကာမနည်းမျိုချနေသောသူ့ပုံကိုကြည့်ကာ ကျွန်တော်သနားမိသည်။"ခါးနေလို့လားဗျ""အင်း....ခါးတာပေါ့လို့...ဝေါ့""ရော့...ဒါလေးစားလိုက်"သကြားလုံးလေးကိုဖောက်ကာကျွန်တော့်နှုတ်ခမ်းမှာတေ့ရင်း သူ့ပါးစပ်လေးထဲထည့်ပေးလိုက်လေသည်။"ခု...ချိုသွားပြီ...ခိခိ"သဘောကျစွာရယ်နေသောမျက်နှာလေးက ချစ်စဖွယ်လေးပါ။"အိပ်လိုက်ဦးလေ ဝေယံရဲ့ အနားယူဖို့လိုတယ်""မောင်ပါအိပ်ရမယ် လာ တူတူအိပ်မယ်"သူလှဲချတဲ့အတိုင်းကျွန်တော့်ကိုပါဆွဲသွားကာ ကျွန်တော့်လက်မောင်းပေါ်မှာအိပ်လေသည်။"ဝေယံ့ကိုဖက်ထားပေး...ပြီးတော့ မောင်ဘယ်ကိုမှမသွားပါဘူးလို့ကတိပေးရမယ်""မောင့်ကိုမယုံလို့လား""မယုံဘူးဆိုတာထက် စိတ်ချထားချင်တာပါ""ကတိပေးပါတယ်ဗျာ ဝေယံအနားကဘယ်မှမသွားပဲ အမြဲတမ်းချစ်နေပါ့မယ် ဟုတ်ပြီလား"ခေါင်းလေးအသာပြန်ညိတ်ပြရင်း ကျွန်တော့်ကိုဖက်လေသည်။သူ့နဖူးလေးကိုနမ်းရင်းဆံပင်လေးတွေသပ်ပေးရင်းနှင့် ကျွန်တော်လဲဘယ်အချိန်အိပ်ပျော်သွားမိမှန်းပင်မသိတော့ပါ။...............................................ဒီနေ့ ၃ရက်မြောက်သောနေ့ ဒီညမှာ တံခါးကပွင့်မှာဖြစ်သည်။ ပြန်ဖို့စိတ်ကူးမရှိသော်လည်းပဲသွားကြည့်ချင်မိတဲ့စိတ်ကလေးတော့ဖြစ်မိသည်ပင်။ကျွန်တော်ခွင့်တောင်းတော့ မိဖုရားကြီးတို့ကလဲခွင့်ပြုသည်။ကျွန်တော့်ကိုဖက်ပြီးအိပ်နေသောသူ့ကိုယ်လုံးလေးကိုအသာလေးဖယ်ကြည့်လိုက်သည်။သူက ကျွန်တော့်ကိုတင်းတင်းကျပ်ကျပ်ပြန်ဖက်ထားရင်းက"မောင် တကယ်ပဲသွားဖို့ဆုံးဖြတ်ထားတာလား။အဲ့ဒါဆိုရင်တော့ဝေယံမတားတော့ပါဘူး။"သူ့စကားသံလေးထွက်လာတော့ကျွန်တော်အံ့အားသင့်သွားသည်။ကြိုသိနေပြန်ပါလား။သူ့မှာကိုယ်ဝန်ကြီးနဲ့ဆိုတော့ဘယ်လောက်ထိစိတ်ထိခိုက်ရှာမလဲလေ။အဲ့ဒီတံခါးကဘာများအရေးကြီးလို့လဲ ငတုံးကောင်...ကိုယ့်ချစ်သူကိုစိတ်ဆင်းရဲအောင်လုပ်ရတယ်လို့ကိုယ့်ကိုကိုယ်အသံတိတ်ကျိန်ဆဲလိုက်ရင်း သူ့မျက်နှာလေးကိုမော့ယူဖို့လုပ်တော့....................................ဝေယံမင်းကျွန်တော်သူ့ရင်ခွင်ထဲတိုးကာမျက်ရည်တွေကျနေမိသည်။ တည်တည်ငြိမ်ငြိမ်ပုံစံနှင့်မောင့်ကိုသွားခွင့်ပြုနိုင်ဖို့ ဘယ်လောက်ပဲကြိုးစားထားပါစေအခုချိန်မှာတော့အလကားသာဖြစ်သွားသည်။ ဒီမျက်ရည်တွေကအခုထိကျလို့ကောင်းနေတုန်းပင်။"ကဲပါဗျာ ခေါင်းလေးမော့ပါဦး...မောင်ပြောပြပါ့မယ်""ဟင့်အင်း မပြောနဲ့တော့ သွားချင်လဲမောင့်သဘောပါ"ပြောရင်းနှင့်ဖက်ထားသောလက်ကလေးတွေကို လွှတ်ပေးကာ တစ်ဖက်ကိုလှည့်နေလိုက်သည်။မောင်က ကျောဘက်မှနေ၍လာဖက်ကာ နားသယ်စပ်လေးတွေကိုနမ်းနေလေသည်။မျက်လုံးလေးအသာမှိတ်ကာ မောင့်အနမ်းတွေကိုခံယူနေမိသည်။"ဝေယံ...နောက်ကိုစိတ်ဆင်းရဲအောင်မလုပ်တော့ဘူးနော် မောင် ကတိပေးပါတယ်။အခု အဲ့ဒါကိုလဲသွားမကြည့်တော့ပါဘူး။တကယ်ပါကွာ။ မောင့်ကိုခွင့်လွှတ်နော် ဝေယံခွင့်လွှတ်မယ်မလားဗျ....နော် နော်"ဟမ်....သွားကြည့်မလို့ဆိုပါလား။ဘာကိုသွားကြည့်မှာပါလိမ့်။"မောင်ကဘာသွားကြည့်မလို့လဲဗျ"အသာလေးပက်လက်လှန်လိုက်တော့ ကျွန်တော်က သူ့ရင်ခွင်ထဲမှာရောက်နေလေသည်။"ဘာမှမကြည့်တော့ပါဘူးဗျာ....အခု မောင့်သားလေးကိုပဲကြည့်တော့မယ်"ကျွန်တော့်ညဝတ်အင်္ကျီကိုလှန်တင်နေတာမို့ ကျွန်တော် အတင်းရုန်းနေမိသည်။"မောင်နော်...မဟုတ်တာတွေ...""ဘာမဟုတ်တာလဲဗျ...ကိုယ့်သားလေးကဒီမှာရှိနေတာလေ...သားလေး လိမ်လိမ်မာမာ နေနော်မယ်တော့်ကိုပင်ပန်းအောင်မလုပ်ရဘူး ကြားလား"ဗိုက်ကိုအသာပွတ်ကာသူကစကားတွေပြောနေတာမို့ ကျွန်တော်ယားလာသဖြင့်"တော်ပါ မောင်ရယ် ခိခိ....နောက်မှ သားအဖနှစ်ယောက်ပေါင်းပြီး ဝေယံ့ကို ဒုက္ခပေးကြမှာမလား""မပေးပါဘူးဗျာ အဲ့ဒီကောင်ဆိုးရင် ကိုယ်ကရိုက်မှာ""မရိုက်ရပါဘူး ဒါ ဝေယံ့သားလေ""နှစ်ယောက်လုံးရဲ့သားပါဗျာ ဟားဟားဟား""ဒါပေါ့...မောင်ရဲ့ ခိခိခိ...."...............................၉လခန့်ကြာသော်...............................နေရောင်ဝါတစ်နေ့တခြားပိုပိုပူလာသော သူ့ဗိုက်ကလေးကိုကြည့်ကာဝေယံကတော့တပြုံးပြုံးနှင့်ကျေနပ်နေသည်။သူ့ကျန်းမာရေးကိုအမြဲဂရုစိုက်ပေးနေရင်း ညနေတိုင်း ဥယျာဉ်ထဲမှာလမ်းလျှောက်ကြသည်။ဂစ်တာတစ်လက်နှင့်သူ့ကိုသီချင်းဆိုပြတိုင်းပြုံးပြုံးလေးနားထောင်နေတတ်လေသည်။"မောင်နေရောင်ဝါ သားတော်ကိုသေချာဂရုစိုက်ပါ။ သူ့ဗိုက်က သာမန်ထက်ပိုပူနေသလိုပဲ။နေလို့ရောကောင်းရဲ့လားမသိပါဘူး။ဦးတော့စိတ်ပူတယ်ကွဲ့""ဟုတ်ကဲ့....ကျွန်တော်သေချာဂရုစိုက်ပါ့မယ် ဦး"သူ့မယ်တော်ကသေချာမှာထားတာမို့ သူ့မျက်နှာလေးကိုတကြည့်ကြည့်နဲ့အမြဲဂရုစိုက်နေရသည်။ ကျွန်တော်ကိုယ်တိုင်လဲစိတ်ပူမိပါသည်။ဒီနေ့လမ်းလျှောက်ပြီးကြတော့ ထိုင်နေကြခုံတန်းလေးဆီလျှောက်လာကာသူ့ကိုထိုင်စေလိုက်သည်။ကျွန်တော်ကတော့သူ့ရဲ့ မျက်နှာချင်းဆိုင်ကာ ကျောက်တုံးလေးပေါ်မှာထိုင်လိုက်သည်။ဂစ်တာကိုယူလိုက်ကာ သံစဉ်တွေကိုစတင်တီးခတ်လိုက်သည်။"လေပြည်ညှင်းတွေတိုက်ခတ်မှသာယာပါတယ်ချစ်သူအပြုံးအချိန်တိုင်းမှာ အနားရှိမှ သာယာပါတယ်ချစ်သူအပြုံးတစ်ယောက်တည်းသာ မင်းတစ်ယောက်တည်းကိုချစ်တာတစ်ယောက်တည်းသာ မင်းတစ်ယောက်တည်းမြတ်နိုးတာမင်းတစ်ယောက်သာ ငါ့ဘဝမှာအလိုချင်ဆုံးမင်းတစ်ယောက်သာ ငါ့ဘဝရဲ့အလိုအပ်ဆုံး"ကျွန်တော်သီချင်းဆိုနေတာကိုနားထောင်နေတဲ့သူ့မျက်နှာလေးမဲ့ခနဲဖြစ်သွားတော့ ကျွန်တော်ချက်ချင်းရပ်လိုက်ကာ"ဝေယံ...ဝေယံ....ဘာဖြစ်လို့လဲဟင်....မောင့်ကိုပြော....မောင်ဘာလုပ်ပေးရမလဲ""ဗိုက်....ဗိုက်က..."ကျွန်တော်သူ့ကိုယ်လေးကို ပွေ့ယူကာ နန်းတော်ဆီ အမြန်ဆုံးရောက်အောင်သွားနေမိသည်။~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
![](https://img.wattpad.com/cover/197979889-288-k296938.jpg)