အပိုင်း(၄)
.........................
နေရောင်ဝါ
သူမယ်တော်လို့ခေါ်လိုက်သောလူကြီးကို အံ့သြတကြီးမော့ကြည့်နေမိတာ ဘယ်လောက်ကြာသွားသည်မသိ...
"မောင်တော်..."
သူ့အသံခပ်အုပ်အုပ်လေးကြားရမှ သတိပြန်ဝင်ကာမျက်နှာကိုအောက်ပြန်ငုံ့လိုက်မိသည်။
ယောကျာ်းမှယောကျာ်းအစစ်ပါ။ ဘာကြောင့်မယ်တော်ဟုခေါ်ရသလဲဆိုတာစဉ်းစားလို့ကိုမရ
သူ့မိဘနှစ်ပါးစလုံး အမျိုးသားတွေပဲဖြစ်သည်။
ယောကျာ်းမှနှစ်ယောက်လုံးခန့်ညားချောမောကြသူတွေပဲဖြစ်သည်။
အဲ့ဒါကြောင့်မနက်က ဝေယံက သူကိုယ်ဝန်ရှိမှာကြောက်တယ်လို့ပြောတာကိုး
"ကြားလား.ဘုရင်ကြီး...မောင်တော်တဲ့ခေါ်နေတာ..."
"ဟုတ်ပါပြီ...ကိုယ်အရှုံးပေးပါတယ်...မိဖုရားကြီးရယ်"
သူတို့လင်မယားကတော့ ဘာတွေအထာပေါက်နေသည်မသိ...
ကျွန်တော်လဲယုံရမလိုလို မယုံရမလိုလို ဖြစ်နေမိသည်။
နောက်တော့မှ ...
ငါစိတ်ကူးယဉ်ကမ္ဘာထဲရောက်နေတာပဲလေ
ဘာမဆိုဖြစ်နိုင်တာပဲဟုတွေးမိလိုက်သည်။
အဲ့ဒီလိုတွေးမိလိုက်တာနှင့် သူ့ကိုဆုံးရှုံးမခံနိုင်သည့်စိတ်က ချက်ချင်းဝင်ရောက်လာကာ စားပွဲခုံအောက်ကနေသူ့လက်ကလေးကိုဆုပ်ကိုင်မိပြီးသားဖြစ်နေလေသည်။
သူက ကျွန်တော့်ဘက်လှည့်ကာကြည့်ရင်း ကျွန်တော့်ကိုပြုံးပြပြီး ကျွန်တော့်လက်ကိုပြန်လည်ဆုပ်ကိုင်ပေးလေသည်။သူ့မိဘတွေရှေ့မို့ကျွန်တော်အားငယ်နေတယ်များထင်သွားတာလားမသိ။
"ကြည့်ရတာတော့ ခရီးရောက်ပြီးပုံပဲ...ဟုတ်ရဲ့လားသားတော်"
"မယ်တော်ကလဲ..."
"မယ်တော်ကလဲလုပ်မနေနဲ့...ချက်ချင်းကြီး ကိုယ်ဝန်ရှိသွားရင် ဘယ်လိုလုပ်မလဲ"
သူဘာမှပြန်မပြောတော့ပဲမျက်နှာလေးနီနေကာ မုန့်တွေသာငုံ့စားနေလေသည်။
![](https://img.wattpad.com/cover/197979889-288-k296938.jpg)